← Chapters

ဘယ်သူအရွေးခံရမှာလဲ

Vol. 6 Ch. 89

ဘယ်သူအရွေးခံရမှာလဲ

Vol. 6 Ch. 89

5 နာရီ ။

ရှန်ဟိုင်း အားကစားခန်းမ။

"အသံ အသစ်" အစီအစဥ်က အတော်ကို ကောင်းမွန်နေခဲ့သည်။ဒီ ရှိုးပွဲဟာ အတော် ကျော်ကြားကာ ကျယ်ပြန့်နေခဲ့ပြီး နိုင်ငံရဲ့ ထိန်းတန်း ဖျော်ဖြေရေး ရသစုံရှိုးပွဲ သုံးခုထဲမှာတောင် ပါဝင်ပါတယ်။

ဒီတစ်ခါမှာတော့ ထူးခြားစွာပဲ ပရိတ်သတ်တွေဟာ ရူးသွပ့်နေခဲ့ကြပေသည်။

လင်းဖန် ဝုရွှမ်းယွဲ့ကို သူရှိုးပွဲလာကြည့်မယ် လို့ ကတိပေးထားခဲ့ပါတယ်။ဒါကြောငိ့ သူအစောပဲ ရောက်လာခဲ့ပါသည်။

သူလက်ထဲက လက်မှတ်ကို ကြည့်လိုက်တဲ့ အချိန်မှာ ရှေ့တန်းမှာဖြစ်ပြီး စတိတ်စဥ်နဲ့ အတော်နီးပါတယ်။ကြည့်ရတာ ဒီမိန်းကလေးက အတော် စွမ်းဆောင် နိုင်စွမ်းရှိတဲ့ ပုံပါပဲ။သူမက သူ့ကို ထိုင်ခုံကောင်းရအောင် ဖန်တီး ပေးထားတာပါ။

ဖုန်းဝင်လာခဲ့သည်။

ဝုရွှန်းယွဲ့ :: မာစတာ ရောက်နေပြီလား?

လင်းဖန် :: ရောက်နေပြီ အခုကားပါကင်မှာလေ။

ဝုရွှန်းယွဲ့ ::: ဒါဆို ညီမ အခုလာခဲ့မယ် ၊ ပြိုင်ပွဲက ခုနှစ်နာရီမှ စမှာ။

"မလာခဲ့နဲ့ ပြင်ဆင်မူမှာပဲ အာရုံစိုက်ထားလေ။မင်းရဲ့ ​ဖျော်ဖြေမူကို မထိခိုက်စေနဲ့"

လင်းဖန် ကိုယ်တိုင်လည်း ဒီ ပြိုင်ပွဲကို အနည်းင

ယ်စိတ်ဝင်စားပါတယ်။ဒါပေမယ့် ဝုရွှန်းယွဲ့ အတွက်ကတော့ ဒါဟာ သူမရဲ့ ပထမဆုံးခြေလှမ်းပါ။ သူမအကောင်းဆုံးကြိုးစား ဖို့လိုအပ်ပါတယ်။

ဝုရွှန်းယွဲ့ဟာ ဖုန်းထဲကနေပြီး ရယ်မောလိုကိသည်။

"တကယ်လို့ မာစတာ လင်းကို အပြင်မှာဒီတိုင်းထားတာ သိရင် သူဌေးက ညီမကို ဆူတော့ မှာပဲ"

လင်းဖန် ပြုံးလိုက်သည်။

"သူသာ အဲလိုလုပ်ရဲရင် သူ့ကို သေလောက်အောင် ရိုက်လိုက်မယ်"

"မာစတာ သူတို့ ခေါ်နေကြပြီး ၊ ဒီနေ့ညပွဲပြီး သွားရင် ညီမ ဆက်သွယ်လိုက်မယ်"

"ကောင်းပြီ သေချာဂရုစိုက်ပြီး ပြင်ဆင်ရမယ်နော်။ငါ့အတွကိကို မပူနဲ့။ဒီည အတွက်အကောင်းဆုံး ကြိုးစားပြီး ထိပ်တန်း ဆယ်နှစ်ယောက်ထဲ ဝင်အောင်လုပ်ရမယ်။ပြီးတော့ ဖိုင်နယ်ရောက်ပြီး ချန်ပီယံ ဖြစ်ကိုဖြစ်ရမယ်"

လင်းဖန် ပြောလိုကိသည်။

ဝုရွှန်းယွဲ့ ဟာ ဒါကိုကြားပြီး ရယ်မောလိုက်ပါတယ်။

"ကျေးဇူးပဲ မာစတာ ၊ အားပေးစကား အတွက်"

.......

