ငါ့ဒီလက်နှစ်ဖက်နဲ့ ကယ်တင်ပေးမယ်
Vol. 6 Ch. 80
မာစတာ လင်း။
ဆိုင်ထဲတွင်။
လင်းဖန်ဟာ ကုလာထိုင်ခုံမှာ လှဲနေခဲ့ပါတယ်။သူနောက်ဆုံးတော့ ကာစတန်မာတွေကို ပြန်လွတ်လိုက်နိုင်ခဲ့ပါပြီ။
သူမနက်ခင်ပိုင်းမှာ ပန်ကိတ်တွေ လုပ်ပေးပြီး နေ့လည်ခင်းပိုင်းမှာ ဗေဒင်ဟော ပေးခဲ့ပါသည်။သူ့ရဲ့ ဘဝလက်ရှိ အခြေအနေကို သူအတော် ကျေနပ်နေခဲ့ပါတယ်။
လူလိမ်ထျန်ဟာ ကိုယ်ခံပညာ အစမ်းလေ့ကျင့်တဲ့ အရုပ်တစ်ခုကို ပြုလုပ်နေရင်း ပြောလိုက်သည်။
"ကြားပွဲစားတွေ၊ ကြိုရောင်းတဲ့လူတွေ ရှိနေပြီနော်"
လင်းဖန် မအံ့သြပဲနဲ့ မေးလိုက်သည်။
"အဲတာ ဘာဖြစ်လို့လဲ?"
"ဒါက ငါတို့ထင်ထားတာထက် ပိုဆိုးတယ်။ကြိုရောင်းတဲ့ လူတွေက နေရာတွေကို ဝင်ယူပြီး သူတို့ရတဲ့ နေရာတွေကို တစ်ခြားလူကို ပြန်ရောင်းတာ။တစ်ခြားလူတွေက မကြိုက်ချင်တော့ဘူး"
လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ စွမ်းဆောင်ရည်တွေကို တကယ်ဝန်ခံရမှာပါ။ဒီစီးပွားရေးဟာ အတော် ကျယ်ပြန့်လာပြီးတော့ နိုင်ငံခြားက လူတွေတောင် တစ်ခါတစ်လေ ရောက်လာကြပါတယ်။
နိုင်ငံခြားသားများဟာ စည်းမျဥ်းကို စောဒက တက်ကြပေမယ့်လည်း တန်းစီကြပါသေးတယ်။လူလိမ် ထျန်ဟာ ကြိုရောင်းတဲ့ လူများကို မနာလို ဖြစ်နေခဲ့သည်။
"ဒီ ကြိုရောင်တဲ့ လူတွေက သူတို့ရထားတဲ့ လက်မှတ်ကို စျေးကြီးကြီးနဲ့ ပြန်ရောင်းနေကြတာ။တစ်ခုကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင် အထိရှိတယ်"
လင်းဖန် ပါးစပ်ဟကာ သန်းဝေ ပြီးမှ ပြန်ဖြေလိုက်သည်။
"ကြည့်ရတာ ဒီကိစ္စက လေးနက်တယ် ထင်တယ်"
လူလိမ် ထျန်ဟာ ခေါင်းညိမ့်ကာပြောလိုကိသည်။
"ဟုတ်တယ် တကယ်လေးနက်တယ် ၊ငါတို့ စည်းမျဥ်းတွေကိုတောင် ပြန်ပြောင်းရမယ် ထင်တယ်"
လင်းဖန်ဟာ ကုလားထိုင်ပေါ်မှာ ထိုင်ရင်း အဲ့အကြောင်းကို အနည်းငယ် တွေးနေခဲ့သည်။သို့ပေမယ့် ခနကြာတဲ့ အ ချိန်မှာ သူ့မျက်နှာဟာ ထူးဆန်းစွာပြောင်း လဲသွားခဲ့ပါတယ်။
လူလိမ်ထျန်ဟာ လင်းဖန်ရဲ့ အံ့သြပြီး ၊ ထူးဆန်းတဲ့ မျက်နှာကို သတိထားမိလိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ? မင်းကြည့်ရတာ အတော် အံ့သြနေသလိုပဲ"
လင်းဖန်ဟာ ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။
"ကပ်ဘေးကြီးတစ်ခု တို့ဆီကို လာနေတယ် လို့ခံစားရတယ်။ဒါက တကယ်လေးနက်တယ်နော်"
လူလိမ် ထျန်ဟာ ကြောက်ရွံ့သွားပြီး ချက်ချင်းပြောလျုက်သည်။
"ငါတို့ အခုချက်ချင်း ဆိုင်ပိတ်ပြီး ပုန်းနေကြမလား"
လင်းဖန် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"နောက်ကျသွားပြီ ၊ သူတို့က ဒီမှာ"
