← Chapters

မာစတာလင်း ကြမ်းတမ်းပြန်ပြီ

Vol. 7 Ch. 93

မာစတာလင်း ကြမ်းတမ်းပြန်ပြီ

Vol. 7 Ch. 93

တစ်နာရီ ကြာပြီးနောက်။

သတင်းထောက်များဟာ ကြောင်အနေခဲ့သည်။

မာစတာ လင်းရဲ့ ပန်ကိတ်တွေက ဘာလို့ ဒီလောက်တောင် ရောင်းကောင်းနေရတာလဲ??

သတင်းထောက်တွေဟာ ပန်ကိတ်ရောင်းပြီးရင် လင်းဖန်ကို အင်တာဗျူးဖို့ စီစဥ်ထားကြတာပါ။

သို့ပေမဲ့ သူတို့ထင်ထားတာ နဲ့မတူပဲ တန်းစီတဲ့ လူတွေဟာ ပိုပိုပြီး ရှည်လျားလာခဲ့ပါတယ်။

ဘယ်လောက်တောင် ကြာဦးမှာလဲ?

သူတို့လိုပဲ လင်းဖန်လည်း ဆွံ့အနေခဲ့ပါပြီ။ပါဝင်ပစ္စည်းတွေကလည်း ကုန်မယ့်ပုံစုံ မရှိပေ။

လူလိမ် ထျန်က ဘယ်လောက်ထိတောင် ပြင်ဆင်ထားတာလဲ?

တန်းစီနေကြတဲ့ လူတွေဟာလည်း ရှည်းလျားလွန်းပြီး ကြောက်ဖို့တောင် ကောင်းကြပါတယ်။

နောက်ဆုံးတွင် လင်းဖန် သန့်စင်ခန်းသွားမယ် ဆိုပြီး ထွက်ပြေးခဲ့ရသည်။

....

မာစတာ လင်းကို စောင့်နေကြတဲ့ လူများဟာတော့ အချိန်ကြာလာတာနဲ့ စိတ်မရှည်ဖြစ်လာကြပါတယ်။မာစတာ လင်းက အခုထိပေါ်မလာသေးပါဘူး။

"ချီးပဲ မာစတာ လင်းက အခုထိပြန်မလာသေးဘူးလား"

ပန်ကိတ်မစားရသေးတဲ့ လူတွေဟာ စတင်ပြီး ဆူဆူညံ့ညံ့ ဖြစ်လာကြပါတယ်။တစ်ချို့ လူတွေဟာဆိုရင် ဘေးနားမှာ ရှိနေကြတဲ့ သတင်းထောက် တွေကို ပြသနာ ရှာဖို့ ကြိုးစားနေကြပါတယ်။

သူတို့ကြောင့် မာစတာ လင်း ထွက်ပြေးသွားတာလို့ ယုံကြည့်လိူက်မိကြသည်။

**ဒေါသ ထွက်သည့် အကြည့်များ**

သတင်းထောက်တွေဟာ မြို့သားတွေရဲ့ အကြည့်တွေကို မြင်တဲ့ အချိန်မှာ မသိစိတ်နဲ့ နောက်ဆုတ်လိုက်မိပါတယ်။သူတို့ဟာ ကြောက်လန့်ကာ တံတွေးကို မျိုချလိုက်မိသည်။မြို့သားတွေနဲ့ ပြိုင်ငြင်းတာက ကိုယ့်ပြသနာ ကိုယ်ရှာမိသလိုပါပဲ။

ဒါကြောင့် သတင်းထောက်များဟာ အသီးသီး ထွက် ပြေးသွားကြသည်။

လူလိမ် ထျန် လည်းသူ့ရှေ့က ထိမ်းချုပ်မရဖြစ်နေတဲ့ လူအုပ်ကြီးကို ဆွံ့အစွာကြည့်လိုက်မိပါတယ်။လင်းဖန်က သူ့အပေါ်ကို တာဝန်အကုန်လုံး ပုံချသွားခဲ့တာပါ။

"သူဌေးလေးကို ခေါ်ပေးပါ"

"ခင်ဗျား သူ့ဆီမှာ အလုပ်လုပ်တာမလား။သူဌေးလေးကို အမြန်သွားခေါ်လိုက်တော့ ၊ သတင်းထောက်တွေ မရှိတော့ဘူး ပန်ကိတ်ပြန်ရောင်း လို့ရပြီလို့"

