← Chapters

ဒါ ဘယ်သူလဲ ငါသိသလိုပဲ

Vol. 6 Ch. 86

ဒါ ဘယ်သူလဲ ငါသိသလိုပဲ

Vol. 6 Ch. 86

တိမ်ဖြူလမ်း။

မာစတာ လင်း၏ ဆိုင်တွင်။

"မင်းဖုန်းအသစ် ဝယ်လာခဲ့တာလား"

လူလိမ် ထျန်ဟာ ထိုင်နေပြီး လင်းဖန်ရဲ့ ဖုန်းကိုမနာလို စွာကြည့်ကာမေးလိုက်ပါတယ်။

"ဟုတ်တယ် အတော်အဆင်ပြေတယ်"

လင်းဖန် ပြုံးကာပြောလိုက်သည်။

လူလိမ် ထျန်လည်း ဖုနး်အသစ်တစ်လုံး ဝယ်ချင်ပါတယ်။ဒါပေမဲ့ သူစုထားတဲ့ ပိုက်ဆံတွေက သူ့ရဲ့ နာရေးစရိတ်အတွက်ပါ။ယင်းနောက် သူပြောလိုက်သည်။

"ကြည့်ရတာ ပိုက်ဆံရှိတာ အတော်ကောင်းတယ် ထင်တယ်။ကိုယ် ဖုန်းချိန်းချင်တဲ့ အချိန်မှာ ချိန်းလို့ရတယ်"

လင်းဖန် ဖုန်းကို ချထားလိုက်ပြီး ပြုံးကာပြောလိုက်ပါတယ်။

"ခင်ဗျား ပြောနေတဲ့ပုံံစံက ကျုပ်ကို တစ်ခုခု အချက်ပြနေသလိုပဲ။ခင်ဗျားကို ဆိုးဆိုးရွားရွား ဆက်ဆံတယ်လို့ တော့မပြောနဲ့နော်။ကိုယ်ဟာကို တစ်ခုသွားဝယ်ပြီး ကျုပ်ကို ဘောက်ချာသာပေး။ပိုက်ဆံ ပြန်ထုတ်ပေးမယ်"

စကားကို ကြားတဲ့ အချိန်မှာ လူလိမ်ထျန်ဟာ အံ့သြပြီး ဝမ်းသာ သွားခဲ့ပါတယ်။

"တကယ်ပြောတာ လား?"

"မယုံဘူး ဆိုရင် လည်း မေ့လိုက်တော့ ၊ ကျုပ်ကတော့ ကိုယ့်အ​ပိုင်းကို ပြောပြီးပြီ"

လင်းဖန် ခေါင်းကို ငုံ့ကာ ဖုန်းသုံးရင်း ပြောလိုက်ပါတယ်။

လူလိမ်ထျန် ဟာတော့ အလွန်စိတ်လှုပ် ရှားနေခဲ့သည်။

"တကယ့် သူဌေးကောင်းလေးပဲ ၊ ငါအခုပဲ ဖုန်းအသစ်သွားဝယ်လိုက်မယ်"

"မဟုတ်ဘူး ညမှသွားလေ ။ခင်ဗျား အခုသွားရင် ကျုပ်ဘယ်လို လူတွေကို ထိန်းချုပ်နိုင်မှာလဲ"

လင်းဖန် အလျငိအမြန်တား တားလိုက်သည်။

"ကောင်းပြီလေ"

လူလိမ် ထျန်ဟာ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်။

ဝီချပ်တွင်။

ဟော်ဟန် :: သူဌေးလေး ရှင် စာမပြန်ရင် ကျွန်မကို တစ်ကယ် ဆုံးရှုံးရတော့မှာနော်။

လင်းဖန်ဟာ သူမရဲ့ စာကိုမြင်ကာ ပြုံးလိုက်ပြီး အီမိုဂျီ တစ်ခုပြန်ပို့လိုကိသည်။

ဟော်ဟန် ::: ငါတို့ ဒီလောက်ရင်းနှီးတာလေ ၊ပန်ကိတ်စားဖို့ အရေး တန်းစီရဦးမှာလား။ငါအခု နိုင်ငံခြားရောက်နေတာ ရက်အနည်းငယ်ကြာရင် ပြန်လာတော့မှာ။

