← Chapters

အရမ်းကံဆိုးနေပြီ

Vol. 6 Ch. 77

အရမ်းကံဆိုးနေပြီ

Vol. 6 Ch. 77

ဆောင်းဦးဓားဟာ ဆေးဘက်ဆိုင်ရာ အကူအညီတွေရဲ့ ကယ်တင်မူကို ခံခဲ့ရပြီး ပြန်နိုးလာခဲ့ပါတယ်။

သို့ပေမဲ့ သူနိုးပြီးတဲ့ နောက်တွင် မျက်နှာကျတ်ကို စောက်ရူးတစ်ယောက်လို ကြောင်ကြည့်နေခဲ့သညါ။ဒီမတော်တဆ မူက သူ့အတွက် အိပ်မက်ဆိုးကြီးပါ။

နောက်တစ်ရက်။

လင်းဖန်ဟာ ဆိုင်မှာထိုင်ပြီး သတင်းဖတ်နေခဲ့ပါတယ်။ခေါင်းစည်းသတင်း တစ်ခုဟာ သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။

"လူကြီးတစ်ယောက်ဟာ လိုင်းပေါ်တွင် သူငယ်ချင်း ဖြစ်သူမှ စနောက်မူကြောင့် နှလုံးရှော့ရသွားခြင်း"

ဒီစာသားရဲ့ အောက်မှတော့ ပေါင် ၃၀၀ လောက်ရှိတဲ့ ဖတ်တီးကြီးရဲ့ ပုံကို ဖော်ပြပေးထားပါတယ်။

"အသက်တစ်ချောင်းကို ကယ်တာက ဘုရား ခုနှစ်ဆူ တည်တာထက်ပို တန်ဖိုးရှိတယ်။ငါတို့ အဖွဲ့ခေါင်းဆောင်ရေ အမြန်ပြန်သက်သာပါစေ"

အဲ့အချိန်မှာပဲ စမတ်ကျကျ ဝတ်ဆင်ထားတဲ့ လူငယ်လေးတွေ အုပ်စုဟာ လင်းဖန်ရဲ့ ဆိုင်ရှေ့ကို ရောက်လာခဲ့ပါတယ်။သူတို့ တစ်ယောက်ချင်းစီတိုင်းဟာ အစားအသောက် မဂ္ဂဇင်း စာအုပ်ကို ကိုင်ထားကြသည်။

သူတို့ဟာ စာအုပ်ထဲ့က လိပ်စာကို စစ်ဆေးနေကြပြီး ဒီဆိုင်ဆိုတာ အတည်ပြုနေကြပါတယ်။

"ဆရာ ကန် ညွှန်းထားတာက ဒီဆိုင်ပဲ ဖြစ်လိမ့်မယ်"

ဆယ်ကျော်သက် မိန်းကလေးဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ချိုယွဲ့ ဒီမဂ္ဂဇင်းထဲက အချက်အလက်က အမှားကြီး ဖြစ်နိုင်မလား။ဒီဆိုင်က အဲလိုမျိူး မတူဘူးနော်"

"ဟုတ်တယ် ဆိုင်ရှေ့မှာ တွန်းလှည်းတစ်စီးပဲ ရှိတယ်၊ အဲတာက အဲလာက်တောင် အရသာရှိမှာမလို့လား"

သူတို့ဟာ မယုံကြည်နိုင်စွာနဲ့ စတင်ဆွေးနွေးနေကြပါတယ်။

"ငါတို့စားကြည့်ပြီး ရင် သိမှာပဲလေ"

ဟောင်ချိုယွဲ့ ဟာ ဆိုင်ရှေ့ကို သွားလိုက်ပြီး မေးလိုက်ပါတယ်။

"သူဌေး ပန်ကိတ် တစ်ခုလောက်ပေးပါလား"