လူလိမ်ထျန်ဟာ လင်းဖန် ကို ပြန်ခေါ်ပေးဖို့ ပြောနေတဲ့ လူတွေရဲ့ ဝန်းရံ ထားခြင်းကို ခံနေရပါတယ်။

"ငါ့ ဖုန်းကို မထိနဲ့ ငါခေါ်ပြီးသွားပြီ ဖုန်းမဝင်ဘူး"

"သူဌေးလေးက ဖုန်းပိတ်ထားတယ်။ငါ ဆက်ကြည့်ပြီးပြီ မထူးဘူးလို့၊ ငါ့ကိုယုံ ..ဟေ့ ဟေ့ ဖုန်းကို မလုကြနဲ့။ငါ ဒါကိုဝယ်ဖို့ ဒေါ်လာ ထောင်ချီပေးထားရတာ"

လူအုပ်ကြီးဟာ လင်းဖန်ကို ဖုန်းခေါ်နေကြသည်။

"သူ တကယ်ကို ဖုန်းပိတ်ထားတယ်"

"သူဌေးလေး တကယ် ထွက်ပြေးသွားပြီ ထင်တယ်"

"ချီးပဲ ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့လို့ ထင်နေတာ။အခုတော့ ငါ့အလှည့်တောင် မရလိုက်ဘူး"

ဘေးနားဝန်းကျင်က ဆိုင်းများဟာ လည်း အံ့သြစွာကြည့်နေကြသည်။မာစတာ လင်းဒီလောက်ထိ ကျော်ကြား လိမ့်မယ်လို့ မထင်ထားကြပါဘူး။မသိရင် မာစတာ လင်းက နိုင်ငံရဲ့ ရတနာ လိုပါပဲ။

သူတို့ မသိတာက နောက်ကွယ်က ဇာတ်လမ်းကိုပါ။မာစတာ လင်းက တကယ်စိတ်ဓာတ်ကျနေပါပြီ။

လမ်းပေါ်တွင်။

လင်းဖန် ကားလေးကို မောင်းနေခဲ့ပါတယ်။သူဘယ်သွားရမယ်မှန်း မသိပေမယ့် လည်း တစ်ခုတော့ သေချာပါတယ်။အဲတာက သူ့ဆိုင်ကို ပြန်မသွားဖို့ပါ။

သတင်းထောက်တွေ ဘာလိုချင်တာလဲ ဆိုတာလညိး သူမသိပါဘူး။သူတို့ကို မောင်းထုတ်ဖို့ကလည်း အတော် ခဲယဥ်းမှာပါ။

သူသာ ဒီလောက်အထိ အခြေအနေတွေ ရှုပ်ထွေးလာမယ် မှန်းသိရင် အဲ့နေ့က ဝင်ပါခဲ့မှာမဟုတ်ပေ။

အခုတော့ ဟန်လုနဲ့တိုက်ခိုက်တာ ဆုံဖြတ်ချက်အမှားဆိုတာ ထင်ရှားနေခဲ့ပါပြီ။

သူ ထပ်စိန်ခေါ်တိုင်းသာ ငါက တိုက်ခိုက်ရရင် ငါက ဘာဖြစ်သွားမလဲ...?

မဟုတ်ရင် အနာဂတ်မှာ စိန်ခေါ်သူတွေ ပိူပိုများလာပြီး ဖြေရှင်းဖို့ ခက်ခဲပါလိမ့်မယ်။

ဝမ်မင်ယန်ရဲ့ ကုမ္ပဏီတွင်။

"ဒီ မသာမ ယန်ဂျင်က ဘာဖြစ်နေတာလဲ?"

ဝမ်မင်ယန်ဟာ ဒေါသထွက်နေခဲ့သည်။

"ဒီ ဘီလီယံနာ သူဌေးကြီးတောင် မျှမျှတတ လုပ်နေတာကို နင်က ငါ့အပေါ်ကို အသားယူရဲတယ်လား"

သူအခုချိန်မှာ လက်သီးတစ်ချက်လောက် ထိုးချင် နေခဲ့ပါတယ်။သူတို့ဟာ ယန်ဂျင်၏ ကစားခြင်းကို ခံခဲ့ကြရတာပါ။

"အကြီးအကဲ ဝမ် စိတ်ညိမ်ညိမ်ထားပါဦး။ကျွနိတော် ဒီကိစ္စကို ဖြေရှင်းပါရစေ။ကျွန်တော် ကိစ္စတွေကို ရှင်းလင်းပေးပါ့မယ်"