ဒီတော့ ဒီမိန်းကလေး က နိုင်ငံခြားရောက်နေတာပေါ့။သူမ ဒီရက်ပိုင်း ပေါ်မလာတာ မထူးဆန်းတော့ပါဘူး။

သို့ပေမဲ့ လင်းဖန်မှာ စည်းမျဥ်းတွေ ရှိပါတယ်။သူ ဒီမိန်းကလေးကို စည်းမျဥ်းတွေ ဖောက်ဖျက်ခိုင်းလို့ မဖြစ်ပါဘူး။

လင်းဖန် :: ပန်ကိတ်စားချင်ရငိတော့ တန်းစီရမှာပဲလေ။

ဟော်ဟန် ::: ..............

နောက်တစ်ရက် ။

ဗီဒီယို တစ်ပုဒ်ဟာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

"တရုတ် အတော်ဆုံး MMA တိုက်ခိုက်ရေး ပညာရှင် ဟန်လု ဟာ ထူးဆန်းတဲ့ လူငယ်လေး၏ ရိုက်နှက်မူကို ခံခဲ့ရခြင်း"

"ဒီကောင်လေးက ဘယ်သူလဲဟ ? တော်တောိ သန်မာတာပဲ"

"လူတွေကြားထဲမှာ အမြဲတမ်း နဂါးတစ်ကောင်ရှိတယ်။ဟန်လုကို ဆုံးမဖို့ ပေါ်ထွက်လာတာပဲ"

"ဟန်လုကတော့ ဒီလူက သူပြင်ဆင်ချိန်မရတဲ့ အချိန်မှာ ချောင်းပြီး တိုက်ခိုက်တာ လို့တော့ ပြောတာပဲ"

"မာစတာ ရှင်းကျန်း ကလည်း သူ ဟန်လု ကိုခွန်အားကုန်အောင် လုပ်ထားလို့ ကောင်လေးနိုင်သွားတာ လို့ပြောနေတယ်နော်"

အတော်ဆုံး တိုပ်ခိုက်ရေးသမား ဟန်လု ဟာ သူလိုင်လိုင်ကို စက္ကန့်ပိုင်း အတွင်း အလဲထိုးပွဲအပြီးမှာ ဝေဖန်မူတစ်ချို့ ရှိနေပါသေးတယ်။

ဒါကြောင့် သူမာစတာ ရှင်းကျန်းကို ထပ်ပြီး စက္ကန့်ပိုင်း အတွင်း အနိုင်ယူဖို့ ကြိုးစားခဲ့တာပါ။မာစတာ ရှင်းကျန်း ဟာ တရုတိ ကိုယ်ခံပညာ မဖွဲ့အစည်းရဲ့ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်လို့ ပြောလို့ရပါတယ်။

ထင်ပြောရရင် ဟနိလုဟာ ဒီပွဲပြီးတဲ့နောက်မှာ တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်း ကိုတောင် စိန်ခေါ်ဖို့ စဥ်းစားထားခဲ့သည်။

တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းခေါင်း ဆောင် ကအတော်ကို အသက်ကြီးနေပါပြီ။ တကယ်လို့ တိုက်ခိုက်ကြမယ် ဆိုရင် အသက်ရှင်နိုင် မလားတောင် ပြောဖို့ ခက်ပါတယ်။

သူဟာ အသက်ကြီးပြီး အားနည်းနေတဲ့ အဖိုးကြီးတစ်ယောက်ပါ။သူ့မှာ စွမ်းဆောင်ရည် ရှိတယ် ဆိုရင် တောင် ငယ်ရွယ်ပြီး သန်မာလှတဲ့ ဟန်လုကို အလဲထိုးဖို့ မသေချာပါဘူး။

ပြည်သူလူထုများဟာတော့ တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းနဲ့ တည်ရှိမူကို ယုံကြည်ကြပါတယ်။သို့ပေမဲ့ ဘယ်သူမှ ဟန်လုကို အလဲထိုးဖို့ ယုံကြည်ချက် မရှိကြပေ။

