← Chapters

အမှန်တရားက ဖုံးကွယ်ထားလို့မရဘူး

Vol. 6 Ch. 87

အမှန်တရားက ဖုံးကွယ်ထားလို့မရဘူး

Vol. 6 Ch. 87

တိုက်ရိုက်ထုတ်လွင့်မှုကို အားပေးနေတဲ့ လူများဟာ အံ့သြသွားခဲ့ကြသည်။

"ဘယ်လိုလုပ်ပြီး မာစတာ လင်းဖြစ်နိုင်မှာလဲ? မာစတာ လင်းက အကောင်သေးပြီး အားနည်းတယ်လေ။သူက ဒီလောက်သန်မာ နိုင်ပါ့မလား"

"အစ်ကို ယန် မှားများနေတာလား"

"မာစတာ လင်းက ဘယ်သူလဲ?"

"မင်းက ဒီမှာ လူသစ်ကလေးလား ကောင်လေး၊မာစတာ လင်းက ငါတို့ အစ်ကို ယန်ရဲ့ ကယ်တင်ရှင်ပဲ"

"ငါတော့ မယုံကြည်ဘူး။ ဗေဒင်ဆရာက ကိုယ်ခံပညာရှင် ဟုတ်လား? မင်းငါ့ကို သေအောင် ရိုက်သတ်မယ် ဆိုရင်တောင် ငါမယုံဘူးကွာ"

......

တိန်ဖြူလမ်း။

လမ်းဖန်ဟာ ဇိမ်ကျကျ ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။အင်တာနက်မှာ ဘာတွေဖြစ်နေလဲ သူမသိပါဘူး။

ရုတ်တရက် သူ့ဖုန်းလေးဟာ အသံမြည်လာခဲ့ပါတယ်။သစ်ပင်ကြီး ဖုန်းခေါ်တာတွေ့ တဲ့အချိန်မှာသူဖုန်းကိုင် လိုကိသည်။

"ကောင်လေး ဖန်"

"သစ်ပင်ကြီး"

"မင်းက စောက်ရမ်းမိုက်တယ် နော်"

"ဘာတုန်းဟ? ဘာကို စောက်ရမ်းမိုက်တာလဲ"

"ဟန်ဆောင် မနေပါနဲ့တော့ကွာ ၊ အင်တာနက်ပေါ်မှာ ဗီဒီယိုက ပျံ့နေပြီ အဲတာမင်းမဟုတ်ဘူးလား"

"ဘာဗီဒီယိုလဲ ငါဘာ ဗီဒီယိုမှ မရိုက်ထားပါဘူးဟ"

"မင်းဟာမင်း ပြန်ကြည့်လိုက်ဦး ငါမင်းဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာတယ်"

"ထူးဆန်းလှချည်လား ၊ အေးပါ ငါကြည့်လိုက်ဦးမယ်"

လင်းဖန် ဖုနး်ချလိုက်ပြီး ဝိုက်ဘိုကို ဖွင့်ကြည့်ဖို့ လုပ်တဲ့ အချိန်မှာပဲ နောက်ထပ် ဖုန်းကောတစ်ခုဟာ ဝင်လာခဲ့ပါတယ်။

ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ ဝမ်မင်ယန် ဖြစ်နေခဲ့သည်။

"ညီအစ်ကို ခွန်အားတွေကို ဖုန်းကွယ်ထားတာလား"

"ဘာတွေ ဖြစ်နေတာလဲ? ဘာလို့ ဒီလိုပြောတာလဲ?"

"မင်း တကယ်မသိတာလား ၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ဒါက အင်တာနက်ပေါ်မှာတောငိ ပျံ့နေပြီ။တစ်ချက်ကြည့်လိုက်တာနဲ့ မင်းမှန်းသိတယ်။အရင်တစ်ခေါက်က က ငါ့ကိုညှာတာ လိုက်လို့တော်သေးတယ်။ မဟုတ်ရင် ငါသေနေလောက်ပြီ"

,

"ခင်ဗျား ပြောနေတာတွေကို နားမလည်ဘူး။တော်လောက်ပြီး ကျွန်တော် တစ်ချက်ကြည့်လိုက်ဦးမယ်"

"ကောင်းပြီလေ"

လင်းဖန် ဖုန်းချပြီးနောက်တွင် စိတ်ရှုပ်ထွေးသွားခဲ့သည်။သူ ဘာမှ ထူးထူးခြားခြား မလုပ်ဖူးပါဘူး။ ဒီ ဗီဒီယိုက သူနဲ့ ဘာမှ မဆိုင်လောက်ပေ။

