ငါတို့ ပန်ကိတ်အကြောင်း မပြောလို့မရဘူးလား
Vol. 7 Ch. 95
ဝမ်ယုချန်၏ ဝိုက်ဘိုတွင်။
ဆောင်းဦးဓားဟာ သူမရဲ့ ဝိုက်ဘိုအကောင့်ကို တိုပ်ခိုက်ပြီးနေပါပြီ။ဒီမှာ ရှိနေတဲ့ မှတ်ချက်အတော်များများကို ဆောင်းဦးဓားတို့ စစ်တပ်က ဖန်တီးထားတာပါ။
ဆောင်းဦးဓားဟာ သူ့ရဲ့ အောင်မြင်မူနှင့် အတော်ထိုက်တန်ပါသည်။သူဘာပဲ မှတ်ချက်ရေးရေး သူရေးလိုက်တဲ့ အရာတိုင်း လူတွေရဲ့ အာရုံစိုက်မူကို ရနေခဲ့ပါတယ်။
မိန်းမလှလေး..အသံလည်းကောင်းတယ် .ဒါပေမယ့် မင်းကိုကြိုက်တဲ့ ကောင်ကစောက်ချိုးမပြေတာ ခက်တယ်...
ဆောင်းဦးဓားဟာ စတင်ပြီးတော့ နောင်တရသလို ခံစားလာခဲ့ရပါတယ်။သို့ပေမဲ့ လူလိမ်ကောင် အကြောင်းကိုတွေးမိပြီး အလျင်အမြန်ပဲအသိစိတ်ပြန်ဝင်လာခဲ့သည်။
"မင်းအပြစ်ကင်းလား မကင်းလားတော့ ငါမသိဘူး။ အဲ့ လူလိမ်ကောင်နဲ့ ပတ်သက်နေမှတော့ ငါ့ရဲ့ တိုက်ခိုက်မူကို ခံရမှာပဲ"
သူမကို တိုက်ခိုက်ကြ...
သူမကို အပြည့်အဝ အဆုံးသတ်ရမယ်...
ဆောင်းဦးဓားရဲ့ အဖွဲ့ ဝင်များဟာ ဝမ်ယုချန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စတင်ပြီး ရှာဖွေလိုက်ကြပါတယ်။
သူဟာ တိုက်ပွဲစဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။အင်တာနက် တိုက်ခိုက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ့မှာ ဘယ်သူမှ မထင်ထားတဲ့ စွမ်းရည်တွေ ရှိပါတယ်။
ဂီတ အတူဒီယို တစ်ခုတွင်။
ဝမ်ယုချန် သူမရဲ့ သီချင်းအသစ်ကို လေ့ကျင့်နေတဲ့ အချိန်မှာ ယန်ဂျင်ဟာ ဘေးနားက ကြည့်ပေးနေခဲ့ပါတယ်။
"ယုချန် မင်းရဲ့ အသံက တတိယပိုဒ်နားမှာ ပိုပြီး ညှင်သာဖို့လိုတယ် ဒီလိုလေ...."
