ဆောင်းဦးဓားရေ , ရှိုးပွဲလေး ဆက်ကပါဦး
Vol. 7 Ch. 94
လင်းဖန် သီချင်းနဲ့ ပတ်သက်ပြီး ဘာမှမသိပေမယ့်လည်း စွယ်စုံကျမ်းကတော့ သိပါတယ်။အရာရာ တိုင်းဟာ ဖြစ်နိုင်ပေသည်။
ဒီသီချင်းက စွယ်စုံအမှတ် ၅ မှတ် တန်ပါတယ်။ဒါဟာ စျေးကြီးတဲ့ လဲလှယ်မူဖြစ်ပြီး လင်းဖန် ရင်နာနေခဲ့သည်။
သို့ပေမဲ့ သူဒီလိုလုပ်မှ ဖြစ်မယ် ဆိုတာ သိပါတယ်။
အလွမ်းအဆွေး သီချင်း။
ခက်ခဲတဲ့ ကီး။
အချိန်မလုံလောက်မူ။
တစ်စုံတစ်ယောက်မှာ စွယ်စုံကျမ်း ရှိနေသ၍ ကတော့ ဒီအရာတွေက ဂရုစိုက်စရာ မလိုတဲ့ အရာတွေပါ။
သီချင်းနာမည် :: မိုးကောင်းကင်
ဂီတ အမျိုးအစား :: တရုတ် ပေါ့
မူရင်း အဆိုတော် ::: ´ ဖိန်းဝမ်
စာသား :: ဟောင်ဂိုလင်
တီးလုံး :: ယန်မင်ဟောင်
တေးရေး ::: တုရင်
မှတ်ချက် :: ကောင်းကင် သီချင်းဟာ သီဆိုသူကို အောင်မြင် ကျော်ကြားစေနိုင်သည်။
လင်းဖန် စွယ်စုံကျမ်းထဲမှာရေး ထားတဲ့ နာမည်တွေကို တစ်ခုမှ မသိပါဘူး။သူ သီချင်းဆိုတဲ့ နည်းပညာတွေ ၊ ခံစားချက် အသံတွေ အကြောင်း တစ်ခုမှ နားမလည် ပါဘူး။
သို့ပေမဲ့ စွယ်စုံကျမ်ထဲမှာ အရာရာ ရှိပြီး၊ သူလုပ်စရာ လိူတာ ဆိုလို့ ကူးချ လိုက်ယုံပါပဲ။
ကျန်တဲ့ အခြေအနေတွေကတော့ ပရိုအဆင့် လူတွေ ဆက်လုပ်ပါလိမ့်မယ်။
လူတိုင်းဟာ တိတ်ဆိတ်နေခဲ့သည်။
ဆရာ ယန်ရဲ့ အမူအရာ ဟာ အတော် အဆင်ပြေနေတဲ့ ပုံပါ။သူဟာ စာရွက်နှစ်ရွက်ကို ရတနာ နှစ်ခုလို တယုတယ ကိုင်နေခဲ့ပါတယ်။ဆရာယန်ဟာ စာရွက်ထဲက စာသားတွေကို သီဆိုကြည့်နေပြီး သီချင်းကီး ကိုပါ ဖန်တီး ကြည့်နေခဲ့သည်။
ဝမ်မင်ယန်ဟာ သီချင်းအကြောင်း မသိပေမဲ့လည်း ဆရာယန် ဆိုကြည့်နေတာတင် အတော်ကောင်းမှန်း နားလည် လိူက်ပါတယ်။ဒါဟာ စိတ်ခံစားမူ သီးချင်းတစ်ပုဒ်လိုပါပဲ။
"အတော်ကောင်းတယ်"
ဆရာယန်ဟာ လင်းဖန်ကို အံ့သြတဲ့ အကြည့်နဲ့ ကြည့်ကာ ပြောလိုက်သည်။
ဒီသီချင်းဟာ သေချားရေးထားပြီး တစ်ခြား သီချင်းတွေ နဲ့ မတူပါဘူး။
"အကြီးအကဲ ဝမ် ခင်ဗျားမှာ ဒီလို ဂီတ ဂုရုကြီး တစ်ယောက်ရှိနေတာပဲ ။ဘာမှ စိတ်ပူနေစရာ အကြောင်း မရှိပါဘူး"
ဝမ်မင်ယန် ဟာလည်း ကြောင်အသွားခဲ့သည်။
"သူက ဂုရုလား ? သီချင်းက အဲလောက်တောငိ ကောင်းလို့လား"
ဆရာ ယန်ဟာ ခေါင်းညိမ့်လိုက်သည်။
