ဘယ်လို ဖြစ်နိုင်မှာလဲ
Vol. 6 Ch. 88
တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်း။
ဒုတိယ အဖွဲ့အစည်းခေါင်းဆောင် ဟာမေးလိူက်သည်။
"သူ့ကို တွေ့ပြီလား?"
"လူလိမ် တွေက အရမ်းများတယ်။သူတို့က ဒေါ်လာ တစ်သောင်းလို ချင်လို့ သက်သက်လာကြတာ"
"ပိုက်ဆံ မလိုချင်တဲ့ လူကြတော့လဲ ယုတ္တိမရှိတာတွေ ပြောပြန်ရော"
"ဘယ်လို ပြောလဲ"
"အာ သူတို့ပြောတာက ဒီထူးဆန်းတဲ့ လူငယ်လေးက ဗေဒင်ဆရာတဲ့၊ ဒါ ဟာသ မဟုတ်ဘူးလား"
"ဒါက တကယ်ဟာသပဲ ဒီလို စွမ်းဆောင်ရည်ရှိတဲ့ လူက ဗေဒင်ဟောစားမလား"
ဒုတိယ ခေါင်းဆောင်
"ဆက်ရှာထား ဘာပဲဖြစ်ဖြစ် သူ့ကို အဖွဲ့အစည်းထဲ ခေါ်နိုင်မှ ဖြစ်မယ်"
"ဆာ ဒီလောက်ထိ ရှာဖို့ လိုလိူ့လား"
"အင်း ငါ ဒီ ဗီဒီယိို အကြိမ် တစ်ရာလောက်ကြည့်ပြီးပြီ ဒါက ခနလေးဆိုပေမယ့်လည်း ဒီ လူငယ်လေး ကွန်ဖူး အစစ်အမှန်ကို သိတယ်ဆိုတာ ငါပြောနိုင်တယ်။အဖွဲ့အစည်းထဲမှာ သူ့လို လူမျိုးတစ်ယောက်မှ မရှိဘူးး"
ဒုတိယခေါင်းဆောင်ဟာ သေချာစွာပြောလိုက်သည်။
"မဖြစ်နိုင်တာ ဒါက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား"
အဖွဲ့အစည်း မဖွဲ့ဝင်များဟာ မယုံကြည်နိုင်ကြပေ။
ဒုတိယခေါင်းဆောင်ဟာ ထပ်ပြောလိုကိသည်။
"မင်းတို့ နားမလညိသေးပါဘူး။ဒီလို ကျွမ်းကျင်တဲ့ အဆင့်ထိရောက်ဖို့ ဆိုတာက လေ့ကျင့်မူတစ်ခုထဲနဲ့ ရတာ မဟုတ်ဘူး။ဒါက တိုက်ပွဲများစွာကနေ ရလာတဲ့ အတွေအကြုံတွေကို အခြေခံထားရတာ"
"နားလည်ပါပြီ ၊ ဆက်ရှာလိုက်ပါ့မယ်"
.......
အဲ့အချိန်မှာပဲ သတင်းထောက်များ။
သတင်းထောက်များဟာ အင်တာနက်ပေါ်မှာ အလုပ်တစ်ခုတင်ထားကြပြီး ၊ ဆုကြေးငွေပါရေးသားထားခဲ့ပါတယ်။
ထူးဆန်းတဲ့ လူငယ်လေးအကြောင်းကို ဘယ်လိုသတင်းပဲ ဖြစ်ဖြစ် ပို့တဲ့ လူကို ဒေါ်လာ တစ်သောင်းပါ။
"ဘယ်လို သတင်းဖြစ်ဖြစ်?"