ဖန်းချပြီး သည့်နောက်တွင် လင်းဖန် သော့ကိုဖြုတိပြီး ကားထဲမှထွက်ကာ အဆောက်အဦး ဆီကို လျောက်လာခဲ့လိုက်ပါတယ်။

ပြင်ဆင်ထားသည့် နေရာက ကြီးမားပြီး ျကယ်ဝန်းလှပေသည်။အစောရောက်နေသည့် ပရိတ်သတ် အများကြီးရှိပြီး LED ဆိုင်းဘုတ်များကို ကိုင်ထားကြပါတယ်။

အဆိုတော် တွေဟာ အကုန် အသစ်တွေဖြစ်ကြပေမယ့်လည်း သူတို့ရဲ့ ကိုယ်ပိုင် ပရိတ်သတ်တွေ ရှိနေကြပါပြီ။ပရိတ်သတ်များဟာ သူတို့ရဲ့ အိုင်ဒေါ ကို အားပေးဖို့အဆင်သင့် စောင့်နေကြပါတယ်။

အသက်ငယ်ငယ် လူငယ်လေးများဟာ အုပိစုများဖွဲ့ပြီး သူတို့ရဲ့ ပြိုင်ပွဲဝင် အိုင်ဒေါများ အျကြာင်းကို ဆွေးနွေးနေခဲ့သည်။

"တကယ် စိတ်လှုက်ရှားဖို့ကောင်းတယ် ၊ ပြိုင်ပွဲက ခနနေရင် စတော့မှာ။ ပြိုင်ပွဲဝင် ၂၄ ယောက်မှာ ၁၂ ယောက်ပဲ အရွေးခံရမှာ။ဟောင်ဟောင် ပြုတ်မှာ မဟုတ်လောက်ပါဘူး"

(" အသံသစ် အစီအစဥ်က တကယ်မိုက်တယ်နော်။ပြိုင်ပွဲဝင်တွေ ထဲမှာ အသံကောင်းတဲ့ လူတွေမှ အများကြီးပဲ"

"ငါ့အကြိုက်ဆုံးကတော့ ဝုရွှန်းယွဲ့ပဲ ။သူမရဲ့ အသံကို နားထောင်ရတာ တကယ် သာယာလွန်းတယ်"

"ဝုရွှန်းယွဲ့က မနာလို စရာပဲ၊သီးချင်းဆိုတာ အရမ်းကောင်းလွန်းတယ်။ဒါပေမဲ့ ငါ့ရဲ့ အကြိုက်ဆုံးကတော့ ယုချန်လေးပဲ"

"ဝမ်ယုချန် လည်း အသံကောင်းတာပဲလေ။သူမက မိန်းကလေး ဖြစ်ပေမဲ့လည်း အသံအိုးက ကောင်းလွန်းတယ်"

ပရိတ်သတ်တွေဟာ သူတို့ရဲ့ အိုင်ဒေါတွေအကြောင်းကို ဆက်တိုက် တွေးနွေးနေခဲ့ကြသည်။

သူတို့မှာ ထင်မြင်ချက်တွေ အမျိုးမျိုးရှိကြပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး ရန်မလိုကြပါဘူး။သူတို့ဟာ ရယ်မောရင်း ဖြင့်သာ အချိန်တွေကို စောင့်ဆိုင်းနေခဲ့ကြပါသည်။

