မရပ်နဲ့ ပြေးသာပြေး
Vol. 6 Ch. 85
နောက်တစ်ရက် နေ့လည်ခင်းတွင်။
လင်းဖန်အခုလို ချမ်းသာလာတဲ့ အချိန်မှာ ဖုန်းလေးတစ်လုံးလောက်တော့ လိုချင်ပါတယ်။ပိုက်ဆံတွေ ရှိလာပြီ ဆိုမှတော့ သုံးရတော့မှာပါ။
သူ့မှာရှိတဲ့ အိုက်ဖုန်း ၄ အစုတ်လေးဟာ အတော်ကို အခြေအနေဆိုးနေပါပြီ။သူ လူကြားထဲမှာ ဖုန်းသုံးလိုက်တဲ့အချိန်တိုင်း လူတွေဝိုင်းဝိုင်း ကြည့်တာကို သူမခံစားနိုင်တော့ပါဘူး။
လူငယ်တစ်ယောက်အတွက် အဝတ်အစားနဲ့ ဖုန်းကောင်းကောင်းတစ်လုံးက အဓိကပါ။
သူအရင်တုန်းက ဖုန်းမလဲဖြစ်ခဲ့တဲ့ တာက သူ့မှာ ပိုက်ဆံ မရှိလို့ပါ။သူ အရင် လက်ရှိ အိုင်ဖုန်းအဟောင်းလေး ကိုဝယ်တုန်းက ဒေါ်လာ ၂၀၀ ၊ ၃၀၀ လောက်သာ တတ်နိုင်ခဲ့ပါတယ်။ဘာပဲ ဖြစ်ဖြစ် ဒါဟာ ပန်သီး တံဆိပ်ဖြစ်သည်။
ရှောက်မီ ဖုန်း လက်လီအရောင်းစင်တာ တစ်ခုတွင်။
"ကလေး ဒီဖုန်းက ဘယ်လောက်ပေးရမလဲ?"
လင်းဖန် ကောင်တာပေါ်က ဖုနး်တစ်လုံးကို ညွှန်ပြပြီး ပြောလိုက်ပါတယ်။ဒီဖုန်းလေးက လှပပြီး သူနဲ့ တော်တော် အဆင်ပြေမဲ့ ပုံပါပဲ။
မိန်းကလေးဟာ ပြုံးပြီး ပြောလိုက်သည်။
"ဆျာ ဒါက ရှောက်မီ 6 128 GB လေ။အရောင်းစျေးက ဒေါ်လာ ၃၉၉၉ ပြီးတော့ ဒါက ဒေါ်လာ ၃၀၀ ဖိုး အခမဲ့ဖုန်းပြောခွင့်ပါပါတယ်"
"ကောင်းပြီး ဒီအမျိုးအစားကို ယူမယ် ၊ အနက်ရောင်လေး ပေးပါလား"
လင်းဖန်ပြန်ပြောလိုက်သည်။အခု သူ့မှာ ပိုက်ဆံရှိနေပြီး ဖြစ်တဲ့ အတွက် လိုအပ်တာတွေကိုတော့ ဝယ်ရမှာပါ။ထပ်ပြောရရင် သူ ဝုယန်ဂန် ပေးထားတဲ့ ကတ်ကိုတောင် မသုံးရသေးပေ။
အခုချိန်မှာ သူဟာ ဆင်းရဲတဲ့ လူတစ်ယောက် မဟုတ်တော့ပါဘူး။
"ဆျာ ဖုန်း နေရာလွတ်တွေရှင်းသွားအောင် အကုန်လုံးကို သန့်ရှင်းရေးလုပ်ပေးပါ့မယ်။ဆျာ ဘယ် ဆော့ဝဲတွေသုံးသေးလဲ? တစ်ခါထဲ ဒေါင်းလော့ဆွဲပေးလိုက်မယ်လေ"
မိန်းကလေး ဟာ ရည်မွန်စွာ မေးလိုက်သည်။
"ကောင်းပြီလေ ဝိုက်ဘို ၊ ဝီချပ် ၊ QQ အဲတာတွေ ထည့်ပေးပါ"
လင်းဖန် ပြုံးပြီး အကူညီတောင်း လိုက်သည်။
"ကောင်းပါပြီ"
