← Chapters

ဘယ်လောက်တောင် အကျိုးအကြောင်း မဆီလျော်သလဲ

Vol. 6 Ch. 90

ဘယ်လောက်တောင် အကျိုးအကြောင်း မဆီလျော်သလဲ

Vol. 6 Ch. 90

ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်ညိမ်သက်နေခဲ့ပါတယ်။လူတိုင်းဟာ ဇိုထန်ဖေး ဘယ်လိုမျိုး အကဲဖြတ်မလဲ ဆိုတာကို စောင့်ဆိုင်းနေခဲ့ကြတာပါ။

ဒိုင်များ ထိုင်သည့်နေရာတွင်။

ဇိုထန်ဖေး ဟာ ဘေးကျပ်နံကျပ် ဖြစ်နေသလိုပါပဲ။

"ဒီလို ပြိုင်ပွဲတွေမှာ သီချင်းတစ်ပုဒ်ကို မျက်လုံးမှိတ်ပြီး နားထောင်ရတာ ဒါ ပထမဆုံးပဲ၊ ဝမ်ယုချန် သီဆိုသွားတာက အတော်ကို ခံစားချက်တွေ ပါဝင်တယ်။ဒါက တကယ်ကိုကောင်းမွန်လွန်းတယ်။သူ့အတွက်တော့ ဒီနေ့သီချင်းက ပြိုင်ပွဲတစ်လျောက်မှာ အကောင်းဆုံးပဲ"

ကျေနပ်တဲ့ အမူအရာနဲ့ ဝမ်ယုချန်ဟာ ဦးညွတ်လိုက်ပါတယ်။

ဇိုထန်ဖေးဟာ ဆက်ပြောလိုက်သည်။

"ဝုရွှန်းယွဲ့ရဲ့ အသံကတော့ ငါ့အကြိုက်ဆုံး အသံတွေထဲကတစ်ခုပဲ ။သာယာချိုမြိန်တဲ့ အသံလေးက နားထောင်နေတဲ့ လူတွေကို အပြာရောင် ကောင်းကင်ပေါ်မှာ ပျံသန်းနေသလို ခံစားရစေတယ်၊ တကယ်လို့ တ၀်ယောက်ပဲ ရွေးရမယ်ဆိုရင် ဝုရွှန်းယွဲ့ကို ငါ့ရဲ့ အကောင်းဆုံးအဖြစ် ရွေးချယ်ပါရစေ"

သူအကဲဖြတ်ပြီး နောက်မှာ ပရိသတ်များဟာ ဆူညံစွာအော်ဟစ်လိုက်ပါတယ်။ကြည့်ရတာ ဝုရွှန်းယွဲ့က ဒီလူတွေရဲ့ အိုင်ဒေါပါ။

ဝုရွှန်းယွဲ့ဟာ မရပ်တန့်နိုင်စွာဆက်တိုက် ပြုံးနေခဲ့သည်။

"ကျေးဇူးပါ ဆရာ"

ကြေညာသူ ယီမင် ဟာ ဆက်ပြီးပြောလိုက်သည်။

"မစ္စတာ ကျို့ဟိုင်တောင်"

အဲ့အချိန်မှာ ကျို့ဟိုင်တောင်ဟာ အတွေးနက်နေခဲ့ပါတယ်။

"ဒီနေ့ သီချင်းရွေးချယ်မူကို ကြည့်မယ်ဆိုရင်တော့ ဝမ်ယုချန်က ပိုကောင်းတယ်လို့ မြင်မိတယ်။ကိုယ်တိုင်ရေး သီချင်းက သူမရဲ့ အသံနဲ့ အတော်လိုက်ဖက်နေတယ်။တစ်ဖက်မှာတော့ ဝုရွှန်းယွဲ့လည်း ဖျော်ဖြေမူအရမ်းကောင်းတယ် ဒါပေမဲ့ သူမက "ဝေးကွာသွားတဲ့ လမ်းကလေး" သီးချင်းရဲ့ မူလ ဗားရှင်းကို လုံးဝ မပြောင်းလဲ ခဲ့ဘူး။ဒါက ငါ့ရဲ့ တစ်ခုတည်းသော စိတ်ပျက်မူပဲ။တစ်ကယ်လို့ ရွေးချယ်ရမယ်ဆိုရင် ဝမ်ယုချန်ကို ရွေးချယ်ပါရစေ"