"သတင်းတော့ ရှိတယ် ၊ ဒါပေမဲ့ ထင်ယောင်ထင်မှားတွေ ချည်းပဲ။သတင်းမှားဟတွေလာပို့တဲ့ လူတွေက အများကြီးပဲ"
"အားလုံးပဲ ဒီနေ့ပိုပြီး ကြိုးစားလိုက်ကြစမ်းပါ။ငါတို့ သာသူ့ကို အရင်ဆုံးတွေ့ရင် မင်းတို့ကို အနားယူခွင့်ကောင်းကောင်း ပေးမယ်"
"တကယ်နော် အယ်ဒီတာ ခေါင်းဆောင်"
"အာ ခေါင်းဆောင် ဒီကို တစ်ချက်လာကြည့်ပါဦး"
အလုပ်သမား တစ်ယောက်ဟာ ခေါ်လိူက်သည်။
သူဟာ ချက်ချင်းပဲ လူတိုင်းရဲ့ အာရုံကို ဖမ်းစားသွားခဲ့ပါတယ်။
"ကြည့်ရအောင်"
"ဒီပုံကို ကျွတ်တော် သူငယ်ချင်းက ပို့လိုက်တာလေ။ကျွန်တော် ဗီဒီယို ထဲက ပုံနဲ့ ဘေးချင်းယှဥ်ပြီး ယှဥ်ကြည့်နေတာ တူညီမူနှုန်းက ၉၀% ပဲ"
"မင်းသူငယ်ချင်းကို ဒီလူ ဘယ်သူလဲဆိုတာ အမြန်မေးလိုက်၊ ငါတို့ သတင်းကို အရင်ဆုံးရဖို့ လိုအပ်တယ်"
အယ်ဒီတာ ခေါင်းဆောင် ဟာ ကြီးမားတဲ့ အပြုံးတစ်ပွင့်ကို ပါးစပ်မှာတပ်ဆင်လိုက်ပြီး စာပွဲကို ရိုပ်လိုက်ပါတယ်။
"ကျွန်တော် မေးပြီးပြီ သူအွန်လိုင်း မဟုတ်သေးလို့"
အလုပ်သမားဟာ ပြန်ပြောလိုက်သည်။
"ဆက်ရှာထား ငါတို့ သူ့ကို ရှာတွေ့မှရမယ်"
"သိပါပြီ"
........
တိမ်ဖြူလမ်းမှာ လည်း လူများစွာဟာ လင်းဖန်ကို မေးခွန်းတွေ ဆက်တိုက်မေးနေခဲ့ပါတယ်။
"မာစတာ လင်း၊ ခင်ဗျားက တကယ် မိုက်တာပဲနော်"
"မာစတာ လင်းမှာ ဒီလိူ စွမ်းရည်းမျိုးရှိတာ ငါတို့ ဘာလို့ သတိမထားမိခဲ့တာလဲ"
"ဒီဟန်လုက ထပ်ပြီး စိန်ခေါ်ချင်နေတုန်းပဲ သူတစ်ခါအရိုက်ခံရတာတင် မလုံလောက်လို့လား မိသဘူး"
"ငါ ဗီဒီယိုကို ကြည့်ပြီးသွားပြီ တကယ်စောက်ကြမ်းကြီးနော်"
"ဘာတွေ ပြောနေကြတာလဲ? က စောက်ကြမ်းကြီးလဲ"
"ညီအစ်ကို မင်းမသိဘူးလို့တော့ ပြောမှာ မဟုတ်ပါဘူးနော်"
"ဟင်အင်း မသိပါလား"
"စောက်ကျိုးနဲ့ ယန်လုအကြောင်းလေ တကယ်မသိဘူးလား"
"ငါတကယ် မသိဘူး မြန်မြန် ပြောပြပါလား"
"ကိုယ်ဘာသာ ဝိုက်ဘိုပေါ်မှာ ရှာကြည့် ၊ ဒီလို သတင်းမျိုးကိုတောင် မသိဘူးဆိုတော့ ခင်ဗျားကို ကျုပ်သိပ်မလေးစား တော့ဘူး"
.....