အမှားအယွင်း တစ်ခုခုရှိနေတာ ဖြစ်နိုင်သည်။

သူ ဝိုက်ဘို ဆော့ဝဲ ကိုဖွင့်ပြီး ထိပ်တန်းရှာဖွေမူ ဗီဒီယို များကို ကြည့်လိုက်ပါတယ်။

"တရုတ် ထိပ်တန်း တိုက်ခိုက်ရေးသမား ဟန်လု ဟာ ထူးဆန်းတဲ့ လူငယ်လေး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်"

ခေါင်းစဥ်ကို ဖတ်ကြည့်လိုက် ရုံနဲ့ လင်းဖန် ဒီဟာ သူနဲ့ ဘာမှ မဆိုင်မှန်းသိလိုက်သည်။သူ ဟန်လု နဲ့ တိုက်ခိုက်ဖို့ မဆိုထားနဲ့ ၊ ဟန်လုကိုတောင် အပြင်မှာ တစ်ခါမှ မမြင်ဖူးပါဘူး။

ဒါ နားလည်မူ လွဲနေတာပဲ ၊ ဟုတ်တယ် နားလည်မူလွဲနေတာပဲ ဖြစ်မယ်......

ယင်းနောက် သူ ခေါင်းစဥ်ကို ပြန်မကြည့်တော့ပဲ ဗီဒီယို ကိုထောက်ကာ ဖွင့်လိုက်သည်။

ဒါဟာ ပြန်ပြင်ထားတဲ့ ဗီဒီယို ဖြစ်ပြီး ဗီဒီယို အစပိုင်းမှာ ဘာမှကြည့်စရာ သိပ်မရှိပေ။ခနအကြာမှ လူနှစ်ယောက်စတင် တိုက်ခိုက်ကြပြီး သုံးစက္ကန့် အကြာမှာပဲ တစ်ယောက်ဟာ မြေကြီးပေါ် မှောက်သွားခဲ့သည်။ဒီအထိ ဘာမှ ပြသနာ မရှိပါဘူး။

ဒီတစ်နှစ်ယောက်ထဲမှ တစ်ယောက်မှ သူမဟုတ်ပေ။ရုတိတရက် မြင်ကွင်းဟာ အပြင်ဘက်ကို ရောက်သွားခဲ့ပါတယ်။

အဲ့အချိန်မှာ လင်းဖန် ပါးစပ်ကြီးဟပြီး စခရင်ကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့သည်။

ဘယ်လို ဖြစ်နိုင်မှာလဲ...?

ဗီဒီယို ထဲမှာ လင်းဖန် သန်မာတဲ့ လူကြီးတစ်ယောက် ပြေးလာတဲ့ လမ်းကြောင်းမှာ ရပ်နေတာ တွေ့လိုက်ရပါတယ်။

မြင်ကွင်းဟာ ရှင်းလင်းပြီး အလွန်း ရင်းနှီး နေခဲ့သည်။

ဒါမနေ့က ငါဖုန်းဝယ်ပြီး ပြန်လာတုန်းက မဟုတ်ဘူးလား...??

လူအိုကြီး တစ်ယောက် လိုက်ပြီး ရိုက်နှက်ခံရတာလေ....

အမှန်တရား ကို မြတ်နိုးတဲ့ သူ့လို လူတစ်ယောက် အတွက် ဘေးမှာ ရပ်ကြည့်မနေနိုင်ပါဘူး။ဒါကြောင့် ချက်ချင်းပဲ တိုက်ခိုက် ခဲ့လိုက်ပါတယ်။အဆုံးမှာ သနိမာတဲ့ လူရဲ့အဖွဲ့တွေ ရောက်လာတော့ သူ့မှာ ရွေးချယ်စရာ မရှိပဲ ထွက်ပြေးခဲ့ရသည်။

ဗီဒီယို နဲ့ ခေါင်းစည်းပိုင်းဟာ သူ့ရဲ့ လင်းဖန် ကို အတော် အံ့သြစေခဲ့သည်။

ဘယ်လို ဖြစ်နိုင်မှာလဲ...?