ဝမ်ယုချန်ရဲ့ တစ်ချိိန်လုံး ညိုးနွမ်းနေတဲ့ မျက်နှာလေးဟာ ဒီတစ်ချိန်မှာ ပြန်ပြီး ပြုံးလာခဲ့ပါတယ်။

"ကျေးဇူးတင်ပါတယ်ရှင့်"

ကျို့ဟိုင်တောင်ဟာ ပြုံးလိုက်သည်။

"အစ်မယန် ဘယ်လိုထင်လဲ"

ဒိုင် ယန်ဂျင်ဟာ ဒိုင်လေးယောက်ထဲမှာ တစ်ယောက်ထဲသော မိန်းကလေး ဒိုင်ပါ။သူမဟာ မိုက်ကို လက်ထဲမှာ ကိုင်ထားခဲ့သည်။

"အသံချင်းကို နှိုင်းယှဥ်ရမယ် ဆိုရင်တော့ သူတို့နှစ်ယောက်စလုံး အတူတူပဲလို့ ပြောချင်တယ်။ဝုရွှန်းယွဲ့ရဲ့ အသံက အတော်ကို သာယာတယ်လို့ ပြောလို့ရတယ်။ဒီပြိုင်ပွဲဝင်တွေအားလုံးထဲမှာ...မဟုတ်ဘူး ပရိုအဆင့် ပြိုင်ပွဲဝင်တွေ ကြားထဲမှာတောင် ဝုရွှန်းယွဲ့ရဲ့ အသံက အသန့်ရှင်းဆုံးပဲ။တစ်ဖက်မှာလဲ ဝမ်ယုချန်ရဲ့ အသံက ကိတ်မုန်လေးတစ်လုံးလိုပဲ။ကိုယ်တိုင်ရေး သီချင်းရဲ့ စာသားတွေကလည်း လှပတယ်။ဒါက တကယ်ခံစားဖို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ။ဒါကြောင့် ဝမ်ယုချန်ကိုပဲ ရွေးချယ်လိုက်ပါတယ်"

ဝမ်ယုချန်ရဲ့ မျက်နှာမှာ အပြုံးပန်းကြီး တစ်ပွင့်ပေါ်လာခဲ့သည်။

"ကျေးဇူးပါ ဆရာမ ယန်ဂျင်"

ပရိတ်သတ်တွေဟာတော့ သိပ်မပျော်ရွှင်တော့ပါဘူး။သူတို့လည်း ဝမ်ယုချန်ရဲ့ ကိုယ်တိုင်ရေးသီချင်းက ကောင်းတယ်ဆိုတာ လက်ခံပါတယ်၊သူမက ဖန်တီးနိုင်စွမ်းလည်း ကောင်းပါတယ် ဒါပေမဲ့ သူမက အရေးကြီးဆုံးဖြစ်တဲ့ ကီးလွဲသွားတာပါ။

ဒါကို ဘယ်လိုဖြစ်ပြီး ဝုရွှန်းယွဲ့က ရှုံးနိမ့်ရမှာလဲ.....

အွန်လိူင်း တိုက်ရိုက်ထုတ်လွင့်မူတွင်တော့ ကြည့်ရူသူများဟာ ဆူညံ့နေကြသည်။

"ချီး?ပဲ ဒီဒိုင်တွေက နားလေးနေတာလား။သူမ ကီးလွဲသွားတာ လူတိုင်းသိတယ်လေ။ဒါတောင် သူမကို ကြံဖန် ချီးကျူးနေသေးတယ်"

"ဒီသီချင်းကို ဝမ်ယုချန် သူ့ဟာသူရေးထားတာ ဆိုရင် ငါ ကင်မရာရှေ့မှာ ချီးစား ပြမယ်ကွာ"

"လစ်လိုက် ငါ့ရဲ့ ယုချန်က တကယ်အရည်အချင်းရှိတယ် ၊ သူမက ဝုရွှန်းယွဲ့ လာပြိုင်လို့ရတဲ့ အဆင့်မယုတ်ဘူး"

"အားလုံးပဲ မငြင်းကြပါနဲ့ဦး ၊ ဒိုင် ချီမင် ရွေးချယ်ဖို့ ကျန်သေးတယ်လေ။သူဘယ်သူ့ကို ရွေးမလဲ မသိသေးပါဘူး"

"ကျေးဇူးပြုပြီး ဗုဒ္ဓ ကယ်တင်ပေးပါ၊ ကျွန်တော် တို့ရဲ့ ရွှန်းယွဲ့လေး အရွေးခံရပါစေ။တကယ်လို့ ဒိုင် ချီမင်ကသာ သူမကို ရွေးမယ် ဆိုရင် ဒိုင်ချီမင်ကို တသက်လုံးအားပေးပါ့မယ်"

.....