လင်းဖန် ဗေဒင်တောင် မဟောနိုင်တော့ပဲ ဘေးနားမှာ လူတွေ အများကြီးးရဲ့ ဝန်းရံခြင်းကိုခံနေရပါတယ်။
ဒီနေ့ အချိန်အခါဟာ သတင်းတစ်ခု ပျံ့နှံ့ဖို့ အရမ်းလွယ်ကူပါတယ်။သူ့ဆိုင်ရှေ့မှာ ရောက်နေတဲ့ လူတွေအများစုဟာ လူငယ်တွေ ဖြစ်ပြီး လူလတ်ပိုင်းတွေလည်း ပါကြပါတယ်။
သက်လတ်ပိုင်း လူကြီးတွေဟာ တရုတ်ကိုယ်ခံပညာကို တန်ဖိုးထားကြပါတယ်။အခုချိန်မှာ တရုတ်ကိုယ်ခံပညာဟာ အတော်နိမ့်ပါးနေပြီး သူတို့ကို အပျော်မရွင်ဖြစ်စေသည်။
သို့သော်လည်း မာစတာ လင်းဟာ ရုတ်တရက် တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းအတွက် မှော်လင့်ချက်တွေ ယူဆောင်ပေး လာခဲ့ပါတယ်။
တရုတ်ကိုယ်ခံပညာဟာ တဖန် ပြန်ထွန်းတောက်လာတော့မှာ ဖြစ်ပြီး ဒါဟာ သူတို့ကို စိတ်လှုပ်ရှားစေသည်။
လင်းဖန်သူ့ရဲ့ ညာဘက်လကိကို မြောက်ပြီး လူအုပ်ကြီးကို ပြောလိုကိပါတယ်။
"ဗီဒီယို ထဲကလူက ကျုပ်မဟုတ်ဘူးလို့ ပြောရင် ခင်ဗျားတို့ ယုံကြည်မှာလား"
"မယုံဘူး"
ကောင်းပြီလေ
လင်းဖန် ဒီလူတွေ ဘာပြောပြော ယုံကြည်မှာ မဟုတ်ဘူး ဆိုတာကို သိလိူက်ရပါပြီ။သူလည်း ဘယ်ကောင် လက်သရမ်းပြီး ဗီိဒီယို ရိုက်လိုက်လဲ မသိတော့ပါဘူး။
သူသိလျင်လည်း ဒီလို မျက်နှာကို ပေါ်အောင်ရိုက်နိုင်လို့ ဆုပေးမည်မဟုတ်ပေ။
"ဒီအကြောင်း မပြောပဲ နေရအောင်၊ ဗေဒင်ပဲ ဟောကြမယ်"
လင်းဖန်ပြောလိုကိသည်။
အမှန်တရား ကို ဖုံးကွယ်ထားလို့ မရဘူးဆိုမှာ ဆော့ သူရှေ့ထွက်ပြီး တိုက်ခိုက်တာက အကောင်းဆုံးပါ။
သူတို့ စိတ်ကျေနပ်အောင် တိုက်ခိုက်ပေးရင်လည်း မဆိုးဘူး......
အဆိုးဆုံးအတားအဆီး ဖြစ်နေတာက လင်းဖန်ရဲ့ စိတ်အတွင်းပိုင်းမှာ ရှိနေတဲ့ ကြောက်စိတ်ဖြစ်သည်။သူ တတိယ စာမျက်နှာကို ဘာမှ သေသေချာချာ မသိသေးပါဘူး။
တကယ်လို့ သူသာ ပရို အဆင့် ဖိုက်တာနဲ့ တိုက်ခိုက်ပြီး ရှုံးနိမ့်သွားရင် နောက်ပိုင်း အစဥ်မပြေ ဖြစ်သွားနိုင်သည်။
"ဗေဒင်က ပြီးမှဟောလို့ ရတယ်လေ"
"မာစတာ ပြောပြပါဦ ဒီလောက်ကျွမ်းကျင်တဲ့ အဆင့်အထိရောက်အောင် ဘယ်လို လေ့ကျင့်ခဲ့တာလဲ"
"မာစတာ တပည့်တွေဘာတွေ လက်ခံသေးလား? ကျွန်တော် အတည်ပြောတာပါ ပြသနာ မဖြစ်စေရပါဘူး"
......
