မာစတာ လင်း ဒေါသထွက်လာပြီ
Vol. 7 Ch. 92
ဘေးပတ်ပတ်လည်က ဆိုင်များဟာလည်း စုဝေးလာခဲ့သည်။
"ဘာဖြစ်ကြလို့တုန်း? မာစတာ လင်း ဆိုင်စဖွင့်တည်းက ငါတို့တိမ်ဖြူလမ်း ကစည်ကားလာခဲ့တာ"
"မင်းတကယ် ဘာမှမသိဘူးလား? မာစတာ လင်းက ဟန်လုကို ရိုက်နှက်ခဲ့တဲ့ ထူးဆန်းတဲ့ လူငယ်လေးလေ"
"ဟန်လု က ဘယ်သူလဲ?"
"ချီးပဲ ငါမင်းနဲ့ ထပ်မပြောတော့ဘူး။သွားကြည့်လိုက်ဦးမယ် ငါလည်း TV ထဲမှာ ပါရင်ပါလာမှာ"
"ငါလည်းလိုက်မယ်လေ ခနစောင့်ဦး"
မာစတာ လင်းဆိုင်ဖွင့်ကတည်းက တိမ်ဖြူလမ်းက အရင်ကလို ခြောက်ကပ်မနေတော့ပဲ ပျော်ပျော်ပါးပါးနဲ့ စည်ကားလာခဲ့ပါတယ်။
အရင်တုန်းက သူတို့ရဲ့ စီးပွားရေးဟာ နောက်လမ်းတစ်ခုက ကြီးမားတဲ့ စတိုးဆိုင်ကြောင့် မစည်ကားခဲ့ပါဘူး။အခုတော့ လူအများကြီးဟာ တိမ်ဖြူလမ်းကိုပဲ ရောက်လာခဲ့ကြပြီး မာစတာ လင်းကို လာရှာကြပါတယ်။
တစ်ချို့တွေက ဗေဒင်ဟောကြရင်း စျေးပါတစ်ခါတည်းဝယ်ကြပါတယ်။
တစ်ချို့ကြပြန်တော့လည်း ပန်ကိတ်ဝယ် ရင်း စျေးဝယ်လာကြပြန်ပါတယ်။ဒါကြောင့် မာစတာ လင်းကို အမှီပြုပြီး သူတို့ကိုပါ အကျိုးရှိစေတယ် ဆိုလည်း မမှားပေ။
သတင်းထောက်များဟာ မိုက်ကရိုဖုန်းများကို လက်ကကိုင်ထားကြပြီး တစ်ဖက်မှာလည်း ကင်မရာ မန်းများဟာ ပုခုံးတွေပေါ်မှာ ကင်မရာ တွေကို ထမ်းထားကြပြီး ပျားတွေလို အလုပ်ရှုပ်နေခဲ့ကြပါတယ်။
သူတို့ နောက်ဆုံးတော့ ရောက်လာကြပါပြီ။အရင်တုန်းက လူတိုင်းနီပါးဟာ ထူးဆန်းတဲ့ လူငယ်လေးဟာ မာစတာ လင်း မှန်းသိကြပေမဲ့ သတင်းထောက်တွေ ကတော့မသိကြပါဘူး။
ထပ်ပြောရရင် ပြည်သူတွေ သတင်းပေးရင် တောင်မှ သတင်းထောက်များဟာ မယုံကြည်ခဲ့ကြပေ။နောက်ဆုံး သူတို့ သေချာစုံစမ်းပြီးတဲ့ အချိန်ကြမှ ဒီလူတွေ မှန်တယ် ဆိုတာ နားလည် ခဲ့ကြပါတယ်။
တံခါးဝ နားမှာ လူတွေ ပြည့်နေခဲ့သည်။
သတင်းထောက်တွေတင် လူပင်လယ်လို ဖြစ်နေခဲ့ပါတယ်။
ဒီသတင်းထောက်တွေဟာ ဆေးစွဲနေကြသလိုပါပဲ။သို့ဟာ လင်းဖန်ရဲ့ ဆိုင်ကို လူအပြည့် ဝန်းရံထားခဲ့ကြပြီး အသက်ရူဖို့ နေရာလေး တစ်နေရာတောင် မချန်တော့ပါဘူး။
လင်းဖန် ဒေါသထွက်သွားခဲ့သညိ။
လူလိမ် ထျန်ဟာလည်း လုံးဝ အံ့သြနေခဲ့ပါတယ်။
"ခနလေး ခနလေး မင်းတို့ ဘာလုပ်နေကြတာလဲ?"
