← Chapters

ဘယ်လိုအံ့သြဖွယ်ဘဝမျိုးလဲ

Vol. 6 Ch. 79

ဘယ်လိုအံ့သြဖွယ်ဘဝမျိုးလဲ

Vol. 6 Ch. 79

စားသောက်ဆိုင်တစ်ခုတွင်။

"အစ်မဟွန် သူမဆိုရင်ရော ဘယ်လိုသဘောရလဲ၊အသက် ၂၄ နှစ်လေ မူလတန်းပြ ဆရာမ"

မြားနတ်မောင် ကုမ္ပဏီက အလုပ်သမား တစ်ယောက်ဟာ စားပွဲပေါ်မှာ အချက်အလက်တွေကို ပြနေခဲ့ပါတယ်။

"သူမက မဆိုးပါဘူး၊ တစ်ခြားမိန်းကလေးတွေကို အရင်ကြည့်ဦးမယ်လေ"

အရပ်ပုပြီး အနည်းငယ် ဝတဲ့ မိန်းမကြီးဟာ အချက်အလက်ဖိုင် ကိုသေချာကြည့်နေခဲ့ပါတယ်။

သူမက ဟွန်ဟန်ရော်ဖြစ်သည်။သူမတို့ မာစတာ လင်းရဲ့ ဟောပြောခဲ့မူကြောင့် သာအခုလို အသက်ရှည်ရှည်နေနေရတာပါ။

မတော်တတဆမူ ပြီးတဲ့ အချိန်မှာ သူမဟာ သူမသားအတွက် အကြီးမားဆုံး မဂ်လာပွဲကြီးတစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။သူမဟာ သူမသားအတွက် လိုက်ဖက်တဲ့ မိန်းမကောင်းလေး တစ်ယောက်ကို ရှာဖွေပေးချင်ပါတယ်။ဒါကြောင့် မဂ်လာပွဲစီစဥ်ပေးတဲ့ မြားနတ်မောင်ကုမ္ပဏီကိုဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

"ဒီတစ်ယောက် မဆိုးဘူးလို့ ထင်တယ် ၊ ငါတို့သား ကြိုက်လိမ်မယ်"

လီကျန်းယန် ဟာ ဓာတ်ပုံတစ်ပုံကို ကိုင်ထားပြီး ပြောလိုက်သည်။သူမက ဟွန်ဟန်ရော် ရဲ့ယောက်ျားပါ။

မြားနတ်မောင် ကုမ္ပဏီက ရှောင်ဆွန်းဟာ ပြောလိုက်သည်။

"သူမက အသက် ၂၈ နှစ်လေ ၊ သူမက ဘဏ်မှာ အလုပ် အတည်တကျရှိတယ်။သူမက ကုမ္ပဏီမှာရှိတဲ့ လူတွေထဲမှာ ထိပ်တန်းလို့တောင် ပြောလို့ရတယ်"

ဟွန်ဟန်ရော်ဟာ ကြည့်ပြီး ခေါင်းညိမ့်လိုက်ပါတယ်။

"သူမက အတော်လှတာပဲ။အသက်နည်းနည်းကြီးပေမဲ့ လည်း စဥ်းစားနိုင်စွမ်းရှိတယ် သိပ်ပြသနာ ရှိမှာမဟုတ်ဘူး"

ယင်းနောက် ရှောင်ဆွန်းဟာ သူမရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ထပ်ထုတ်လိုက်ပါတယ်။

"အစ်မ ဟွန် ၊ အစ်ကို လီ ဒါက သူမရဲ့ ကိုယ်ရေးအချက်အလက်တွေလေ။တကယ်လို့ သဘောကျတယ် ဆိုရင်သာ ကျွန်တော်ကို ပြော"

ဒီလူတွေက ကုမ္ပဏီရဲ့ ထိပ်တန်း ကာစတန်မာတွေဆိုတာ သူသိပါတယ်။သူတို့မှာ ကားတစ်စီးနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တစ်အိမ် ရှိပါတယ်။

သူတို့က တည်မြဲပြီး ခိုင်မာတဲ့ အိမ်ထောင်ဘက်ကို ရှာချင်နေကြတာ ဖြစ်သည်။

ဟွန်ဟန်ရော် ဟာ သူမသဘောကျတဲ့ မိန်းကလေးတွေကို သီးသန့် သပ်သပ်စုထားလိုက်ပါတယ်။

"ဒါတွေကို ငါနဲ့ အရင်ပေးလိုက် ငါမာစတာ လင်းဆီက အကြံဥာဏ်အရင်တောင်း လိုက်ဦးမယ်။ပြီးမှ ငါတို့ တစ်ယောက်ကို ရွေးလိုက်မယ်"