ယင်းနောက် လူလိမ်ထျန်ဟာ လင်းဖန်ကြည့်တဲ့ နေရာကို လိုက်ကြည့်လိုက်ပါတယ်။လူနှစ်ယောက်ဟာ တံခါးဝတွင် ရပ်နေခဲ့သည်။
လူလိမ် ထျန်ဟာ သက်လတ်ပိုင်းလူကြီး ကိုတော့ စိတ်မဝင်စားပါဘူး။ဒါပေမဲ့ ဘေးနားက လှပလွန်းတဲ့ မိန်းကလေးကိုတော့ သဘောကျစွာကြည့်လိုက်ပါတယ်။သူမဟာ အတော် ချောမောလှပပြီး ရှည်လျား သွယ်လျတဲ့ ခြေတံ လက်တံတွေ ရှိပါတယ်။
သူဟာ လင်းဖန်နောက်ကို လိုက်ကတည်းက မရေမတွက် နိုင်တဲ့ မိန်းမလှလေးများစွာ ကို မြင်တွေ့ခွင့်ရခဲ့သည်။ဒါက ဘုရားသခင် ကောင်းချီးပေးထား သလိုပါပဲ။
မိန်းမလှလေးတွေကို ထိတွေ့ခွင့် မရပေမယ့်လည်း သူတို့ကို ကြည့်နေယုံနဲ့တင် ကျေနပ်မိပါတယ်။
လင်းဖန်ရဲ့ မျက်နှာမှာတော့ အလွန်အမင်း ချဲ့ကားထားတဲ့ အမူအရာ ရှိနေခဲ့ပ့သည်။
"ဘယ်လိုတောင် သန်မာတဲ့ ကံဆိုးမူ အော်ရာတွေလဲ"
ဝူတန်ဟီဟာ သူ့သမီးနဲ့အတူ ဆိုင်ရှေ့မှာ ရပ်နေပြီး "မာစတာ လင်း" ဆိုတဲ့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။သူတို့ နေရာမှန်ကို ရောက်လာခဲ့ကြတာပါ။
ဝူယူလန်ဟာ လည်းဒီနေရာကို ရင်းနှီးတယ်လို့ တွေးလိုက်မိပါတယ်။သူမတွေးနေတုန်းမှာပဲ အသံတစ်ခုကို ကြားလိုက်ရသည်။
ကံဆိုးမူလား...? ဘယ်သူက ကံဆိုးမူလို့ ပြောတာလဲ....?
ဝူတန်ဟီဟာ လူလိမ်ထျန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဒါဟာ မာစတာ လင်းမဟုတ်ဘူးဆို တာ သိလိုက်ပါတယ်။ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပါတယ်။လင်းဖန်ရဲ့ အမူအရာဟာ စောနကလောက် မဆိုးတော့ပေမယ့်လည်း ခါတိုင်းလိုတော့ မတည်ငြိမ်နေခဲ့ပေ။
လင်းဖန်ဟာ လည်း ဝူတန်ဟီကို သံသယဖြစ်စွာကြည့်လိုက်မိသည်။
* အကြည့် **
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားတဲ့ အချိန်မှာတော့ ကိုယ်ခံပညာရှင်တွေ မျက်လုံးချင်း တိုက်ခိုကိနေကြသလို စိုက်ကြည့်နေကြသည်။
ဝူယူလန် ဟာ စကားပြောချင်ပေမယ့်လည်း မတည်ငြိမ်တဲ့ လေထုကို ခံစားမိပြီး တိတ်တိတ်နေဖို့ သာ ဆုံးဖြတ်လိုက်ပါတယ်။
သူမ ရှေးဖြစ်ဟော အတွေးအခေါ် ကို မလေ့လာထားပေမယ့်လည်း သူမအဖေ ဒီလိုအမူအရာ ဖြစ်နေတာ ပထမဆုံး အကြိမ်ပါ။
လူလိမ် ထျန်ဟာ ဘယ်ဘက်ကြည့်လိုက် ညာဘက်ကြည့်လိုက် လုပ်နေပြီး ဘာတွေ ဖြစ်နေတာ လဲ ဆိုတာ အံ့သြနေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လေးနက်စွာ ကြည့်နေကြတာပါ။
လူလိမ် ထျန်ဟာ ဒီလူကို သူရင်းနှီးနေတာ ကို သတိပြုမိလိုက်ပြီး ရေရွတ်လိုက်သည်။
"လျန်ကျုံး က ဝူတန်ဟီ လား?"
