မြို့သားတစ်ယောက်ကို ငြင်းပယ်လို့ မရဘူး
Vol. 6 Ch. 84
နောက်တစ်ရက်။
တိမ်ဖြူလမ်း။
ဒီအချိန်ဟာ နေ့သစ်တစ်ခုရဲ့ အစဖြစ်ပြီး လူအားလုံးဟာ လှုပ်ရှားတက်ကြွနေခဲ့ကြပါတယ်။
"မာစတာ လင်း ရောက်လာပြီ ၊ မာစတာ လင်း ရောက်လာပြီဟေ့"
လူလိမ် ထျန်နားမှာ ဝိုင်းနေတဲ့ လူအုပ်ကြီးဟာ လင်းဖန်ကို တွေ့ပြီး ပြေးလာခဲ့ကြပါတယ်။
"ဘာတွေ ဖြစ်နေတာလဲ?"
လင်းဖန်ဟာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကို စိတ်ရှုပ်သွားခဲ့သည်။ဒါက အခုမှ အစောကြီးရှိသေးပြီး အကုန်လုံးက ထူးဆန်းနေခဲ့ပါတယ်။
ငယ်ရွယ်တဲ့ လူငယ်တွေရော ၊ လူကြီး ၊ မိန်းကလေးများဟာ လင်းဖန်ဆီကို ဝိုင်းလာခဲ့ကြပါတယ်။
"မာစတာ မြန်မြန် မြန်မြန် ၊ ကျွန်တော် အလုပ်နောက်ကျတော့ မယ်။တုန်ကင် လက်မှတ်လဲ ရထားပြီးပြီ"
"ငါ မာစတာ ကို ကုန်းပိုးပေးမယ် ၊ သူလျောက်နေတာ က အရမ်းနှေးတာပဲ"
လူလိမ် ထျန်ဟာလည်း နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။လင်းဖန် လာတာက အတော်နောက် ကျလွန်းပါတယ်။တုန်ကင် နံပါတ်များဟာ ဝေပြီးသားဖြစ်ပြီး ဒီလူတွေ စောင့်နေတာ ကြာပြီ ဖြစ်သည်။
"မင်းက နောက်ကျနေတာကို ၉ ၃၀ ရှိနေပြီ"
လူလိမ် ထျန်ဟာ လင်းဖန် နောက်ကျနေတာ ကို ကွန်ပလိန်း တက်လိုက်သည်။လင်းဖန် နောက်ကျနေတဲ့ အချိန် လူတွေက သူ့အနားမှာ ဝိုင်းနေကြပြီး ၊ သူတောင် မနည်းရှင်းပြနေ ရပါတယ်။
လင်းဖန်သာ ဒီတက် ထပ်ပြီးနောက်ကျနေရင် ဒီလူတွေ သူ့ခေါင်းပေါ် တောင် တက်ထိုင်ကြတော့မှာပါ။သူ မြေကြီးထဲ ရောက်သွားမှာတောင် ဖြစ်နိင်ပါတယ်။
လင်းဖန် နောက်ကို အနည်းငယ် ဆုတ်ပြီး ပြောလိုက်သည်
"မဖြစ်နိုင်တာ ၊ ငါ မနက် ၈ နာရီကနိုးတာ အခု ၈ ၃၀ ပဲ ရှိသေးတာလေ"
လူလိမ် ထျန် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။
"အချိန်ကို လည်းကြည့်ဦး ၉ နာရီခွဲနေပြီ"
လင်းဖန် သူ့ဖုန်းကို ထုတ်လိုက်ပြီး အားလုံးကို ပြလိုက်ပါတယ်။
"ကြည့် ၈ နာရီ ခွဲ ပဲရှိသေးတယ်"
လူအုပ်ကြီးဟာ သူတို့ ဖုန်းတွေကို စိတ်မရှည်စွာနဲ့ ထုတ်ပြီး ပြိုင်တူ ပြောလိုက်ပါတယ်။
"မာစတာ ဒီမှာကြည့်ဦး ၉ နာရီ ခွဲနေပြီ"
"ဟမ် ဒါဆို ငါ့ဖုန်းက ဖြစ်နေတာပေါ့"
လင်းဖန် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။သူ ဆိုင်နားကို အလျင်အမြန်သွားလိုက်ပြီး ကာစတန်မာတွေကို ပြောလိုက်ပါတယ်။
"အားလုံးပဲ တောင်းပန်ပါတယ်။ မကြာခင် ရစေရမယ်"