လင်းဖန်ဟာ သူကုလားထိုင်မှာ မှီပြီး အနားယူနေတာ ဖြစ်ပြီး လှည့်တောင် မကြည့်ပါဘူး။

လူလိမ် ထျန်ဟာ ခေါင်းကို မော့ကာ ပြောလိုက်သည်။

"ငါတို့ ဒီနေ့အတွက် ရောင်းပြီးသွားပြီ ၊ တကယ်လို့ မင်းတို့ စားချင်တယ် ဆိုရင် ဟိုရှေ့က ပိုစတာ ကို နားလည်ဖို့လိုတယ်"

"အာ ဒါက ဆရာ ကန်ပြောထားတဲ့ အတိုင်းပဲ"

ဟောင်ချိုယွဲ့ ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူမက အစားအသောက်ကောင်း တွေကို ကြိုက်ပြီးတော့ ကန်ဝမ်ဖန်း ရဲ့ ထောက်ခံမူတွေကို အမြဲတမ်း စောင့်ကြည့်ပါတယ်။ဒီတစ်ခါ သူ့ရဲ့ ထောက်ခံမူက ပန်ကိတ်ပါ။

ထပ်ပြောရရင် ဆိုင်က ရှန်ဟိုင်းမှာပဲ တည်ရှိတာပါ။ဒါကြောင့် သူမသူငယ်ချင်းများကို ပါခေါ်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဟောင်ချိုယွဲ့ဟာ နံရံပေါ်က ပိုစတာ ကို အလျင်အမြန်ဖတ် လိုက်ပြီး ပြောလိုက်ပါတယ်။

"ငါ ဖတ်ပြီးသွားပြီ"

လူလိမ် ထျန်ဟာ လင်းဖန်ကို တစ်ချက်ကြည့်ပြီး ခေါင်းယမ်းပြလိုက်သည်။

"နင် သေချာနားမလည် သေးဘူး"

လူလိမ် ထျန်လည်း လင်းဖန်ရဲ့ နည်းလမ်းတွေကို အနည်းငယ် သံသယဖြစ်မိပါတယ်။

တစ်ယောက်ယောက် နားလည်တာကို သူက ဘယ်လို နည်းလမ်းနဲ့ သိတာလဲ....

ဟောင်ချိုယွဲ့ ဟာအံ့သြသွားပြီး မေးလိုက်သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ"

ဝမ်ဒါ ဟာ သူ့မျက်ခုံးတွေကို ကြုံ့လိုက်ပြီး ဝင်ပြောလိုက်သည်။

"သူဌေး ခင်ဗျား ရည်ရွယ်ချက် ရှိရှိလုပ်နေတာလား ၊ ဟုတ်တယ်မလား"

သူတို့ အားလုံး သဘောတူညီစွာ ခေါင်းညိမ့် လိုက်မိပါတယ်။ ဒီသူဌေးက သူတို့သူငယ်ချင်း ဟောင်ချိုယွဲ့ကို ခက်ခဲ အောင် လုပ်နေသလိုပါပဲ။

ငါတို့ တကယ်နားလည် မလည်ကို သူက ဘယ်လို သိမှာလဲ.....

"ဒါက စည်းမျဥ်းပဲ မင်းတို့ သေချာနားလည်ရင် ငါသိတယ်"

လင်းဖန် ပြောလိုက်သည်။

"ဘယ်လို ထူးဆန်းတဲ့ စည်းမျဥ်းလဲ"

"ချိုယွဲ့ ဝယ်မနေနဲ့တော့ ၊ ဒါက ပန်ကိတ်လေးပဲလေ ဘယ်လောက် အရသာရှိနိုင်မှာလဲ"

"နားလည်ရမှာလား ၊ ငါဒါကို နားလည်အောင် ကြည့်လိုက်ဦးမယ်"

ယင်းနောက် သူမဟာ ကြည့်လိုက်ပြီး ၊ သူမ သူငယ်ချင်းများဟာလည်း လိုက်ကြည့်လိုက်ကြသည်။

**ဒင်**

စွယ်စုံ အမှတ် + 1

စွယ်စုံ အမှတ် တက်လာတဲ့ အချိိန်မှာ လင်းဖန် မျက်လုံး ပွင့်လာခဲ့ပါတယ်။ယင်းနောက် သူလှည်းဆီကို လျောက်သွားလိုက်ပြီး တစ်ယောက်ကို လက်ညိုးထိုးလိုကိသည်။