သူ မထင်မရှား ဗေဒင်ဟောစား တဲ့ ဘဝတုန်းက ဝူတန်ဟီကို တစ်ခါမြင်ဖူးပါတယ်။သူ ဝုတန်ဟီကို မနာလို ဖြစ်မိပေမယ့်လည်း ၊ ဂါရဝ ပြုခဲ့ပါတယ်။
တစ်ခါတစ်လေ ကိုယ်နဲ့ အဆင့်မတူတဲ့ လူနဲ့ နှိုင်းယှဥ်မိရင် ရူးသွပ်စရာတွေပဲ ကြုံရမှာပါ။
အချိန်အတော် ကြာပြီးနောက်။
ဝူတန်ဟီဟာ ခေါင်းယမ်းကာ ပြောလိုက်သည်။
"ငါ မင်းကို မမြင်နိုင်ဘူး"
လင်းဖန် ပြန်ပြောလိုက်သည်။
"ဝူအန်းဘင်"
လူလိမ်ထျန် ဟာသူတို့ဘာတွေ ပြောနေလဲ နားမလည်ခဲ့ပေ။သို့ပေမယ့် သူနားမလည်တာ လက်ခံလို့ရပါတယ်။ဘာပဲဖြစ်ဖြစ် ခုနက မျက်လုံးချင်းတိုက်ပွဲက အမှန်အကန် စစ်မြေပြင်ရောက်နေသလိုပါပဲ။
ယင်းနောက် ဝူတန်ဟီဟာ ဆိုင်ထဲဝင်ပြီး ပြောလိုက်သည်
"မာစတာ လင်း"
လင်းဖန် ပြန်ပြုံးပြလိုက်ပါတယ်။ဝူယူလန် ဆိုင်ထဲဝင်ဖို့ လုပ်နေတာ မြင်တဲ့ အချိန်မှာ သူအလျင်အမြန်ပဲ လှမ်းတား လိုက်သည်။
"မင်း.....အဲ့မှာပဲ ရပ်နေ ၊ အထဲဝင်မလာနဲ့"
ဝူယူလန် ဟာ ခြေထောက်တစ်ချောင်းကို လေထဲတွင် မြောက်ရင်း ဆွံ့အသွားခဲ့ပါသည်။
"ယူလန် အပြင်မှာစောင့်နေဦး၊ အဖေ မာစတာ လင်းနဲ့ စကား ပြောလိုက်ဦးမယ်"
ဝူတန်ဟီ ပြောလိုက်သည်။
ဝူယူလန်ဟာ မာစတာ လင်းက သူမကို ဝိုက်ဘိုပေါ်မှာ တွက်ချက်ခဲ့တဲ့ တစ်ယောက်မှန်း သတိရလိုက်ပါတယ်။သူမဟာ ခြေထောက်ကို စိတ်ဆိုးစွာ ပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။
"ဘယ်သူက ဝင်မယ်ပြောနေလို့လဲ ဟမ့်"
လူလိမ် ထျန်ဟာ စားပွဲခုံ အသေးလေးကို ဝူယူလန် ဆီ အမြန်ယူသွားလိုက်ပါတယ်။
ဒီလောက်လှပတဲ့ မိန်းကလေး ကို ဒီကောင်လေး ဘယ်လို တွေ ဆက်ဆံနေတာလဲ........
