တတိယမြောက် စာရွက်ပွင့်သွားခြင်း
Vol. 6 Ch. 81
ဝူတန်ဟီဟာ သူ့သမီးကို ကယ်နိုင်မလား လို့ လင်းဖန်ကို စိတ်အား ထက်သန်စွာ ကြည့်နေခဲ့ပါတယ်။
မာစတာ လင်း စဥ်းစား နေတယ်ဆိုတာ ကိုသူသိပါတယ်။ဒါက တစ်မုထူးခြားတဲ့ ဇာတ်လမ်းတစ်ခုပါ။ဒါက ပုံမှန် ကံကြမ္မာကို ပြောင်းလဲတာနဲ့ မတူပဲ လူတစ်ယောက်ရဲ့ မွေးဖွားမူ ဇယားတွေကို ပါပြောင်းလဲရမှာပါ။
တကယ်လို့ မာစတာလင်းရဲ့ မွေးဖွားမူ ဇယားသာ လုံလောက်အောင် မခိုင်မြဲရင် သူ့သမီးကြောင့် မာစတာ လင်း သေတုံးသွားနိုင်ပါတယ်။
နောက်ဆုံးတော့ လင်းဖန် စတင်ပြီး စကားပြောလာခဲ့သည်။
"ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်တာ ခင်ဗျား သိသင့်တယ်"
ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်။
"မာစတာ လင်း ဒါက မရိုးရှင်းဖူးဆိုတာ ကျွန်တော် သိပါတယ်။"
လင်းဖန် ထပ်ပြောလိုက်သည်။
"ခငိဗျား သမီးရဲ့ မွေးဖွားမူ ဇယားက အတော်ကို ဆိုးရွားတာ။ဒါက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲတာထက်တောငိ ပိုပြီးခက်ခဲသေးတယ်"
"ကျွန်တော် ဒါကို သိပါတယ်။ဒါက အတော်ကို ခက်ခဲတယ်"
ဝူတန်ဟီ ဟာ ခေါင်းညိမ့်လိိုက်ပြီး သူ့ကံတရားကို စမ်းသပ်လိုက်ပါတယ်။ဒီမာစတာ လင်းဆီမှာ ကျိန်းသေ အဖြေတစ်ခုရှိတယ် လို့ သူခံစားနေရသည်။
"ထပ်ပြောရရင် ကျွန်တော်က ခင်ဗျားနဲ့ဆွေမျိုးလည်း မတော် စပ်ဘူးလေ။ဒါကို နားလည် မယ်လို့ ထင်ပါတယ်"
လင်းဖန်ဟာ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါတယ်။အမှန်တကယ်တော့ သူ့မှာ သူမကို ကူညီဖို့ နည်းလမ်းတစ်ခုရှိပြီးသားပါ။သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ကံတရားက သူမကို မျှခြေဖြစ်စေဖို့ လုံလောက်ပါတယ်။ဒါပေမဲ့ သူမက သူ့အနားမှာပဲ နေရမှာပါ။
ဝူတန်ဟီဟာ ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။သူနဲ့ ဘာမှ မသက်ဆိုင်တဲ့ တစိမ်းတစ်ယောက်ကို ဒီလို အသက်အန္တရာယ် ရှိတဲ့ ကိစ္စမှာ အကူညီပေးခိုင်းတာက ခက်ခဲတယ် ဆိုတာကို သူသိပါတယ်။
အဲ့အချိန်မှာပဲ ဝူယူလန် ဟာ စိတ်ဓာတ်ကျနေခဲ့သည်။နောက်ဆုံးတော့ သူမအဖေ ဘာလို့ ရှန်ဟိုင်းကို လာခဲ့တာလဲ ဆိုတာ သူမနားလည် ခဲ့ပါပြီ။
သူမရဲ့ မွေးဖွားမူဇယား ဟာ အတော်ဆိုးရွားပြီး တော့ သူမရဲ့ နောက်ပိုင်းဘဝတွေဟာ အခက်ခဲဆုံးတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပါတယ်။အစကတော့ သူမ မှတ်ဥာဏ်ကောင်းတွေအဖြစ်သိမ်းထားပြီး ကိုယ့်ကိုကို သတ်သေဖို့ စိတ်ကူးထားတာပါ။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သူမသေရမှာကို ကြောက်ပါတယ်။သူမ ဒီလောကကြီးကနေ ထွက်မသွားချင်ပါဘူး။
