← Chapters

ငါတို့ တံခါးရှေ့ကို ရောက်နေပြန်ပြီဟ

Vol. 7 Ch. 91

ငါတို့ တံခါးရှေ့ကို ရောက်နေပြန်ပြီဟ

Vol. 7 Ch. 91

စားသောက်ဆိုင်တစ်ခုတွင်။

"ချီးယား"

ဝုရွှန်းယွဲ့ဟာ ကြည့်ရတာ လုံးဝ စိတ်မကောင်းတဲ့ ပုံစံဖြစ်မနေခဲ့ပါဘူး။တကယ်လို့ တစ်ခြားလူတွေသာ သူမနေရာမှာ ဆိုရင် စိတ်ဆိုး ဒေါသထွက်နေကြလောက်ပါပြီ။

သို့ပေမဲ့ ဝုရွှန်းယွဲ့ ဟာ ပြိုင်ပွဲကိစ္စ ဘာမှမရှိတဲ့ အတိုင်း ရယ်မောပြီး စကားပြောဆိုနေခဲ့ပါတယ်။

လင်းဖန်လည်း ရယ်မောလိုက်သည်။

"ချီးယား"

"အသံသစ်အစီစဥ်" ကတော့ ပြိုင်ပွဲ ၂၄ ယောက်မှာ ၁၂ ယောက်ရွေးချယ်ရမယ့် အဆင့်မှာ ခနရပ်တန့်ထား ရပါတယ်။

ပြိုင်ပွဲကို ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွင့်ဖို့ ဆို လုံလောက်တဲ့ တွန်းအားရှိဖို့လိုပါတယ်။သို့ပေမယ့် " အသံသစ်" အစီအစဥ် ဟာ ပြိုင်ပွဲကို ဒီအဆင့်မှာစပြီး တိုက်ရိုက်ထုတ်လွင့်ဖို့ ဆုံးဖြတ်ချက်ချခဲ့ ခြင်းဖြစ်သည်။

မတော်တဆ အကြောင်းအရာ တစ်ခုဖြစ်ပေါ်လာတဲ့ အတွက် ပြိုင်ပွဲကို တဝက်တစ်ပျက်နဲ့ပဲ ရပ်နားထား ခဲ့ရပြီး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာတော့ တိတိကျကျ ဘယ်သူမှ မသိပေ။

သတ္တိရှိတဲ့ စီစဥ်သူတွေပဲ ဒီလို အဆင့်မှာ တိုက်ရိုက် ထုတ်လွင့်ရဲကြတာပါ။တစ်ချို့ပြိုင်ပွဲတွေဟာ ဖိုင်နယ် ပွဲကြမှ တိုက်ရိုက် ထုတ်လွင့်တာများသည်။

အသံသစ် အစီအစဥ် က မျှတပြီး ၊ ဘက်မလိုက်ဖူး လို့ နာမည်ကြီးပါသည်။ဒါကြောင့်သူတို့ဟာ ဒီလို အဆင့်မှာတင် တိုက်ရိုက် ထုတ်လွင့်ပြီး ကြည့်ရူသူတွေ ပိူမိုများပြား လာအောင် ဆောင် ရွက်လိုခဲ့ခြင်းဖြစ်သည်။

ပွဲစီစဥ်သူတွေဟာ စပွန်ဆာ တစ်ခုမှ မယူထားသလို ပြိုင်ပွဲဝင်တွေကို လည်း သူတို့ရဲ့ မိသားစုနောက်ခံ အကြောင်းကို ထုတ်ပြောဖို့ တားမြစ်ထားပါတယိ။

ဒီပြိုင်ပွဲက ဘယ်သူ နောက်ခံအင်အား တောင့်တင်းလဲ ပြိုင်ကြတဲ့ ပြိုင်ပွဲ မဟုတ်ပဲ ဘယ်သူ အသံပိုကောင်းလဲ ဆိုတာ ပြိုင်တဲ့ ပြိုင်ပွဲပါ။