"စာသား ၊ ကီး ၊ သီချင်း အမျိုးအစားက အကုန်လုံးလိုက်ဖက်ညီနေတယ်။ကျုပ်ဘဝ တစ်လျောက်လုံးမှာ ဒီလောက်လိုက်ဖက်ညီ ပြီး အပြစ်ကင်းတဲ့ သီချင်းမျိုး မတွေ့ဖူးဘူး။ထပ်ပြောရရင် ဒီသီချင်းက ဝုရွှန်းယွဲ့နဲ့ အတော်လိုက်ဖက်မှာ"
ဝမ်မင်ယန်ဟာ လည်း အံ့သြဝမ်းသာ ဖြစ်သွားခဲ့သည်။
"ညီအစ်ကို ၊ မင်း ဘယ်အချိန်တုန်းက ဂီတပိုင်းကို သင်ယူခဲ့တာလဲ"
"မပြောတတ်ဘူး၊ ဒီလိုပဲ အတွေးတွေ ရှုပ်နေလို့ သီချင်းအဖြစ် ချရေးကြည့်လိုက်တာ ။သုံးလို့ရတယ် ဆိုရင် သုံးလိုက်လေ"
လင်းဖန် ပြောလိုကိသည်။
ဆရာယန်ဟာ ကျော်ကြားတဲ့ တေးရေးဆရာ တစ်ယောက်ဖြစ်ပြီး ဒီ နိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပါ။သူ လင်းဖန်ကို သံသယ ဖြစ်စွာကြည့်လိုက်သည်။
"ဂီတ လောက မှာဘယ်လို အဆင့်အတန်းရှိတာလဲ ၊ ဒီလိုအရည်အချင်းနဲ့ဆို ငါမင်းကို မသိပဲ မနေပါဘူး"
ဆရာ ယန်ဟာ မေးလိုကိသည်။
လင်းဖန် ပြုံးလိုက်သည်။
"ကျုပ်က တေးရေး ဆရာ မဟုတ်ပါဘူး။ဒီတိုင်း ဗေဒင်ဟော ပြီး ပန်ကိတ်ရောင်းတဲ့ လူတစ်ယောက် ပါ"
ဆရာ ယန်ဟာ အံ့သြသွားခဲ့သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ"
"ဒါ ကျုပ်ရဲ့ ညီအစ်ကိုလေ ဗေဒင်လည်းဟောတယ် ပန်ကိတ်လည်းရောင်းတယ်"
ဝမ်မင်ယန်ဟာ ဂုဏ်ယူစွာ ပြောလိုက်သည်။
ဆရာယန်ဟာ သိပ်ယုံကြည်ပါဘူး။လင်းဖန်လို နေ့တစ်ဝက်ပဲ အချိန်ယူပြီး သီချင်းကောင်းတစ်ပုဒ်ဖန်တီးတာ ဘယ်လောက်ခက်ခဲလဲ သူအသိဆုံးပါ။
လင်းဖန်ဟာ ရယ်မောလိုက်သည်။
"ဒါဆို မြန်မြန်လုပ်ပြီး သီချင်းကို ပြင်ဆင်လိုတော့လေ ။ဝုရွှန်းယွဲ့က သီချင်းနဲ့ ရင်းနှီးဖို့ လိုအပ်တယ်"
"ဟုတ်တယ် ရှောင်ချန်း၊ သီချင်းအဖွဲ့ ကို အမြန်ပြင်ဆင်ခိုင်းလိုက်ပြီး စီစဥ်စရာ ရှိတာတွေ စီစဥ်လိုက်တော့"
ဝမ်မင်ယန်ဟာ ချက်ချင်းပြောလိုက်သည်။
"ရက်စ် ဆာ"
ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်ကာပြောလိုက်သည်။
"မင်းသီချင်းရေးတတ်တာ ငါမသိခဲ့ဘူး"
"ဒါဘာမှမဟုတ်ပါဘူး၊ ဒီသီချင်းက ခင်ဗျားအတွက်ရေးထားတာ မဟုတ်ဘူးလေ"
လင်းဖန် ပြောလိုက်သည်။
ဝမ်မင်ယန်ဟာ ဒါကို ကြားပြီး ရယ်မောလိုက်သည်။
"ငါသိပြီး မင်းရဲ့ အသဲနှလုံးလေး အတွက်ရေးပေးတာမလား"
"ကျုပ်သွားတော့မယ် ခင်ဗျား ပြသနာက ရှင်းသွားပြီ ကျုပ်ဟာတွေက မရှင်းသေးဘူး"
လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
"မဟုတ်ဘူးလေ ငါတို့ ပြသနာကြုံရင် မင်းရှိနေမှ ရမှာပေါ့"
ဝမ်မင်ယန်ဟာ အမြန်လှမ်းပြောလိုက်သည်။
လင်းဖန် ပြန်လှည့်မကြည့်ပဲ ပြောလိုက်ပါတယ်။
"ဆရာ ယန်ရှိနေတာပဲ ။သူ့ကို ကြည့်ပေးခိုင်းလို့ရတယ်လေ။ကျုပ်က ကိုယ့်ဟာကိုတောင် ပြသနာ တက်နေတာ။နောက်မှတွေ့မယ်"
ဝမ်မင်ယန် ခေါင်းယမ်းလိုက်ပါတယိ။
"ဒီညီအစ်ကို ကအတော် စွမ်းဆောင်နိုင်စွမ်းရှိတယ်။ဆရာယန် တကယ်လို့ ဗေဒင်မေးချင်ရင် သူ့ကိုပဲရှာ သူကအရမ်း တိကျတာ"
ဆရာယန်ဟာ ရယ်မောပြီး ယဥ်ကျေးစွာပြောလိုက်ပါတယ်။
"အသိပေးလို့ ကျေးဇူးပါ ဒါပေမဲ့ ကျုပ်က ဗေဒင်တွေ အယုံကြည်မရှိဘူး"
"ဘယ်လောက် ရှက်စရာလဲ"
ဝမ်မင်ယန် ဘာမှ ထပ်မပြောတော့ပါဘူး။လင်းဖန်က စွမ်းဆောင်နိုင်စွမ်းရှိပြီး သူတို့မယုံကြည်ရင် ဒါသူတို့ ဆုံးရှုံးမူပါ။
......
ကားထဲတွင်။
လင်းဖန် ဆိုင်ကို ပြန်သွားဖို့ အစီစဥ် မရှိသေးပါဘူး။ ဂျာနယ်လစ်တွေ ပြန်သွားရင်တောငိ ကာစတန်မာတွေဟာ ပြန်ဦးမှာ မဟုတ်သေးပေ။
သူ့ရဲ့ ဖုနး်လေးကိူ ကြည့်နေခဲ့သည်။
သူ့ကို လူလိမ်ထျန် ဖုနးခေါ်ထားတာ အကြိမ် ၂၀ လောက်ရှိနေပါပြီ။လူလိမ် ထျန်ဟာ သူ့ကို ဖုန်းခေါ်ခဲပြီး ဒီလောက် ပမာဏဆိုတာ အတော်ကြောက်ဖို့ကောင်းပါတယ်။
ဝိုက်ဘိုတွင်။
ပြီးခဲ့တဲ့ညမှ အသံသစ် အစီအစဥ် ၏ သတင်းများ။
ဆရာ ချီမင်၏ ဝိုက်ဘိုပေ့ အရှာခံရမူ စာရင်းတွင် ထိပ်ပိုင်းရောက်ခြင်း။
ယန်ဂျင် ၏ ဝိုက်လိုပေ့ အရှာခံရမူ စာရှင်းတွင် ထိပ်ပိုင်းရောက်ခြင်း။
ဝမ်ယုချန်၏ ဝိုက်ဘိုပေ့ အရှာခံရမူ စာရင်းတွငိ ထိပ်ပိုင်းရောက်ခြင်း။
ဝုရွှန်းယွဲ့ ၏ ဝိုက်လိုပေ့ ရှာဖွေခံရမူ စာရင်းတွင် ထိပ်ပိူင်းရောက်ရှိခြင်း။
လင်းဖန် ယန်ဂျင်နဲ့ ဝမ်ယုချန်ရဲ့ ပေ့ချ်တွေကို ဝင်ကြည့်လိုက်ပါတယ်။ယန်ဂျင်က တကယ်စကားပြောတတ်တဲ့ မြေခွေးအိုမကြီးပါ။သူမကို သူမ မျှတသယောင် ပြောထားခဲ့ပါတယ်။
ဝမ်ယုန်ချန်ဟာတော့ အနည်းငယ်မာနကြီးသည်။သူမဟာ စင်ပေါ်မှာ အနိုင်မရခဲ့ပေမယ့်လည်း သူမရဲ့ ပို့စ်တွေဟာ သူမ ဝုရွှန်းယွဲ့ထက်သာကြောင်း ဖော်ပြနေပါတယ်။
လင်းဖန် ဒါကို ကြည့်ပြီး ခေါင်းယမ်းလိုကိသည်။
လူငယ်တွေဟာ ဒီလောက်ထိ မာနမကြီး သင့်ဘူး.....