လင်းဖန် စားပွဲပေါ်ကို အမြန်တက်လိုက်ပြီး ပြောလိုက်ပါတယ်။သူမှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ဒီလူတွေက ဆိုင်ပေါက်ဝ ကိုပိတ်နေတာ တံတိုင်းလိုတောင် ဖြစ်နိုင်ခဲ့ပါပြီ။
"မတိုးကြနဲ့ဟ....ဟေး မိန်းကလေး မင်းမိုက်ကိုင်ထားတဲ့ လက်ကို အပေါ်မြောက်လိူ့ မရဘူးဆိုရင်တောင် ငါ့ပေါင်ကြား ကိုတံတောင်နဲ့ မထိစေနဲ့လေ"
"အာ.... ရှင် ..ရှင် ဘယ်ကုမ္ပဏီကလဲ?ဒါကို အပြင်ရောက်မှ ပြောလို့မရဘူးလား"
တော်တော် ဆိုးရွားတာပဲ......
လင်းဖန် ဆွံ့အစွာ တွေးလိုကိမိပါတယ်။
လုပ်ငန်းလုပ်တဲ့ လူတွေက ဘယ်သူတွေကို အကြောက်ဆုံးလဲ? အဖြေကတော့ သတင်းထောက်တွေပါ။
လုပ်ငန်းလုပ်တဲ့ လူတွေ ဘယ်သူတွေရဲ့ ချီးမြောက်မူ ကို အလိုချင်ဆုံးလဲ? ဒီအဖြေကလည်း သတင်းထောက်တွေပါပဲ။
သတင်းရှိနေသ၍တော့ အဲဒါ ဘယ်နေရာမှာလဲ ၊ ဘယ်လို အခြေအနေရှိလဲ ဆိုတာ သူတို့အတွက် ဂရုမစိုက်ပါဘူး။သတင်းထောက်တွေဟာ အဲ့နေရာကို သူ့ထက်ငါ မရောက်ရောက် အောင်သွားမှာပါ။
"ရှင်က ဟန်လု ကို ရိုက်ချနိုင်ခဲ့တဲ့ ထူးဆန်းတဲ့ လူငယ်လေးလား မသိဘူးရှင့်"
"အစ်ကို ကိုယ်ခံပညာ လေ့ကျင့်ထားတာ လားဗျ။ဒီကိစ္စမှာ ဟန်လု ပါဝင်နေတဲ့ အတွက် ဘယ်လို ခံစားရလဲ ခင်ဗျ"
........
သတင်းထောက်တွေဟာ လင်းဖန်ပြောတာကို ဂရုမစိုက်ပဲ မေးခွန်းတွေ ဆက်တိုက် မေးနေခဲ့ပါတယ်။
လင်းဖန်ဟာ အသက်ကို ပြင်းပြင်းရူလိုကိသည်။
"အားလုံးပဲ အပြင်ကို ထွက်ပေးပါ။မေးခွန်းအားလုံးကို အပြင်မှာဖြေကြားပေး ပါ့မယ်။ဒီနေရာက ကျဥ်းကျဥ်းလေးလေ။လူလူချင်း ထိခိုက်မူတွေ ဖြစ်လာနိုင်တယ်"
လင်းဖန် ရဲ့ စကားဆုံးသွားတဲ့ အချိန်မှာ သူတို့ သတင်းရဖို့ အတွက် သတင်းထောက်တွေဟာ နောက်ကို အနည်းငယ် ပြန်ဆုတ်လိုက်ပါတယ်။
သတင်းထောက်တွေရဲ့ နောက်မှာတော့ လာပြီးကြည့်ကြတဲ့ လူအုပ်ကြီး ရှိနေခဲ့သည်။
သူတို့ဟာ ခြေဖျားထောက်ပြီး ခေါင်းတွေကို မော့ကာ ဆယ်လီ တွေ၊ စူပါစတားတွေ ရောက်နေသလို ကြည့်နေကြပါတယ်။
"ဘယ် စူပါစတား လာလို့လဲ သတင်းထောက်တွေက အများကြီးပဲ?"