လင်းဖန်မှာလည်း သူကြိုက်တဲ့ အိုင်ဒေါတွေ ရှိပါတယ်။သိုပေမဲ့ သူကြိုက်တဲ့ အိုင်ဒေါ တွေက အသက်ကြီးသွားကြပါပြီ။တစ်ချို့ဟာ ဆိုရင် သေဆုံးသွားကြပြီ ဖြစ်ပြီး တစ်ချို့က အနားယူသွားကြပါပြီ။

သို့ပေမဲ့ လည်း သူတို့ ရှိုးပွဲတွေမှာ ပေါ်လာတဲ့ အချိန်တိုင်း လင်းဖန် လက်မှတ်ဝယ်ပြီး ထောက်ပံ့ အားပေးပါတယ်။

၆ နာရီအချိန်။

ခန်းမကြီးထဲတွင်။

လင်းဖန် သူ့ထိုင်ခုံဟာ စတိတ်စဥ်နဲ့ အတော်နီးတာ တွေ့လိုက်ရပါတယ်။စတိတ်နဲ့ ရှေ့နားမှာ ထိုင်ခုံလေးလုံးရှိနေပြီး ဒါဟာ ဒိုင်လေးယောက်ရဲ့ ထိုင်ခုံပါ။

ခန်းမကြီးထဲတွင် လူတွေနှင့် ပြည့်နေကြပြီး ပြိုင်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပါတယ်။

အဲ့အချိန်မှာပဲ ဒိုင်လူကြီးများဟာ ပရိတိသတ်များရှေ့ကို ထွက်လာခဲ့ကြပြီး ပရိသတ်အကုန်လုံးကို ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ပထမဆုံး ဒိုင်သူကြီးကတော့ ချီမင် ဖြစ်ပြီး ဂီတလောက ရဲ့ရှေ့ဆောင် တစ်ယောက်ပါ။သူက အသက် ၆၀ ခန့်ရှိ​နေပြီ ဖြစ်ပေမယ့်လည်း ငယ်ရွယ်ပုံရပြီး ဖက်ရှင်ကျနစွာ ဝတ်ဆင်ထားခဲ့ပါတယ်။

ဒုတိယ ​ဒိုင်ဟာတော့ ကျို့ဟိုင်တောင် ဖြစ်သည်။သူဟာ အသက် ၄၀ ခန့်ရှိပြီး သူ့သီချင်းအများစုဟာ ရိုးရှင်းပါသည်။သူဟာ အသက်လေးဆယ် မှာတောငိ ကျော်ကြားဆဲဖြစ်ပြီး တစ်နှစ်ကို ရှိုးပွဲ ဆယ်ခုလောက် ပြုလုပ်ပါတယ်။

တတိယမြောက် ဒိုင်ဟာ တော့ အသက် ၅၀ အရွယ်ရှိ ယန်ဂျင် ဖြစ်သည်။သူမကိုတော့ ဂီတလောက ရဲ့ ဧကရီ တစ်ပါး အဖြစ်တင်စား ထားကြပါတယ်။အခုတော့ သူမဟာ ဒီလို ရှိုးပွဲကြီး၏ ဒိုင်အဖြစ် ပါဝင်လာခဲ့သည်။သူမက အခုချိန်မှာ ကျော်ကြားတဲ့ ဒိုင်တစ်ယောက်ပါ။

စတုတ္ထမြောက် ဒိုင်ဟာတော့ ဇိုထန်ဖေး ဖြစ်ပြီး အဆိုတော် တစ်ယောက်မဟုတ်ပါဘူး။သူက တေးရေးဆရာတစ်ယောက်ပါ။

ဂီတလောကမှာအောင်မြင်နေတဲ့ အင်ပါယာတွေ၊ဧကရီတွေရဲ့ တေးသီးချင်းတော်တော် များများကို သူရေးထားတာပါ။အပြင်လူတွေ အတွက်ကတော့ သူလူသိမများပါဘူး။ဒါပေမဲ့ ဂီတလောကမှာတော့ သူကဆရာတစ်ဆူပါ။