"မင်းဘကြီးကို ရှင်းလင်းပါလား။ဒီ မြေခွေးအိုမကြီးက ငါ့ကိုတောင် လေးစားတာမဟုတ်ဘူး။စမ်းကြည့်လို့လဲ ဘာမှမထူးဘူး"

ဝမ်မင်ယန်ဟာ ပြောစရာစကားလုံးတောင် ဆွံ့အနေခဲ့သည်။သူမဟာ ဂီတ လောကမှာ ဧကရီ တစ်ပါးဖြစ်ပြီး အဆက်အသွယ်တွေလည်း အများကြီး ရှိပါတယ်။

သူမသာ ဒီလောက မှာ ဘီလီနာ တစ်ယောက်ကို တိုက်ခိုက်ချင်ရင် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။

သူမမှာ ဝမ်မင်ယန်နဲ့ ယှဥ်နိုင်တဲ့ ငွေကြေးအင်အား မရှိပေမဲ့လည်း ဒီလောက ထဲမှာ သူမရဲ့ ပုံရိပ်က ကြီးမားလွန်းပါတယ်။သူမဟာ ဘယ်လို လုပ်ရမယ် ဆိုတာ အကွက်မြင်ပြီးသားပါ။လောလောဆယ် ဝမ်မင်ယန် လုပ်နိင်တာ ဘာမှ မရှိပေ။

"ဒီမိန်းမက လာညစ်ပတ်နေတယ်။အဲလိုမှန်းသိရင် ငါ အသံသစ် အစီအစဥ်ကို အပြည့်အဝ စပွန်ဆာပေးပါတယ်။ဒါဆိုရင် ဒီမိန်းမကို ထွက်သွားခိုင်းလိုက်ယုံပဲ"

ဝမ်မင်ယန်ဟာ ဘီလီယံနာ တစ်ယောက်ဖြစ်ပေမဲ့လည်း ငယ်ရွယ်ပါသေးတယ်။သူ ရူးသွပ်သွားပြီ ဆိုရင် မဟုတ်တဲ့ စကားလုံးတွေက ပါးစပ်ထဲမှ ထွက်လာတတ်ပါသည်။

ဒေါက် ဒေါက်

တစ်စုံတစ်ယောက်ဟာ တံခါးလာခေါက် လိုက်သည်။

"အကြီးအကဲဝမ် လင်းဖန် လို့ဆိုတဲ့ ကောင်လေးတစ်ယောက် လာရှာနေလို့ပါ"

စိတ်တို နေတဲ့ ဝမ်မင်ယန်ဟာ အနည််းငယ် ကြောင်အသွားခဲ့သည်။

"သူ့ကို အမြန်ဝင်ခိုင်း လိုက်လေ"

"ရက်စ် ဆာ"

မကြာခင်မှာပဲ လင်းဖန် ရောက်လာခဲ့သည်။

"ဒီကိုလာရင် ကြိုပြီး ချိန်းဆိုမူ ယူထားမှ ရမယ်ထင်တယ်"

လင်းဖန်ပြုံးပြီး လျောက်ဝင် လာခဲ့သည်။

လင်းဖန် ဘယ်မှ သွားစရာမရှိတော့ သူ ဝမ်မင်ယန်ကို အချိန်ပေးပြီး တစ်ခေါက်မှ မရောက်သေးတဲ့ နေရာကို လာဖို့ ဆုံးဖြတ်ခဲ့တာပါ။

"ငါ့ လူတွေက မင်းဘယ်သူမှန်း မသိဘူးဖြစ်နေတယ် ၊ ဒါပေမဲ့ ဒီနေ့က စပြီး အကုန်သိသွားစေရမယ်"

ဝမ်မင်ယန်ဟာ ​ပြုံးလိုက်ပြီး သူ့လူတွေကို ပြောလိုက်သည်။

"ဒီမျက်နှာကို မှတ်ထား ဒါငါ့ညီအစ်ကိုပဲ ။သူ ကုမ္ပဏီကို လာချင်တဲ့ အချိန်လာလိမ့်မယ် ဒီနေ့လို ထပ်မဖြစ်စေနဲ့"

"နားလည်ပါပြီ အကြီးအကဲဝမ်"