သူ့ရဲ့ လျင်မြန်လှတဲ့ ကျွမ်းကျင်မူတွေ နဲ့ လင်းဖန် အလျင်အမြန်ပဲ ပန်ကိတ်တွေ လူပ်လိုက်ပါတယ်။
သူ့ ပန်ကိတ်ကို စားပြီး ဒီလူတွေ ကျေနပ်သွားတာ မြင်ရတဲ့ အချိန်မှာ သူကိုယ်တိုင်လည်း ဝမ်းသာ သလို ခံစားလိုက်ရသည်။
ပန်ကိတ်စားခွင့် မရတဲ့ သူတွေကတော့ စိတ်ပျက်နေကြပါတယ်။သို့ပေမဲ့ သူတို့မှာ လက်လျော့ လိုစိတ်မရှိပဲ မနက်ဖြန် ပြန်လာဖို့ အတွက်သာ တွေးတော နေခဲ့ကြသည်။
လင်းဖန် လက်ကို ခါလိုက်သည်။ယင်းနောက် သူ ထိုင်လိုက်ကာ လဘက်ရည် သောက်ပြီး ဖုန်းသုံးနေလိုက်ပါတယ်။
"လူလိမ် ထျန် ဒီ ဗီဒီယိုကို လာကြည့်ပါဦး။ခင်ဗျား ဒီကောင်ကို အနိုင်တိုက်နိုင်လား?"
လင်းဖန် လူလိမ် ထျန်ကို ဗီဒီယို ပြလိုက်သည်။
လူလိမ် ထျန်ဟာ ဝိုက်ဘို ပေါ်က ဗီဒီယို ကို စိတ်ဝင်စားစွာ ကြည်လိုက်ပြီး မျက်မှောင် ကျုတ်လိုက်ပါတယ်။
"ငါ ဒီကောင်ကို တစ်ချက်ထဲနဲ့ ပြန်မထ နိုင်အောင် လုပ်လို့ရတယ်"
တကယ်လို့ လင်းဖန်သာ လူလိမ် ထျန်ရဲ့ အကျင့်ကို မသိဘူးဆိုရင် ဒီစကားကို ယုံကြည် မိမှာပါ။
"အမှန်ကို ပြောစမ်းပါ သိချင်လို့"
လူလိမ် ထျန်ဟာ လင်းဖန်ကို ကြည့်ကာ ခေါင်းယမ်းပြီး ပြောလိုက်သည်။
"ဒါက ပြောဖို့ ခက်တယ်။ဒီကောင်က ခွန်အားကြီးပြီး မြန်လည်း မြန်တယ်။သူ့ လက်သီးတွေက မြန်ဆန်ပြီး ခန္တာကိုယ် အောက်ပိုင်းကလည်း တောင့်တယ်။ငါသာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ဒီကောင်လေးကို ရိုက်နိုင်ဖို့ ၈၀ ရာခိုင်နှုန်းသေချာတယ်။အခုချိန်မှာတော့ ၅၀ = ၅၀ လို့ပဲ ပြောရမယ်။ဒါပေမဲ့ ဒီ မာစတာ လိုင်လိုင် က စက္ကန့်ပိုင်းအတွင်း ရှုံးတာ ရှက်စရာကောင်းလွန်းတယ်"
"မင်းက ဘာလို့ သိချင်တာလဲ ၊ ဒီကောင်လေးက စစ်မှန်တဲ့ ခန္တာကိုယ် နည်းစနစ်တွေကို လေ့ကျင့်ထားတာ။ပုံမှန် ကိုယ်ခံပညာရှင်တွေ ယှဥ်နိုင်မှာ မဟုတ်ဘူး"
လင်းဖန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
"အဲလောက်တောင် ကွာခြားလို့လား? ဒါဆိုရင် ကိုယ်ခံပညာရှင်တွေ ဒီကောင်ကို အနိုင်မတိုက်နိုင်တော့ ဘူးပေါ့"
လူလိမ် ထျန်ဟာ ရယ်မောပြီး ပြောလိုက်သည်။
"ကွဲတော့ ကွဲပြားတယ် ဒါပေမဲ့ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး။လွန်ခဲ့တဲ့ နှစ် တစ်ရာ နှစ်ရာ ၊ မဟုတ်ဘူး ငါပြောချင်တာ လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ် ရှစ်ဆယိ တုန်းက ဆို ဒီကောင်လေး အခုလောက်ဆို ဆေးရုံပေါ်ရောက်နေလောက်ပြီ"
"အခုက ဘာဖြစ်သွားလို့လဲ?"