လင်းဖန် လည်း စင်အောက်မှာ ထိုင်နေပြီး ဒိုင်တွေကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ပါတယ်။

ဒီ ဒိုင် တွေ ဘယ်ကနေများလာကြတာလဲ...?

သူတို့ နားတွေမှာ ပြသနာ တစ်ခုခုရှိနေတာလား...?

သူတို့က ဝမ်ယုချန် ကီးလွဲသွားတာကိုတောင် ထုတ်မပြောပဲ ဆက်တိုက်ခေါင်းညိမ့်နေခဲ့ ပါတယ်။ဒါက တစ်ခုခုပါပဲ။

လင်းဖန် ဘယ်ဘက် ညာဘက်ကို အခြေနေတစ်ချက်ကြည့်လိုက်သည်။သူ့ကို ဘယ်သူမှ မကြည့်တာ သေချာတဲ့ အချိန်ကျမှ ခေါင်းကို ငုံ့ပြီး အော်လိုက်ပါတယ်။

"ဝုရွှန်းယွဲ့ကို ရွေး"

ဒီအသံကို ထွက်ပေါ်လာတဲ့ အချိန်မှာ ဝုရွှန်းယွဲ့ရဲ့ပရိတ်သတ်များဟာ ဆက်တိုက် လိုက်အော်ကြပါတော့တယ်။

"ဝုရွှန်းယွဲ့ကို ရွေး"

"ဝုရွှန်းယွဲ့ကို ရွေး"

"ဝုရွှန်းယွဲ့ကို ရွေး"

.....

ဝုရွှန်းယွဲ့ဟာ ဂါရဝ ပြုလိုက်ပါတယ်။

ဝမ်ယုချန်ဟာ တည်ငြိမ်နေပေမဲ့လည်း အတွင်းစိတ်ထဲမှာတော့ မပျော်မရွင် ဖြစ်နေခဲ့သည်။

ယန်ဂျင်လည်း ဒီအသံတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ မျက်နှာ ပျက်သွားခဲ့ပါတယ်။သို့ပေမဲ့သူမဟာ အလျင်အမြန်ပဲ အပြုံးတစ်ခုလုပ်ကာ ဖုံးလိုက်ပါသည်။

ပွဲကြေညာသူ လည်း ဒီလို ဖြစ်လာလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး။ဒါကြောင့် ရှေ့ကို တစ်ဆင့်တက်ကာ ပြုံးပြီး ပြောလိုက်သည်။

"အားလုံးပဲ ခနလောက် ညိမ်ပေးပါ ၊ ကျွန်တော်တို့ ရဲ့ ဒိုင်သူကြီး ချီမင် ရွေးချယ်ပေးပါခင်ဗျာ"

တစ်ချိန်လုံး ဘာမှမပြောပဲ နေလာခဲ့တဲ့ ဒိုင်လူကြီး ချီမင်ဟာ နောက်ဆုံးတော့ စကားပြောလာခဲ့ပါပြီ။

"ဝုရွှန်းယွဲ့ကို ရွေးချယ်ပါရစေ၊သူမရဲ့ သီဆိုမူတွေက ငါကို လှုပ်ခတ်စေခဲ့တယ်။ဒါက အပြစ်ပြောစရာ မရှိဘူး"

ကျေနပ်မူကြောင့် အော်ဟစ်မူတွေဟာ တစ်ကွင်းလုံးကို ဟိန်းထွက်သွားခဲ့ပါတယ်။

အရိတ်သတ်များဟာ အော်ဟစ် အားပေးနေခဲ့သည်။

ယန်ဂျင်ဟာ ပြုံးပြီးပြောလိုက်သည်။

"မစ္စတာ ချီမင် ဝုရွှန်းယွဲ့က တကယ်ကို ကောင်းမွန်ပါတယ်။ဒါပေမဲ့ ဝမ်ယုချန် ကြတော့ရော"