လင်းဖန် ပွဲစီစဥ်သူတွေ ဒီအဖြစ်အပျက်ကို ဘယ်လို ဆက်ပြီး ညှိမလည်း ဆိုတာကို သူမသိပါဘူး။မစ္စတာ ချီမင်ကတော့ သူ့ရဲ့ သဘောထားကို ရှင်းရှငိး လင်းလင်း ဖော်ပြပြီးသွားပါပြီ။သူက ယန်ဂျင်ရဲ့ အပြုအမူ တွေကို သဘောမတူတာ ထင်ရှားပါတယ်။

တကယ်လို့ ၂၄ ယောက်မှာ ၁၃ ယောက်သာ နောက်တစ်ဆင့် တက်သွားမယ် ဆိုရင် အနာဂတ်မှာ ပြသနာ ဖြစ်သွားနိုင်သည်။ဒါကြောင့် နောက်ဆုံးမှာ ဝုရွှန်းယွဲ့နဲ့ ဝမ်ယုချန်ကို နောက်သုံးရက် နေရင် ပြန်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါက ဝုရွှန်းယွဲ့အတွကိ နစ်နာပေမယ့် လညိး သူတို့မှာ ရွေးချယ်စရာ မရှိပေ။ယန်ဂျင်က အမှတ်ပေးပြီး သားဖြစ်သည့် အတွက် ပွဲစီစဥ်သူတွေဟာ သူမကို လေးစားဖို့ လိုအပ်ပါတယ်။

နောက်ထပ်တစ်နည်းကတော့ နှစ်ယောက်စလုံးကို နောက်တစ်ဆင့်ကို တင်ပေးလိုက်ဖို့ပါ။သို့ပေမဲ့ အဲလိုလုပ်လိုက်ရင် တစ်ခြားပြိုင်ပွဲဝင်တွေ အပေါ် မမျှတသလို ဖြစ်သွားပါလိမ့်မယ်။

လင်းဖန် ခွက်ကို ချပြီးနောက်တွင် ပြောလိုက်သည်။

"ကြည့်ရတာတော့ မင်းက ဒေါသထွက်နေပုံမရဘူးပဲ။ငါကတောင် မင်းထက် ပိုပြီး ဒေါသထွက်နေသေးတယ်"

ဝုရွှန်းယွဲ့ ဟာ သူမရဲ့ နှုတ်ခမ်းကို သတ်လိုက်ပြီး ပြုံးလိုက်ပါတယ်။

"ဖြစ်ပြီးတဲ့ အရာတွေက ဖြစ်ပြီးသွားပြီလေ။နောက်တစ်ကြိမ် ထပ်ပြောနေလို့လဲ မပျော်မရွသ်ပဲ ဖြစ်လိမ့်မယ်။နောက်တစ်ကြိမ် ထပ်ပြိုင်ရမယ် ဆိုရင် တောင် ဒါရှုံးမယ် လို့ဆိုလိုတာ မှမဟုတ်တာ"

"ဒါအမှန်ပဲ"

လင်းဖန် ရယ်မောလိုက်သည်။

"ဒါပေမဲ့ ယန်ဂျင်က ဝမ်ယုချန်ရဲ့ ဘက်မှာ ရှိတယ်ဆိုတာ ထင်ရှားတယ်။တကယ်လို့ နောက်သုံးရက်မှာသာ ဝမ်ယုချန် ကိုယ့်ပိုင်သီချင်းဆိုပြီး အမှားမလုပ်ဘူး ဆိုရင် ပြသနာ ရှိနိုင်တယ်"

ဝုရွှန်းယွဲ့ မျက်လုံးများဟာ ပြူးကျယ်သွားခဲ့သညိ။

သူမကြည့်ရတာ စိတ်ပူသွားပုံပေါ်ပါတယ်။ယင်းနောက်တွင် သူမဟာ ရယ်မောပြီး ထပ်ပြောလိုကိသည်။