ယန်ဂျင်ဟာ သိပ်စိတ်ထားမကောင်းပေမယ့် အမှန်တကယ် အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ။သူမ တစ်ချက်နားထောင် လိုက်တာနဲ့ လိူအပ်နေတဲ့ နေရာတွေ အကုန်လုံးကို ပြောနိုင်ပါတယ်။
ယုချန်ဟာ ခေါင်းညိမ့်ပြလိုက်ပြီး သီချင်းကို ပြန်လည် သီဆိုပြလိုက်သည်။ဒီတစ်ခါ အမှန်တကယ် တိုးတက်မူရှိပါတယ်။
ယန်ဂျင်ကို ဂီတ လောကရဲ့ ဧကရီတစ်ပါးအဖြစ် လူသိများကြပါတယ်။သူမလက်ထဲကနေလည်း သီချင်းကောင်းတွေ အများကြီး ထွက်လာစမြဲပါ။
အခု ဝမ်ယုချန် သီချင်နေတဲ့ သီချင်းကလည်း သူမရဲ့ ကိုယ်ပိုင် တေးရေးဆရာက ရေးပေးထားတာပါ။
"ပြိုင်ပွဲက နောက်နှစ်ရက်နေရင် ပြန်စမှာ ၊ ဘာပဲဖြစ်ဖြစ် အမှားထပ်လုပ်လို့မရဘူး ၊ အဲ့အချိန်မှာ အမှားမလုပ်မိရင်တော့ အနိုင်ရသူက မင်းပဲ ဖြစ်လိမ့်မယ်"
ယန်ဂျင်ဟာ ပြောလိုက်သည်။
အရင်တစ်ခေါက်က ဝမ်ယုချန် အမှားလုပ်လိမ့်မယ်လိူ့ သူမမထင်မိခဲ့ပါဘူး။သို့ပေမဲ့ သူမသရေပွဲအဖြစ်ဖန်တီး လိုက်လိူ့လည်း တစ်ခြားလူတွေ အပြစ်တင်မှာ ဂရုမစိုက်ပေ။
သို့သော်လည်း ဝမ်ယုချန်နိုင်တဲ့ အထိအမှတ်တွေကို သူမမပေးရဲ ပါဘူး။မဟုတ်ရင် ကြီးမားတဲ့ ဆုံးရှုံးမူတွေ ဖြစ်သွားနိုင်ပါတယ် ။
"အိုကေ သိပါပြီ အန်တီ"
ဝမ်ယုချန် ပြောလိုက်သည်။
"ဆရာမ လို့ခေါ်"
ယန်ဂျင် သတိပေးလိုက်သည်။
ဝမ်ယုန်ချန်ဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာမ"
"ကောင်းပြီ အခုခနနားလိုက်တော့"
ယန်ဂျင်ဟာ ပြောလိုကိသည်။
ဝမ်ယုချန်ဟာ ဆိုဖာပေါ်ကို သွားပြီး လဲလျောင်းလိုက်ပါတယ်။သူမဟာ လေ့ကျင့်မူပြီးသွားတဲ့ အချိန်တိုင်း ဖုန်းသုံးလေ့ရှိသည်။
တစ်ချိနိတညိးမှာပဲ သူမ အံ့သြပြီး ထအော်လိုက်ပါတယ်။
"ငါ့ ဝိုက်ဘိုမှာ ဘာလို့ တိုက်ခိုက်တဲ့ လူတွေ များနေတာလဲ?"
သူမ လေ့ကျင့်မူ မစခင်တုန်းက ပို့စ်တစ်ခုတင်ခဲ့ပါတယ်။အဲ့တုန်းက ပို့စ်ဟာ လိုက်အနည်းငယ်သာ ရှိပြီး သူမကို အားပေးတဲ့ မှတိချက်တွေလည်း ရှိပါတယ်။သို့ပေမဲ့ သူမ လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ ဝိုက်ဘို တစ်ခုလုံး တိုက်ခိုက် ခံနေရပါပြီ။
ယနိဂျင်ဟာ မျက်မှောငိကျုတ်ပြီး သူမရဲ့ ပေ့ချ်ကို ကြည့်လိုက်သည်။
"ဒါက အင်တာနက် တိုက်ခိုက်ရေး အဖွဲ့တွေပဲ"
သူမဟာ ဒီလောက မှာအတွေ့အကြုံရှိပေမဲ့လည်း ဒီလောက်များတဲ့ တိုက်ခိုက်မူတွေကို မြင်ရတဲ့ အချိန်မှာ အနည်းငယ် ကြောင်အသွားခဲ့သည်။
"ငါမင်းတို့ကို ပြောပြီးပြီ ကောင်လေးတို့ ။ယန်ဂျင် ဘာဖြစ်လို့ အနိုင်မပေးတာလဲ သိလား အကြောင်းအရာက အံ့သြစရာမရှိဘူး ဒီက လင့်မှာ တစ်ချက်ဝင်ကြည့်လိုက်"
"ဘယ်လောက်တောင် ညစ်ပတ်တဲ့ နည်းလမ်းလဲယန်ဂျငိ နဲ့ ဝမ်ယုချန်က ဆွေးမျိုးတွေလေ။ဘာလို့ ယန်ဂျင်က ဒီလောက်တောငိ အရှက်မရှိရတာလဲ?"
