ငါက တိုက်ခိုက်ဖို့ လာစိန်ခေါ်တာ
Vol. 7 Ch. 96
တရုတ် ကိုယ်ခံပညာအဖွဲ့ အစည်း။
"ကောင်းတယ် ကောင်းတယ်၊ သူက ငယ်ရွယ်ပြီးတော့ ကတိလည်း တည်တယ်"
"ဘယ်လောကိတောင် အရည်အချင်းရှိတဲ့ လူငယ်လေးလဲ။သူက ပန်ကိတ်ရောင်းပြီးတောင်နေနိုင်တယ်။ငါတို့ သူ့ကို အဖွဲ့အစည်းထဲ ရအောင်ခေါ်ရမယ်"
"ဒီကောင်လေးက အသက်ဓာတ်တွေနဲ့ ပြည့်နေတာ၊ ပြီးတော့ နိမ့်ချပြီးတော့လည်း နေတတ်တယ်"
"ဒီကောင်လေးက ရှန်ဟိုင်းမှာဆိုတာကို အချက်ပေးလိုက် ငါတို့ သူ့ကို ရအောင်ခေါ်ရမယ်"
"သိတယ် ကျုပ်တို့ လူတွေကို ပြောပြီးသွားပြီ"
.....
ဟန်လု၏ အဖွဲ့အစည်း။
"ဒီကောင်လေးက အရည်အချင်းရှိပေမယ့် မာနကြီးလွန်းတယ်"
"ညီအစ်ကို ဟန် ကအဲ့နေက ရှုံးသွားပေမယ့်လည်း သူအဆင်သင့်မဖြစ်သေးလို့ ဆိုတာ သိသာတယ်"
"ပန်ကိတ်ရောင်းတဲ့ လူက ဘယ်လောက်များ တိုက်ခိုက်ရေး ကျွမ်းကျင်မှာကြောင့်လဲ"
"ဒီမြင်ကွင်းကို ကြည့်ဦး ချဲ့ကားနေကြတာမှန်းသိသာတယ်"
"အရှက်မရှိတဲ့ ဟာတွေ"
"စက်ဆုတ် ဖို့ကောင်းတယ်"
........
လူထုကြားထဲတွင်။
"666 ဒီကောင်လေးက ဟန်လုကို နေ့ဘက်ကြီး ကျုံးလိုက်တာလေ"
"ဒီမာစတာ က သူ့ကိုသူ သာမန်လူလို ဟန်ဆောင် နေတာလေ ရှုံးလဲ ရှက်စရာမရှိပါဘူး"
"ဒါတွေက ဟန်ဆောင်နေတာ မဟုတ်ဘူးလား"
"သူတို့ကို ကြည့်ပြီး ငါတောငိ ပန်ကိတ်စားချင်သွားသလိုပဲ"
"ငါတို့ ပန်ကိတ်အကြောင်း မပြောပဲနေကြရအောင် အခုဟာက ကိုယ်ခံပညာအကြောင်း ဆွေးနွေးနေတာလေ"
"ဘယ်လောက်တောင် လှပတဲ့ ပန်ကိတ်လေးတွေလည်း ကြည့်လိုက်တာနဲ့တောင် ငါဗိုက်ဆာတယ်"
"မင်းတို့ စောက်ရူးတွေပဲ"
.......