"မင်း နားလည်သွားပြီ"

ဝမ်ဒါဟာ သူ့ကိုသူ လက်ညိုးထိုးကာ မေးလိုက်သည်။

"ကျွန်တော်ကလား"

လင်းဖန် ဘာမှ ထပ်မပြောတော့ ပဲ ပန်ကိတ်ကို စတင်ပြင်ဆင်လိုက်ပါတယ်။ယင်းနောက် မွှေးကြိုင်တဲ့ ရနံ့ဟာ လေထဲမှာ ပျံ့နှံ့လာခဲ့သည်။

သူတို့ဟာ လှည်းရှေ့ကို သွားလိုကိကြပြီး ပန်ကိတ် တဖြည်းဖြည်း ပုံပေါ်လာတာကို ကြည့်နေကြပါတယ်။

"ရပြီ"

လင်းဖန် ပြောလိုက်ပြီး ၊ ပန်ကိတ်ကို သူ့ဆီ ကမ်းပေးလိုကိပါတယ်။

ဝမ်ဒါဟာ ပန်ကိတ်ကို ဟောင်ချိုယွဲ့ကို ဆီ ကမ်းပေးလိုက်ပါတယ်။တစ်ခြားလူများဟာလည်း သိပ်စိတ်လှုပ်မရှားကြပေ။

ဒါက ပုံမှန်ပန်ကိတ်လေး တစ်ခုပဲလေ ဘယ်လောက်အရသာ ရှိနိုင်မှာလဲ??

"ငါ မဂ္ဂဇင်း တစ်ချက်လောက်ကြည့်လို့ရမလား"

လင်းဖန်မေးလိုက်သည်။ဒီလူငယ်လေးတွေဟာ လင်းဖန်ရဲ့ တောင်းဆိုချက်ကို မငြင်းပယ်ကြပါဘူး။လင်းဖန် မဂ္ဂဇင်းကို လှန်ကြည့်လိူက်တဲ့ အချိန်မှာ ကန်ဝမ်ဖန်းက သူ့ဆိုင်ကို သေချာ ကြော်ညာပေးထားတာ တွေ့လိုက်ရပါတယ်။

အကြီးမားဆုံး ထောက်ခံချက် : မာစတာ လင်းရဲ့ ပန်ကိတ်။

အရသာ :: မယုံနိုင်လောက်အောင် ကောင်းလွန်းတယ်။

( မှတ်ချက် ၊ လေးနက်တဲ့ ထောက်ခံချက် စမ်းသပ်ကြည့်သင့်သည်)

ပြင်ဆင်ချက် :: ပုံမှန် ၊ အခုထိ ပုံမှန်မဟုတ်။

စျေးနှုန်း :: ဒေါ်လာ ၅၀။

တည်နေရာ :: တိမ်ဖြူလမ်း အမှတ် 8861 ၊မာစတာ လင်း။

အထူးမှတ်ချက် :: ကံတရား အတိုင်းသာ မူတည်သည်၊ စည်းမျဥ်းတွေကို လိုက်နာပြီး ပန်ကိတ်ကို ဝယ်စားပါ။

လင်းဖန် အနည်းငယ် အံ့သြသွားသည်။သူ့ကိုယ်သူ မဂ္ဂဇင်းမှာ ပါလာလိမ့်မယ် လိူ့မတွေးမိခဲ့ပါဘူး။သူ ပျော်ရွှင်စွာ တွေးနေတဲ့ အချိန်မှာပဲ အသံတစ်ခုကို ကြားလိုကိရပါတယ်။

ဟောင်ချိုယွဲ့ ဟာအော်လိုက်ပြီး၊သူ့ရဲ့ ခြေထောက်တွေကို အတူတူ ပူးကပ်ထားခဲ့ပါတယ်။သူမမျက်နှာဟာ နီရဲနေပြီး သူမတစ်ခုခုကို ခံစားနေရတဲ့ အတိုင်းပါပဲ။