"ဒီလူနှစ်ယောက်က အတော် အရှက်မဲ့တာပဲ"
"သူမ ဒီလောက် စောက်တစ်လွှဲလုပ်တာတောင် ဒီအဆင်ရောက်လာသေးတယ် ၊ အိမ်သာပြန်လိုက်ပါတော့ကွာ"
"တစ်ယောက်က အပြစ်လုပ်ထားတယ် ၊ တစ်ယောက်က အပြစ်မလုပ်ထားဘူး ဒါတောင် သရေပွဲတဲ့။နောက်ခံအင်အားရှိတာက တကယ်ကို ကောင်းမွန်တာပဲ"
"ယန်ဂျင် ခွေးမ ငါ့ကို အန်ချင်အောင် လုပ်နေတာပဲ"
......
ဆောင်းဦးဓားဟာ သူ့ အဖွဲ့တွေကို အချက်အလက်တွေ ရှာဖွေခိုင်းထားတာပါ။နောက်ဆုံးမှာ သူတို့ ယန်ဂျင် နဲ့ ဝမ်ယုချန်ရဲ့ ဆက်နွယ်မူကို ရှာတွေ့ခဲ့ပါတယ်။
ဒါက သတင်းကြီးပါပဲ။ဒါကြောင့် သူတို့ ဒီသတငိးကို ထပ်ပြီး မထိန်းနိုင်ပဲ အင်တာနက်ပေါ်မှာ ဖွင့်ချလိုက်သည်။
တစ်ကယ်လို့ တစိစုံတစ်ယောက်ကို အမြစ်ဖြတ်ချင်ရင် အားနည်းချက်ကို တိုက်ခိုက်တတ်ရပါတယ်။
ငါ ဆောင်းဦးဓားရဲ့ ဦးဆောငိမူအောက်မှာ မကြာခင် အဆုံးသတ်ရောက်လာတော့မှာပါ....
ဝမ်ယုချန်ဟာ ဒါကို မြင်ပြီး စိတ်တိုလာခဲ့သည်။
"သူတို့ ငါ့အကြောင်း ဘယ်လိုသိသွားကြတာလဲ"
ယန်ဂျငိလည်း သွေးတွေ ဆူပွက်လာခဲ့ပါတယိ။သို့ပေမဲ့ နှစ်ပေါင်းများစွာ မုန်းတီးသူတွေရဲ့ တိုက်ခိုက်မူတွေကြောင့် မကြာခင်မှာပဲ ပြန်တည်ငြိမ်သွားခဲ့သည်။
"သူတို့ကို ဂရုမစိုက်နဲ့ အကောင်းဆုံးသာ ကြိုးစားပြီး ပြိုင်ပွဲမှာ မမှားမလုပ်မိအောင်လုပ်။ဒါတွေ အကုန်လုံးက အမှိုက်တွေပဲ"
ဝမ်ယုချန်ဟာ ယန်ဂျင်နဲ့ ပြန်အငြင်းခုန်နိုင်ပါဘူး။သူမဟာ ခေါင်းညိမ့်ပြီး သာ သဘောတူလိုက်ပါတယိ။သို့ပေမယ့် ဝိုက်ဘိုပေါ်က မှတ်ချက်များဟာ တော့ စိတ်ထဲမှာရောက် နေခဲ့သည်။
ဆောင်းဦးဓားဟာ အိမ်မှာထိုင်ပြီး ဝမ်ယုချန်ကို တိုက်ခိုက်နေခဲ့ပါတယ်။သူရဲ့ မျက်နှာမှာတော့ အပြုံးတစ်ခုရှိနေခဲ့သည်။
ဒါက အစပဲ ရှိသေးတယ် နောက်ထပ်လာဦးမှာ....
ဒင်.