"အခုက အထူးအချိန်လေ၊ အဲ့အကြောင်းအပြောပဲနေရအောင် ချီးယား"

"မိန်းကလေး အတွက်"

လင်းဖန် တစ်ခါတည်း အကုန်မော့သောက်လိုက်ပါတယ်။ဒီ ဘီယာ ဟာအတော် ကောင်းမွန်လှသည်။

သုံးခါလောက် သောက်ပြီးသည့် နောက်တွင် တစ်ယောက်ကို တစ်ပုလင်းစီ ခန့်ကုန်သွားခဲ့သည်။လင်းဖန် ဘာမှ သိပ်မဖြစ်ပေမဲ့လည်း ဝုရွှန်းယွဲ့ကတော့ ရီဝေနေခဲ့ပါပြီ။

ပုံမှန်အားဖြင့် ဖြူဖွေးနေတဲ့ သူမရဲ့ မျက်နှာလေးဟာ နီမြန်းနေခဲ့ပြီး ချစ်စရာ ကောင်းနေခဲ့သည်။

"ဘေလ် ရှင်းလိုက်မယ်"

ဝုရွှန်းယွဲ့ဟာ မတ်တတ်ရပ်ကာ ယိုင်ထိုးပြီး လျောက်သွားလိုက်သည်။

လင်းဖန် အမြန်သွားလိုက်ပြီး သူမလဲကျမလို ဖြစ်နေတာကို လှမ်းထိန်းလိုက်ပါတယ်။သူ့လက်မောင်းဟာတော့ သူမရင်သား များဖြင့်အနည်းငယ် ထိနေခဲ့သည်။သူရဲ့ လက်မှာတော့ နူးညံ့မူကို ခံစားနေရပါတယ်။

"တစ်ပုလင်းသောက်ပြီး ဘယ်လိုတွေတောငိ ဖြစ်နေတာလဲ ..ငါပဲ ဘေလ်ရှင်းလိုက်မယ်"

လင်းဖန်ဟာ ဝုရွှန်းယွဲ့ကို တွဲထားရင်း ပိုက်ဆံအိတ်ထဲမှ ကတ်ကို ထုတ်ကာ ဘေလ်ရှင်းလိုက်ပါတယ်။

လင်းဖန် သူမအိမ်ကို မောင်းပို့လိုက်ပြီး သူမအခန်းဆီ တွဲကာ လိုက်ပို့လိုက်သည်။သူ သူမအိမ်ထဲမှာ အကြာကြီးမနေခဲ့ပေ။သူမ အိမ်ကို လုံခြုံစွာ ပို့ပြီးတာနဲ့ ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။

.....

နောက်တစ်ရက်တွင်။

အင်တာနက်ပေါ်မှာ စိတ်လှုပ်ရှားစရာ သတင်းတွေနဲ့ ဖုံးလွမ်းနေခဲ့ပါတယ်။

အသံသစ် အစီစဥ်ကို တစ်နိုင်ငံလုံးနီးပါးက ကြည့်ကြတာဖြစ်ပြီး ကြည့်ရူမှုနှုန်းဟာ အလွန်မြင့်မားလှပေသည်။

အထူးသဖြင့် မနေ့ညက ဖြစ်သွားတဲ့ အကြောင်းအရာကြောင့် လူများစွာဟာ ဒီအစီစဥ်ကို အာရုံစိုက်မိနေကြသည်။

သတင်းများ....