လင်းဖန် မေးလိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ငါတို့ နေတဲ့ ခေတ်ကိုပဲ ကြည့်လေ ကိုယ်ခံပညာမှာက ရိုးရှင်းတဲ့ အချက်အလက်တွေရှိတယ်။မင်းကိုယ်ခံပညာ တစ်ခုခုကို လေ့ကျင့်ရင် မင်းကိုမင်း လေ့ကျင့်သူလို့ပဲ ပြောလို့ရတယ် မာစတာ လို့ မပြောရဘူး။မင်း မာစတာ ဖြစ်လာဖို့ ဆိုတာက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ ကျော်ဖြတ်ပြီး မှ ရတာ"
"ဒါပေမဲ့ အဲလို တစ်ခြားလူတွေနဲ့ သွားချနေရင် မင်းထောင်ထဲ ရောက်သွားလိမ့်မယ်။ဒါက ဘာလို့ မာစတာ ဖြစ်လာဖို့ ခက်ခဲတယ် ဆိုတဲ့ အချက်ပဲ"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်သည်။
"ကြည့်ရတာ ခင်ဗျား အကြိမ်များစွာ တိုက်ခိုက်ဖူးတယ် ထင်တယ်"
လူလိမ် ထျန်ဟာ မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။
"ဒါပေါ့ အရင်တုန်းက ငါတစ်နှစ်ကို အကြိမ် ခြောက်ရာ ခုနှစ်ရာ လောက်တိုက်ခိုက်ခဲ့တာ၊ မင်းကိုယ်ခံပညာ မသိရင်တောင်မှ ကျွမ်းကျင်မူတွေနဲ့ ကြိုးစားလို့ရတယ်"
လင်းဖန် ဒါကို ကြားပြီး အနည်းငယ် ကြောက်ရွံ့သွားခဲ့ပါတယ်။ဒါကြောင့် သူတစ်ခြားလူတွေကို စိန်ခေါ်ပြီး နာမည်ကြီးအောင်လုပ်မယ့် အစီစဥ်ကို စွန့်လွတ်လိုက်သည်။
အခု ဒီအကြံမရှိတော့ ၊ ငါဘယ်လို တတိယ မစ်ရှင်ပြည့် အောင် လုပ်ရမှာလဲ??
ယင်းနောက် သူ ဘိုင်ဒူ ဆော့ဝဲ ကို ဖွင့်ကာ မေးခွန်းမေးလိုက်သည်။(ဂူဂဲ လိုထင်တယ်)
"ငါ ကိုယ်ခံပညာကို လေ့ကျင့်တယ်။လူတွေလေးစားတဲ့ မာစတာ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ"
ဒီလို အခြေအနေမှာ ဘိုင်ဒူ ကသာ သံသယ တွေကို အဖြေရှာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။တစ်စုံတစ်ယောက်မှာ မေးခွန်းရှိသ၍ ဘိုင်ဒူ မှာ ကျေနပ်လောက်တဲ့ အဖြေရှိပါတယ်။
ယင်းနောက် သူ စာကျနေတာ တွေ့လိုက်ရသည်။
ဝုရွှန်းယွဲ့ :: မာစတာ လိုင်းပေါ်မှာ ရှိလား?