ဝူယူလန်ဟာ စိတ်ဆိုးစွာ ထိုင်လိုက်ပြီး သူ့အဖေ ဘာအေကြာင်းရှိလို့ လာတာလဲဆိုတာ စောင့်ကြည့်နေလိုက်ပါသည်။
"မာစတာ လင်း"
ဝူတန်ဟီ ဟာစကား ပြောချင်ပေမယ့်လည်း လင်းဖန်ရဲ့ ဖြတ်ပြောချင်းကို ခံလိုက်ရပါတယ်။
လင်းဖန် လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။
"ကျွန်တော် ရှေးဖြစ်ဟော အတွေးအခေါ် အကြောင်း ပြောတာ အရင်နားထောင် ကြည့်ပါလား"
ဝူတန်ဟီ ဟာ ခေါင်းကို ညိမ့်ကာ ပြောလိုက်သည်။
"ဝမ်းသာစွာ နားထောင်ပါ့မယ်"
ယင်းနောက် တွင် လင်းဖန်ဟာစပြီး ရှင်းပြလိုက်သည်။သူအရင်တုန်းက လူလိမ်ထျန်ကို ရှင်းပြပြီး စွယ်စုံအမှတ်ရဖူးပါတယ်။အခုတော့ ဝူတိန်ဟီ အလှည့်ပါ။
သူ ပြီးသွားပြီး နောက်တွင်။
စွယ်စုံအမှတ် + 1
တစ်ခြားတစ်ဖက်မှာတော့ ဝူတန်ဟီဟာ လင်းဖန်ရဲ့ စကားတွေ ကြားပြီး အံ့သြနေခဲ့ပါတယ်။
"ရှေးဖြစ်ဟော အတွေးအခေါ်ကို မာစတာ လင်းရဲ့ အမြင်က အတော်နက်ရှိုင်းတာပဲ"
အမှန်တော့ လင်းဖန် အဲလောက်ထိ မကျွမ်းကျင်ပါဘူး သူစွယ်စုံကျမ်းထဲက စာသားကိုပဲ ဖတ်ပြလိုက်တာပါ။
သူဒါကိုပြောတာ ဝူတန်ဟီ အထင်ကြီးဖို့အတွက်မဟုတ်ပဲ စွယ်စုံအမှတ်လို ချင်လို့ပါ။အခု သူရသွားပြီ ဆိုတော့ ကျေနပ်သွားခဲ့ပြီ ဖြစ်သည်။
"ဘယ်လို ပြသနာ နဲ့ ကြုံနေရလို့လဲ"
လင်းဖန် လဘက်ရည် ကို သောက်လိုက်ပြီး မေးလိုက်သည်။
ဝူတန်ဟီ နောက်ဆုံးတော့ နားလည်လိုက်သည်။မာစတာ လင်းက ငယ်ရွယ်ပေမဲ့ စွမ်းဆောင် နိုင်စွမ်းရှိတဲ့ မာစတာ ပါ။မာစတာ လင်းက သူ့ရဲ့ ပထမမျိုးဆက် ကိုေတောင် ပြောနိင်ခဲ့ပါတယ်။
ဒါက သူမျိုးဆက် ၁၈ ဆက်လုံးကို မြင်နိုင်တယ်လို့ ဆိုလိုတာပါ။ဒီလောက် အစွမ်းအစ ဆိုရင် မာစတာ တစ်ယောက်အဖြစ် အသိအမှတ်ပြုဖို့ လုံလောက်နေပါပြီ။
ယင်နောက် ဝူတန်ဟီဟာ ပြောလိုက်သည်
"မာစတာ လင်းကို ကျွန်တော် သမီးလေးအတွက် အကူညီတောင်း ချင်လို့ပါ"
လင်းဖန် သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်သည်။
"ခင်ဗျားက အကုသိုလ် တွေအများကြီး လုပ်ထားတာ လေ၊ အခြေခံအားဖြင့်တော့ ခင်ဗျား သမီးက မျှော်လင့်ချက်မဲ့နေပြီ။ဒါက ကံတရားပဲ"
ဝူတန်ဟီ ဟာကံတရား ကို ဒီလိုမျိုးလက်မခံချင်ခဲ့ပါဘူး။သူဟာ ပြောလိုက်သည်။
"မာစတာ လင်း၊ စိတ်တော့ မရှိပါနဲ့ ။ခင်ဗျား သေတော့မဲ့ လူတစ်ယောက်ကို ကူညီခဲ့ပေမဲ့ ဘာမှမဖြစ်ဘူးလို့ကြားတယ်။အဲတာ ဘယ်လိုလုပ်တာလဲ သိလို့ ရနိုင်မလား?"