မိန်းကလေးဟာ ခေါင်းညိမ့်ပြီး စတင်လုပ်ဆောင် လိုက်သည်။ယင်းနောက် သူဟာ ဖုန်းအဟောင်းကနေ အသစ်ကို ပြောင်းစရာ ရှိတာတွေ ပြောင်းးထည့် လိုက်ပါတယ်။
ဒီ ရှောက်မီ ဖုန်းအရောင်း စင်တာဟာ အဆင့်အတန်းရှိပြီး ကာစတန်မာ ဆားဗစ် အတော်ကောင်းမွန်လှပေသည်။ခနကြာတဲ့ အချိန်မှာ လင်းဖန်လက်ထဲကို ဖုန်အသစ်လေး ရောက်လာခဲ့သည်။
ဒါက လက်ထဲမှာကိုင်ရတာ အတော် အဆင်ပြေပြီး အရင်ဖုန်း အစုတ်လေးထက် အဆင်ပြေလှသည်။
သူဖုန်းအတွက် ငွေပေးချေလိုက်ပြီး ဖြတ်ပိုင်းကို ပြန်ယူလာလိုက်ပါတယ်။ယင်းနောက် သူဟာ ဆိုင် အပြင်ဘက်ကို ထွက်လာလိုက်သည်။
လင်းဖန် မလှမ်းမကမ်းမှာ လူအုပ်ကြီး တစ်ခု ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာ တွေ့လိုက်ရပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်ကသာ အပြင်ဘက်မှာ နေပြီး အထဲကို လှမ်ကြည့်ရင် အထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မြင်ရမှာ မဟုတ်ပါဘူး။ရုတ်တရက် လူအုပ်ကြီးဟာ နောက်ကို ဆုတ်ဆုတိလာခဲ့သည်။
လူများဟာ ရှုပ်ထွေးနေခဲ့သည်။
ယင်းနောက် လူအုပ်ကြီးဟာ ပြန့်ကျဲခဲ့ပါတယ်။လင်းဖန် သူ့ဘက်ကို နှာခေါင်းမှာ သွေးတွေ လျှံထွက်နေတဲ့ အဖိုးကြီး တစ်ယောက် ပြေးလာနေတာ ကို တွေ့လိူက်ရပါတယ်။
"မပြေးနဲ့"
အသံဟာ အဖိုးကြီးရဲ့ နောက်ကနေ ထွက်လာခဲ့သည်။လင်းဖန် လည်း ဘာတွေ ဖြစ်နေလဲ ဆိုတာ ကြည့်နေခဲ့ပါတယ်။
နှာခေါင်းမှာ သွေးတွေထွက်နေတဲ့ အဖိုးကြီးဟာသူ့ရှေ့ကနေ ဖြတ်ပြေးသွားခဲ့သည်။ယင်းနောက် အဖိုးကြီးနောက် ကလိုက်လာတဲ့ ကြွက်သားတွေအမြောင်း အမြောင်းလိုက် ရှိသည့် လူဟာ အော်လိုက်သည်။
"ဘေးကိုဖယ်"
လင်းဖန် အခြေအနေကို သိလိုက်ပြီး ဆွံ့အသွားခဲ့ပါတယ်။သို့ပေမဲ့ သူဘေးကို မဖယ်သင့်ဘူးလို့ ခံစားလိုက်ရသည်။
အခုအချိန်ဟာ နေ့ဘက်ကြီး ဖြစ်နေပြီး ဒီလူတွေက တိုက်ခိုက်နေကြပါတယ်။ထပ်ပြောရရင် တိုက်ခိုက်တာထက် ဒီလူက အဖိုးကြီးကို အနိုင်ကျင့်နေသလိုပါပဲ။
တရားမျှတမူကို မြတ်နိုးတဲ့ လူတစ်ယောက်အတွက် ကတော့ ဘေးနားမှာ ရှောင်မနေသင့်ပေ။