သို့ပေမယ့် လင်းဖန်ဟာ သွားပြီး တိုက်ခိုက်မှာ မယုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ ဆိုရင် တရားမျှတမူရှိဖို့ လိုအပ်တယ် ဆိုတာ သူသိပါတယ်။
သူဟာ သူ့ဝိုက်ဘို အကောင့်မှ လူတွေကို ပြန်ကြည့်လိုကိသည်။
ဆောင်းဦးဓားနဲ့ ငါးသတိတဲ့ကောင်လေး။
ဒီ အကောင့်နာမည်က ပုံမှန်လူတွေအတွက်တော့ ဟာသပါ။ဒါပေမဲ့ သူ့ကို သိတဲ့ လူတွေကတော့ ဝေးဝေးက ရှောငိကြပါတယ်။
လင်းဖန် :: ဝမ်ယုချန် ဆိုတာ တကယ်ကောင်းတယ်နော်။
ဆယ်စက္ကန့် ကြာပြီးနောက်။
လင်းဖန် :: အိုး ငါလူများပြီး ပို့မိတာပဲ။ ဘာမှ မဟုတ်ဘူးနော်။
ဆေးရုံမှာ အရှက်ကွဲပြီး ကတည်းက ဆောင်းဦးဓားဟာ အလုပ်မှာပဲ စိတ်နှက်ထားခဲ့တာပါ။သူ အချိန်အားရင် အားသလို လင်းဖန် ရဲ့ အကောင့်ကို သွားသွားပြီး တိုက်ခိုက်ပါတယ်။
ဆောင်ဦးဓားဟာ လင်းဖန်ဆီက သီးသန့်စာကျလာတာကို မြင်တဲ့အချိန်မှာ ယုတိမာစွာ ပြုံးလိုက်သည်။သူ့ရဲ့ မျက်လုံးတွေဟာ အရောင်လက်နေခဲ့ပါတယ်။
ဆောင်းဦးဓား :; ဟားဟား သူမတကယ် ကောင်းကောင်း ဆိုခဲ့တယ်။
လင်းဖန် စာကို မြင်တဲ့ အချိန်မှာ ဖုန်းကို အိပ်ကပ်ထဲ ထည့်လိုကိပါတယ်။
ဆယ်မိနစ်ကြာပြီးနောက်တွင် ဆောင်းဦးဓားဟာ နောက်ထပ် စာတစ်စောင် ထပ်ကျလာခဲ့သည်။
ဆောင်းဦးဓား
"သူမ ဝိုက်ဘိုကို သွားကြည့်လိုက်ဦး။ ငါသေချာ ဂရုစိုက်ပေးထားတယ်။မင်းရဲ့ အိုင်ဒေါကို ငါက တိုက်ခိုက်လို့ စိတ်ဆိုးနေမှာလား? မင်းဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။မင်းဒေါသထွက်နေလည်း အပိုပဲလေ။ငါ ဆောင်းဦးဓား အခုပြောလိုက်မယ် မင်းအရှုံးမပေးရင် သေဖို့ပြင်ထားလိုက်"
လင်းဖန် စာကို အကြိမ်အနည်းငယ်လောက်ပြန်ဖတ်နေခဲ့ပါတယ်။ပြသနာက ဖြေရှင်းပြီးသလောက်ပါပဲ။
လင်းဖန် :: ငါကြောက်ပါတယိ။သူမကို မှမလုပ်ပါနဲ့( ငိုနေတဲ့ အီမိုဂျီ)
ဒင်
ဆောင်းဦးဓား
"ဆက်ပြီး ကြောက်နေလိုက် ၊ ကောင်းသောညလေးပါ။တကယ့် ရှိုးက အခုထိမလာသေးဘူး။မင်းငါ့ကို ဘာပဲ လုပ်လုပ် ငါ ဆောင်းဦးဓားက မင်းကို အဆတစ်ရာ ပြန်ခံစားအောင်လုပ်ပြမယ်။ဝမ်ယုန်ချန်က ဥပမာပဲ"
ဆောင်းဦးဓားနဲ့ သူ့ရဲ့ စစ်တပ်ဟာ ဝမ်ယုချန်ရဲ့ဝိုက်ဘိုကို အပြင်းအထန် စတင်တိုက်ခိုက်ပါတော့တယ်။
သို့ပေမယ့် ဒီအခမဲ့ တိုက်ခိုက် မူက လင်းဖန်လိုချင်နေတဲ့ အတိုင်းဖြစ်ပြီး သိပ်မဆိုးပါဘူး။
ဆောင်းဦးဓားရေ...
ကျေးဇူးပြုပြီး ရှိုးပွဲလေး ပြပါဦး.....