သီးသန့် စာစောင်။
ဆောင်းဦးဓားဟာ သဘောကျစွာရယ်မောနေခဲ့ပြီး ဗိုက်မှာ ရှိတဲ့ အဆီတွေဟာ လှုပ်နေခဲ့ပါတယ်။သူ့ရဲ့ ကြီးမားတဲ့ တင်ပါးကြီးတွေဟာ ထိုက်ခုံနဲ့ အပြည့် ဖြစ်နေခဲ့သည်။အမှန်တရားကတော့ သူ့ရဲ့ ကြီးမားတဲ့ တင်ပါးတွေကို မိနိးပလေးတွေ အများပြီးက အားကျရမှာပါ။
သူဟာ မာနကြီးစွာပဲ သီးသန့် စာကို ဖွင့်ဖတ်လိုက်သည်။
လင်းဖန် :: ´မင်းက လွနိသွားပြီနော်။မင်းက မိန်းကလေးတစ်ယောက်ရဲ့ ဝိုက်ဘိုကိုတောငိ တိုက်ခိုက်ရဲတယ်။မင်းမှာ ရည်းစားမရှိတာ မအံ့သြတော့ဘူး။အထီးကျန်နေတဲ့ကောင်"
ဆောင်းဦးဓားဟာ ဒီစာ ကိုဖတ်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ပါတယ်။ရလာတဲ့ အဖြေက သူလိုချင်တဲ့ အတိုင်းမဟုတ်ပါဘူး။ဒီခွေးသားကပြန်ပြောရဲပါသေးတယ်။
စက်ဆုတ်ဖို့ကောင်းလိုက်တာ ...
ဆောင်းဦးဓား
"လစ်လိုက် မအိမ်လုံး ၊ ဝမ်ယုချန်ကို ငါတိုက်ခိုက်ပြမယ် စောင့်ကြည့်နေလိုက်"
ကားထဲတွင်။
လင်းဖန်ဟာ အပြစ်ကင်းတဲ့ ပုံဖြင့်ထိုင်နေခဲ့သည်။ဝမ်ယုချန်ရဲ့ ဝိုက်ဘိုမှာ ဖြစ်ပျကိနေတာတွေက ဆောင်းဦးဓား လုပ်နေတာပါ။ဒါ သူနဲ့ ဘာမှ မဆိုင်ပါဘူး။
လင်းဖန်ဟာ သူ့ရဲ့ဝိုက်ဘိုကို ပိတ်ကာ ကားကို ဆက်မောင်းလိုကိသည်။
.....
အင်တာနက်မှာ လတ်တလော လူပြောများနေတဲ့သတင်းတွေရှိပါတယ်။
ပထမဆုံး ဒိုင် ချီမင်ဟာ စိတ်ဆိုးစွာဖြင့် မိုက်ကိုလွင့်ပစ်ကာ အသံသစ် အစီအစဥ် မှထွက်ခွာသွားခြင်း။နောက်တစ်ခုက ဝမ်ယုချန်နဲ့ ယန်ဂျင်ရဲ့ ဆက်နွယ်မူပါ။
ဒီအကြောင်းအရာ နှစ်ခုဟာ လူပြောများနေကြပြီး ဟန်လုရဲ့ အကြောင်းအရာကတော့ နောက်ကနေ ကပ်လိုက်နေခဲ့ပါတယ်။
သတင်းခေါင်းစဥ်။
"ဟန်လုနဲ့ ပြန်တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ ထူးဆန်းတဲ့ လူငယ်လေးရဲ့ သရုပ်မှန်ပေါ်ထွက်"
"ထူးဆန်းတဲ့ လူငယ်လေးရဲ့ အလုပ်အကိုင်ကတော့...."
မြို့သူမြို့သားတွေဟာ သတင်းခေါင်းစဥ်ကို ကြည့်ပြီး စိတ်ဝင်စားသွားကြပါတဟ်
ဘာကြိီးတုန်းဟ......?