လင်းဖန်အခြေအနေကို နားလည်လိုက်ပြီး ခန္တာကိုယ်ကို ဖြည်းညှင်းစွာ ပြင်ဆင်လိုက်ပါတယ်။သူ့ရဲ့ဘယ်ဘက် ခြေထောက်ကို နောက်ကိုအနည်းငယ် ဆုတ်လိုက်ပြီး ဘယ်ဘက် လက်သီးကို ကျစ်ကျစ် ဆုတ်ထားလိုက်ပါတယ်။
နောက်ကလူ သူ့အနားကို ရောက်လာတဲ့ အချိန်မှာ ရုတ်တရက် သူ့ဘယ်ဘက်လက်နဲ့ ဝမ်းဗိုက်ကိုထိုးလိုက်ပြီး ညာဘက်လက် နဲ့ ညှပ်ရိုးကို ထပ်ထိုးလိုက်ပါတယ်။
လင်းဖန် ပြင်းထန်တဲ့ တွဲလုံးကို ပေးလိုက်ပြီး တာနဲ့ ညာဘက်ခြေထောက်ကို လျှင်မြန်စွာ ပြန်ရုတ်လိုက် ပါတယ်။သူ့ လှုပ်ရှားမူများဟာ အတော် မြနိဆန်ပြီး အလျင်အမြန် နောက်ကို ပြန်ရောက်သွားခဲ့သည်။
ဒီအကွက်ဟာ ရိုးရှင်း လျင်မြန်ပြီး ၊ လူအိုကြီးနောက်ကို လိုက်နေတဲ့ လူကို ကြောက်လန့်သွားစေခဲ့သည်။
အဖိုးကြီးနောက် လိုက်နေတဲ့ လူသန်ကြီးဟာတော့ ချွေးတွေထွက်နေခဲ့ပြီး ဒူးတစ်ဖက်ထောက်ကျသွားပါတယ်။နာကျင်မူဟာတော့ နံရိုးမှတဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့သည်။
လင်းဖန်လည်း သူ့ကိုယ်သူ ဒီလောက် ကျွမ်းကျသ် လိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။လင်းဖန် သူ့ရှေ့က လူကို မပြစ်တင်ပြီး ဆုံးမစကား ပြောဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ သူ့တို့ဆီကို အရိပ်တွေ ပြေးလာနေတာကို တွေ့လိုက်ရပါတယ်။
"ချီးပဲ အုပ်စုလိုက်ကြီးလား"
လင်းဖန် တွေဝေမနေတော့ပဲ ထွက်ပြေးလိုက်သည်။လက်ရှိသူလုပ်နိုင်တာက ထွက်ပြေးဖို့ပါပဲသူကူညီနိုင်သလောက် ကူညီပေးခဲ့ပြီးပါပြီ။
သို့ပေမဲ့ လင်းဖန် အဝေးကို ရောက် သွားတဲ့ အချိန်မှာ ကင်မရာနဲ့ လူအုပ်ကြီးဟာ ရောက်လာခဲ့သည်။
"ဘယ်ရောက်သွားတာလဲ ? ခုနက ချနေတဲ့ လူဘယ်ရောက် သွားတာလဲ?"
ရန်လိုနေတဲ့ လူကြီးတစ်ယောက်ဟာ ကျယ်လောင်စွာ မေးလိုက်သည်။
"သူပြေးသွားပြီ ထင်တယ်"
"ချီးပဲ အဲတာဘယ်က ကောင်လဲ? ဟန်လုနဲ့များ လာရှုပ်ရဲရတယ်လို့၊ မင်းတို့ ဗီဒီယို ရိုက်ထားမိလိုက်လား?"