လူအုပ်ကြီးရဲ့ တတွတ်တွတ်ပြောနေတဲ့ စကားတွေ ကြားမှာ လင်းဖန်ဆွံ့အနေခဲ့ပါတယ်။ အခြေအနေက အတော်ကြောက်ဖို့ကောင်းလှသည်။
အချိန်တွေ အတော်ကြာပြီးသွားတဲ့ အချိန်မှာ သူလူအုပ်ကြီး ကို ပြန်သွားအောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။သို့ပေမဲ့ သူအမောမပြေနိုင်ခဲ့ပေ။
လူလိမ် ထျန်ဟာ လင်းဖန် ဆီကို သံသယ အကြည့်တွေနဲ့ ရောက်ချလာခဲ့သည်။
"မင်းဘာလုပ်ထားပြန်ပြီလဲ ကောင်လေး"
လူလိမ် ထျန်ဟာ ဒီအခြေအနေက လုံးဝ မူမမှန်ဘူး ဆိုတာ သတိထားမိပါတယ်။မြု့သူ မြို့သားတွေက ဗေဒင်တောင် မတွက်ချင်ကြတော့ပဲ ရောက်လာကတည်းက လင်းဖန်ကို မေးခွန်းတွေ တန်းစီ မေးနေခဲ့ကြတာပါ။ဒါက တိုက်ခိုက်ရေး နဲ့ ဆက်စပ်နေပါတယ်။
သူ လင်းဖန်ရဲ့ ကိုယ်ခန္ဓာ အချိုးအစား ကိုကြည့်ရသလောက်တော့ ဘယ်သူနဲ့ပဲ တိုက်ခိုက်တိုက်ခိုက် လင်းဖန်ပဲ ခံရမှာ ကျိန်းသေပါတယ်။
"ခင်ဗျား မျက်လုံးထဲမှာ အထင်အမြင်သေးမူတွေကို မြင်နေရသလိုပဲ"
လင်းဖန်ပြောလိုက်သည်။
"မင်းမပြောဘူးလား၊ မင်းတစ်ခြားဟာတွေ လုပ်ရဲရင် လုပ်ရဲလိမ့်မယ် ဒါပေမဲ့ တိုက်ခိုက်ရဲမှာတော့ မဟုတ်ဘူး။မင်း တိုက်ခိုက်ရမှာ ကြောက်တယ် ဆိုတာတော့ ငါသိတယ်"
လင်းဖန် ဖုန်းထဲမှ ဗီဒီယို တစ်ခုကို ဖွင့်ကာ ပြလိုက်သည်။
"ကြည့်လိုက်"
"ကောင်းပြီလေ ငါကြည့်မယ်၊ ဒါပေမဲ့ ငါ့စိတ်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး"
လူလိမ် ထျန်ဟာ ရယ်မောကာ ပြောလိုကိသည်။
သို့ပေမဲ့ လူလိမ် ထျန် ဗီဒီယိုကို ကြည့်လိုက်တဲ့အချိန်မှာ လေးနက်သည့် အမူအရာကို ပြောင်းသွားခဲ့သည်။
ဖုန်းထဲမှ ဗီဒီယို ဆုံးသွားသည့် အချိန်တွင် သူနောက်တစ်ကြိမ် ထပ်ပြီးဖွင့်ကြည့်လိုက်သည်။
ယင်းနောက် သူနောက်တစ်ကြိမ် ထပ်ဖွင့် ကြည့်လိုက်ပြန်သည်။
ယင်းနောက် တတိယအကြိမ်။
သူကြောင်အ နေခဲ့ပါတယ်။
စတ္ထ တစ်ကြိမ်။
သူ ဒါကို မယုံကြည်နိုင်ပေ။
ငါးကြိမ်မြောက်။
သူ့မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ပေါ်လာခဲ့ပါသည်။
သူ ဒီ ဗီဒီယို ကို အကြိမ် ၁၀ ကြိမ်ခန့် ပြန်ဖွင့်ကြည့်ခဲ့ပါတယ်။
နောက် ဆုံးမှာတော့ လူလိမ် ထျန် ဟာ ဖုန်းကိုချလိူက်ပြီး အံ့သြသင့်နေသည့် မျက်နှာပေးနှင့် ပြောလိုက်သည်။
"ဗီဒီယို ထဲမှာ မင်းးလား"
လင်းဖန် လှောင်ရယ်လိုက်ပြီး ဖုန်းကို ပြန်ယူလိုက်ပါတယ်။ယင်းနောက် သူဟာ ထီမထင်တဲ့ မျက်နှာပေးဖြင့် ပြောလိုက်သည်
"မဆိုးပါဘူး ခင်ဗျား မျက်လုံးကောင်းသေးတာပဲ။ဒါပေမဲ့ ကျုပ် အားအကုန်တောင် မသုံးထားသေးဘူး ပြိုင်ဘက်က မှောက်သွားတယ်။တကယ် စိတ်ပျက်စရာပဲ"