အတော်ဆုံး MMA တိုက်ခိုက်ရေး သမားက ဒီလိုအကွက်အနည်းငယ် တိုက်ခိုက်ရုံနဲ့ မှောက်မသွားသင့်ပါဘူး။

သူအောက်က မှတ်ချက်များကို ဖတိကြည့်လိုက်သည်။

"စောက်ရမ်း မိုက်တယ်"

"တကယ့်ကို မာစတာပဲ ၊ ကျေးဇူးပြုပြီး ကိူယ်ထင်ပြပေးပါ"

"မြန်မြန်ထွက်လာပေးပါ မာစတာ၊ ဟန်လူက မာစတာ နဲ့ မျှမျှတတ တိုက်ခိုက်ချင်နေတယ်"

"ဒီမာစတာ ရဲ့ သရုပ်မှန်ကို သိတဲ့လူ ဘယ်သူပဲ ဖြစ်ဖြစ် ငါဒေါ်လာ တစ်ရာ ပေးမယ်ကွာ"

လင်းဖန် သူ့ ဝိုက်ဘို မှ သတင်းအသစ်တွေကို ထပ်ပြီး ဖတ်ရူလိုက်တဲ့ အချိန်မှာ နှလုံးခုန် မြန်လာခဲ့ပါတယ်။

ဟန်လု:::

"မျှမျှ တတ ယှဥ်ပြိုင် တိုက်ခိုက်မယ် လို့ မျှော်လင့်ပါတယ်"

တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်း :::

"ဒီ ထူးဆန်းတဲ့ လူငယ်လေး ငါတို့ကို ဆက်သွယ်လာမယ်လို့ မျှော်လင့်ပါတယ်"

ဒီသတင်းတွေကို ကြည့်ပြီးတဲ့ အချိန်မှာ လင်းဖန် သူ့ဝိုက်ဘိုကို ပိတိလိုက်သည်။ဒီအခြေအနေက သူမမျှော် လင့်ထားတဲ့ အရာပါ။

စိတ်ငြိမ်ရမယ် ...ငါစိတ်အေးအေးမှရမယ် ..

အခုချိန်မှာ ဝမ်မင်ယန် နဲ့ သစ်ပင်ကြီးပဲ ဘယ်သူမှ သူ့အကြောင်းကို မသိကြသေးပေ။

....

လင်းဖန် စိတ်လှုပ်ရှားမူတွေ ပျောက်သွားတဲ့ အချိန်ကျမှ သူ့ဝိုက်ဘို ဆော့ဝဲကို ပြန်ဖွင့်လိုက်ပါတယ်။သူ့ ဝိုက်ဘို ဆော့ဝဲ တိတ်ဆိတ်နေပြီး ၊ ဘာမှ ဝင်မရှုပိသ၍ သူအန္တရာယ် ကင်းပါတယ်။

သို့ပေမယ့် သူ့ ဝိုက်ဘို အကောင့် အခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာ သူအမှန်တရားကို ဖုနး်ကွယ်လို့ မရမှန်းသိလိုကိသည်။

"မာစတာ လင်း စောက်ရမ်း မိုက်တယ်ဗျာ"

"ဘုရားရေ အမေးဇင်း ပဲ၊ မာစတာ လင်းက ကိုယ်ခံပညာလည်း ကျွမ်းကျင်တာပဲနော်"

"စောက်ရမ်း လှပတယ် ၊ မာစတာ လင်းက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ။ဟန်လု လိုကောင်တောင် မာစတာ လင်း ရိုက်တာခံရတယ်"

"ဒီ သတင်းထောက်တွေရူးနေလား ၊ ဒါမာစတာ လင်းမှန်း ကလေးတောင် သိတယ်၊သူတို့ ဘယ်သူ့ကို ထပ်ရှာနေတာလဲ? တစ်ယောက်ယောက် သွားပြောလိုက်စမ်းပါ"

"ငါပြောပြီးပြီ သူတို့ ငါကို မယုံကြည်ဘူး"

"မာစတာ လင်းက ဗေဒင်ဆရာလေ ၊ သူက ကိုယ်ခံပညာ ကျွမ်းတယ်ဆိုတော့ ဘယ်သူက ယုံမှာလဲဟ"

"ငါ့မှာ မာစတာ လင်းရဲ့ ဓာတ်ပုံရှိတယ် ၊ တစ်ပုံလောက် ပို့လိုက်ဦးမယ်"

"မာစတာ က စောက်ရမ်းကြမ်းတယ်နော် ပန်ကိတ်တွေက လည်း စောက်ရမ်းကောင်း၊ ဗေဒင်တွက်တာလည်း တိကျ ၊ ကိုယ်ခံပညာမှာပါ ဆရာကျနေပြန်ပြီ။ မဖြစ်နိုင်တာ"

အဲ့အချိန်မှာပဲ အားလုံးကို ဆန့်ကျင်မယ့် လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ဒါဟာ ဆောင်းဦးဓားက လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး။

"ယီးကို ကိုယ်ပညာရှင်ပါလား..?"