ချီမင်ဟာ နောက်တစ်ခါထပ်ပြော လိုက်သည်။

"ဝမ်ယုချန်က မဆိုးပါဘူး ဒါပေမဲ့ နောက်ဆုံးအပိုဒ်နားမှာ ကီးလွဲသွားတယ်လေ ။ဒီလို ကီးလွဲသွားရင် ပထမပိုင်း ဘယ်လောက်ကောင်းအောင် ဆိုထား ဆိုထား ဒါက အသုံးမဝင်ဘူး"

လင်းဖန်လည်း သဘောတူစွာ ခေါင်းညိမ့်လိုက်ပါသည်။ဒီ ဒိုင် ချီမင်က ပြည်သူတွေပြောနေကြတဲ့ အတိုင်းပါပဲ။ မျှတပြီး ဘက်မလိုက်ပေ။

ယန်ဂျင်ဟာ မျက်မှောင် ကျုတ်လိုက်ပေမယ့် ပြုံးပြီး ပြောလိုက်ပါတယ်။

"သူမက ကီးလွဲသွားပေမယ့် သူမရဲ့ ကိုယ်တိုင်ရေးသီချင်းက ဒါကို ဖုံးကွယ်ပေးထားနိုင်တယ်လေ ။ ကောင်းတာက ဆိုးတာထက် အများကြီးသာနေတယ်"

ချီမင်ဟာ ခေါင်းခါယမ်း လိုက်ပါတယ်။သူသာ ယန်ဂျင်ကို မလေးစားလို့ ရှိရင် မင်းက ငါ့ဂျူနီယာ အဆင့်ပဲ ရှိပါသေးတယ်ကွာ လို့ပြောပြီးပါပြီ။

"ယန်ချင် မင်းရဲ့ ဆင်ခြေက နည်းလမ်းမမှန်ဘူး။ဒီရှိုးပွဲနာမည်က "အသံသစ် "လေ " သီးချင်းသစ်" မှ မဟုတ်တာ။သူတို့ရဲ့ အသံနဲ့ စွမ်းရည်တွေကိုပဲ အကဲဖြတ်ပေးတာ ။ကိုယ်တိုင်သီချင်းရေးပြီးဆိုလို့ အပိုအမှတ်ပေးစရာ အကြောင်းမရှိသလို အမှားအတွက်လည်း ဖုံးဖိပေးစရာ မလိုဘူး"

ဟေးးးးးးးးးး

**ကျေနပ်အားရသည့် အသံများ**

ကျေနပ်နေတဲ့ အသံတွေဟာ ဖုံးလွှမ်းသွားခဲ့ပါတယ်။ဒီကြည့်ရူသူတွေဟာ ဒိုင် ချီမင်နဲ့ သဘောတူတယ် ဆိုတာ ထင်ရှားပါတယ်။

ယန်ဂျင်ဟာ ဂီတ လောကရဲ့ ဧကရီ တစ်ပါးအဖြစ်သတ်မှတ်ခံရကတည်းက များပြားလှတဲ့ ပြိုင်ပွဲတွေမှာ ဒိုင်လုပ်ခဲ့ပါတယ်။သို့ပေမဲ့ ဒီတစ်ကြိမ်က သူမရဲ့ ဆုံးဖြတ်ချက်ကို ပထမဆုံး အငြင်းပွားခံရတာပါ။

သို့ပေမဲ့ သူမရဲ့ ဆန့်ကျင်ဘက်က ချီမင်ပါ။သူမ မပျော်မရွင် ဖြစ်ပေမဲ့လည်း ဘာမှ ထပ်မပြောရဲတော့ပေ။ရယ်မောလိုက်ပြီးသာ တိတ်ဆိတ်နေလိုက်ပါတယ်။

ပွဲကြေညာသူ တစ်ယောက်အနေနဲ့ ယီမင်ဟာ ဒိုင်နှစ်ယောက်ကို ထပ်ပြီး ငြင်းခုန် ခွင့်ပေးလို့မဖြစ်ဘူးဆိုတာကို သိပါတယ်။ဒါကြောင့် ယီမင်ဟာ ကြားထဲက ဝင်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ အခုတစ်ခါကတော့ ၉၉ ယောက်သော ပရိတ်သတ်တွေရဲ့ Vote ပေးရမယ့် အလှည့်ပါ။အနီရောင်က ဝမ်ယုချန် အတွက်ဖြစ်ပြီး၊ ဝုရွှန်းယွဲ့အတွက် အမဲရောင်ကို နိပ်ပါ"