"ငါလည်း ဘယ်စူပါစတားမှ မမြင်မိပါဘူး။ဘာတွေ ဖြစ်နေလည်း မသိဘူး"
"ဒါ မာစတာ လင်းရဲ့ ဆိုင်လေ ၊ မာစတာ လင်း သတင်းထဲမှာ ပါလာပြန်ပြီလား"
"ငါတို့ ပန်ကိတ် ဝယ်ဖို့လာကြတာလေ၊ အခုဒီလို ဖြစ်နေတော့ ငါတို့ ပန်ကိတ်တောင် ရပါဦးမလား"
လင်းဖန်ရဲ့ သစ္စာရှိ ပရိတ်သတ်များဟာ ဒုက္ခရောက်နေကြသည်။တကယ်လို့ ပုံမှန်လူတွေသာ ဆို သူတို့ညှိနှိုင်းလို့ ရပါသေးတယ်။
သို့ပေမဲ့ ဒီလူတွေက အလုပ်ကို ရေကုန်ရေခမ်း ကြိုးစားကြတဲ့ သတင်းထောက်တွေပါ။သူတို့ သွားပြီး ညှိရင်တောင် အသုံးမဝင်ပါဘူး။အဲ့အစား သွားမေးတဲ့ သူတွေတောင် သတင်းထဲ ပါဝင်လာနိုင်ပါတယ်။
ဆိုင်အပြင်နားတွင်။
ဒီသတင်းထောက်တွေဟာ လင်းဖန်ကို အတော်ခေါင်းကိုက်စေပါတယ်။သူသာ ဒီလို ဖြစ်လာမယ်မှန်းသိရင် ဟန်လုကို အဲ့နေ့က မတိုက်ခိုက်ခဲ့ပါဘူး။
"အစ်ကိုက ဟန်လုကို ရိုက်နှက်ခဲ့တဲ့ တစ်ယောက်လားရှင့်"
မိန်းကလေး သတင်းထောက်ဟာ စတင်မေးလိာက်သည်။
လင်းဖန် ခနလောက် တိတ်ဆိတ်နေပြီး မှပြန်ဖြေလိုက်ပါတယ်။
"မဟုတ်ပါဘူး အဲဒါမှားနေတာပါ"
"ဘယ်လိုဖြစ်နိုင်မှာလဲ ဒါက တကယ်ကို ခင်ဗျားပဲ။ကျွန်တော် တို့မှာ ဓာတ်ပုံတွေတောင် ရှိတယ်"
သတင်းထောက်များဟာ ပြောလိုက်သည်။
အဲ့အချိန်မှာ ပဲ ဘေးနားမှ ဆိုင်ပိုင်ရှင် အဒေါ်ကြီးဟာ ပြောလိုက်သည်။
"မာစတာ လင်း ဝန်ခံသင့်တယ် နော်၊ ဒါက ကောင်းတဲ့ အရာပဲလေ"
လင်းဖန် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
ကျုပ်ဖင်ကရော မကောင်းဘူးလား......