နောက်တစ်ရက်။
တိမ်ဖြူလမ်းတွင်။
လင်းဖန် သူ့ဆိုင်လေးမှာ ထိုင်နေခဲ့ပါတယ်။
မနေ့က လူများဟာ အခြေအနေကို လက်ခံကာ ပြန်သွားကြသည်။သူဌေးလေးက တစ်ချက်တောင် မတုန့်ဆိုင်းပဲ ထွက်ပြေးသွားတာ ဖြစ်ပြီး ပြန်တောင် ပေါ်မလာခဲ့ပေ။
လူလိမ် ထျန်ဟာ သူခံစားနေရတာကို အလေးအနက်ပြော လိုက်ပါတယ်။
"မင်းထွက်ပြေးမယ် ဆိုရင်လည်း အနည်းဆုံး ငါ့ကို အသိပေးသင့်တယ်လေ။မနေ့က မင်းထွက်သွားပြီးနောက်မှာ ဘယ်လောက်တောင် အခြေအနေဆိုးလဲ သိရဲ့လား"
လင်းဖန်ဟာ ရယ်မောလိုက်သည်။
"လူတွေ အများကြီး အဝိုင်းခံရတာက ဘယ်လိုနေလဲ ပျော်ဖို့ကောင်းတယ် မလား"
လူလိမ် ထျန်ရဲ့ မျက်လုံးတွေဟာ ကျဥ်းမြောင်းသွားခဲ့သည်။
"မင်းဘကြီးကို ပျော်ဖို့ကောင်းပါလား ၊ အသစ်ဝယ်ထားတဲ့ ငါ့ရဲ့ Oppo ဖုန်းလေးကိုတောင် သူတို့ ရိုက်ခွဲကြတော့မလို့"
ဒီကနေ့ ရက်စွဲကို ကြည့်ရတာတော့ ဝုတန်ဟီ နဲ့ ဝူရွှန်းယွဲ့တို့ မကြာခင်ရောက်လာကြတော့မှာပါ။သို့ပေမယ့် သူတို့ရှန်ဟိုင်းမှာရောက်နေပြီလားဆိုတာ လင်းဖန်လည်း သေချာ မသိပါဘူး။
ဝူတန်ဟီ ရောက်လာတဲ့ အခါမှာ သူ့ရဲ့ အလုပ်ရှုပိတဲ့ နေ့တွေဟာ အဆုံးသတ်သွားမည်ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
လူလိမ် ထျန်ဟာ သံသယဖြစ်စွာပြောလိုက်သည်။ယင်းနောက် သူဆိုင်ပေါက်ဝ ကိုသွားကာ ကြည့်လိုက်ပါတယ်။
"အိုး ချီးပဲ ဒီကောင်တွေ ရောက်လာကြပြန်ပြီ"
လင်းဖန်လည်း ကြောင်အသွားခဲ့ပါတယ်။
မင်းတို့တွေ တစ်ရက်လောက်နားပြီး ငါ့ကို အသက်ရူခွင့် ပေးကြပါလားကွာ......
အပြင်ဘက်တွင်။
သတင်းထောက် အများကြီးဟာ စုဝေးနေကြပြီးသူတို့ဟာ လူတစ်ယောက်ကို အင်တာ ဗျူးနေကြပါတယ်။
"ကျုပ် အခုသူ့ကို လာပြီး စိန်ခေါ်တာ"
ဟန်လု ဟာမောက်မာစွာပြောလိုက်သည်။
သတင်းထောက် တွေဟာ ပိုပြီး စိတ်ဝင်စား လာခဲ့ပါတယ်။ဒါက တကယ်ကို သတင်းကြီး ဖြစ်မယ့် ကိစ္စပါ။
ဟန်လု က ကိုယ်တိုက်လာပြီး စိန်ခေါ်တာပါ။တကယ်လို့ လင်းဖန်သာ လက်ခံလိုက်ရင် ပွဲက ဖြစ်နေပါပြီ။
ပတ်ဝန်းကျင်ရှိ ဆိုင်ပိုင်ရှငိများဟာ လည်း အပြင်ကို ထွက်လာကြသည်။
"ကြည့်ရတာ ဒီနေ့လည်း မာစတာ လင်းရောင်းကောင်း ပြန်ဦးမယ် ထင်တယ်"
"မင်းဘကြီးက ရောင်းကောင်းပါလား သူ့တို့က ပြသနာ လာရှာကြတာဟ"
"အားလုံးပဲ လူစုထားကြ ၊ မာစတာ လင်းက တိမ်ဖြူလမ်းရဲ့ စူပါစတားပဲ။သူက ငါတို့ကို မျက်နှာပျက်အောင် လုပ်မှာ မဟုတ်ဘူး"
"လာလာ မာစတာ လင်းကို ထွက်လာခိုင်းရအောင်"