ဒီနေ့ ဗီဒီယိုဟာတော့ သူတို့ကို ကျေနပ်အားရစေပြီး တိုက်ခိုက်ချင်စိတ်တွေကို တွန်းအား ပေးပါတယ်။

ဥက္ကာပျံ ဥယာဥ် ::: တကယ်ဝမ်းသာတယ်။ဟန်လု ရိုက်ခံရတာ မြင်ရတာကို က ကျက်သရေရှိတာ။ငါ ဒီဗီဒီယိုကို ပြန်ကြည့်နေတာ အကြိမ် နှစ်ဆယ်​ကျော်ပြီ။ဒီညီအစ်ကို က တစ်ကယ် စွမ်းဆောင်နိုင်စွမ်းရှိတယ်။ သူ့အကွက်တွေက လွယ်ကူပြီး ရိုးရှင်းပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမူတွေက ကျွမ်းကျင် အဆင့်မှာရှိတာတွေ့နိုင်တယ်။ဟန်လုရဲ့ ဗိုက်ကို ထိုးလိုက်တာပဲကြည့် ဒါတော်ရုံ စွမ်းဆောင်ရေနဲ့ လုပ်ဖို့မလွယ်ဘူး။

ပျော်ရွှင်နေတဲ့ စတော်ဘယ်ရီ ::: တစ်ယောက်အထက်မှာ တစ်ယောက်ရှိတယ်။မင်းက ကောင်လေးကို ချီးမြောက်နေတာ နတ်ဘုရား ကျနေတာပဲ။

ဟွတ်ဂေါင်လီ :: ဥက္ကာပျံ ဥယာဥ်ပြောတာ မှန်တယ်။ငါ့သားက ငါကို လက်နဲ့ လာထိုးတယ်လေ။ငါအကာကွယ်နိုင်ခဲ့ဘူး ဒါပေမဲ့ သူ့ရဲ့ ခွန်အားက နည်းတော့ ငါမြေကြီးပေါ်ကို လဲကျမသွားဘူးလေ။ဟန်လု လို သေချာလေ့ကျင့်ထားပြီး သန်မာတဲ့ လူတစ်ယောက်ကို လဲကျသွားစေနိုင်လောက်တဲ့ အင်အားကိုပဲကြည့် ဒါကပြောပြဖို့တောင် ခက်ခဲတယ်။

"တစ်ယောက် အထက်မှာ တစ်ယောက်ရှိတယ် ၊ ဒါက မျက်စိကျယ်စေတဲ့ အရာပဲ"

"ဟန်လုကတော့ သူအဆင်သင့် အဖြစ်သေးလို့လိူ့ပဲ ​ဆက်တိုက်တွေးနေတယ်နော်"

"မာစတာ ရှင်းကျန်းကလည်း သူဟန်လု ရဲ့ ခွန်အားတွေကို ဖြုန်းတီးထားလို့ ကောင်လေး ကံကောင်းသွားတာ လို့ ပြောနေတယ်"

"ဒါမဖြစ်နိုင်ဘူး မင်းတို့ ဗီဒီယို ကြည့်ပြီးပြီလား မာစတာ ရှင်းကျန်း အရိုက်ခံရလို့ မျက်နှာမှာ သွေးတွေနဲ့ ပတ်ပြေးနေတာ"

......

ဟန်လု၏ ဝိုက်ဘို အကောင့်တွင်။

"ဒီလူ ငါ့ကို ဆက်သွယ်လာမယ်လို့ မျှော်လင့်တယ်။ ငါ ဒီလူနဲ့ မျှမျှတတ ပြန်တိုက်ခိုက်ချင်တယ်။ငါ ဘယ်စည်းမျဥ်းမဆို လက်ခံပေးမယ်ကွာ"

သူ့အောက်တွင် မှတ်ချက်များစွာ ဆွေးနွေးနေကြသည်။

"ဒီလူကို သိတဲ့ လူတစ်ယောက်ယောက်ရှိကြလား"

"ဒီ ဗီဒီယိုက ရှင်းလင်းပေမယ့်လည်း တိုင်းပြာ်က အကျယ်ကြီးကို သူ့ကို လိုက်ရှာဖို့ အတော်ခက်ခဲမှာပဲ"

"သူက ဟန်လုကို ရိုက်ပြီးတာနဲ့ ထွက်သွားတာနော် ဘယ်လောက်မိုက်လဲ"

"ချီးပဲ ပုံမှန် လမ်းကဖြတ်သွားတဲ့ လူကတောင် မင်းကို ရိုက်နိုင်တယ် ။ဒါတောင် ကိုယ့်ကိုကို ပရို ထင်နေတာလား"

........