"ပထမဆုံး အစောပိုင်းအဆင့် တိုက်ရိုက်ထုတ်လွင့်သည့် ရှိုးအဖြစ် ပြည်သူများ၏ ချီးမြောက်မူကို ရရှိ"

"စင်ပေါ်တွင် ၂၄ ယောက်မှ ၁၂ ရွေးချယ်ရာ၌ ပထမဆုံးအကြိမ် သရေပွဲ ဖြစ်လာ"

"ဒိုင် ချီမင်ဟာ မိုက်ခရိုဖုန်းကို စိတ်ပျက်စွာ လွင့်ပစ်ခဲ့ပြီး ၊ ယန်ဂျင်ကို မတရား ဆုံးဖြတ်မူအတွက် အပြစ်တင်"

"ဝမ်ယုချန်ဟာ ယန်ဂျင်၏ နောက်ခံဖြင့် မျှော်လင့်ချက်တက်လာ"

"ဝုရွှန်းယွဲ့ရဲ့ အသံစွမ်းရည်ဟာ ၊ အမှားများဖြင့် ပြည့်နေသည့် သီချင်းတစ်ပုဒ်၏ ရိုက်နှက်မူကို ခံရ"

"ဒိုင်ချီမင်မှ ဝိုက်ဘိုတွင်ပြောကြားမူ "ဒီလိုလူမျိူးက ဒိုင်လုပ်ဖို့ အထိုက်တန်ဘူး"

.....

ပြည်သူများဟာ လည်း စိတ်ခံစားချက်ကို မထိန်ူချုပ်နိုင်ကြပေ။

လူအများစုက ဝမ်ယုချန်နဲ့ ဝုရွှန်းယွဲ့ကို မသိကြပါဘူး။ဒါပေမဲ့ ယန်ဂျင် ဘယ်သူလဲ ဆိုတာ အကုန်လုံး သိကြပါတယ်။ယန်ဂျင် ကို မကြိုက်ကြတဲ့ လူများအတွက်ကတော့ သူမဘာလုပ်လုပ် အဆိုးဖြစ်ပြီး အခုချိန်က တိုက်ခိုက်ဖို့အကောင်းဆုံး အချိန်ပါပဲ။

"ယန်ဂျင် က စောက်ချိုးကို မပြေဘူး"

"တိုက်ရိုက် ထုတိလွင့်မူကိုကြည့်ရင်း ဒေါသတွေတောင် ထွက်တယ်။ဒါက ဘက်လို့က်တာ အသိအသာကြီး။ကြည့်ရူနေတဲ့ ပရိတ်သတ်တွေတောင် သိတာကွာ ယန်ဂျင် မသိဘူးဆို မဖြစ်နိုင်ဘူး"

"ငါသာ ဒိုင် ချီမင် ဆိုရင် သူမကို နှစ်ချက်လောက် စောက်ကန်ပြီးနေပြီ။သူမက ဂီတလောက မှာ နည်းနည်းအောင်မြင်တာနဲ့ လူတွေ အကုန်လုံးကို စောက်ရူးလုပ်လို့ ရမယ်ထင်နေတာ"

"ချီးပဲ သူမက ပိုပိုပြီး စောက်ချိုးမပြေဖြစ်လာတယ်နော်။ငါအရင်တုန်းက သူမအခွေတွေ ဝယ်ပြီး အားပေးခဲ့တယ်။အခုအောင်မြင်သွားတော့ သူမက စောက်ရှက်ပါ မရှိတော့ဘူး"

"ပွဲစီစဥ်သူတွေ လည်း ရူးချင်နေလောက်ပြီ၊ တကယ်လို့ ဒိုင် ချီမင် သာရှိမနေရင် ငါဆက်ကြည့်တော့မှာ မဟုတ်ဘူး။ဘယ်လို ဖြစ်လို့ သူတို့က ယန်ဂျင် စောက်ကြောတင်းတဲ့ ဒိုင်ကို ခန့်ထားလဲ မသိဘူး"