သူလူတွေဟာ ခေါင်းညိမ့်ပြလိုက်ပြီး ထွက်ခွာသွားခဲ့ကြသည်။

ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ဒီနေ့ အားလို့ လာလည်တာလား"

"ကြည့်ရတာ....မပြောပါနဲ့တော့ အကုန်လုံးက အနှောက်အယှက်တွေ ချည်းပဲ"

လင်းဖန်ဟာ စိတ်မသက်သာစွာ ပြောလိုက်ပြီး ဝမ်မင်ယန်၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဝမ်မင်ယန်ရဲ့ အတွင်းရေးမှူး ရှောင်ချန်းဟာကြောင်အစွာ ကြည့်နေခဲ့ပါတယ်။နောက်ဆုံးတော့ သူတို့ သူတို့နှစ်ယောက်က ပုံမှန် သူငယ်ချင်း အဆင့်မဟုတ်ဘူးဆိုတာ နားလည်လိုက်ပါတယ်။

"မင်းမနေ့ ညက မင်းပြိုင်ပွဲကို ကြည့်ဖြစ်သေးလား ဘယ်လောက်တောင် မမျှတလိုက်လဲ။ငါ ဒီယန်ဂျင် ဆိုတဲ့ ဟာမကို ဖရဲသီးစေ့ နဲ့သေတဲ့အထိ ပစ်ပေါက်လိုက်ချင်တယ်"

ဝမ်မင်ယန်ဟာ စိတ်အနှောက်အယှက် ဖြစ်တဲ့ အသံနဲ့ ပြောလိုက်သည်။

လင်းဖန်ဟာ ဒါကို ကြားပြီး ရယ်မောလိုကိပါတယ်။

"ခင်ဗျားကိုတောငိ စိုးရိမ်စေတယ် ဆိုတော့ဘယ်လောက်တောင် ကြီးမားလို့လဲ"

"ငါ ဘယ်လို စိတ်မပူပဲနေနိုင်မှာလဲ?ဒိုင်လေးယောက်ထဲမှာ သူမက အဆိုးဆုံးပဲ။ဝမ်ယုချန်က သူနဲ့ အမျိုးတော်မှန်း လူတိုင်းသိတယ်"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

"အကြီးအကဲ ဝမ်, ဆရာ ယန်ချန် ရောက်ပါပြီ"

ရှောင်ချန်း ဟာပြောလိုက်သည်။

ဝမ်မင်ယန်ဟာ ခေါင်းညိမ့်ပြလိုက်သည်။

"ဝင်ခိုင်းလိုက် ဘာတွေ ဖြစ်ပြန်ပြီလဲ မသိ"

အသက် ငါးဆယိ နီးပါးရှိ လူကြီးတစိယောက်ဟာ လျောက်ဝင်လာခဲ့ပါတယ်။

"အကြီးအကဲဝမိ"

"ဆရာ ယန် ၊ ဘာဖြစ်လို့လဲ"

ဝမ်မင်ယန်ဟာ ယဥ်ကျေးစွာ မေးလိုက်သည်။

ယန်ချန် ဟာ ဒီနိုင်ငံရဲ့ အထင်ကရ တေးရေးဆရာပါ။သူဟာ အခုနောက်ပိုင်း အောင်မြင်နေတဲ့ သီချင်များ စွာကို ရေးသားခဲ့ပါတယ်။

ဝမ်မင်ယန်ဟာ သူ့ကို အကူညီတောင်းခဲ့သည်။သူကို သီချင်း တစ်ပုဒ်ရေးပေးဖို့ ပြောခဲ့တာပါ။သို့ပေမဲ့ အချိန်ဟာ အတော် နည်းနေခဲ့ပါတယ်။

သူတို့ ဒီလို အချိန်အနည်းငယ် အတွင်းမှာ ရိုးရှငိးတဲ့ သီချင်းတစ်ပုဒ် ဖန်တီးရင်တောငိ အတော်ခက်ခဲလာနိုင်သည်။

"ကိုယ်ပိုင် သီချင်း ဖန်တီး ဖို့လုပ်နေကြတာလား"