"ဘယ်လိုလုပ် ရိုက်နိုင်မှာလဲ၊ ဟန်လု က ပြေးလိုက်ပြီး ရိုက်ချင်နေတာလေ။ငါတို့က သူ့လောက်မှ အပြေးမမြန်တာ"
ယင်းနောက်တွင် နှာခေါင်းမှာ သွေးတွေ ထွက်နေတဲ့ အဖိုးကြီးဟာ ဘာတွေဖြစ်နေလဲ ဆိုတာ သိသွားပြီး ပြန်ရောက်လာခဲ့သည်။
"ကောင်လေး မင်းက အတော် ဘဝင်မြင့်တဲ့ကောင်ပဲ။ငါက အတွင်းအားတွေနဲ့ မင်းကို အားကုန်အောင် လုပ်နေတာ အခုကြည့် ဘေးနားက ဖြတ်သွားတဲ့ လူကတောင် မင်းကို အတွင်းဒဏ်ရာရအောင် ရိုက်နိုင်တယ်။မင်းက ငါထွက်ပြေးနေတယ် ထင်နေတာလား ဟမ့်"
"ခုနက ကောင်လေး မင်းကို ရိုးရိုးလေးပဲ ထိုးသွားတာ တွေ့လား အဲတာ ငါမင်းရဲ့ ခွန်အားတွေကို ဖြုန်းတီးပေးထားလို့ပဲ"
စွမ်းအားရှစ်မျိုး လက်သီးသိုင်းကို ကျွမ်းကျင်တဲ့ မာစတာ ရှင်းကျန်း ဟာ အရှက်မရှိစွာ ကြွားဝါနေခဲ့သည်။
"သူက တော်တော် အကြွားသန်တာပဲ"
"ငါ ဘာဖြစ်လည်း မြင်လိုက်တယ်။ကောင်လေးက တကယ်တော်တာ။သူက တော်တော် အတွေ့အကြုံရှိတယ် ထင်တယ် တိုက်ခိုကိနေတုန်း တစ်ချက်မှ ရပ်မသွားဘူး"
"နောက်တစ်လှမ်းဆုတ် ၊ ပြင်းထန်တဲ့ တွဲလုံး ၊ ခုန်လိုက်တယ်။ငါဆိုရင် ဒါတွေကို တစ်ချိန်တည်း လုပ်နိုင်မှာ မဟုတ်ဘူး"
ကင်မရာ ကိုင်ထားတဲ့ လူတွေဟာ မရိုက်နိုင်ခဲ့လို့ နောင်တ ရနေကြပါတယ်။ဒါ က သတင်းကြီးဖြစ်နိုင်လောက်တဲ့ အခွင့်အရေးပါ။
သူတို့ဟာ သတင်းကြီးတစ်ခုကို ယူပြီး သူတို့နဲ့ သက်ဆိုင်တဲ့ သတင်းဌာနကို ပြန်တင်ပြဖို့ပဲ အာရုံစိုက်ကြတာပါ။သို့ပေမယ့် သူတို့ရဲ့ အတွင်းစိတ်ထဲမှာတော့ တရုတ် ယဥ်ကျေးမူကို သာ ခေါင်းကြီးပိုင်းမှာ တင်ချင်ကြပါသည်။
တရုတ်ရဲ့ အဓိက ယဥ်ကျေးမူကြီး လေးမျိုးရှိပါတယ်။ ကိုယ်ခံပညာ ၊ တရုတ်တိုင်းရင်းဆေး ၊ဘေဂျင်း ပြဇာတ် ၊ တရုတ် လက်ရေးလှ တို့ဖြစ်သည်။
တရုတ် တိုင်းရင်းဆေးဟာတော့ အားလုံးရဲ့ မယုံကြည်ရဆုံးအရာတစ်ခုဖြစ်သည်။တကယ်လို့ ဘိုးဘေး တွေကသာ ဒီအကြောင်းကို သိကြရင် သေရာကနေ ပြန်ရှင်လာပြီး ရိုက်နှက်ကြမှာပါ။
သူတို့ဟာ အသက်ရှည်ကြာအောင် လေ့လာကြပြီးတာတောင် သူတို့ကို သူတို မာစတာ လို့မ ခေါ်ခဲ့ကြပါဘူး။အခုချိန်မှာတော့ လူတွေဟာ ဆယိနှစ်လောက် လေ့လာပြီးရင် မာစတာ လို့ သူတို့ကို သူတို့ သတ်မှတ်ချင်နေကြပါပြီ။
ထပ်ပြောရရင် သူတို့ သွားတဲ့ နေရာတိုင်းမှာ အရူးတွေလိုပဲ ငြင်းခုန် ရန်ဖြစ်ကြပါသေးတယ်။
"ဘယ်သူ ရိုက်နိင် လိုက်လဲ"
ဗလတောင့်တောင့် နဲ့ လူကြီးဟာ အော်ပြောလိုက်သည်။ကျန်တဲ့ လူများဟာ လည်း ဆွံ့အသွားကြပါတယ်။
ဘယ်သူ ရိုက်ကူးနိုင်လိုက်လဲ....?