သူမပုံစံကိုမြင်ပြီး သူမသူငယ် ချင်းများဟာ ရှက်ရွံ့နေခဲ့ကြသည်။

"တကယ့် အရသာပဲ"

ဟောင်ချိုယွဲ့ဟာ ​ရေရွတ်လိူက်သည်။သူမ အမူရာ ထူးဆန်းနေတာကိုတောင် သတိမထားမိခဲ့ပါဘူး။

လင်းဖန်ရဲ့ ဆိုင်လေးမှာရှိနေတဲ့ ဆိုင်ပိုင်ရှင် သူဌေးမကြီး တောင် ဒီအမူအရာကိူ မအံ့သြတော့ပါဘူး။သူမဒါတွေ ကို မြင်ရတာ ရိုးနေပါပြီ။

ဝမ်ဒါဟာ အံ့သြနေရာမှ သတိပေးလိုက်သည်

"ချိုယွဲ့ နင့်ရဲ့ အမူအရာတွေက ချဲ့ကားနေသလိုပဲနော်"

ဟောင်ချိုယွဲ့ဟာ သူမရဲ့ ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်ပါတယ်။

"ဒါက အရမ်းအရသာရှိလွန်းတယ်၊ ဆရာကန်ပြောတာ မှန်တယ် နင်မစားဘူးသ၍ ဘယ်လောက်အရသာရှိလဲ သိမှာမဟုတ်ဘူး"

"ငါ့ကိုတစ်ကိုက် ​ကျွေးကြည့်"

ဘေးနားက မိန်းကလေးဟာ ပြောလိုက်သည်။

သူမ ပန်ကိတ်ကို ကိုက်လိုက်တဲ့အချိန်မှာ သူမ အမူအရာက ဟောင်ချိုယွဲ့ ထက်တောင် ပိုဆိုးနေခဲ့ပါတယ်။

လူလိမ် ထျန်ဟာလည်း ကြည့်နေခဲ့သည်။သူဒီဆိုင်မှာ နေကတည်းက ဒီလို အမူအရာ တွေကို တစ်နေ့ ဆယ်ကြိမ်ထက်မနည်း မြင်ဖူးပါတယ်။သူ အသားကျနေပြီ ဖြစ်သည်။

"ဒီ ပန်ကိတ်တွေက စောက်ဆန်းကြီး"

လင်းဖန်ဟာတော့ သူ့စွယ်စုံကျမ်းကို လေ့လာနေခဲ့သည်။ဒါက သူ့လက်ထဲကို နတ်ဆိုးဆန်တဲ့ အစွမ်းတွေ ထည့်ပေးလိုက်သလိုပါပဲ။

မဟုတ်ရင် ပန်ကိတ်တွေ ဒီလောက်အရသာ ရှိမှာမဟုတ်ပါဘူး။အတော်ဆုံး စာဖိုမှူးတောင် ဒီလောက်အထိလုပ်နိုင်မှာ မဟုတ်ပေ။

လေဆိပ်တွင်။

ဝမ်မင်ယန်ဟာ တစ်စုံတစ်ယောက်ကို လာကြိုတာပါ။

မျက်တွင်းတွေ ချောင်ကျနေတဲ့ လူကြီးတစ်ယောက်ဟာ ဟောခန်းထဲကနေထွက် လာပြီး ကားပေါ်တက်လိုက်ပါတယ်။

ကားထဲတွင်။

"အစ်ကို ဝု ၊ အခြေနေဘယ်လိုလဲ?"