လင်းဖန် :: အင်း
ခနကြာတဲ့ အချိန်မှာ စာပြန်လာခဲ့သည်။
"မာစတာ သဘက်ခါကျရင် အားလား?(စိတ်လှုပ်ရှားတဲ့ အီမိုဂျီ)"
ဒီကောင်မလေး ငါနဲ့ ဒိတ်လုပ်ချင်နေတာလား?
ငါလည်း စိတ်မပန်းမဖြေ ရတာကြာပြီ.......
လင်းဖန် :: အားပါတယ်၊ ဘာဖြစ်လို့လဲ?
ဝုရွှနိးယွဲ့ :: "အသံသစ်" ပြိုင်ပွဲမှာ လူ ၂၄ ယောက်ပဲ ကျန်တော့တယ်လေ။အချိန်ရှိရင် လာအားပေးနိုင်မလားလို့(ရှက်ရွံ့သည့် အီမိုဂျီ)။
ထူးဆန်းလှချည်လား....
လင်းဖန် ဒီ ပြိုင်ပွဲကို ဒီလောက်ထိ စိတ်မဝင်စားခဲ့ပေမယ့် ပြိုင်ပွဲ ဒီလောက်မြန်မြန် ကျင်းပ လာလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။
"ကောင်းပြီလေ ပြသနာ မရှိဘူး၊ မင်းက ငါတို့မြို့က ဆိုတော့ ကျိန်းသေ အားပေးရမှာပေါ့၊ ဘယ်အချိန်လဲ"
"ည ၇ နာရီ"
"ကောင်းပြီ အဲ့အချိန်အမှီလာခဲ့မယ်"
စကားပြောပြီးတဲ့ နောက်မှာ လင်းဖန် ပြိုင်ပွဲကို ဝင်ကြည့်လိုက်ပါတယ်။ဒီ မိန်းကလေးဟာ အတော်ကျော်ကြားပြီး ပရိတ်သတ်တွေတောငိ ရှိနေပြီ ဖြစ်သည်။
ဝမ်မင်ယန် ရဲ့ အဖွဲ့ဟာလည်း သူမကို ထောက်ပံ့ပေးနေကြပါတယ်။
သို့ပေမဲ့ လည်း ထင်သလောက်တော့ မဖြစ်မြောက်သေးပေ။အောင်မြင်မူက ဝုရွှန်းယွဲ့ "အသံသစ်" ပြိုင်ပွဲ ချန်ပီယံ ဆုကို ယူပြီး မှ ဖြစ်လာနိုင်ပါတယ်။
လင်းဖန် ဒီပြိုင်ပွဲမှာ ဘာ လိမ်လည်မူတွေ ၊ လာဘ်ထိုးမူ တွေမှ မရှိလောက်ဖူး လို့ ယုံကြည်ပါတယ်။ပါဝင်သည့် ဒိုင် များမှာလည်း ကျော်ကြားပြီး အောင်မြင်နေသည့် လူများ ဖြစ်ကြသည်။အထူးသဖြင့် မစ္စတာ ချီမင် က လာဘ်ထိုး တာကို အပြင်းအထန် ရှုတ်ချတဲ့ လူတစ်ယောက်ပါ။
တစ်ခါတုန်းက ကုမ္ပဏီ တစ်ခုက မစ္စတာ ချီမင် ကို ပြိုင်ပွဲတစ်ခုမှာ ဒီုင် အဖြစ်ဖိတ်ကြားခဲ့ပါတယ်။နောက်ကွယ် မှာ လာဘ်ပေးမူတွေ ရှိနေတယ် ဆိုတာကို မစ္စတာ ချင်းမင် သိတဲ့အချိန်မှာ
သူ ဖိုင်နယ် ရောက်မှ အကုန်လုံးကို ဝိုက်ဘိုက တဆင့် ဖွင့်ချပစ်ခဲ့ပါသည်။