လျင်မြနိစွာပဲ vote ပေးပို့မူ ပြီးဆုံးသွားခဲ့ပါတယ်။

"ဝမ်ယုချန်ကို ၄၈ ယောင်ရွေးချယ်ထားပြီး ၊ ဝုရွှန်းယွဲ့ကို ၅၁ ယောက်ရွေးချယ်ထားပါတယ်"

ယီမင်ဟာ ကြေညာလိုက်သည်။

ဝမ်ယုချန်ရဲ့ နှလုံးဟာ ရပ်တန့်သွား သလိုခံစားလိုက်ရပါတယ်။သို့ပေမဲ့ သူမတွင် မျှော်လင့်ချက်အနည်းငယ် ရှိပါသေးသည်။

ဒိုင်လေးယောက် ဟာလည်း မတ်တတ်ရပ်လိုက်သည်။ယန်ဂျင်ဟာ ပြုံးနေခဲ့ပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာ သိပ်ပြီး မပျော်တော့ပါဘူ။

"ကွားခြားမူက သုံးမဲပါ ဒီ သုံးမဲကွာဟမူကို အစ်မယန်ရဲ့ အမှတ်ပေးစာအိတ်နဲ့ ပြောင်းလဲနိုင်သလို ၊ အနိုင်သေချာအောင်လည်း လုပ်ပေးလို့ရပါတယ်။ရလာဒ်ကို တော့ အမှတ်နဲ့ပဲ ဆုံးဖြတ်ပေးမှာပါ။အစ်မယန် ကျေးဇူးပြုပြီး စာအိတ်ကို ယူလာပေးပါ"

အစ်မယန်ဟာ ပြုံးပြီး ရှေ့ကို ထွက်သွားကာ စာအိတ်ကို အစီစဥ်ကြေညာသူ ယီမင် ဆီကို ပေးလိုက်ပါတယ်။

"ကျေးဇူးပါ အစ်မယန်"

"လောလောဆယ်ကတော့ ဝမ်ယုချန်က ၄၈ မဲ ၊ ဝုရွှန်းယွဲ့က သုံးမဲအသာ ၅၁ မဲ နဲ့ ဦးဆောင်နေပါတယ်"

ယင်းနောက် ယီမင်ဟာ စာအိတ်ကို ဖွင့်လိုက်သည်။

ဝမ်ယုချန်နဲ့ ဝုရွှန်းယွဲ့ နှစ်ယောက်စလုံးဟာတော့ အသက်တောင် မရူနိုင်တော့ပါဘူး။သူတို့ နှစ်ယောက်စလုံး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့ မပြောနဲ့ လင်းဖန်တောင်မှ ကြောက်ရွံ့နေခဲ့ပါတယ်။

အစီစဥ်ကြောညာသူ ယီမင်ဟာ ရလာဒ်ကို ကြည့်ပြီး မျက်လုံး ပြူးကျယ်သွားခဲ့သည်။

"အစ်မယန်ရဲ့ ဝမ်ယုချန်အတွင် နောက်ဆုံးးရမှတ်ကတော့ ......"

လင်းဖန် စတင်ပြီး စိတ်မရှည်ဖြစ်လာခဲ့ပါတယ်။

ဒီကောင်က ဒါလေးဖတ်ပြဖို့ကို အဲလောက်ထိ အချိန်ဆွဲဖို့ လိုလို့လားကွာ......

တိုက်ရိုက်ကြည့်ရူနေကြတဲ့ လူများတောငိ စိတ်မရှည်ဖြစ်လာခဲ့ပါတယ်။

"ချီးပဲ မီဒီယာ တင်ဆက်မူတွေက တကယ်ကို စောက်ရူးတွေပဲ။မဲကွာခြားမူက ဘယ်လိုဖြစ်လို့ ၃ မဲတည်းဖြစ်နိုင်မှာလဲ?ဒါ လုပ်ကြံထားတာပဲ ဖြစ်ရမယ် ။ကွာခြားမူက အနည်းဆုံး ၁၀ မဲလောက်ရှိသင့်တာ"

"သွားပြီ ဒီ မသာမ ယန်ဂျင်က ဝမ်ယုချန်ကို ဘက်လိုက်နေတယ်ဆိုတာ အကုန်သိတယ်။တကယ်လို့ ဆုံးဖြတ်ချက်သာ စောက်တလွဲဆိုရင် ငါဖုန်းကို ရိုက်ခွဲလိုက်တော့မယ်"