ဒိုင် ချီမင်၏ ဝိုက်ဘိုတွင်။

"တစ်ခါတုန်းက ကျောင်းသားနှစ်ယောက်ဟာ အတန်းထဲမှာ ဘယ်သူစာအတော်ဆုံးလဲ ဆိုတာရွေးချယ်ဖို့စာမေးပွဲ ဖြေကြရတယ်။ကျောင်းသားနှစ်ယောက်ထဲက ဟောင်ရီဆိုတဲ့ တစ်ယောက်က အတန်းပိုင် ဆရာမနဲ့ ရင်းနှီးတယ်လေ။တစ်ခြားကျောင်းသားကတော့ ပုံမှန်ကြိုးစားတဲ့ ကျောင်းသားလေးပေါ့။ရလာဒ်ထွက်လာတော့ ဟောင်ရီဟာ အမှားလုပ်ထားပြီး အမှတ်လျော့သွားတဲ့အချိန်မှာ တစ်ခြားကျောင်းသားကတော့ အပြစ်ကင်းနေတာပေါ့။နောက်ကျောင်းသားဟာ အခန်းထဲမှာ စာအတော်ဆုံး ကျောင်းသား ဖြစ်လာသင့်တာ။ဒါပေမဲ့ ဆရာမက ဟောင်ရီရဲ့ လက်ရေးက ပိုလှနေတယ် ဆိုပြီး အမှတ်တွေ ပိုပေးလိုက်တယ်လေ။ခင်ဗျားတို့ရော ဒီလိုလူကို ဆရာမလို့ ခေါ်သင့်တယ် ထင်လား? မျှတမူနဲ့ ကိုယ်ကျင့်တရားတွေ ဒီကမ္ဘာကြီး ထဲမှာ ဘယ်ရောက်ကုန်တာလဲ"

ပြည်သူတွေဟာ ချက်ချင်းပဲ မှတ်ချက်တွေများစွာ ရေးလိုက်ကြသည်။

"ငါကတော့ မစ္စတာ ချီမင်ကို ထောက်ခံတာ၊ဒီလို ဆရာမမျိုးကို အရှက်မရှိတဲ့ ဆရာမအဖြစ်သတ်မှတ်ရမယ်"

"ချီမင်က တစ်စုံတစ်ယောက်ကို ရည်ရွယ်နေတာပဲ။ဝမ်ယုချန်နဲ့ ယန်ဂျင်က တကယ်ရင်းနှီးတာလားဟေ့"

"ပုံမှန်လူတောင် ဝုရွှန်းယွဲ့ နောက်တစ်ဆင့်တက်သင့်တယ် ဆိုတာ မြင်နိုင်တယ်။ဒီ ယန်ဂျင်က မျက်လုံးကန်း နေလို့လား"

"ငါကတော့ မစ္စတာ ချီရဲ့ ဘက်မလိုက်ပဲ မျှတမူကို သဘောကျတယ်။သူပါတဲ့ ရှိုးပွဲတိုင်း ငါကြည့်မှာပဲ"

.....

ယန်ဂျင်၏ ဝိုက်ဘိုတွင်။

သူမဟာ အမှန်တကယ်တော့ ပို့စ်မမတင်ချင်ပါဘူး။သို့ပေမယ့် အခြေအနေက ဒီလောက်ထိ ဆိုးရွားသွား လိမ့်မယ်လို့ မထင်ထားခဲ့ပေ။သူမ အတော် ဒေါသထွင်ပြီး ချီမင်ကိုတောငိ မုန်းတီး မိပါတယိ။

နောက်ဆုံမှာ သူမ ပို့စ်တင်ဖို့ ဆုံးဖြတိလိုက်သည်။သူမလုပ်ခဲ့တဲ့ အရာတွေနဲ့ ဘာကြောင့် အမှတ်ပေးရတာလဲ ဆိုတာပို့စ်တစ်ခုတင်ပြီး ရှင်းပြလိုက်ပါတယ်။

သို့ပေမဲ့ လူတိုင်းဟာ ဘာအကြောင်းပြချက်မှလက်မခံပေ။အကုန်လုံးက သူ့မကိုပဲ အပြစ်ဝိုင်းတင်နေကြပါတယိ။