လူလိမ်ဟထျန်ဟာနောက် ဆုံးတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ နားလည်သွားခဲ့သည်။သူဟာ သူ့ရှေ့က မိန်းမလှလေးကို ကြည့်လိုက်ပြီး ဒီလို ဒီကို ကံတရားမျိုး ပါလာလို့ စိတ်မကောင်း ဖြစ်မိပါတယ်။
ဝူယူလန်ဟာ လင်းဖန်ကို အရင်က မတွေ့ဖူးပဲ ဝိုက်ဘိုပေါ်မှာ မြင်ယုံနဲ့ မာနကြီး တဲ့ လူအဖြစ်သတ်မှတ်ထားခဲ့ပါ။
သို့ပေမဲ့ သူမ နောက်ဆုံးမှာတော့ မာစတာ လင်းရဲ့ အစွမ်းအစကို သိလိုက်ရပါပြီ။အဲလို မဟုတ်ရင် သူမအဖေက ဒီကို လာပြီး အကူညီတောင်းဖို့နေနေသာသာ ဒီလောက်ထိယဥ်ကျေးနေမှာ မဟုတ်ပါဘူး။
"အဖေ ဒါက သမီးရဲ့ ကံတရားပဲလေ၊မာစတာ လင်းကို ခက်ခဲအောင် မလုပ်ပါနဲ့"
ဝူယူလန် ပြောလိုက်သည်။
လင်းဖန် သူ့ရဲ့ ရှိုးပွဲကို ပိုပြီး စိတ်ဝင်စားအောင် လုပ်ချင်ခဲ့တာပါ။သိူ့ပေမဲ့ ဝူယူလန်ရဲ့ စကားကြောင့် အရှိန်ပျက်သွားခဲ့သည်။
သူဟာ သူမကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ငါမင်းကို အဲ့မှာပဲနေဖို့ ပြောထားတယ်လေ၊ကျေးဇူးပြုပြီး ဘာမှ ဝင်မပြောပါနဲ့"
ဝူတန်ဟီဟာ သူ့ရဲ့ သမီးကို ကြည့်ပြီး ပြောလိုကိသည်။
"မာစတာ လင်းပြောတာ နားထောင်"
ဝူယူလန်ဟာ တည်ငြိမ်နေပြီး ဒါကိုကြားတဲ့အချိန်မှာ ဘာခံစားချက်မှ မထွက်ပေါ် လာခဲ့ပါဘူး။သူမဟာ တိတ်ိတ်စွာသာ ထိုင်နေလိုက်သည်။
"မာစတာ ကျွန်တော်ဘဝရဲ့ အရာရာတိုင်းကို ကျွန်တော် သမီးလေး ပျော်ရွှင်စွာနေနိုင်ဖို့အတွက် လဲလှယ်ပေးဖို့တောင် ဆန္ဒရှိပါတယ်"
ဝူတန်ဟီဟာ လေးနက်စွာပြောလိုက်သည်။
လင်းဖန် သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်ပါတယ်။
"ကျုပ်က ခင်ဗျားရဲ့ ပိုက်ဆံတွေကို မလိုချင်ပါဘူး။ဒါက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာတော့ ခင်ဗျား သိထားသင့်တယ်"
ဝူတန်ဟီဟာ ရှက်ရွံ့စွာဖြင့် ပြောလိုကိသည်။
"ကျွန်တော် နားလည်ပါပြီ"
သူ့စိတ်ထဲမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ကြုံနေရပါပြီ။မာစတာ လင်းပြောတာ တွေကို သူနားမလည်ပဲ မနေပါဘူး။
သူ့တစ်ဘဝလုံးကို ရှေးဖြစ်ဟော အတွေးအခေါ်မှာပဲ မြုပ်နှံ့ထားခဲ့ပေမဲ့လည်း သူ့သမီးကို ကယ်တင်ဖို့ မစွမ်းဆောင် နိုင်ဘူး ဖြစ်နေခဲ့ပါတယ်။
အဆုံးမှာတော့ သူ လေ့လာခဲ့သမျှတွေဟာ သဲထဲရေသွန်သလို အသုံးမဝင်ခဲ့ပေ။
ဘယ်လောက် ဝမ်နည်းပြီး ကြေကွဲဖို့ ကောင်းလဲ.....????