"သြော် တကယ်ကြီးပေါ့ .. ဒီလူလိမ်က ကိုယ်ခံပညာရှင်..? ဟန်လုကို မင်းတို့ ဘယ်သူထင်လို့လဲ။ ဟိုက မင်းတို့ကို တန်းစီပြီး ပါးရိုက်သွားလို့ရတယ်"

"ဒီ စစ်ပွဲမီးတောက် အင်ပါယာက ဘာဖြစ်နေတျလဲ? ဒီလူက ဒီရက်ပိုင်း ပိုပို ဆိုးလာတယ်နော်"

"သူတော်တော် ခံစားနေရတာ ဖြစ်လောက်တယ်။သူ့မိန်းမက သူ့ကို လိမ်သွားလို့လား မသိဘူး"

ဆောင်းဦးဓား

"မင်းအမေကို သွားလိမ်လိုက်ပါလား? ငါနဲ့ လာမရှုပ်နဲ့ မင်းတိုက်ခိုက်ချင်ရင် တိုက်ခိုက်လို့ရတယ်။ငါ ဆောင်းဦးဓားက ဘယ်သူ့ကိုမှ မကြောက်ဘူး"

"ဟာသပဲ ဆောင်းဦးဓားကြီး ရူးသွားပြီဟေ့"

"ဆောင်းဦးဓား သာရူးသွားရင် မာစတာ လင်းရဲ့ ဝိုက်ဘိုကို အမြဲတမ်း ပြသနာ လာရှာလိမ့်မယ်။စိတ်ဝင်စားစရာပဲ"

လင်းဖန်ရဲ့ ဂျင်းထည့်တာကို ခံရပြီးကတည်းက ဆောင်းဦးဓားဟာ ဆေးရုံက ဆင်းပြေးလာခဲ့တာပါ။သူဟာ ဆေးရုံမှာ အရှက်မရှိ ထပ်မနေချင်ပေ။

သူပြန်လာကတည်းက ဆုံးဖြတ်လိုက်တဲ့ အရာက လင်းဖန်နဲ့ အသေအကြေတိုက်ခိုက်ဖို့ပါ။

အရင်တုန်းက ဆောင်းဦးဓားဟာ ကိုယ့်ကို ကို ထိန်းချုပ်ထားခဲ့ပါသေးတယ်။အခုတော့ ဆောင်းဦးဓားဟာ ဘယ်လို အကြောင်းကိစ္စမဆို အကုန်ပတ်ရမ်း နေခဲ့သည်။

........

လင်းဖန် အတွက်ကတော့ သူဝိုက်ဘို အကောင့်မှာ အကုန်ပေါက်ကြားနေခဲ့ပြီးပါပြီ။နောက် အချိန်အနည်း အကြာမှာ ဗီဒီယို ထဲက လူထူးဆန်းက သူဆိုတာကို သိသွားကြမှာပါ။

ဒီလိုဖြစ်သွား ရင် ငါဘာလုပ်ရမလဲ?ငါဟန်လု နဲ့ တကယ် တိုက်ခိုက်ရမှာလား...

သူ့မှာ တကယ်ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ မရှိသေးပါဘူး။ဟန်လု နဲ့ မျက်နှာချင်းဆိုင် တွေ့ရင် သူရိုက်ချနိုင်ဖို့ မသေချာပေ။

သူတတိယ မစ်ရှင် ပြီးမြောက်ဖို့ကို အလျင်မလိုပါဘူး။သူသာ အချိန်ယူလိုက်ရင် အေးအေးဆေးဆေး ပြည့်သွားမှာပါ။

သို့သော်လည်း သူ့အခြေအနေဟာ အကူညီမဲ့နေခဲ့သည်။လောလောဆယ် သူက ​ချောက်ကမ်းပါး အစွန်းမှာပါ။

"ဘာဖြစ်လို့လဲ ? မင်းမျက်နှာကြီးကလည်း"

လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ စိတ်ဓာတ်ကျနေတဲ့ မျက်နှာကို မြင်ပြီး မေးလိုက်သည်။

"ခင်ဗျား မသိပါဘူး တစ်ခုခု အရေးကြီးတာ ဖြစ်သွားတယ်"

လင်းဖန် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဟားဟား ဘယ်လို ကိစ္စမျိုးဖြစ်လို့လဲ ?"

လင်းဖန် ပြန်မဖြေပဲ ကြည့်လိုက်သည်။

အဖြစ်အပျက်က တကယ်ကို ထိလွယ် ရှလွယ် အခြေအနေပါ။

All Chapters