သူသာ ဝန်ခံလိုက်ရင် ဘယ်လို ပြသနာတွေ ထပ်ဖြစ်လာမလဲ ဆိုတာ အပြောနိုင်ပါဘူး။
ဟန်လုက လဲ သူ့ကိုလိုင်းပေါ်မှာ အသေရရ အရှင်ရရလိုက်ရှာပြီး ပြန်တိုက်ခိုက် ချင်နေခဲ့တာပါ။ဒီတိုက်ပွဲက အသက်အန္တရာယ် တောင် စိုးရိမ်ရပါတယ်။
တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ငါဘယ်သူ့ကို ငိုပြရမှာလဲ....?
လင်းဖန်ဟာ တစ်ခြားသူတွေ ပျော်ရွင်ဖို့ ဒါမှမဟုတ် တရုတ်ကိုယ်ခံပညာကို သက်သေပြဖို့ အတွက်နဲ့ သူ့အသက်ကို မရင်းနှီး ချင်ပေ။
ကိုယ့်ကိုကို ဖုံးကွယ်ပြီးနေနေတဲ့ မာစတာ တွေအများကြီး ရှိပြပါတယ်။
ငါက ကိုယ့်ကိုကို ဝန်ခံရအောင် စောက်ရူးလား?
သူ ဟန်လု ကို ရိုက်နှက်ပြီးသွားပါပြီ။ဘာမှ ပြန်တိုက်ခိုက်စရာ အကြောင်းမရှိတော့ပါဘူး။
သတင်းထောက်
"မာစတာ လင်း အကုန်လုံးက မာစတာ လင်းကို ထူးဆန်းတဲ့ လူငယ်လေး လို့ပဲ ယုံကြည်ထားကြတယ်နော်။ဒါက သူတို့ မာစတာ လင်းရဲ့ ကိုယ်ခံပညာ စွမ်းရည်ကို မြင်ဖူးထားကြလို့ ဖြစ်နိုင်မလား"
လင်းဖန် သူ့ဆိုင်လေးကို ပြကာ ပြန်ဖြေလိူက်သည်။
"ကျွန်တော် က ဒီတိုင်း ဗေဒင်ဟောပြီး ၊ ပန်ကိတ်လေး ရောင်းနေတဲ့ လူတစ်ယောက်ပါ"
သတင်းထောက်
"မာစတာ လင်း ၊ ခင်ဗျားက ဟန်လုကို ရိုက်နှက်ခဲ့တဲ့ ထူးဆန်းတဲ့ လူငယ်လေး ဆိုတာ ဝန်ခံပါသလား"
လင်းဖန် ဒီလူတွေကို ထပ်ပြီး လိမ်လို့ မရတော့ဘူးလို့ ခံစားလိုက်ရပါတယ်။သူတို့က လိုချင်တဲ့ အဖြေမရမချင်း ဇွဲလျော့မဲ့ လူတွေ မဟုတ်ကြပါဘူး။
"ကောင်းပြီ ကောင်းပြီး ကျုပ်မရှုံးပေးပါတယ်။ဟုတ်တယ် အဲတာကျွန်တော်ပဲ"
ကျေနပ်သည့် အသံများ စတင်ထွက်ပေါ်လာခဲ့သည်။
သတင်းထောက်တွေလည်း တက်ကြွလာခဲ့ပါတယ်။ နောက်ဆုံးတော့ သူတို့ ရေးလို့ရမယ့် သတင်းတစ်ခု ရရှိခဲ့ပါပြီ။
သတင်းထောက်
"ဟန်လု အပေါ် ဘာများ မှတ်ချက်ပေး ချင်ပါသလဲ ခင်ဗျ။သူက အဲ့နေ့တုန်းက အဆင်သင့် မဖြစ်သေးဘူးလိုပဲ ပြောနေပြီး မျှမျှတတ ပြန်တိုက်ခိုက် ချင်နေပါတယ်"
လင်းဖန် ရဲ့ နှလုံးဟာ တဒုတ်ဒုတ် ခုန်နေခဲ့သည်။
ငါဖင်ကြီးကို နောက်တစ်ပွဲ ပြန်ချပါလား...