ရှောင်ဆွန်းဟာ အနည်းငယ်တွေဝေ သွားခဲ့သည်။သူဟာ သံသယဖြစ်စွာ မေးလိုက်သည်

"အစ်မဟွန် ၊ အစ်မသားအတွက် အိမ်ထောင်ဘက်ရှာတာကို ဗေဒင်ဆရာ ကိုရွေးခိုင်းမလို့လား။အစ်မသားကို ရွေးခိုင်းတာ ကပိုကောင်းမယ် ထင်တယ်နော်"

စောက်ကျိုးနဲ့ ဗေဒင်ဆရာနဲ့ ဆောင်မှာမဟုတ်ဘူးလေ.......

"ဒါပေါ့ ငါဒါကို သိပါတယ်။ဒါပေမဲ့ မာစတာ လင်းက အတော်တိကျတာ၊ သူထောက်ခံချက်မပါရင် စိတ်အေးရမှာ မဟုတ်ဘူး"

ရှောင်ဆွန်းဟာ ရှက်ရွံ့စွာပြုံးလိုက်သည်။သူဒါမျိုးကို ပထမဆုံးကြားဖူး တာပါ။

လီ​ကျန်းယန် ဟာ ဒါကိုမြင်ပြီး ဝင်ရှင်းပြလိုက်သည်။

"ငါတို့မိသားစုက အစကတော့ အဲလောက်ယုံကြည်တာ မဟုတ်ဘူး။ဒါပေမဲ့ မင်းရဲ့ အစ်မဟွန်က သူ့ဆီကို သွားပြီး ဗေဒင်မေးခဲ့တယ်လေ။အဲဒါနဲ့ ငါတို့ ကပ်ဆိုးကြီးကနေ လွှတ်မြောက်ပြီး အသက်ရှင်ခွင့်ရကြတာပဲ"

ရှောင်ဆွန်းဟာ အံ့သြသွားပြီး မေးလိုက်သည်။

"ဒါတကယ်ပဲလား?"

"ဟုတ်တယ်"

အခုချိန်မှာ ဟွန်ဟန်ရော် ဟာ မာစတာ လင်းကို လုံးဝကို အမှန်အကန် ယုံကြည်ပါတယ်။

"တစ်ခုလောက် မေးပါရစေ ၊ အခုပြောနေတာ တိမ်ဖြူလမ်းက မာစတာ လင်းလား မသိဘူး"

သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ ဝင်မေးလိုကိသည်။

ဟွန်ဟန်ရော် ဟာပြုံးပြီး ပြန်​​ြေလိုက်ပါတယ်။

"ဦးလေးက မာစတာ လင်းဆီမှာ ဗေဒင်မေးဖူးတာလား?"

"အရင်ကမမေးဖူး ပါဘူး ဒါပေမဲ့ မာစတာ လင်းဆီကို ဒီနေ့သွားမလို့"

ဝူတန်ဟီဟာ ပြုံးပြီး ပြန်ဖြေလိုက်သည်။

ဟွန်ဟန်ရော် ရဲ့ခန့်မှန်းမူတွေက အတော်တိကျပါတယ်။သူမရှေ့မှ ရှိနေတဲ့လူက ကျိန်းသေ သူဌေးကြီး တစ်ဦးပါ။ဒီလူတွင် တမူထူးခြားသည့် အသွင်အပြင်လည်းရှိသည်။

"ဒါဆိုရင် တော့ဆုံးဖြတ်ချက်မှန်သွားပြီ။မာစတာ လင်းက နတ်ဘုရားလိုပဲ သူဟောသမျှက လုံးဝမှန်ကန်တယ်။သူပြောသမျှက ဖြစ်လာတာ ချည်းပဲ"

ဟွန်ဟန်ရော်ဟာ မာစတာ လင်းကို ဆက်တိုက် ချီးကျူးနေခဲ့ပါတယ်။သူမက မာစတာ လင်းရဲ့ သစ္စာရှိ ပရိတ်သတ်တစ်ယောက်ပါ။

သို့ပေမဲ့ သူမတို့ ရှေ့က လူဟာ ဘယ်သူမှန်းမသိကြပါဘူး။တကယ်လို့ သူမတို့ကသာ လျှန်ကျုံးကဆိုရင် လျှန်ကျုံးရဲ့ နံပါတ် ၁ မာစတာ ဝူတန်ဟီ မှန်းချက်ချင်း သိကြမှာပါ။