"စောက်ချိုးမပြေတဲ့ မြေခွေးမ၊ နင့်ကိုနင် ဟုတ်လှပြီ ထင်နေတာလား။အကုန်လုံးကို နင့်စိတ်တိုင်းကျ ခြယ်လှယ်ချင်နေတာပေါ့"

"ခွေးချီး သာ သွားစားနေလိုက် မသာမ"

"နင့်အောက််ခံ ဘောင်းဘီမှာ ခွေးချီးများ ပေနေတာလား၊ ဒါကို စူပါစတားလို့ ခေါ်တယ်ပေါ့"

"နင့်ရဲ့ မကောင်းတဲ့ အနံ့တွေကို ဖုန်းထဲကတောင်ရနေတယ်"

"ညစ်ပတ်တဲ့ ခွေးမ"

"နင်အရင်တုန်းက လူတွေကို လိမ်ခဲ့သလို အခုလာလိမ်ချင်တာလား။ငါတို့ကို ကန်းနေတယ်ထင်နေတာလား"

"နတ်ဆိုးမ ဒီကမ္ဘာကြီးမှာ ရှိမနေသင့်ဘူး"

ယန်ဂျင်ဟာ မှတ်ချက်တွေကို ကြည့်ပြီူ အတော်ဒေါသထွင်နေခဲ့ပါတယ်။သူမသူတို့ကို ပြန်ပြောချင်ပေမယ့်လည်း ပြန်ပြောလို့မရပေ။

......

တိမ်ဖြူလမ်း။

လင်းဖန်ဟာ စာရွက်တစ်ခုနဲ့ ဘောပင်တစ်ခုကို ရှေ့မှာချထားပြီး အတွေးနက်နေခဲ့ပါတယ်။

လူလိမ် ထျန်ကတော့ လင်းဖန်ဘာတွေ လုပ်နေတာလဲ စဥ်းစားနေခဲ့သညိ။

လင်းဖန်က သူ့ရဲ့စွယ်စုံကျမ်း ကိုစစ်ဆေးနေခဲ့တာပါ။

သူဟာ တစ်ခုခုကို ရှာဖွေနေခဲ့သည်။

ဖျော်ဖြေမူ အခန်း , သီချင်း အခန်း , သီးချင်းဆို အခန်း။

သီချင်း အခန်းက ရွေးချယ်စရာတွေများပြီး လိုတာထက်တောင် ပိုနေခဲ့ပါတယ်။သူအကုန်လုံးကို လိုက်ပြီး မဖတ်နိုင်ပါဘူး။

သူခေါင်းစဥ်တွေ အကုန်လုံးကို သေချာလိုက်စစ်ဆေးကြည့်နေခဲ့သည်။

ခံစားချက် သီချင်းများ။

ခံစားချက် အသံများ။

အဲ့အချိန်မှာပဲ သီချင်းအမျိုးအစား တွေဟာ ပိုပိုပြီး ကျဥ်းမြောင်းလာခဲ့ပါတယ်။လင်းဖန် ဒီသီချင်းတွေကို မရင်းနှီးသလို သိလည်း မသိပါဘူး။

သို့ပေမယ့် သူ စွယ်စုံကျမ်းကို ယုံကြည်ပါတယ်။စွယ်စုံကျမ်းထဲမှာ အမှိုက်တစ်ခုမှ မပါပါဘူး။

လင်းဖန် သီချင်းတစ်ပုဒ်ရွေးကြည့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ လူလိမ် ထျန်၏ အသံကို ကြားလိုကိရသည်။

"ကောင်လေး အခြေနေမကောင်းဘူး၊ သတင်းထောက်တွေ ရောက်လာကြပြန်ပြီ"

လင်းဖန် ကြောင်အသွားပြီး အပြင်ကို ကြည့်လိုက်ပါတယ်။

"ချီးပဲ သူတို့က ဒီတစ်ခါ ဘာလိုချင်ပြန်ပြီတုန်း?"

All Chapters