ဝမ်မင်ယန်ဟာ ဝုဂန်ယန် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။သူဒီလောက် အထိ မျက်တွင်းတွေ ချိုင့်ဝင်သွားမယ် လို့ မထင်ထားခဲ့ပါဘူး။

ဝုဂန်ယန်ဟာ နောင်တရစွာ ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကြည့်ရတာ တကယ့် ဆုံးရှုံးမူကြီးပဲ၊ညီအစ်ကို ဝမ် မင်း ရှယ်ယာတွေ ရောင်းထုတ်တာ မှန်သွားတယ် ။ငါတော့ ဒုက္ခရောက်နေပြီ"

ဝမ်မင်ယန်ဟာ ဝုဂန်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ငါအစောကြီး ကတည်းက ပြောသားပဲ ၊ အစ်ကို ဝုမှ မယုံတာ။တကယ်လို့ ယုံကြည်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး"

"​ထပ်ပြောနေလို့လဲ ဘာမှထူးမှာ မဟုတ်ဘူး၊ ငါအခု မာစတာ လင်းကို လာတွေ့တာ"

ဝုယန်ဂန်ဟာ ပြောလိုက်သည်

"ညီအစ်ကို မင်းငါ့ကို ကူညီပါဦး"

ဝမ်မင်ယန်ဟာ ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"စိတ်မပူနဲ့"

ဝုဂန်ယန် ဟာ ဘေဂျင်းရဲ့ အချမ်းသာဆုံး သူဌေးဖြစ်ပေမယ့် လည်း ဒီတစ်ခေါက်တော့ အ​ေတာ်အထိနာ သွားခဲ့ပါတယ်။သူသာ အခြေအနေကို အမြန်မထိန်းနိုင်ရင် ပိုဆိုး ကုန်ပါလိမ့်မယ်။

လူလိမ် အုပ်စုဟာလည်း ဒီနိုင်ငံကနေ ထွက်သွားခဲ့ပါပြီ၊ သူတို့ကို လိုက်ဖမ်းဖို့ ဆိုတာ လွယ်ကူမှာ မဟုတ်ပါဘူး။

တိမ်ဖြူလမ်းတွင်။

အနက်ရောင်ကားလေးဟာ လင်းဖန်ရဲ့ ဆိုင်နားမှာ ရပ်သွားခဲ့ပါတယ်။

ဝမ်မင်ယန်ဟာ ရှေ့ကို ညွန်ပြလိုက်သည်။

"အဲ့ဆိုင်က မာစတာ လင်းရဲ့ ဆိုင်ပဲ ၊ ထပ်ပြီးသတိပေးဦးမယ် နိမ့်ချပြီး နေဖို့ လိုအပ်တယ်နော်"

ဝုဂန်ယန်ဟာ တစ်ဝက်တစ်ပျက် ပြုံးကာ ပြောလိုက်သည်။

"အခုငါ့အခြေအနေနဲ့ ခေါင်းမာနိုင်ပါဦးမလားကွာ"

လူလိမ် ထျန်ဟာ စိတ်သက်သာရာရသွားခဲ့ပါတယ်။နောက်ဆုံးတော့ ဒီကလေးတစ်သိုက်ဟာ ပြန်သွားခဲ့ပါပြီ။သူ ဆိုင်ထဲပြန်ဝင်ဖို့ လုပ်တဲ့ အချိန်မှာ ရင်းနှီးတဲ့ မျက်နှာကို တွေ့လိုက်ရသည်။

"မီလီယံနာ ဝမ်က ဒီမှာပဲ"

လူလိမ် ထျန်ဟာ ဆိုင်ထဲကို အော်ပြောလိုက်သည်။

လင်းဖန် မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်ပါတယ်။

သူက ဒီကို ဘာလာလုပ်တာလဲ...

ပြသနာ ထပ်တက်နေလို့လား....

သို့ပေမဲ့ သူဝမ်မင်ယန် ဘေးမှ လူကို မြင်လိုက်တဲ့ အချိန်မှာ အရာရာကို နားလည်သွားခဲ့ပါသည်။

ဒိီလူရဲ့ ခေါင်းပေါ်မှာ တိမ်မဲတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ဒီလူက တကယ်ကို ကံဆိုးတဲ့ လူတစ်ယောက်ဖြစ်ပြီး ဝမ်မင်ယန်နဲ့ သူငယ်ချင်းတစ်ယောက်ပါ။

ဟားးဟားး အဲ့လူက လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ.....

All Chapters