၇ နာရီအချိန်တွင်။

"အသံသစ် " အစီအစဥ်ဟာ တရားဝင် စတင်ခဲ့ပါပြီ။

အစီအစဥ်ကြေညာသူ စတိတ်စဥ်ပေါ်ကို တက်လာတဲ့ အချိန်မှာ ပရိသတ်တွေဟာ အုတိအော်သောင်းနင်း အားပေးလိုကိကြပါတယ်။

လင်းဖန် ထိုင်ခုံမှာ ထိုင်နေရင်း ဘယ်ဘက် ညာဘက်ကို တစ်ချက်ကြည့်လိုက်သည်။သူ ဒီလို ရှိုးပွဲကို ပထမဆုံး လာဖူးတာ ဖြစ်ပြီး အတော်စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ပုံမှန် လုပ်ရိုးလုပ်စဥ်များ လုပ်ပြီးသွားသည့် နောက်တွင်။

ပြိုင်ပွဲဝင်တွေဟာ နှစ်ယောက် တစ်တွဲစီ မဲခွဲ ယှဥ်ပြိုင်ကြရပါသည်။အဲလို ယှဥ်ပြိုင်အပြီးမှာတော့ ဒီုင်လူကြီးတွေဟာ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးကြသည်။

နောက်တစ်ဆင့်ကို တက်သွားတဲ့ လူတွေဟာ ဝမ်းသာကြပြီးတော့ ရှုံးတဲ့ လူတွေဟာတော့ မျက်ရည်များကို မနည်းထိန်းထား ရကြသည်။တစ်ချို့လူတွေ ဟာတော့ မျက်ရည် မထိန်ထားနိုင်ပဲ စဥ်ပေါ်တွင် ငိုယိုနေကြသည်။

ဒီလိုမျိုး ပြိုင်ပွဲမျိုးက အတော် ရက်စက်ပါတယ်။

လင်းဖန်ဟာ ဒိုင်တွေကို ကြည့်ပြီး အတော်လေးစားမိလိုက်သည်။သူတို့ဟာ သီချင်းတစ်ပုဒ်ကို သေချာလေးနက်တဲ့ မျက်နှာ အမူအရာတွေနဲ့ နားထောင်ပြီး အကဲဖြတ်နေကြတာပါ။

စဥ်နောက်ဘက်တွင်။

ဝုရွှန်းယွဲ့ဟာ ကြောက်ရွံ့နေခဲ့ပါတယ်။သူမဟာ စိတ်ခံစားမူကို ကြိုးစားထိန်းပြီး အကောင်းဆုံးပြင်ဆင်နေခဲ့ပါသည်။

ပွဲစီစဥ်တဲ့ လူတွေဟာ နောက်တစ်ခါ ပြိုင်ရမယ့် လူဟာ သူမလို့ အကြောင်းကြားထားပါတယ်။

သူမနဲ့ ပြိုင်ရမယ့် ပြိုင်ပွဲဝင် အမျိုးသမီးဟာလည်း အမျိုးသမီးတစ်ယောက်ပါပဲ။သူမဟာ ဝုရွှန်းယွဲ့လောက် ရုပ်ရည် မချောမောပေမဲ့လည်း သူမဟာ လှပတဲ့ မိန်းကလေး တစိယောက်ပါ။

......

အစီစဥ်ကြေညာသူဟာ ပြောလိုက်သည်။

"နောက်လာမယ့် ပြိုင်ပွဲဝင် နှစ်ဦးကို စင်ပေါ်ကို ဖိတ်ခေါ်လိုက်ရအောင်။သိမ်မွေ့နူးညံ့တဲ့ ပြိုင်ပွဲဝင် ဝူရွှန်းယွဲ့နဲ့ စိတ်ခံစားချက် ပြိုင်ပွဲဝင် ဝမ်ယုချန်ပါ။ဘယ်သူ နောက်တစ်ဆင့်ကို ရောက်ရှိသွားမလဲ ဆိုတာ ကြည့်လိုက်ကြရအောင်"

နောက်ဆုံးတော့ အချိန်ကြလာပြီ။

လင်းဖန်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါတယ်။သူ ဒီကို လာတာ ဝုရွှန်းယွဲ့ကို အားပေးဖို့ ဖြစ်ပြီး ခနနေ ဝုရွှန်းယွဲ့ စင်ပေါ်မှာ ဖျော်ဖြေတော့မှာပါ။