နာမည်ကြားယုံနဲ့ လျှန်ကျုံးက လူတိုင်း ဝူတန်ဟီကိုသိကြပါတယ်။သို့ပေမဲ့ ရှန်ဟိုင်းမှာတော့ ဝူတန်ဟီကို လူအများကြီးက မသိကြပါဘူး။

လျှတ်ကျုံးမှာ ဆိုရင် ဝူတန်ဟီ ဆီမှာဗေဒင်မေးချင်နေတဲ့ လူတွေဟာ တန်းစီနေလို့ပါ။ဒါပေမဲ့ သူတို့တွေ တစ်ယောက်မှ ဝူတန်ဟီ ဆီမှာ ဗေဒင်မေးခွင့် မရကြပေ။

ဝူတန်ဟီဟာ အရင်တုန်းက မာစတာ လင်းကို တစ်ခါမှ မတွေ့ဘူတော့၊ အနညး်ငယ် သံသယ ရှိပါတယ်။ဒါကြောင့်သူ့ခုံကို ဟွန်ဟန်ရော် ဘက်ကို ဆွဲကာ မေးလိုက်သည်။

ယင်းနောက် သူ ဟွန်ဟန်ရော် ရဲ့ မျက်နှာကို သေချာကြည့်လိုက်ပါတယ်။

"မစ္စတာ တစ်ခုခုမှားနေလို့လား"

ဟွန်ဟန်ရော်ဟာ မေးလိုက်သည်။

ဝူတန်ဟီ ဟာ စိတ်ရှုပ်သွားပြီး မျက်မှောင် ကျုတ်လိုက်ပါတယ်။

"ဒါက ထူးဆန်းတယ်"

ဟွန်ဟန်ရော်ဟာ အံ့သြသွားပြီး အမြန်မေးလိုက်သည်။

"မစ္စတာ ဘယ်နားက ထူးဆန်းတာလဲ?"

ဝူတန်ဟီဟာ နားမလည်နိုင် ဖြစ်နေပြီး မေးလိုက်ပါတယ်။

"ခုနကပြောတာ မာစတာ လင်းကြောင့် ကပ်ဆိုးကြီးကို ရှောင်နိုင်ခဲ့တာ လို့ပြောတယ်နော် ၊ သူပြောခဲ့တာကို အတိအကျပြန်မှတ်မိလား"

မတော်တဆ မူပြီးကတည်းက ဟွန်ဟန်ရော်ဟာ သူမတို့ဘဝကို ကယ်ခဲ့တဲ့ မာစတာ လင်းရဲ့ စကားလုံးတွေကို အသေမှတ်ထားခဲ့တာပါ။

တစ်ခါတစ်လေ သူမရဲ့ မိသားစုတွေ သူငယ်ချင်းတွေ ရှေ့မှာ ဒီအကြောင်းကို ပျော်ရွှင်စွာ ပြန်ပြောပြလေ့ ရှိပါတယ်။

သူမ​ပြောပြတာကို ကြားရင် လူအများစုက စိတ်ဝင်စား လာခဲ့ပေမယ့်လည်း ၊ ဝူတန်ဟီကတော့ ကြောက်လန့်လာခဲ့သည်။

တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပြီးသဘာဝတရားကြီး ရဲ့စည်းမျဥ်းတွေကို ချိူးဖောက်လို့ မရပါဘူး။

တကယ်လို့ သူမသာ မာစတာ လင်းဆီကို မသွားပဲ သူ့ဆီကို လာခဲ့ရင် သူကူညီမှာ မဟုတ်ပေ။သူမက ကံကြမ္မာက လုံးဝကို သေရမှာဖြစ်ပြီး အခုတော့ အသက်ရှင်နေဆဲပါ။

မာစတာ လင်းက သူ့ရဲ့ အသက်နဲ့ သူမရဲ့ အသက်ကို အလဲအထပ်လုပ်ပေး လိုက်တယ် လို့တောင် သူသံသယ ရှိပါတယ်။

မဟုတ်ရင် သူကောင်းကင်ဘုံရဲ့ ဆန္ဒကို ဘာလို့ ဖယ်ရှားလိုက်တာလဲ.....?