"ကျုပ်မှာ အချိန်လဲ မရှိဘူး ၊ ပြန်လဲ မချချင်ဘူး။ကျုပ် ဗေဒင်ဟောပြီး ပန်ကိတ်လေးပဲ ရောင်းနေတာ။ကျုပ်က ခန္တာကိုယ်ကို ကျန်းကျန်းမာမာ ပဲထားချင်တာ။ ဒီလို ရက်စက်တဲ့ တိုက်ခိုက် မူမျိုးတွေ မလုပ်ချင်ဘူး"
သတင်းထောက် တွေဟာ တစ်ခုခုကို ဖမ်းဆုပ်မိလိုက်ပြီး အလျင်အမြန် ထပ်မေးလိုက်ပါတယ်။
"ရက်စက်တဲ့ တိုက်ခိုက်မူတွေဆိုတာ ဟန်လု ရဲ့ MMA တိုက်ခိုက်ရေး စတိုင်ကို ပြောချင်တာလား ခင်ဗျ။သူ့မှာ ရက်စက်တဲ့ တိုက်ခိုက်ရေး စတိုင်ရှိနေတာလားရှင့်"
လင်းဖန်ဟာ စိတ်ရှုပ်သွားခဲ့သည်။သူဟန်လုရဲ့ တိုက်ခိုက်ရေးစတိုင်ကို ဝေဖန်ချင်တာ မဟုတ်ပါဘူး။ဒါက ဟန်လုကို သွားဆွပေးလိုက်သလိုပါပဲ။
သူမ က မိန်းကလေး သတင်းထောက် ဖြစ်နေတာတောင် လင်းဖန် ကို ချောက်ထဲ အရောက်ပို့နေပါသေးတယ်။
"ခွင့်ပြုပါ မိန်းကလေး။ ကျေးဇူးပြုပြီး စကားလုံး တွေနဲ့ မကစားပါနဲ့။ငါ သူ့ရဲ့ တိုက်ခိုက်ရေး စတိုင်ကို ဘာမှ မဝေဖန် မိပါဘူး"
လင်းဖန် ပြောလိုက်သည်။
ပန်ကိတ်ဝယ် ဖို့စောင့်နေတဲ့ လင်းဖန်ရဲ့ သစ္စာရှိပရိတ်သတ်တွေဟာလည်း ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။
"ဟေး သတင်းထောက်တွေ မြန်မြန်မေးကြလေ ၊
မာစတာ လင်းက မင်းတို့ကို ဖျော်ဖြေဖို့ အချိန်ရှိတာ မဟုတ်ဘူး"
"ဟုတ်တယ် မာစတာ လင်းပြောနေတယ်လေ သူ ဟန်လုနဲ့ မတိုက်ခိုက် ချင်ဘူးလို့။ဘာလို့လဲ သိလား။အဲဒါက မာစတာ လင်း ဟန်လုကို ရိုက်နှက်ပြီးသွားလို့ပဲ။ထပ်တိုက်ခိုက်စရာ ဘာအကြောင်းမှ မရှိတော့ဘူး"
"မာစတာ လင်း ပွင့်ပွင့်လင်းလင်းပဲ သူတို့ကို ပြောလိုက်တော့ ။ဟန်လုက ငါရိုက်နှက်ထားတဲ့ကောင် ငါနဲ့ ပြန်ထိုးဖို့ အဆင့်မမှီဘူးလို့"
ယီး...
ငါ ဘယ်တုန်းက အဲလိုပြောလို့လဲ...?