လင်းဖန် တံခါးဝကို ညွှန်ပြကာ မေးလိုက်သည်။
"ဘာရေးထားတာ မြင်ခဲ့လဲ"
"မာစတာ လင်း"
ဝူတန်ဟီ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် ၊ ကျွန်တော် က မာစတာ လင်း ပဲ။ပုံမှန် ဗေဒင်ဆရာ အဆင့်မဟုတ်ဘူး"
ဝူတန်ဟီဟာ ဘာမှ မပြောပဲ မတ်တတ်ထရပ်လိုက်သည်။
လင်းဖန်ဟာ နောက်ကို အနည်းငယ်ဆုတ်လိုက်ပြီး အလျင်အမြန်လက်ဝေ့ယမ်းလိုက်ပါတယ်။
"ထိုင်လေ ဒီအကြောင်း စကားပြောလို့ ရပါတယ်။ခင်ဗျား မတ်တတ်ထပြီး လျောက်လုပ်စရာ မလိုဘူး။အခုချိန်မှာ အင်တာနက်တွေက မြန်ဆန်နေတာ ။သတင်းပေါ်ရောက်ကုန်ရင် ကျုပ်တော့ သေပြီပဲ"
အပြင်ဘက်မှာ ထိုင်နေတဲ့ မိန်းမလှ လေးဟာ ပြင်းထန်တဲ့ ကံဆိုးမူ အော်ရာတွေ ရစ်သန်း နေခဲ့ပါတယ်။ဝူတန်ဟီ သေဆုံးသွားတာနဲ့ သူမရဲ့ ကံကြမ္မာက အတော် ဆိုးရွားတော့မှာပါ။ဒါဟာ မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။
ဝူတန်ဟီ ပွင့်လင်းစွာပြောလိုကိသည်။
"မာစတာ လင်း ကျုပ်တကယ် ခင်ဗျားရဲ့ အကူညီ လိုလို့ပါ။ကျုပ် အားလုံကို စွန့်လွတ်နိုင်ပါတယ်။ကျုပ်မှာ ဒီသမီး တစ်ယောက်ပဲရှိတာ ကျုပ်ရဲ့ အကုသိုလ် တွေကြောင့် ကျုပ်မျိုးဆက်ကို ဒုက္ခမရောက် စေချင်ဘူး"
ဒီစကားတွေကို သူ လျန်ကျုံးက စီးပွားရေး လုပ်ငန်းရှင်တွေ ၊ သူဌေးကြီးတွေ ကြားရင် မယုံကြည်နိုင် ဖြစ်ကြပါလိမ့်မယ်။လျှန်ကျုံး နတ်ဘုရား တစ်ပါးက ရှန်ဟိုင်းက ဆိုင်သေးသေးလေးမှာ လာအကူညီ တောင်းနေရပါတယ်။
ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်ပေ။
ဝူယူလန်ဟာ ဒါကို ကြားတဲ့ အချိန်မှာ အံ့သြသွားခဲ့ပါတယ်။သူမဟာ ဗေဒင်ပညာ မျိုးရိုးရှိတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တာပါ။သူမဒီပညာကို မလိုက်စား ပေမဲ့ လည်း တစ်ခြားလူတွေထက်ယုံကြည်ပါတယ်။
သူမဘဝရဲ့ အနာဂတ်မှာ ဆိုးရွားတာတွေ ကြုံရမှာကို သိရှိထားပြီး အခုချိန်မှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့တာပါ။
လင်းဖန်ဘာမှ ပြန်မဖြေပဲ ဆိုင်မပြင်ဘက်မှာ ရှိတဲ့ ဝူယူလန်ကို ကြည့်လိုက်ပါတယ်။
သူမက တင်ပါးတွေကြီးတာပဲ ဒါက ကလေးကောင်းကောင်း မွေးပေးနိုင်လိမ့်မယ်....
သူမက ရင်သားတွေလည်း ရှိတယ် ဒါက ကလေးကို အာဟာရ ကောင်းကောင်းပေး နိုင်မယ့် သဘောပဲ......
အာ..ငါဘာလို့ သောက်တစ်လွဲတွေ တွေးနေတာလဲ.....???
ယင်းနောက် သူဟာ အတော်လှပတဲ့ မိန်းကလေးကို စိတ်မကောင်းစွာ ကြည့်လိုက်မိသည်။
ဝူတန်ဟီ ဟာ အရင်တုနး်က ဘာကိုမှ မကြောက်ခဲ့ ဖူးပါဘူး။သို့ပေမဲ့ ဒီတစ်ကြိမ်တော့ သူလင်းဖန်ကို စိုးရိမ်စွာ ကြည့်နေခဲ့ပါတယ်။
သူ့ရင်ထဲမှာတော့ လင်းဖန်မှာ ကိုယ်ကျင့်တရား ကောင်းတွေရှိဖို့ သာ ဆုတောင်းနေခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးမှာ အသက်ဆုံးရှုံးနိုင်လောက်တဲ့ ကံဆိုးမူတွေရှိနေတယ် ။သူ မကယ်တင်ပဲ နေပါ့မလား......
ဝူတန်ဟီဟာ လူဆိုးတစ်ယောက် စစ်စစ်တော့ မဟုတ်ခဲ့ပါဘူး။သူငယ်ရွယ်စဥ်က ချမ်းသာပြီး ၊ ဗေဒင်ပညာ ကျွမ်းကျင်တဲ့အတွက်ကြောင့် သူဌေးကြီးတွေ ၊ ပတ်ဝန်းကျင်ကလူတွေ မြောက်စားရင်း ဘဝင်မြင့်သွားခဲ့တာပါ.
ဘာပဲဖြစ်ဖြစ် စွမ်းဆောင်နိုင်စွမ်းရှိပြီး နိမ့်ချစွာနေတဲ့ လူတွေဆိုတာ ရှာရတာ ခက်ခဲပါတယ်........