"မစ္စတာ အဆင်​ပြေရဲ့လား"

ဟွန်ဟန်ရော်ဟာ မေးလိုက်သည်။

ဝူတန်ဟီဟာ လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။

"ဘာမှ မဟုတ်ဘူး ဘာမှမဟုတ်ဘူး၊ ထပ်မနှောက်ယှက်တော့ဘူးနော်"

ဝူတန်ဟီဟာ သူ့စားပွဲကို သူပြန်လာခဲ့ပါတယ်။ဟွန်ဟန်ရော် ဟာတော့ သူ့ယောက်ျားနဲ့မျက်လုံးချင်း စကားပြောလိုက်သည်။

ဒီလူကြီး ဘာလိုချင်မှန်း သူမတို့ မပြောနိုင်ကြပါဘူး။ဘာမှ ထူထူခြားခြားမရှိပေမဲ့ လည်း ဒီလူရဲ့ မျက်နှာ အမူအရာဟာ အတော်ထူးခြားလှပါသည်။

ယင်းနောက်တွင် ဟွန်ဟန်ရော် ဟာ ရှောင်ဆွန်းနဲ့ သူမသား မဂ်လာပွဲကိစ္စ ဆက်ပြီး ဆွေးနွေးလိုက်ပါတယ်။သူမအတွက်တော့ သူမသားကို အမြန်ဆုံး ဇနီးကောင်းကောင်းလေး ရစေချင်နေပါပြီ။

နောက်ထပ် စားပွဲတစ်ခုတွင်။

ဝူတန်ဟီဟာ လက်ကိုပုဝါကို ထုတ်လိုက်ပြီး သူ့ နှဖူးမှာ ထွက်နေတဲ့ ချွေးတွေကို သုတ်လိုက်ပါတယ်။သူဟာ အံ့သြနေဆဲဖြစ်သည်။သူဟာ အောင်မြင်မူတွေ ၊ ရုပ်လွန် ဒသနိက အတွေ့အကြုံတွေ အများကြီးရှိပေမဲ့ လည်း ဒီလို အဖြစ်အပျက်က ပထမဆုံး ကြုံဖူးတာပါ။

"အဖေ ဘာလို့ မျက်နှာဖြူဖျော့ နေတာလဲ?"

ဝူယူလန်ဟာ ဖုန်းသုံးနေရင်မှ မေးလိုက်သည်။

ဝူတန်ဟီဟာ လက်ကို ဝေ့ယမ်းပြီး ပြောလိူက်ပါတယ်။

"ဘာမှ မဖြစ်ဘူး ၊ အဆင်ပြေတယ်"

အမှန်တကယ်တော့ သူ့အတွေးတွေဟာ ရှုပ်ထွေးနေခဲ့တာပါ။သူမာစတာ လင်းကို ပုဂ္ဂိုလ်ရေးအရ တွေ့ရမှ ဖြစ်မည်။

သူ ဟွန်ဟန်ရော် ရဲ့ မျက်နှာပေါ်က သင်ကေတတွေကို တွက်ချက်ကြည့်လိုက်တဲ့ အချိန်မှာ သူမသေရမယ့် အချိန်က ကျော်လွန်ပြီးနေပါပြီ၊ ဒါပေမဲ့ သူမက အခုအသက်ရှင်နေပါသေးတယ်။

သူမ ဘဝက အစကပြန်စနေသလိူဖြစ်နေပြီး ဒါကအံ့သြဖွယ် ဖြစ်ရပ်ကြီးပါ။

ဝူယူလန်ဟာ ဖုန်းကို စားပွဲပေါ်တင်လိုက်ကာ မေးလိုက်သည်။

"အဖေ ဘာလို့ ဆေးရုံ မသွားကြည့်တာလဲ?အဖေ့မျက်နှာက ဖြူဖျော့နေတာ အတော်ကြောက်ဖို့ကောင်းတယ်"

"အဆင်ပြေတယ် ၊ အဖေတစ်ခုခုကို တွေးနေတာ"

ဝူတန်ဟီဟာ ပြန်ဖြေလိုက်သည်။

သူရှန်ဟိုင်းကို လာတာ မာစတာ လင်းနဲ့ တွေ့ဖိူ့ပါ။သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို တစ်သက်လုံး ဒုက္ခတွေနဲ့ မနေစေချင်ပါဘူး။တကယ်လို့ ကောင်းကင်ဘုံကသာ နောက်တစ်ခေါက် အခွင့်အရေးပေးရင် သူချမ်းသာ မူအစားငြိမ်းချမ်းတဲ့ ဘဝကိုပဲ ရွေးချယ်မှာပါ။

အရာရာတိုင်းက သိပ္ပံ ပညာနဲ့ နှိုင်းယှဥ်လို့မရပါဘူး။အထူးသဖြင့် ရုပ်လွန်အတွေးအခေါ်တွေနဲ့ ပတ်သက်လာရင် အရင်ကတည်းက ထင်ရှားပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ မာစတာ တွေရှိခဲ့ပါတယ်။

ယွန်ထျန်ဂေါင်၊ လီချွန်းဖုန်း ၊ လီဂျီ .....