လင်းဖန် သံသယ ဖြစ်စွာမေးလိုကိသည်။

"ဒါအမှန်ပဲတစ်ခြား လူတွေလည်း ရေးနေကြတာလေ။ငါလည်း မရေးပဲ မနေနိုင်တော့ဘူး။တကယ်လို့ ဝမ်ယုချန်သာ နောက်တစ်ခါ ကိုယ်ပိုင် သီချင်း ဆိုပြီး အမှားမလုပ်ဘူး ဆိုရင် ဝုရွှန်ူယွဲ့တော့ ပြသနာ တက်ပြီ။မင်းရော မကြောက်ဘူးလာ? မင်းဘာပဲ ​ပြောပြော သူမက မင်းမိန်းကလေး ပဲလေ"

ဝမ်မင်ယန်ဟာ ရှင်းပြလိုက်သည်။

လင်းဖန် လက်ဝေ့ယမ်းလိုက်သည်

"တစ်ခြားလူတွေ ဒီစကားကိူ ကြားရင် အထင်လွဲသွားနိင်တယ်"

"ငါ ဆရာ ယန်နဲ့ ဆွေးနွေးလိုက်ဦးမယ် ခနထိုင်စောင့် ဦး"

ဝမ်မင်ယန် ပြောလိုက်သည်။

လင်းဖန်ဟာ သတင်းစာကိူုဖတ်ပြီး ဝမ်မင်ယန်ရဲ့ ရုံးခန်းကို လေ့လာနေခဲ့ပါတယ်။တစ်ချက်ကြည့်လိုက်တာနဲ့ ပုံမှန် ရုံးခန်းတစ်ခု မဟုတ်ဘူးဆို ကို သိနိုင်ပါတယ်။

အပြင်အဆင်တွေဟာ မျက်စိကို ဖမ်းစားနိုင်ပြီး ၊ပတ်ဝန်းကျင်ကလည်း အတော် သက်တောင့်သက်သာ ရှိလှပါသည်။လင်းဖန် ဝမ်မင်ယန် ရဲ့ သဘောမကျတဲ့ စကားတွေကို ကြားမိလိုက်တဲ့ အချိန်မှာ အနည်းငယ် ပြုံးမိလိုက်သည်။

"ဆရာ ယန် ၊ ခင်ဗျားက ဒီနယ်ပယ်မှာ ဆရာတစ်ဆူပဲလေ မဟုတ်ဘူးလား"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

"အကြီးအကဲ ဝမ် အခုပြသနာက ဒါမဟုတ်ဘူး။ပြသနာက ခင်ဗျားလို ချင်နေတဲ့ အချိန်ပဲ။သီချင်းတစ်ပုဒ်ရေးဖို့က စိတ်ဝိညာဥ်ပါ ပေါင်းစပ်ပြီး အချိန်လိုအပ်တယ်။ဝမ်ယုချန်ရဲ့ သီချင်းက သေချာ အချိန်ပေးပြီး ရေးထားတာ ။ဒါက သူမ ပြင်ဆင်လာတယ် ဆိုတာ သိသာစေတယ်"

"ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။ ထိပ်ဆုံး သုံးယောက်ထဲ ဝင်ရင်တောင် ကျုပ်ဘာမှ မပြောလိုဘူး။ အခုဟာက ၁၂ ယောက် အဆင်ပဲ ရှိသေးတာ"

ဝမ်မင်ယန်ဟာ ပြောရင်း စိတ်တိုလာခဲ့သည်။တတိယ နေရာက သူ့အတွက်ဆို လုံလောက်ပါပြီ။ဒါပေမဲ့ အခုက ၂၄ ယောက်မှာ ၁၂ ယောကိရွေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။

"ဒီပြိုင်ပွဲက အရာရာတိုင်း မဟုတ်ဘူးလေ။အရမ်းစိတ်အား ထက်သန်နေရင် ရုပ်ရှင်တို့ TV စီးရီးတို့မှာ ရင်းနှီးမြုပ်နှံလို့ ရသေးတာပဲ"

ဆရာ ယန် လည်း တကယ်ဘာလုပ်ရမလဲ ဆိုတာ မသိတော့ပါဘူး။

အချိန်ဟာ သိပ်မရတော့ သူလုပ်နိုင်တာလဲ ဘာမှ မရှိပေ။တကယ်လို့ သူသာ အလျင်စလိုရေးပြီး ဝုရွှန်းယွဲကို ဆိုခိုင်းရင် ဒါက ကောင်းကျိုးထက် သူမကို ပိုထိခိုက်နိုင်ပါတယ်။