သို့ပေမဲ့ သူမာစတာ လင်းရဲ့ စကားကို ကြားတဲ့အချိန်မှာ မျှော်လင့်ချက်တွေ ပြန်ရောက်လာခဲ့ပါတယ်။
မာစတာ လင်းဟာ လဘက်ရည်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မိုးကောင်းကင်ကတော့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပေးထားတုန်းပဲ။သူမက အခုမှ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးပြီး ဘဝမှာ ရှေ့ဆက်ဖို့ အချိန်တွေ အများကြီးရှိသေးတယ်လေ။အရင်မျိူးဆက်တွေ မကောင်းခဲ့လို့ သူမ အပြစ်ခံရမယ် ဆိုရင် ဘယ်တရားပါ့မလဲ။ လက်ခံတယ်မလား"
,´
ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုကိသည်။
"ဟုတ်တယ် ဟုတ်တယ် ၊ ကိုယ်လုပ်တဲ့ အကုသိုလ်ကို ကိုယ်ပဲ ခံသင့်တယ်"
လင်းဖန်ဟာ မေးလိုက်သည်။
"ခင်ဗျား ရှန်ဟိုင်းမှာ လာနေရမယ် ဆိုပြသနာရှိလား"
"မရှိဘူး"
"ဒီမှာ ကျွန်တော် အတွက် အလုပ်လာလုပ်ရမယ် ဆိုရင်ရော၊"
လင်းဖန်မေးလိုက်သည်။
"ပြသနာ မရှိဘူး"
လင်းဖန် ကျေနပ်သွားပြီး ထပ်မေးလိုက်သည်။
"မနက် ၉ ညနေ ၅ နေ့တိုင်း အဆင်ပြေတယ် မလား"
"ပြသနာမရှိဘူး ၊ ကျွနိတော် သမီးကို ကယ်နိုင်မယ်ဆိုရင် ဘာပဲပြောပြော လုပ်ပါမယ်"
အမှန်တကယ်တော့ ဝူတန်ဟီ လင်းဖန်ကို စောင့်ကန်ချင်နေခဲ့သည်။သူ လင်းဖန်လိုချင်တာကို ရိပ်မိပါတယ်။သို့ပေမဲ့ ဘာမှမတတ်နိုင်ပေ။
"ထောက်ပံ့ကြေးမရဘူး၊ လစာမရဘူး၊ အကျိုးကျေးဇူးမရဘူး အကုန်လုံး အခမဲ့ ကူညီရင် အဆင်ပြေမလား"
လင်းဖန် သေချာအောင် ထပ်မေးလိုက်ပါတယ်။
ဒါက တကယ်ကောင်းတဲ့ အပေးအယူတစ်ခုပါ။
ဝူတန်ဟီက တကယ့်စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ လူဖြစ်ပြီး သူသာ ဒီဆိုင်မှာ အလုပ်လာလုပ်ရင် အတော် ကောင်းမွန်မှာပါ။အရေးကြီး ပြသနာ မရှိလျင် သူအေးအေးဆေးဆေး သွားလာနိုင်ပြီ ဖြစ်သည်။
ဝူတန်ဟီဟာတော့ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"မာစတာ လင်း ပြသနာ မရှိပါဘူ။ကျွန်တော် သမီးကိုသာ ကယ်တင်ပေးပါ"
မာစတာ လင်းက သူ့ကို မျော်လင့်ချက်ပေးထားမှန်း သူသိပါတယ်။သူ့သမီးသာ ဒီအဖြစ်က လွတ်မြောက်နိုင်မယ် ဆိုရင် သူဘာပဲ လုပ်ရလုပ်ရ အဆင်ပြေပါတယ်။