တစ်ခြား အလုပ်လုပ်နေတဲ့ ဆိုင်ပိုင်ရှင်များဟာ လည်း လင်းဖန်ကို အားပေးဖို့ အတွက်ထွက်လာကြပါတယ်။
လင်းဖန်ဟာ တစ်ခြား ဆိုင်ပိုင်ရှငိတွေ နဲ့ သိပ်မရင်းနှီးပေမယ့်လည်း အားလုံးရဲ့ သဘောကျမူကို ရရှိပြီးသားပါ။ဘာလို့လဲ ဆိုတော့ သူဌေးလေးဟာ ကာစတန်မာတွေ အများကြီးကို ဆွဲဆောင်ပြီး သူတို့ အလုပ်ပါ ပိုရောင်းကောင်းပါတယ်
လူလိမ် ထျန်ဟာ ကြောင်အသွားခဲ့သည်။
"ဘာလုပ်ကြမလဲ"
လင်းဖန်လည်း အကူညီ မဲ့နေခဲ့သည်။
"ဘာလုပ်နိုင်မှာမလို့လဲ? သူတို့ ဘာလိုချင်လဲ ဆိုတာ ပဲကြည့်ရအောင်"
သတင်းထောက်တွေရဲ့ မျက်စိရှေ့မှာပဲ ဟန်လုဟာ တံခါးနားကို လျောက်လာခဲ့ပါတယ်။သူ့မျက်လုံးတွေဟာတော့ သွေးဆာ နေခဲ့သည်။
သူဟာ ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း"
ဟန်လု ဟာ လင်းဖန်ရဲ့ မျက်နှာကို ဘယ်တော့မှ မမေ့ပါဘူး။သူဟာ စိန်ခေါ်တဲ့ စာရွက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ငါမင်းကို တရားဝင် စိန်ခေါ်တယ်။စည်းမျဥ်းတွေ ၊ အချိန် ၊ နေရာ ကတော့ မင်းကြိုက်သလို ဆုံးဖြတ်"
"တရားဝင်လား"
လူလိမ် ထျန်ဟာ ဒါကိုကြားပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။တစ်စုံတစ်ယောက်က စိန်ခေါ်တယ် ဆိုတဲ့ စကားလုံးပြောတာကို သူ မကြားရတာတောင် နှစ်အတော်ကြာခဲ့ပါပြီ။
ခေတ်တွေ ပြောင်းလဲလာပြီး နောက်မှာ တိုက်ခိုက်မူ တွေလည်း အမျိုးမျိုး ပြောင်းလဲ သွားခဲ့ပါတယ်။
ဒီနေ့ခေတ်တိုက်ခိုက်မူတွေက တိုက်ပွဲကွင်ပြင် ဒါမှမဟုတ် စင်ပေါ်မှာ တိုက်ခိုက်ကြတာပါ။လူလိမ်ထျန်ဟာ ဒီထက်စောတဲ့ ခေတ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တွေဟာလည်း သမိုင်းတွင်မယ့် အခိုက်အတန့်ကို ဓာတ်ပုံတွေ ရိုက်နေခဲ့ပါတယ်။
လင်းဖန်ဟာ လဘက်ရည် တစ်ငုံသောက်ကာ ပြောလိုက်သည်။
"မင်းရဲ့ စိန်ခေါ်မူကို လက်မခံနိုင်ဘူး"
ဟင်..
လူအုပ်ကြီးဟာ အံ့သြသင့်သွားခဲ့သည်။
သတင်းထောက်တွေ လည်း လင်းဖန် ဒီလို ပြန်ဖြေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။
ဟန်လုဟာ မျက်မှောင် ကျုတ်သွားခဲ့သည်။သူ ဒီခွေးသားရဲ့ ရိုက်နှက်တာခံပြီး ကတည်းက အင်တာနက်ပေါ်မှာ လူရယ်စရာ ဖြစ်ခဲ့တာပါ။
သူသာ ဒီနာမည်ပျက်ကို မရှင်းလင်းနိုင်ရင် ဆက်ပြီး ရပ်တည်လို့ ရတော့မှာ မဟုတ်ပါဘူး။
"ဘာလို့လဲ။ ငါမင်းကို လေးဘက်ထောက်ပြီး ပြေးရတဲ့ အထိရိုက်နှက်မှာ ကြောက်နေတာလား"