မာစတာ ရှင်းကျန်းဟာ လည်း သူ ဟန်လုရဲ့ရိုက်နှက်တာ ခံခဲ့ရပေမယ့် ဟန်လု ရိုက်ခံရတာဟာ သူကူညီပေးလို့လို့ ထင်နေခဲ့ပါတယ်။

မာစတာ ရှင်းကျန်း၏ ဝိုက်ဘို တွင်။

"ဒီကောင်လေးက ကျွမ်းကျင်မူတော့ရှိပါတယ်။ဒါပေမဲ့ အရာရာတိုင်းက ငါ့ရဲ့ အစွမ်းအစတွေကြောင့် ဖြစ်လာတာ။ငါ သာ ဟန်လုရဲ့ ခွန်အားတွေကို လျော့မပေးထားရင် သူဒီလောက် လွယ်လွယ် ရိုက်နိင်မှာ မဟုတ်ဘူး"

"666 ခင်ဗျား က တော်တော် စောက်ရေးမပါတာတွေ ပြောတတ်တာပဲနော်။မသိရင် ခင်ဗျားဟန်လုကို ရိုက်လိုက်တဲ့ အတိုင်းပဲ"

"မာစတာ ရှင်းကျန်းရဲ့ စွမ်းအားရှစ်မျိုးလက်သီးသိုင်းက ကောင်းပါတယ်။ဒါပေမဲ့ သိုင်းစွမ်းရည်က သူ့ပါးစပ် စွမ်းရည်လောက် မကောင်းဘူး"

"ခင်ဗျားနဲ့ဟန်လု ချတဲ့ ဗီဒီယိုကို ကျုပ်ကြည့်ပြီူပါပြီ ဗျာ၊ မာစတာ လိုင်လိုင် ကမှ ခင်ဗျားထက်သာသေးတယ်။ခင်ဗျားက သုံးစက္ကန့်ပဲ ရှိသေးတယ် မြေကြီးပေါ် မှောက်နေပြီး။နောက်ပိုင်း ခင်ဗျား ပတ်ပြေးနေတာလေ"

"မာစတာ ရှင်းကျန်းကို အရှက်မခွဲကြပါနဲ့ သူ့မှာလည်း စွမ်းရည်တွေ ရှိပါတယ်"

......

တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းတွင်။

သူတို့အများစုဟာ ဟန်လုနဲ့ တိုက်ခိုက်ရမှာ ကြောက်ကြပေမဲ့လည်း စိုးရိမ်စိတ်တွေတော့ လျော့သွားကြပါပြီ။

ရုံးခန်းထဲရှိ လူတိုင်းဟာ ကျေနပ်နေကြပေသည်။

"တကယ်တိုက်ခိုက်မူကောင်းပဲ လူငယ်လေးက ထူးချွန်လွန်းတယ်"

"ဒီ ဟန်လုက မောက်မာလွန်းတယ်။အရည်အချင်းလေး နည်းနည်းရှိတာနဲ့ ခေါင်းဆောင်ကိုတောင် စိန်ခေါ်ချင်နေပြီ"

"ဒီ လူငယ်လေးကို သိကြလား၊ ဒီကောင်လေးက တကယ် အလားအလာရှိတယ် ။ငါတို့ သူ့ကို အဖွဲ့ဝင် ခန့်သင့်တယ်"

"သူ ဘယ်သူမှန်းတောင် မသိဘူးလေ ၊ ဘယ်လို အဖွဲ့ဝင်ခန့်မှာလဲ"

"ဒီကောင်လေးက အနည််းငယ်ပဲ လှုပ်ရှားသွားပေမယ့် သူ့ရဲ့ နည်းစနစ်တွေက ကျွမ်းကျင်မူရှိတယ်။ဒါက နှစ်နှစ်ဆယ်လောက် မလေ့ကျင့်ရသေးရင် မကျွမ်းကျင်နိုင်ဘူး"

အဖွဲ့အစည်း၏ ခေါင်းဆောင် တစ်ယောက်ဟာ ပြောလိုက်သည်။

"ငါတို့ သူ့ကို လိုက်ရှာရမယ်။အဖွဲ့အစည်းက အခုဆို အရည်းအချင်းရှိတဲ့ လူငယ်တွေ ရှားပါးနေတာ"

.....