သို့ပေမဲ့ ပထမဆုံး ယှဥ်ပြိုင်ရမယ့် သူဟာ စိတ်ခံစားချက် အဆိုတော် ဝမ်ယုချန် ဖြစ်သည်။

ဝမ်ယုချန် ပါးစပ်ဟပြီး သီချင်းဆိုလိုက်တဲ့ အချိန်မှာ ဒိုင်တွေ အကုန်လုံးလေးနက် သွားခဲ့ပါတယ်။

ကျို့ဟိုင်တောင် ဟာ ရေရွတ်လိုက်သည်။

"ဒါက ကိုယ်တိုင်ရေး သီချင်းတစ်ပုဒ်ပဲ"

ဇိုထန်ဖေးဟာ ခေါင်းညိမ့်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ စာသားနဲ့ တီးလုံးအပေါ်မှာ စီးမျောခံစားနေခဲ့ပါတယ်။

ယန်ဂျင်ဟာတော့ ပြုံးနေခဲ့သည်။သူမ ဒီသီချင်းကို နှစ်သက်သဘောနေတာ သိသာပါတယ်။

အဲ့အချိန်မှာ အကုန်လုံးဟာ ငြိမ်သက်နေပြီး သီးချင်းကို ခံစားနားဆင်နေကြပါသည်။

ဒါက အသံသစ် အစီအစဥ်ရဲ့ ပထမဆုံး ကိုယ်တိုင်ရေး သီချင်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲက အသံကိုပဲ အဓိကထား စစ်ဆေးတာပါ။သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို ထည့်မတွက်ပါဘူး။

လင်းဖန် ခေါင်းညိမ့်လိုက်သည်။ ဒီမိန်းကလေးက အတော်ကို တော်တာပါ။သို့ပေမယ့် သီချင်းရဲ့ အဆုံးပိုင်းနားမှာ ကီးနည်းနည်းလွဲသွားတားကို လင်းဖန်လို သီချင်းအကြောင်း ဘာမှ နားမလည်တဲ့ လူတောင် သတိထားမိပါတယ်။

သို့ပေမဲ့ သူမအချိန်မှီ ပြန်ပြင်ဆင်နိုင်ခဲ့သည်။

လင်းဖန် မိန်းကလေးကို ကြည့်လိုက်ပါတယ်။ဒီမိန်းကလေး အတော်ကောင်းတယ် ဆိုတာ သူဝန်ခံရမှာပါ။သို့ပေမယ့် သူမရဲ့ အမှားတစ်ခုကြောင့် ဝုရွှန်းယွဲ့ အဆင်ပြေပြေ သီဆိုနိုင်ခဲ့ရင် ကျိန်းသေ အနိုင်ရမှာ သူသိလိုကိသည်။

သီချင်းဟာပြီး ဆုံးသွားခဲ့သည်။

ဝမ်ယုချန်ဟာ ကြောက်ရွံ့နေခဲ့ပါတယ်။သူမဟာ ငိုတော့ မလိုတောင် ဖြစ်နေခဲ့ပြီး ကိုယ့်ကိုကို ိလို အမှားလုပ်မိမယ်လို့ မထင်ထားမိခဲ့ပါဘူး။

ကျို့ဟိုင်တောင် :::"ဘယ်လောက် ရှက်စရာကောင်းလဲ။

ယန်ဂျင်ဟာ ကြည့်ပြီးပြောလိုက်သည်။

"ငါကတော့ သူတကယ် မဆိုးဘူးလို့ တွေးမိတယ်"

ယင်းနောက်တွင် ဝူရွှန်းယွဲ့ဟာ စင်ပေါ်ကို တက်လာခဲ့ပါတယ်။

ဝုရွှန်းယွဲ့ဟာ စင်အောက်ဘက်မှ လင်းဖန်ကို မြင်တဲ့ အချိန်မှာ ပြုံးပြလိုက်ပြီး သီချင်း စတင် သီဆိုလိုက်ပါတယ်။