လင်းဖန်ဟာ ဟန်လုကို ကြည့်ပြီး တည်ငြိမ်စွာမေးလိုက်ပါတယ်။
"မင်းငါ့ကို ရိုက်နိင်ရင်တောင် ဘာကို သက်သေပြမှာလဲ"
"ငါက မင်းဟန်ပြသက်သက်ဖြစ်ပြီး ဘာမှ အဖြစ်မရှိဘူးဆိုတာ သက်သေပြမှာ။မင်းက လူလိမ် ဆိုတာကို သကိသေပြမှာ"
ဟန်လုဟာ ပြောလိုက်သည်။
"ငါက အခုဗေဒင်ဟောတယ်။ငါတစ်ခြား ဗေဒင်ဆရာတွေကို လိုက်စိန်ခေါ်ပြီး သူတို့က လူလိမ်တွေပါလို့ လိုက်သက်သေပြစရာ လိုလား"
"စောက်ရေးမပါတာတွေ မပြောနဲ့ ။မင်းငါ့ရဲ့ စိန်ခေါ်မူကို လက်ခံမှာလား။ လက်မခံနိုင်ရင်လည်း ကျေးဇူးပြုပြီး မင်းက လူလိမ်ဖြစ်ကြောင်းနဲ့ ငါ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ကြောင်း ကြေညာလိုက်"
ဟန်လုဟာ ပြောလိုကိသည်။
ဒါကိုကြားပြီး လူအုပ်ကြီးဟာ ငြိမ်မခံနိုင်တော့ပေ။
"မင်းက ဘာတွေ မောက်မာနေတာလဲ၊ မာစတာ လင်းက မင်းကို တောင် ရိုက်နှက်ထားတာလေ။ဘာလို့ သူက မင်းကို ထပ်ပြီး ရိုက်နှက်ရဦးမှာလဲ"
"ဟုတ်တယ် အဲ့နေ့က မင်းအကျုံးခံလိုက် ရတာ လူတိုင်းသိတယ်။မင်းက ဘာကို သက်သေပြချင်တာလဲ"
"မာစတာ လင်းက စိန်ခေါ်မူကို လက်ခံစရာတောင် မလိုဘူး။သူက အခုချက်ချင်း ဒီမှာ မင်းကို ရိုက်နှက်ပြီး လေးဘက်ထောက်ပြီး ပြန်သွားအောင် လုပ်လို့ရတယ်။ဒါမှ မင်းစောက်ရှကိထပ်ကွဲမှာ။မင်းဘာမှ မောက်မာပြီး ထောင်လွှားနေစရာ မလိုဘူး"
"ဟုတ်တယ် ဟုတ်တယ်"
လင်းဖန် ဟာဒါကိုကြားပြီး အကူညီမဲ့ သလို ခံစားလိုက်ရသည်။သူတို့ရဲ့ မှတ်ချက်တွေက ပိုပြီး ဆိုးရွားစေပါတယ်။
အဲ့အချိန်မှာပဲ ထရတ်ကား တစ်စီးဟာ သူ့ဆိုင်ရှေ့မှာ ရပ်တန့်သွားခဲ့သည်။
"ဟန်လုဆိုတာ ဘယ်ကောင်လဲ"
ကားပေါ်မှ ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်သည်။အားကစား ဝတ်စုံးကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ ကားပေါ်ကနေ အရင်ဆုံး ဆင်းလာခဲ့ပါတယ်။
သတင်းထောကိတွေဟာ ရှေ့တို့သွားပြီး သတင်းယူဖို့ ပြင်ဆင်လိုက်ကြသည်။
"ငါက ဝူရှန် က လီဒါဖန်း ပဲ။ငါ ဝိုက်ဘိုကနေ ဒီကောင်ကို စိန်ခေါ်နေတာ အကြိမ်အနည်းငယ် ရှိနေပြီ ဒါပေမဲ့ ဘာမှ အကြောင်းမပြန်ဘူး။ဒါကြောင့် ဒီနေ့ ဒီကောင့်ကို ရိုက်နှက်ချင်လို့ ဒီအထိ လာခဲ့တာပဲ"
တစ်ချို့ လူတွေဟာ လီဒါဖန်း ဘယ်သူလဲ မသိပေမယ့် သတင်းထောက် အချို့ကတော့ သိကြပါတယ်။
"ဝုရှန်က လီဒါဖန်း ၊ သံမဏိ လက်သီးသိူင်းကို လေ့ကျင့်သူ။လက်သီးတစ်ချက်ထဲနဲ့ ကျောက်တုံးတွေ ၊ လမ်းခင်းတဲ့ ကျောက်လုံးတွေကို ခွဲပြနိုင်တယ်။သူက ဆုတွေလည်း ရဖူးပြီး ၊ စစ်မှန်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ပဲ"
"ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလဲ ၊ လီဒါဖန်းက ဟန်လုကို တိုက်ခိုက်ဖို့လာတာ။ဒီလို ကိစ္စကြီး ဖြစ်လာလိမ့်မယ် လိူ့ မထင်ထားမိခဲ့ဘူး"
သိသာစွာပဲ လီဒါဖန်း ပေါ်လာတာက သတင်းထောက်တွေကို ပိုပိုပြီး စိတ်ဝင်စားလာစေခဲ့ပါတယ်။
လင်းဖန်လည်း သဘောကျနေခဲ့သည်။သူ့ကို ဒီလိုအခြေနေမှာ ကယ်တင်မယ့်လူရောက် လာလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။
ဟန်လုဟာ လီဒါဖန်းကို ကြည့်ပြီး ရယ်မောလိုက်သည်။
"ငါမင်းကို သိတောင် မသိဘူး။ငါမင်းနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး သူနဲ့ပဲ တိုက်ခိုက်မှာ"
ဟန်လုဟာ ပြောလိုက်ပြီး လင်းဖန်ကို စိုက်ကြည့်လိုကိသည်။
လီဒါဖန်နဲ့ ပါလာတဲ့ တပည့်တွေဟာ ဒါကိုကြားပြီး ဝိုင်းလှောငိလိုက်ကြပါတယိ။
"ဟန်လု မင်း ငါတို့ မာစတာ ကိုကြောက်နေတာမလား"
"ဟန်လု ငါတို့ မာစတာ က မင်းကို ဝိုက်ဘိုမှာ စိန်ခေါ်နေတာ အချိန်အတော်ကြာပြီ။မင်းရှောင်နေတာက သိသာတယ်နော် ဘာလဲ မင်းက ကြောက်နေတာလား"
လီဒါဖန်းဟာ သူ့တပည့်တွေကို ဆက်မပြောဖို့ လက်ပြလိုက်ပါတယ်။
"ငါမင်းကို နာကျငိအောင် မလုပ်ပါဘူး။မင်းရှုံးသွားရင် မင်း ခွန်အားတွေကို အသုံးချပြီး လူရှေ့ကို ထွက်မလာနဲ့တော့ ။ငါရှုံးသွားရင် အရှုံးကို ဝန်ခံပြီး မင်းနောက်ကို တစ်သက်လုံးလိုက်မယ်"
ဟန်လုဟာ လက်မခံသေးပေ။
သတင်းထောက်တွေဟာ စတင်ပြီးတော့ အချင်းချင်းတီးတိုး ပြောလာကြပါတယ်။
"ဟန်လုက လီဒါဖန်း ကိုတကယ် ကြောက်နေတာလား"
"ပြောဖို့တော့ ခက်တယ်။လီဒါဖန်းက တရုတ် ဗဟို ရုပ်မြင်သံကြားမှာ ပါဝင်ဖူးပြီး ဆုတွေလည်း ရဖူးတယ်။သူက တစ်ခုခုပဲ"
"လီဒါဖန်း ပြောတာ တကယ်မှန်နေမလား။ဟန်လုက လမ်းဘေး အဆင့်ရှိတဲ့ လူတွေကို ပဲ တိုက်ခိုက်ရဲတယ် ဆိုတာလေ"
"ဒါ မှန်နေပြီ ထင်တယ်"
"ဒါမှန်လောက်တယ်။လီဒါဖန်က အကြိမ်အနည်းငယ် စိနိခေါ်ပေမယ့် ဟန်လုက မသိချင်ယောင်ဆောင်နေတယ် ဆိုပဲ။သူ့မှာ လျို့ဝှက်ချက်ရှိနေတာလား ဒါမှမဟုတ် တိုက်ခိုက်မူကို လူသိမခံချင်တာလား မသိဘူး။ဒါမှ သူ အရိုက်ခံရလည်း သတင်းမပျံ့တော့မှာလေ"
ငယ်ရွယ်တဲ့ ဟန်လု ဟာ ဒီလို သတငိးထောက်တွေရဲ့ ပေါက်ကရ ထင်မြင်ချက်တွေ ခေါင်းထဲဝင်လာတာကို ထပ်ပြီး သည်းမခံနိုင်တော့ပါဘူ။
"ကောငိးပြီ ငါမင်းနဲ့ တိုက်ခိုက်မယ် ၊ အခုပဲ"