လူလိမ် ထျန်ဟာ လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့သည်။
ဒါကို သူ့မျက်လုံးတွေနဲ့ မြင်တာသာ မဟုတ်ရင် သူယုံကြည်နိုင်မှာတောင် မဟုတ်ပါဘူး။
ဒီတိုက်ခိုက် မူက စက္ကန့် အနည်းငယ်ပဲ ကြာတယ်ဆိုပေမယ့်လည်း ဒီစက္ကန့် အနည်းငယ်ကနေ အရည်းအချင်း ဘယ်လောက်ရှိလဲ ဆိုတာ မြင်နေရပါတယ်။
လူလိမ် ထျန် ဗီဒီယို ကို ဆယ်ကြိမ်လောက် ကြည့်ပြီးတဲ့ နောက်မှာ သူ့ရဲ့ အဖြေက ဒီလူငယ်လေးက ပုံမှန်အရည်အချင်း မဟုတ်ဘူး ဆိုတာပါပဲ။
ဒီထဲက လူငယ်လေးဟာ စွမ်အားရှစ်မျိုး လက်သီးသိုင်းထဲက အကွက်တွေကို သုံးထားတယ် ဆိုတာ သူမြင်နိုင်ပါတယ်။
ဒီလို အကွက်မျိုးက ကြည့်ရတာ ရိုးရှင်းပေမယ့်လည်း အသုံးပြုတဲ့ အချိန်မှာ မရိုးရှင်းပါဘူး။အထူးသဖြင့် ခန္တာကိုယ် သန်မာပြီး ကိုယ်ခံအားကောင်းနေတဲ့ လူတွေနဲ့ ယှဥ်ရင် အတော် ခက်ခဲပါတယ်။
"မင်းဒီအဆင့်ရောက်အောင် ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ၊ ဒီအသက်အရွယ် နဲ့က အဖြစ်နိုင်ဘူးနော်"
လင်းဖန်ဟာ ဒါကိုကြားပြီး ရယ်မောလိုကိသည်။
"ဟီးဟီး ဒါကို ဖုံးကွယ် နိုင်စွမ်းမြင့်မားတယ်လို့ခေါ်တယ်။ခင်ဗျား မြင်သာအောင် နေမယ်ဆိုရင် ဖုံးကွယ်ထားတယ် လို့ ဘယ်ခေါ်ပါတော့မလဲ"
"ဒါ မဖြစ်နိုင်ဘူး၊ မင်းစောက်ရမ်းသန်မာ နေတယ် ဆိုရင် လွန်ခဲ့တဲ့ရက်တုန်းက... ဘာဖြစ်လို့..."
"ဟီးဟီး ခင်ဗျားရှိနေတာပဲ မဟုတ်ဘူးလား? ယင်ကောင်တွေကို မောင်းထုတ်ဖို့ ကျွန်တော် ခွန်အားတွေကို သုံးရင် အကုန် သေကုန်လိမ့်မယ်"
လင်းဖန်ပြောလိုက်သည်။
လူလိမ် ထျန်ဟာ ဒါကိုကြားပြီး တုန်လှုပ်သွားခဲ့ပါတယ်။သူကိုယ်တိုင်က စွမ်းအားရှစ်မျိုး လက်သီး သိုင်းမှာ မာစတာ တစ်ပါးပါ။ဒါပေမဲ့ ဒီကလေးက သူ့ထက်ပိုသာနေမယ်လို့ မထင်ထာခဲ့ပါဘူး။
သူဒီအဆင့်အထိရောက်လာဖို့ အသက်သုံးနှစ်ကတည်းက လေ့ကျင့်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။သူဟာ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ ခွန်အား ၊ နည်းစနစ်နဲ့ စွမ်းဆောင်ရည်တွေကို မြင့်တင်ခဲ့ရပါတယ်။
ဒီကလေးက အတော်ငယ်သေးတယ်လေ ..ဗိုက်ထဲကနေ လေ့ကျင့် လာလို့လား......
လင်းဖန်သာ လူလိမ် ထျန် ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေကို သိလို့ရှိရင် သူ့မှာ ကျိန်းသေ အဖြေရှိမှာပါ။
ဘာလို့လဲဆိုတော့ ခင်ဗျားက ကျုပ်နဲ့ စောက်ရမ်း ရင်းနှီးနေလို့လေ.....ဒါကြောင့် ခင်ဗျား ပညာကို ကျုပ်ရသွားတာ..သိပြီလား....