သူ အသေးစိတ် အချက်အလက် တွေကအစဖော်ထုတ်ပစ်ခဲ့တာပါ။အဲ့အစီအစဥ်ဟာ အတော် ထိခိုက် နစ်နာ သွားခဲ့ရသည်။
အဲ့ မတော်တဆ မူအပြီးမှာ မစ္စတာ ချီမင်ကို ဖိတ်တဲ့ အစီအစဥ်တိုင်း ဟာ ရိုးရိုးသားသားရှိကြပြီး လာဘ်ထိုးမူတွေ မရှိကြတော့ပေ။
မစ္စတာ ချီမင် ဒီလောက် အကြောက်အလန့် ကင်းနေတာလဲ မေးခွန်းထုတ်စရာ ရှိပါတယ်။
ဒါဟာ သူ့ဘေးနားမှာ ဘော်ဒီဂတ်တွေ အချိန်ပြည့် ရှိနေလို့ပါ။သူကို တိုက်ခိုက်ဖို့ မပြောနဲ့ ဘယ်သူမှ မချေမငန် မပြောရဲကြပေ။
လင်းဖန် ဝုရွှန်းယွဲ့ ပြိုင်ထားတဲ့ သူချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပြီး မျက်လုံးပိတ်ကာ နားထောင်လိုက်ပါတယ်။
"ဒိုင်များ အားလုံး မဂ်လာပါ။ကျွန်မက ဝုရွှန်းယွဲ့ပါ"
လင်းဖန်ဟာ သူမရဲ့ ချိုမြတဲ့ အသံကို ခေါင်းညိမ့်ပြီး အသိအမှတ်ပြုလိုက်ပါတယ်။
ဝမ်မင်ယန် ဒီမိန်းကလေးကို ပျိုးထောင်ပေးချင်တာ နည်းလမ်းကျပါတယ်။ဒီမိန်းကလေးဟာ လှပတဲ့ ချိုမြတယ် ၊ နားဝင်ချိုတဲ့ အသံမျိုးကိူ ပိုင်ဆိုင်ထားပါတယ်။
သူမက တကယ်စွမ်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။သူမ တကယ် မအောင်မြင်သေးပေမဲ့ လည်း ကျိန်းသေ အောင်မြန်လာမယ် ဆိုတာ သူသိနေပါတယ်။
လူလိမ် ထျန်ဟာ ခေါင်းညိမ့်လိုက်ပြီး လင်းဖန် ဖုန်းထဲက ထွက်လာတဲ့ အသံကို အသိအမှတ်ပြုလိုက်ပါတယ်။
"ဒီမိန်းကလေး အသံတစ်ကယ်ကောင်းတယ်"
"တိတ်တိတ်နေ"
လင်းဖန်ပြောလိုက်သည်။
လူလိမ် ထျန်ဟာ မျက်လုံးကို မှိတ်ကာ ဘာမှထပ်မပြောတော့ပဲ သူမရဲ့ လှပတဲ့ အသံကို ခံစားနေခဲ့သည်။
.......
နေ့လည်ဘက်အချိန်။
လင်းဖန်ဟာ ဗေဒင်ဟောရင်းနဲ့ အလုပ်တွေ ပြန်ရှုပ်လာခဲ့ပါတယ်။
လင်းဖန်ဟာ ဝူတန်ဟီ အကြောင်းကို တွေးမိလိုက်ပြီး ဘယ်ချိန်ပြန်လာမလဲ စဥ်းစားလိုက်ပါတယ်။
တကယ်လို့ ဝူတန်ဟီသာ စောစောပြန်လာရင် ရှေ့လျောက်သူ ပိုပြီး သက်သာတော့မှာပါ....