ဒေါင်ယု၏ တိုက်ရိုက်ထုတ်လွင့်မူတွင်။

ကျောက်ကျန်းယန်ဟာ ခွဲစိတ်မူပြီးတဲ့ အချိန်မှာ ကုတင်ပေါ်မှာနေပြီး တိုက်ရိုက်လွင့်နေခဲ့တာပါ။

"အစ်ကို ယန် ၊ ဟန်လု မနေ့က အကြိတ်ခံလိုက်ရတာ ကြည့်ပြီးပြီလား ဘယ်လိုထင်လဲ?"

"ဒီဗီဒီယို က လောလောဆယ် ထိပ်တန်းပဲနော်။ရှာဖွေမူအများဆုံးထဲမှာ ပါတယ်"

"ငါတို့ တရုတ်ကိုယ်ခံပညာက သုံးစားမရဘူးလို့ ဘယ်ခွေးသား ပြောတာလဲ?"

"ထပ်မပြောကြနဲ့တော့ ဟန်လုက ဒါကို ခိုးချောင်ခိုးဝှက် တိုက်ခိုက်တာလို့ပြောတယ်"

"မင်းဘကြီးကို ခိုးတိုက်ရမှာလား။မင်း ဟန်လုပြောတာကို တကယ်ယုံတယ်လား။ဒီကောင်က ကိုယ်ခံပညာ အဖွဲ့အစည်း ခေါင်းဆောင်ကိုတောင် စိန်ခေါ်ချင်နေတာ။သူနိုင်သွားရင် ဘာပြောမလဲ ၊ သူက တရုတ် ကိုယ်ခံပညာကို အမှိုက် လို့ပြောထားတဲ့ကောင်။သူက ဒါကို အသုံးချပြီး ကိုယ်ခံပညာ အဖွဲ့အစည်း ခေါင်းဆောင်နဲ့ တိုက်ခိုက် ချင်နေတာ။တွက်ချက်တတ်တဲ့ ခွေးသား"

"ဒါ နည်းလမ်းကျတယ်"

"လူတိုင်းက ဒီလူငယ်ကို လိုက်ရှာနေကြတာလေ။ဒါပေမဲ့ ဘယ်သူမှန်းတောင် မသိကြဘူး"

ကျောက်ကျန်းယန်ဟာ ကုတင်ပေါ်မှာလှဲ ပြီး တိုက်ရိုက်လွင့်နေခဲ့တာပါ။ယင်းနောက် သူ ဗီဒီယိုကို ရိုက်ရှာပြီး ကြည့်လိုက်ပါတယ်။

ဗီဒီယိုထဲက လူကို မြင်တဲ့ အချိန်မှာ အံ့သြလွန်းလို့ ဆွံ့အသွားခဲ့သည်။

"ဒီ..ဒီလူ ကို ငါသိသလိုပဲ"

ကျောက်ကျန်းယန် ရေရွတ်လိုက်သည်။

တိုက်ရိုက်လိုက် ကို ကြည့်နေကြတဲ့ လူများဟာ သိချင်စွာနဲ့ မေးလိုက်ကြပါတယ်။

"ဘယ်သူလဲ အစ်ကိုယန်"

"ဟုတ်တယ် အစ်ကို ယန် ဘယ်သူလဲပြောပါဦး"

"အခုပဲ ဒုံးကျဥ်ပို့ပေးလိုက်ပြီး ​အသိပေးပါဥိီး"

ကျောက်ကျန်းယန်ဟာ အနီးကို သေချာကြည့်လိုက်ပြီး အံ့သြစွာ ပြောလိုက်သည်။

"ဒါက.....မာစတာ လင်း မဟုတ်ဘူးလား"

All Chapters