,
ဟန်လုဟာ စိတ်တိုစွာပြောလိုက်သည်။
"ကောင်းတယ်"
လီဒါဖန်း အဝတ်ချွတ်လိုက်တဲ့ အချိန်မှာ ကြွက်သားတွေဟာ အမြောင်းလိုက် အမြောင်းလိုက်ပေါ်နေပြီး စတီးချောင်းတွေလို ဖြစ်နေခဲ့ပါတယ် ။
သူဟာ မငယ်ရွယ် တော့ပေမယ့်လည်း သူ့ခန္တာကိုယ် အချိုးအစားက တစ်ခြားလူတွေရဲ့ အိပ်မက်ထဲက အတိုင်းပါပဲ။
လင်းဖန်နဲ့ လူလိမ် ထျန်ဟာ တစ်ယောက်ကို တသ်ယောက်ကြည့်လိုကိသည်။
"ဒီ လီဒါဖန်းက တကယ် စွမ်းဆောငိ နိုင်စွမ်းရှိတယ်"
လူလိမ် ထျန်ဟာ ပြောလိုကိသည်။
"တကယ်လား"
လင်းဖန် မေးလိုက်သည်။
"အင်း"
ဘေးမှာ ကြည့်နေတဲ့ လူများဟာ လည်း စိတ်ဝင်စား လာခဲ့ပါတယ်။
"ချီးပဲ ဒီလူက အသက်ကြီးနေပေမဲ့ လူငယ် အတိုင်းပဲ"
"ကြည့်ရတာ ဒီလူမှာ စွမ်းဆောင်ရည်ရှိတယ် ထင်တယ်"
"ငါသူ့ကို ဝိုက်ဘိုမှာ ရှာကြည့်ပြီးပြီ သူက ဆရာကြီးတစ်ယောက်ပဲ။သူငယ်ငယ်လေးထဲက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တာ။လက်သီးတစ်ချက်ထဲနဲ့ ကျောက်တုံးတွေကို ခွဲပြနိုင်တယ်"
"ငါလည်း ရှာကြည့်ပြီးပြီ သူက တကယ် ထူးခြားတယ်"
.....
အဲ့အချိန်မှာပဲ လင်းဖန်ဟာ သူ့ရဲ့ ဖုန်းကို ထုတ်လိုက်သည်။
"မင်းဘာလုပ်မလို့လဲ"
လူလိမ်ထျန်ဟာ မေးလိုကိသည်။
"ရဲခေါ်မလို့လေ။နိုင်ငံသား တစ်ယောက် အနေ့နဲ့ နေ့ဘက်ကြီး တိုက်ခိုက်နေတာ မြင်ရင် တင်ပြသင့်တယ်"
လူလိမ် ထျန်ဟာ ကြောင်အသွားခဲ့သည်။
"ဟေး ခေါင်းဆောင်လီ သတင်းပို့စရာလေးရှိလို့။ဒီ တိမ်ဖြူလမ်းမှာ တိုက်ခိုက်နေကြတယ် အခြေအနေကတော့ ထိမ်းမနိုင် သိမ်းမရပဲ။ဒါက ငြိမ်းချမ်းနေတဲ့ နေရာလေးကို အနှောကိယှက်ဖြစ်နေတယ်။ဒီမှာ တရားဥပဒေ မစိုးမိုးဘူး ထင်နေတာ ဖြစ်မယ်"
"ကောင်းတယ် ၊ ခင်ဗျားဒီကို လာရင်ပုံရိပ်ကောင်းတွေ ရလိမ့်မယ်နော် သတင်းထောက်တွေပါ ရှိတယ်။တကယ်လို့ သတင်းတွေသာ ပျံ့သွားရင် ရဲတွေ မရှိဘူးလား ဘာညာ ဖြစ်နေလိမ့်မယ်"
ဖုန်းချပြီးနောက်တွင်။
လင်းဖန်ဟာ အနည်းငယ် တွေဝေနေပေမယ့်လည်း ခွေးချေခုံ လေးတစ်လုံးကို ယူကာ တစ်ခြားလူတွေ နဲ့အတူ ပွဲကြည့်ဖို့ သွားလိုက်ပါတယ်။
ဟန်လုနဲ့ လီဒါဖန်း တို့ဟာ သန်မာပေမယ့် လည်း အသိပညာတော့ နဲနဲမဲ့ကြပါတယ်။
ရှန်ဟိုင်းလိုနေရာမျိုးမှာ နေ့ဘက်ကြီး တိုက်ခိုက်ဖို့ လုပ်တာကတော့ သတင်းတွေ ပျံ့ပြီး တိုင်ကြားမူ ရှိရင် ရဲဖမ်းခံရနိုင်တယ်ဆိုတာ သူတို့ သတိမထားမိကြပါဘူး။
တစ်စုံတစ်ယောက်ဟာ နိမ့်ချပြီး စိတ်ရှည်မူကို လေ့ကျင့်ရပါမယ်။