ယင်းနောက်တွင် အစီစဥ်ကြေညာသူဟာ စတင်ပြီး ပြောလိုက်သည်။

"၅၁ မှတ် "

"ဝုရွှန်းယွဲ့ရဲ့ အမှတ်က ၄၈ မှတ်"

"ဝမ်ယုချန်ရဲ့ နောက်ဆုံးရမှတ်က ၉၉ မှတ်ဖြစ်ပြီး ဝုရွှန်းယွဲ့ရဲ့ နောက်ဆုံးရမှတ်ကလည်း ၉၉မှတ်ဖြစ်ပါတယ်။ဒါက " အသံသစ်" အစီအစဥ်ရဲ့ သမိုင်းကြောင်းမှာ ပထမဆုံး သရေပွဲပါ"

အဲ့အချိန်မှာပဲ ပရိတ်သတ်တွေဟာ ရူးသွပ်သွားကြသည်။

တိုက်ရိုက်ထုတ်လွင့်မူ ကြည့်တဲ့ လူတွေဟာလည်း ရူးသွပ်သွားခဲ့ကြပါတယ်။

"ဒါတစ်ယောက်ယောက် ညွှန်ကြားထားတာ ပဲဖြစ်ရမယ်"

"ယီးပဲ ယီးပဲ ဒီဟာမ ယန်ဂျင်ရဲ့ နားက တစ်ခုခုချွတ်ယွင်းနေတာလား"

"ဒီ စောက်ရေးမပါတာတွေကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး"

"ချီးပဲ တောက်၊ ငါ အိမ်က TV ကိုရိုက်ခွဲပြီးသွားပြီ"

လင်းဖန်လည်း ကြောင်အနေခဲ့သည်။ဒါက တကယ်ကို စောက်ရေးမပါတာပါ။ဒီကိစ္စမှာ ညစ်ပတ်တဲ့ အရာတွေ ပါနေတယ် ဆိုတာ ထင်ရှားပါတယ်။

ဒိုင် ချီမင် ရဲ့အခြေအနေဟာ ပိုမိုဆိုးရွားနေခဲ့သည်။သူဟာ ယန်ဂျင်ကို စိုက်ကြည့်နေခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး မဲနက်နေခဲ့ပါတယ်။

ယင်းနောက်တွင် တစ်ခုခုထပ်ဖြစ် သွားခဲ့သည်။

ဒိုင် ချီမင်ဟာ စားပွဲ့ပေါ်ကို မိုက်ကရိုဖုန်းနဲ့ ရိုက်ချလိုက်ပြီး လှည့်ထွက်သွားခဲ့ပါတယ်။သူ ဘာတစ်ခွန်းမှ မပြောပေမဲ့လည်း သူတိုင်း သူဒေါသ ထွက်နေတယ် ဆိုတာ ပြောနိုင်ပါသည်။

သူထွက်သွားပြီးနောက်.

"ချီးပဲ ..ဒိုင် ချီမင်တော့ စိတ်တိုသွားပြီ"

"ဒီ ယန်ဂျင်က သူ့ကိူယ်သူ ဟုတ်လှပြီထင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးစားနေတာ။တစ်ခြားလူတွေသာ သူမကို ဖားယားဖို့ လုပ်ရင် လုပ်လိမ့်မယ် ဒိုင်ချီမင် ကတော့ လုပ်မှာမဟုတ်ဘူး"

"မစ္စတာ ချီမင် ကတကယ်လေးစားဖို့ကောင်းတာပဲ။အခု တိုက်ရိုက် ထုတ်လွင့်နေတာမှန်းသိလို့ ဘာတစ်ခွန်းမှ ပြောမသွားဘူး"

လင်းဖန်လည်း ခေါင်းကို လေးပင်စွာ ခါယမ်းလိုက် ပါတယ်။

ဝုရွှန်းယွဲ့ဟာ စင်ပေါ်မှာ ပြုံးနေခဲ့ပါတယ်။ဒါပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ သိပ်အဆငိပြေမနေပါဘူး။

အနည်းဆုံးတော့ သရေပါပဲ။

အခွင့်အရေးက ရှိပါသေးတယ်.....

သို့သော်လည်း ပွဲစီစဥ်သူတွေ အတွင်ကတော့ အခြေအနေသိပ်မကောင်းပေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သူတို့ ပွဲကို ခန ရပ်တန့်ထားရပါတော့မယ်။

All Chapters