ဝမ်မင်ယန်ဟာ လက်ဝှေ့ရမ်းလိုက်သည်။

"ဒီလိုလုပ်လို့ မရဘူး။ ရုပ်ရှင် တို့ စီးရီးတို့က သီချင်းပြိုင်ပွဲတွေလောက် ပေါ်ပြူလာ ဖြစ်တာ မဟုတ်ဘူး"

ဆရာ ယန်ဟာ လည်း သက်ပြင်း ချလိုက်သည်။

"ဒါဆို ကျုပ်လည်း မှ ကူညီနိုင်မှာမဟုတ်ဘူး။ထပ်ပြောရရင် သီချင်းကောင်း တစ်ပုဒ်ဖြစ်ဖို့ သီးချင်းစာသားနဲ့ ဆိုမယ့်လူ ရင်းနှီးဖို့ကလည်း အချိန်လိုအပ်သေးတယ်။တကယ်လို့ သီချင်းကောင်း တစ်ပုဒ်ရေးပြီး ရင်တောင် သူမ အချိန်မှီလေ့ကျင့်ဖို့ ခက်ခဲ လိမ့်မယ်"

"ခင်ဗျား တစ်ခုခုတွေ့ကြည့်ပါဦး၊ ခင်ဗျားက သူမရဲ့ သီချင်း ဖန်တီးသူပဲလေ"

ဝမ်မင်ယန်ဟာ စိတ်ညစ်နေခဲ့သည်။ သူမကို အောင်မြင်အောင် မလုပ်ပေးနိုင်ရင်တောင် သူအတွက် ဘာမှ သိပ်မဆုံးရှုံးပါဘူး။

သို့ပေမဲ့ ဒီလို အမျှတတဲ့ အခြေအနေမှာ အရှုံးမပေးချင်ပေ။အမျှတတာ တွေ ရှိလာလေလေ သူပိုပြီး မှန်ကန်အောင် လုပ်ချင်လေလေပါပဲ။

ဆရာ ယန်ဟာ လည်းဘာမှ မစွမ်းနိင်တော့ပေ။အခုတစ်ခါက အတော် ခက်ခဲလွန်းပါတယ်။

တိတ်ဆိတ်နေတဲ့ လင်းဖန်ဟာ လက်ထဲက ဖောင်တိန်ကို ချလိုက်ပြီး ပြောလိုကိပါတယ်။

"ဒါက ကိစ္စသေးသေးလေးပါ သေ​ေရးရှင်ရေး မဟုတ်ပါဘူး။ဟုတ်တယ်မလား"

"ဒီလို အခြေအနေမှာ မင်းဘယ်လိုလုပ် အကြောက်မရွံ့နေနိုင်တာလဲ"

ဝမ်မင်ယန်ဟာ ပြောလိုကိသည်။

လင်းဖန် သူ့ရှေ့က စာရွက် နှစ်ရွက်ကို ကိုင်ကာ ဆရာ ယန် ကို ကမ်းပေးလိုက်သည်။

"ဆရာ ယန် ဒါလေးကို တစ်ချက်ကြည့်ပေးပါဦး"

ဆရာယန်ဟာ သံသယ ဖြစ်မိပေမယ့် လည်း စာရွက်နှစ်ရွက်ကို ကြည့်လိုက်ပါတယ်။

"ဘာကြီးတုန်း"

ဝမ်မင်ယန်ဟာ မေးလိုကိသည်။

လင်းဖန်ဟာ ပြုံးလိုက်ပါတယ်။

"ဒါက သီချင်းတစ်ပုဒ်ပဲ ခင်ဗျားတို့ ဒီအကြောင်း ပြောနေကြတာ မဟုတ်ဘူးလား"

ဝမ်မင်ယန် ကြောင်အသွားခဲ့သည်။

"သီချင်းလား"

လင်းဖန် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုကိပါတယ်။

"ကျုပ်မှာ အတွေးလေးတွေ နဲနဲ ရှိလို့ သီချင်း အဖြစ်ချရေး လိုက်တယ်လေ။ဆရာယန် သီချင်းကို ကြည့်ပြီး ဘယ်လိုနေလဲ တစ်ချက်ပြောပါဦး"

ဝမ်မင်ယန် ဟာ လည်း ဆရာယန် ၏ အမူအရာ ပြောင်းလဲ လာတာ ကို သတိထားမိလိုက်သည်။သို့ပေမဲ့လည်း သူသံသယ ဖြစ်မိနေတုန်းပါ။

"တကယ်ကြီးလား?"

All Chapters