လင်းဖန် ဝုယူလန်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းလညိး ပြောလို့ရပြီ ၊ မင်းအဖေ နဲ့အတူတူ ဒီမှာ လာကူညီရမယ်။လဘက်ရည် ငှဲ့တာတို့ ဘာတို့၊ ပြသနာ ရှိလား"
ဝူတန်ဟီဟာ သူ့သမီး ပြန်ဖြေမှာတောင် မစောင့်တော့ ပဲ ဝင်ပြောလိုက်ပါတယ်။
"မာစတာ လင်း ပြသနာ မရှိဘူး၊ သူလည်း တူတူလုပ်လိမ့်မယ်"
"သူဖြေပါစေ"
လင်းဖန် ပြောလိုက်သည်။
ဝူယူလန်ဟာ အပြင်ဘက်မှာ ရှိနေပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။သူမ အဖေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ မျက်လုံးထဲတွင် မျှော်လင့်ချက် တွေရှိနေတာကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ သူမလည်း ဒီဆိုး ရွားလှတဲ့ ကံတရားကို ပြောင်းလဲ ပစ်ချင်ပါတယ်။
"ပြသနာ မရှိပါဘူး"
ဝူယူလန်ဟာ ဖြေလိုကိသည်။
လူလိမ် ထျန်ကတော့ အတော် ပျော်ရွှင်နေခဲ့ပါတယ်။အနာဂတ်မှာ ဒီဆိုင်လေးက ထပ်ပြီး ပျင်းစရာ ကောင်းတော့မှာ မဟုတ်ပါဘူး။သူသာ တစ်ခြားလူတွေကို ဒီအကြောင်းပြောပြရင် မနာလိုတောငိ ခံရမှာပါ။
သူ့တွင် ဒီလို လုပ်ဖော်ကိုင်ဖက် အသစ်တွေ ရှိလာတာကို ဝမ်းသားနေမိသည်။ထပ်ပြောရရင် လျန်ကျုံးရဲ့နံပါတ် ၁ မာစတာ ဝူတန်ဟီ က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။သူ့ရဲ့ ဂုဏ်သိက္ခာ ကတော့ တစ်ဟုန်ထိုး ထိုးတက်လာတော့မည် ဖြစ်သည်။
ဒီကောင်လေး ငါ့ကိုမလိမ်ဘူး။သူ့ဆီမှာ အလုပ်လုပ်ရတာ တကယ်ကောင်းတာပဲ.......
လင်းဖန်လည်း ပျော်ရွှင်နေခဲ့ပါတယ်။သူဟာ အနာဂတ်မှာ အလုပ်မများတော့ပဲ လွတ်လွတ်လပ်လပ် နေခွင့်ရပါပြီ။
ယင်းနောက် သူပြောလိုက်သည်။
"ဒါဆိုလည်း ပြန်လို့ရပြီ ၊ လျန်ကျုံးမှာ ပြန်ဆင်ပြီး နောက်သုံးရက် နေမှ ပြန်လာခဲ့လေ"
ဝူတန်ဟီဟာ မတ်တပ်ရပ်ပြီး လင်းဖန်ကို လေးစားစွာ ဂါရဝပြုလိုက်ပါတယ်။
"မာစတာ လင်း ကျေးဇူးတင်ပါတယ်။ကျွန်တော် ဝူတန်ဟီ ပြောပြီးတဲ့ စကားကို ပြန်မရုတ်သိမ်းပါဘူး"
လင်းဖန်လည်း ပြုံးပြီး ခေါင်းညိမ့်လိုက်ပါတယ်။အဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ အရာဟာ ဖြစ်လာခဲ့သည်။
ဒင်!!