ဒါက တစ်ချိန်တုန်းက အထင်ကရ မာစတာ ကြီးတွေပါ။သူတို့ ဘယ်လောက်ပဲ အစွမ်းအစရှိရှိကောင်းကင်ဘုံ လျို့ဝှက်ချက်ကို မဖော်ရဲ ကြပေ။

တန် မင်းဆက်ရဲ့ နောက်ပိုင်းအချိန်တုန်းက မိန်းမကြီးတစ်ယောက်ဟာ ဘုရင့် အာဏာစက်ကို လုလိမ်မယ် လို့ကောလဟာလ တွေရှိခဲ့ပါတယ်။

အင်ပါယာ ထိုင်ဇုံ့ ဟာ လီချွန်းဖုန်းကို ကောလာဟလ တွေထဲက လူကို ရှာဖွေခိုင်းခဲ့ပါတယ်။

လီချွန်းဖုန်းဟာ အင်ပါယာရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူး ၊ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမူကို လည်း ကြောက်ရွံ့ပါတယ်။

ဒါကြောင့် လီချွန်းဖုန်းဟာ သူတွက်ချက်တာမှာ လူတွေ အများကြီး ထွက်လာပြီး မှားယွင်းရွေးချယ်မိမှာကို ကြောက့်ရွံ့ကြောင်း လျောက်တင်လိုက်ပါတယ်။

အင်ပါယာ ထိုင်ဇုံ့ဟာ သံသယ ရှိသူတွေကို အယောက်တစ်ရာဆီ အုပ်စုဖွဲ့လိုက်ပါတယ်။ယင်းနောက် သူဟာ လီချွန်းဖုန်းကို လူတွေထပ်ထပ် ရွေးခိုင်းပြီး လျော့ချခိုင်းခဲ့သည်။

အဆုံးမှာတော့ သံသယရှိသူတွေဟာ အယောက် ငါးဆယ်လောက်သာ ကျန်တော့အောင် လျော့နည်းသွားခဲ့ပါတယ်။

အင်ပါယာ ဟာ လူတွေကို ထပ်ထပ်လျော့ချခိုင်းတဲ့ အချိန်မှာ လီချွန်းဖုန်းဟာ မလုပ်ရဲတော့ပါဘူး။ဒါက ကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်ရာရောက်ပါလိမ့်မယ်။

ဒါကြောင့် အင်ပါယာ ထိုင်ဇုံ့ ဟာ အယောက်ငါးဆယ် လုံးကို ခေါင်းဖြတ်ဖို့ ပြင်ဆင်ပါတော့တယ်။သို့ပေမဲ့ သူခေါင်းဖြတ်ဖို့ လုပ်တဲ့ အချိန်မှာ အစားဝင်ပြီး ဝန်ခံတဲ့ လူဟာ ပေါ်လာခဲ့သည်။

သူမနာမည်က လီဂျန်ရှမ်း ဖြစ်ပြီး သူမရဲ့ နာမည်ပြောင်က "ငါးယောက်မြောက် မိဖုရား" ပါ။ဒါဟာ နောင် ဘုရင်မ ဖြစ်လာမည့် ဝူဇီရှန် ကို အသတ်ခံရမူကနေ ရှောင်ရှားပေးခဲ့ပါသည်။

ဒီမတော်တဆမူက နေပြီးတော့ ဘယ်မာစတာကဘယ်လောက်ပဲ အစွမ်းအစရှိနေပါစေ၊ ကောင်းကံဘုံရဲ့ ဆန္ဒကို မစိန်ခေါ်ရဲတာ ထင်ရှားပါတယ်။

သို့ပေမဲ့ လင်းဖန်ဟာတော့ သူကြိုက်သလို ပတ်ရှုပ်နေခဲ့သည်။

ဒါဟာလင်းဖန်မှာ စွယ်စုံကျမ်းရှိနေလို့ပါ။သူ စွယ်စုံကျမ်းရဲ့ စည်းမျဥ်းတွေကို မချိုးဖောက်သ၍တော့ ကောင်းကင်ဘုံကို စိန်ခေါ်လို့လည်း ရပါတယ်။

ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်တဲ့ ဘဝတစ်ခုလဲ........

All Chapters