"ကျွန်တော် ရိုက်မိလိုက်တယ်"
ဆံပင်ကို ဆေးဆိုးထားတဲ့ လူငယ်လေးဟာ ပြောလိုကိသည်။
"ကြည့်ရအောင်"
ခေါငိးဆောင် လူကြီးဟာ ရှေ့ကို လျောက်လာလိုက်ပါတယ်။
"ကြည့်"
လူငယ်လေးဟာ ဗီိဒီယို ကိုပြန်ဖွင့်ပြလိုကိသည်။
အစောတုန်းက လူအုပ်ကြီးဟာ အမြနိပြေးလာကြရပြီး သေချာ မမြင်လိုကိကြရပါဘူး။
ဗီဒီယို ထဲတွင်။
ဟန်လုဟာ အော်လိုကိသည်။
"ဘေးကိုဖယ်"
လူငယ်လေးဟာ မတ်တတ်ရပ်နေရင်းကနေ ဟန်လုကို ရုတ်တရက် တိုက်ခိုက် လိုက်ပါတယ်။လူငယ်လေး အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက်တွင် ဟန်လု လဲကျသွားခဲ့သည်။
"ဒါက"
ခေါင်းဆောင် လူကြီးဟာ ဗီဒီယို ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ယင်းနောက် သူကောင်လေးရဲ့ လက်ကို ကိုင်ပြီးပြောလိုကိပါတယ်။
"ငါ့ဆီပို့ပေးပါ"
"ဒေါ်လာတစ်ထောင် လိုချင်တယ်"
"ပြသနာ မရှိဘူး"
ဒါက တစ်ကယ်ကို သတင်းထူးဖြစ်မယ့် အရာပါ။သူတို့ ဗီဒီယို မရိုက်နိုင်လိုက်ပေမယ့် ဘေးနားက ဖြတ်သွားတဲ့ ကောင်လေးဟာ အလျင်အမြန်ရိုက်ကူး လိုက်နိုင်ခဲ့ပါတယ်။
သူဒေါ်လာ တစ်ထောင် မပြောနဲ့ ဒေါ်လာ တစ်သောင်း ဆိုရင် တောင် သဘောတူဦးမှာပါ။သို့ပေမဲ့ ဗီဒီယို ထဲက မာစတာ ဟာ ဘာလို့ ထွက်ပြေးလဲ ဆိုတာ စဥ်းစား လို့မရပါဘူး။
သူ့ကို ပြန်ရှာဖွေဖို့ ဆိုတာ က အတော်ကို ခက်ခဲလှပေသည်။
ဟန်လုဟာ အလွန်နာကျင်စွာနဲ့ အောက်မှာ ထိုင်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူဆွံ့အနေခဲ့သည်။သူ့ရဲ့ ခွန်အားတွေနဲ့ ဒီလူငယ်လေး သူ့ကို ရုတ်တရက် တိုက်ခိုက်ရင် တောင် ဒီလောက်မနာကျင်နေသင့်ပါဘူး။ဒါဟာ သူမမျှော်လင့် ထားတဲ့ အရာတစ်ခု ဖြစ်သည်။
.......
အဲ့အချိန်မှာတော့ လင်းဖန်ဟာ ဆက်တိုက်ပြေးနေတာ တော်တော် ဝေးဝေးတောင် ရောက်နေခဲ့ပါပြီ။သူဟာ နောက်မှာ လူတွေပါလာသေးလား တစ်ချက်တစ်ချက် ပြန်လှည့် ကြည့်နေခဲ့သည်။
သူ့နောက်ကနေ လိုက်လာတဲ့ လူ မရှိတာမြင်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူ ကိုယ်ခံပညာကို ကျွမ်းကျင်နေတယ် ဆိုပေမယ့် လည်း လူအများကြီး ကို ရိုက်နိုင်ဖို့ ယုံကြည်မူမရှိပါဘူး။
သူတို့မှာ တုတ်တွေ ဓားတွေ မပါလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။တကယ်လို့ သူ့ကိုသာ ဝိုင်းရိုက်ကြရင် မသေရင်တောင် ဆေးရုံရောက်ရမှာ ကျိန်းသေပါတယ်။