"ချီးပဲ ဆန်းကျယ်တဲ့ လူငယ်လေးက ဒီလောက်တောငိ ငယ်မယ်လို့ ငါမထင်ထားမိခဲ့ဘူး"
"သတ္တိရှိတယ်၊ ဒီကောင်လေးရဲ့ ပန်ကိတ်ကို စားဖို့ လူတွေ အဲလောက်တောင်များတာလား"
"ဒီထူးဆန်းတဲ့ လူငယ်လေး ဘာလို့ ဟန်လုနဲ့ တိုက်ခိုက်ဖို့ ငြင်းဆိုတာလဲ ငါတို့ ဆွေးနွေးရအောင်"
"မင်းစောက်ပိန်းလား? ဒီ လူငယ်လေး ပန်ကိတ်ရောင်းနေရလို့ မအားဘူးဆိုတာ ကြည့်တာနဲ့ သိနေတာကို"
"ချီးပဲ လူတွေပန်ကိတ်စားပြီး ဒီလိူဖြစ်သွားတာ တစ်သက်နဲ့ တစ်ကိုယ် ဒါပထမဆုံးမြင်ဖူးတာပဲအဲတာက ဒီလောက်တောင် ကောင်းလို့လား"
"အားလုံးပဲ နည်းနည်း လေးနက်ပေးကြပါ။ငါတို့ တရုတ်ကိုယ်ခံပညာအကြောင်း ပြောနေကြတာနော် ၊ ပန်ကိတ်အကြောင်း မဟုတ်ဘူး"
"ဒီပန်ကိတ်တွေက ကမ္ဘာ့အကောင်းဆုံးပဲ မင်းတို့ သေချာ အနီးကပ်ကြည့်ကြည့် ဒီပုံစံက ငါတို့ ပုံမှန်မြင်နေကြပန်ကိတ် ပုံစံနဲ့ မတူဘူးနော်"
"ခွေးသားတွေ မင်းတို့ ဒီပန်ကိတ် အကြောင်းပဲ ပြောနေကြတော့မှာလား"
"ချီးပဲ ဘယ်ကောင်က ဒီလိုပုံတွေ ရိုက်လာတာလဲ၊ သူတို့ရဲ့ အမူအရာတွေက ချဲ့ကားထားကြတယ်"
သူတို့မှတ်ချက်ပေးနေကြတဲ့ အကြောင်းအရာတွေဟာ သတင်းခေါင်းစဥ်နဲ့ အတော်ကွာခြား တယ်ဆိုတာ အားလုံးသတိထားမိကြပါတယိ။
ခေါင်းစဥ်က တရုတ်ကိုယ်ခံပညာဖြစ်ပေမယ့် သူတို့ပြောနေတာက ပန်ကိတ်အကြောင်းပါ။
အမှားပါနေတာလား?
............
ဟန်လု၏ ဝိုက်ဘိုတွင်။
ဝိုက်ဘို အသုံးပြုသူတွေဟာ ဟန်လုကို သွားရန်စနေကြပါတယိ။
"ဟန်လုရေ မင်းတော့ ပန်ကိတ်သည် ရိုက်တာခံခဲ့ရပြီ ဘာပြောချင်သေးလဲ"
"ဒီလောက် ကျွမ်းကျင်တဲ့ ပိုယ်ခံပညာရှင်က ပန်ကိတ်ရောင်းနေမယ် လို့မထင်မိခဲ့ဘူး"
"6666 မင်းက ပန်ကိတ်သည်တောင် မနိင်ပဲနဲ့ ဆရာကြီး လုပ်ချင်သေးတယ်"
ဟန်လုဟာ နောက်ဆုံးရသတင်းတွေကို ဖတ်နေခဲ့တာပါ။
ဟန်လု ဒီသတင်းကို မြင်တဲ့အချိန်မှာ စိတ်ရှုပ်ပြီးဒေါသ ထွက်လာခဲ့သည်။
ချီးပဲ ...ချီးပဲ...
ပန်ကိတ်သည်?
ထူးဆန်းတဲ့ လူ?
ထူးဆန်းတဲ့ လူငယ်လေးက ပန်ကိတ်သည်လား?
ရှုံးနိမ့်မူ နဲ့ အရှက်ကွဲမူ။
ဒီစကားလုံးတွေက ယန်လုကို နာကျင်စေပါတယ်။
လင်းဖန်ဟာလည်း သတင်းခေါင်းကြီးပိုင်း တွေကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့သည်။
"ငါ ဘယ်တုန်းက ဒီလိုတွေ ပြောဖူးလို့လဲ? ဒီသတင်းထောက်တွေ က ကိစ္စတို့ကို မကြီးကြီးအောင် လုပ်ချင်နေကြတာပဲ....."