လင်းဖန်ရဲ့ ဘဝက အဆုံးသတ်သွားပါပြီ။ဒီ မြို့သားတွေ စောက်တလွဲပြောတာ အဲ့လောက်ကျွမ်းမှန်း သူမသိခဲ့ပါဘူး။ဒါက သတင်းထောက်တွေ လိုချင်နေတဲ့ အရာပါ။
ချက်ချင်းပဲ သတင်းထောက်တွေဟာ စိတ်ဝင်စား လာခဲ့သည်။
"ခင်ဗျား မာစတာ လင်းကို ကောင်းကောင်း သိလား ဗျ"
"ဒါပေါ့ ငါက မာစတာ လင်းရဲ့ သစ္စာရှိ ပရိတ်သတ်ပဲ မာစတာ လင်း အကြောင်းကို မသိပဲ နေမလား။ကောင်းကောင်း သိတာပေါ့"
သတင်းထောက်
"ဒါဆို ဘာလို့ မာစတာ လင်းက ဟန်လုနဲ့ ထပ်မတိုက်ခိုက်ချင်တာလဲ ခင်ဗျ"
မြို့သားဟာပြန်ဖြေလိုက်သည်။
"ငါ ခနက ပြောပြီးပြီလေ။ဒါက မာစတာ လင်းအတွက် အသေးအဖွဲပဲ ။ မာစတာ လင်းတစ်နေ့တစ်နေ့ ဘယ်လောက် အလုပ်များလဲ သိလား။ဟန်လုကို ထပ်တိုက်လို့ သူ့မှာ ဘာအကျိုးမှ မရှိဘူး။ထပ်ပြောရရင် သူ ဟန်လုကို ရိုက်နှက်ပြီးသွားပြီလေ။နောက်တစ်ခါ ထပ်ရိုက်ရင် အနိုင်ကျင့်သလို ဖြစ်သွားမှာပေါ့"
"မာစတာ လင်းက အဲလို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။အမှန်အတိုင်းပြောရရင် ဟန်လုက ဘယ်သူလည်း ငါတကယ်မသိဘူး"
"မာစတာ လင်း ပန်ကိတ်လေး လုပ်ပေးပါ။ထပ်မစောင့်နိုင်တော့ဘူး"
"ဟုတ်တယ် သတင်းထောက်ကြီးတို့ သွားကြပါတော့"
.....
လင်းဖန်လည်း သတင်းထောက်တွေနဲ့ ထပ်မပြောချင်တော့ပါဘူး။ဒါကြောင့် ပန်ကိတ်လှည်းနား လျောက်သွားလိုက်ပြီး ဒီအခွင့်အရေး ကိုအသုံးချလိုက်ပါတယ်။
"ဒီနေ့ နံပါတ်တွေ ဘာတွေ မရှိဘူး၊ လူတိုင်း ပန်ကိတ်စားရမယ်"
ယေးးးး
မြို့သားမျာဟာ ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။
"မာစတာ က ကြင်နာတတ်တာပဲ"
"ဘယ်လောက်ကံကောင်းလဲ ၊ အရမ်းချစ်တယ် သူဌေးလေးရေ"
"သတင်းထောက်ကြီးတို့ သွားကြပါတော့။ငါတို့ ပန်ကိတ်စားရမယ့် အရေးမှာ လာမရှုပ်ကြနဲ့တော့နော်။မဟုတ်ရင် ငါတို့ သည်းခံမှာ မဟုတ်တော့ဘူး"
တစ်ချို့ သတင်းထောက်တွေဟာ မာစတာ လင်းနား ချည်းကပ်နေတာ မြင်တဲ့ အချိန်မှာ သူတို့ သည့်မခံနိုင်ကြတော့ပါဘူး။ဒီလိုမျိုး နံပါတ် မရှိပဲ ပန်ကိတ်ဝယ်ခွင့်ရမယ့် အခွင့်အရေးက နေ့တိုင်း မရှိနိုင်ပေ။
ဒီအချိန်မှာ သူတို့ နဲ့ ပန်ကိတ်ကြားတဲ့ မှာ တားဆီးတဲ့ လူမှန်သမျှဟာ သူတို့ ရန်သူပါပဲ။
သတင်းထောက်တွေဟာ သူတို့ အမှန်တကယ် ဒေါသထွက်လာတာ မြင်တဲ့အချိန်မှာ ဆွံ့အသွားခဲ့ကြပါတယ်။
ဒီလူတွေက ဘာလားဟ??
သူတို့ ဒီလိုအခြေအနေ မျိုးကို ပထမဆုံး မြင်ဖူးတာပါ။