သာယာ ချိုမြိန်တဲ့ အသံလေးဟာ လူတိုင်းရဲ့ နားတွေကို ဖုံးလွမ်းသွားခဲ့သည်။

ချီမင်ဟာ သူ့ခေါင်းကို ဆက်တိုက်ညိမ့်နေခဲ့ပါတယ်။သူမရဲ့ အသံက အရမ်းသာယာ ချိန်မြိန်လွန်းလှပါတယ်။သူမ ဘာနည်းစနစ်မှ မသုံးထားပေးမဲ့လည်း လွမ်းမိုးနိုင်စွမ်း အပြည့်အဝရှိပါတယ်။

လင်းဖန်ဟာလညိး ထိုင်ခုံမှာ ထိုင်ပြီး ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ဒီ အသံဟာ သာယာလွန်းပြီးတော့ သီချင်းကလည်း လုံးဝကို အံ့သြဖွယ်ရာပါပဲ။

သီချင်းဆုံးသွားသည့်နောက်တွင်.. .

သီးချင်းပြီးသွားတာတောင် အကုန်လုံးဟာ အချိန်အနည်းငယ် ကြာအောင် ငြိမ်သက်နေပြီးမှ ရုတ်တရက် တစ်ကွင်းလုံး ဟိန်းထွက်သွားအောင် အော်ဟစ်အားပေးလိုက်ကြပါတယ်။

"ဝုရွှန်းယွဲ့က အရမ်းမိုက်တယ်"

"ဟုတ်တယ် သူမရဲ့ အသံက အရမ်းကောင်းတာပဲ။ငါ့ ခန္တာကိုယ်မှာ ကြက်သီးတွေထ နေသလိုတောင် ခံစားရတယ်"

"ဝုရွှန်းယွဲ့ က ဝမ်ယုချန် ထက်တကယ်ကို သာတယ်"

"ဘယ်သူ နောက်တစ်ဆင့် တက်မလဲ အသိအသာကြီး။ဝုရွှန်းယွဲ့က ဝမ်ယုချန်ထက်သာတယ်။ထပ်ပြောရရင် ဝမ်ယုချန်က အဆုံးသတ်နားမှာ ကီးနည်းနည်း လွဲသွားသေးတယ်။သေချာတယ် ဝုရွှန်းယွဲ့ ပဲနောက်တစ်ဆင့်ကို တက်မှာ"

......

ယင်းနောက်တွင် အစီစဥ် ကြေညာသူ ယီမင် ဟာ စင်ပေါ်ကို တက်လာခဲ့သည်။

"ဝုရွှန်းယွဲ့ ​ကျေးဇူးတင်ပါတယ်"

ဝုရွှန်းယွဲ့ဟာ လူအုပ်ကြီးကို ကြည့်လိုက်ပြီး ဒိုင်တွေကို ဦးညွတ်လိုက်ပါတယ်။

"ကျေးဇူးပါ"

ယင်းနောက် ယီမင်ဟာ ဆက်ပြောလိုက်သည်။

"အခု ဝမ်ယုချန်ကို စင်ပေါ်ကို ပြန်ဖိတ်ခေါ်လိုက်ရအောင်။ကျွန်တော် မစ္စတာ ထန်ဖေး ဒီလို ဘေးကျပ်နံကျပ် ဖြစ်နေတာ ပထမဆုံး မြင်ဖူးတာပါ။မစ္စတာ ကျို့ဟိုင်တောင် တကယ်လို့ ဆရာသာ ဒီနေ့ရဲ့ အဓိက အကဲဖြတ်သူဆိုရင် ဘယ်သူ့ကိုများ နောက်တစ်ဆင့် ခေါ်သွားမလဲ သိပါရစေ..."

.......

ရလာဒ်နဲ့အတူ ကျွန်တော် မကြာခင်ပြန်လာပါ့မယ်... (ကျော်ထက်အောင် လေသံဖြင့်😁)

ဒါက မင်မင် အပိုရေးပေးတာ😜

All Chapters