"ဒုတိယ မြောက် စမ်းသပ်ချက် ပြည့်သွားခဲ့ပါပြီ"
ဘယ်လောက် အံ့သြဖို့ကောင်းလည်း နောက်ဆုံးတော့ ဒုတိယမြောက် မစ်ရှင်က ပြီးမြောက်သွားခဲ့ပြီ.....
အောင်မြင်ပြီ ...
လေးစားရတဲ့ မာစတာ လင်းဖြစ်ဖို့က ဒီလောက်ထိ မခက်ခဲခဲ့ပါဘူး။သူနောက်ဆုံးလုပ်ဖို့ ကျန်နေတာက ဝူတန်ဟီရဲ့အသိအမှတ်ပြုမူကို လက်ခံရရှိဖို့ပါ။
ဝူတန်ဟီက လျန်ကျုံးမှာ နံပါတ် ၁ မာစတာ ဖြစ်ပြီး ရုပ်လွန် ဒသနိက ဗေဒ မှာလည်း အအောင်မြင်ဆုံး လူတစ်ယောက်ပါ။ဝူတန်ဟီ ရဲ့ အသိအမှတ်ပြုမူဟာ အတော် အရေးပါခဲ့သည်။
လင်းဖန်ဟာ အပျော်တွေကို ထိန်းချုပ်လိုက်ပြီး ဝူတန်ဟီနဲ့ သူ့သမီးကို ပြောလိုက်ပါတယ်။
"လျန်ကျုံးကို ပြန်ပြီး အကုန်အဆငိသင့်ဖြစ်မှ ပြန်လာခဲ့လေ"
ဝူတန်ဟီရဲ့ စိတ်လှုပ်ရှားမူဟာလည်း လင်းဖန်ထက်မနည်းပေ။သူခေါင်းညိမ့်ပြီး သူ့သမီးနဲ့ အတူပြန်သွားခဲ့သည်။
သူတို့ပြန်သွားပြီးတဲ့ အချိန်မှာတော့ လင်းဖန်ဟာ စွယ်စုံကျမ်းကို စစ်ဆေးနေခဲ့ပါတယ်။
"ဘယ်လောက် ထူးဆန်းလိုက်လဲ၊ ငါ အပြင်ကို သွားရင် အကုန်ပတ်ကြွား လို့ရပြီ"
လူလိမ် ထျန်ဟာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။
လင်းဖန်ဟာ ပြုံးနေခဲ့ပြီးနောက် သူ့အမူအရာဟာ ပြောင်းလဲသွားခဲ့ပါတယ်။စွယ်စုံကျမ်းက သူနဲ့ နီးစပ်တဲ့ လူရဲ့ ကျွမ်းကျင်မူကို ပဲ ဖွင့်လှစ်ပေးတာပါ။
အခုလည်း လူလိမ် ထျန်နဲ့ ဆက်စပ်နေနိုင်ပါတယ်။သူဒါကို ပြောင်းလဲဖို့ လွယ်ကူမယ့်ပုံ မပေါ်ပေ။
"လူလိမ် ထျန် ..ခင်ဗျား.."
သူလူလိမ် ထျန်ကို တစ်ခုခုပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ စွယ်စုံကျမ်းဟာ တတိယမြောက် စာမျက်နှာကို ဖွင့်လှစ်လိုက်ပါတယ်။
ဒုတိယမြောက်စာရွက်ဟာတော့ အမြည်မသိအားတစ်ခုကြောင့် အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွာခဲ့သည်။
"တတိယမြောက် အသိပညာကို ဖွင့်လှစ်လိုက်ပါပြီ၊ အဲတာကတော့...."
လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ ရင်းနှီးတဲ့ အသံကို ကြားတဲ့ အချိန်မှာ ကြောင်အသွာခဲ့သည်။
အဲတာကတော့ လာပြန်ပြီလား တစ်ခြား စကားလုံး သုံးစမ်းပါ.....