မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခု
Vol. 7 Ch. 97
"ငါတို့ ရက်စက်ရာ ကျမနေဘူးလား"
လူလိမ် ထျန်မေးလိုက်သည်။
သူတို့ဟာ ရဲခေါ်ယုံသာမက ထိုင်ခုံတွေပါ ယူပြီး ပွဲကြည့်နေခဲ့တာပါ။ဒါဟာ အတော် ရှက်ဖို့ကောင်းသည်ဟု ထင်လိုက်မိသည်။
လင်းဖန်ဟာ ရယ်မောလိုက်သည်။
"ဒီလို မတွေးရဘူး။တို့က တာဝန် ဝတ္တရားကို သိတဲ့ နိုင်ငံသားကောင်းတွေလေ။ပြည်သူလူထုရဲ့ လုံခြုံရေး အတွက် ငါတို့ ချကိချင်းသတင်းပို့ရမယ်လေ။ဒီတိုက်ခိုက်မူက ပြည်သူလူထုကို စိတ်ပူပန်စေတယ်"
"အဓိပါယ်ရှိတယ်"
လူလိမ် ထျန်ဟာ ခေါင်းညိမ့်ပြီးပြောလိုက်သည်။
.....
ဟန်လုနဲ့ လီဒါဖန်းရဲ့ တိုပ်ပွဲဟာ လူအများကြီးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သတင်းထောက်တွေဟာ သတင်းတွေကို လိုချင်နေကြတာဖြစ်ပြီး အခုချိန် လင်းဖန် လက်ခံတာ လက်မခံတာဟာ သူတို့အတွက် သိပ်အရေး မပါတော့ပေ။
လီဒါဖန်းရဲ့ ပုံရိပ်နဲ့ တည်ရှိမူဟာ ပုံမှန်မဟုတ်ပဲ လင်းဖန်ထက် ရှေးကျပြီး သာလွန်ပါတယိ။ဘယ်သူနိုင်မလဲ ရှုံးမလဲ ဆိုတာကတော့ သတင်းထောက်တွေအတွက် ဂရုမစိုက်ပါဘူး။
သူတို့အတွက် အရေးကြီးတာက သတင်းရေးစရာ ရှိနေဖို့ပါပဲ။
"သူတို့ စတိုက်နေပြီ စတိုက်ပြီ"
လူလိမ် ထျန်ဟာ အသံမြင့်ကာ ပြောလိုက်သည်။
လူအုပ်ကြီးဟာ လည်း လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါတယ်။
လီဒါဖန်ဟာ ကျားတစိကောင်လို ကြောက်လန့်မူကန်းစွာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ဟန်လုဟာ ဒါကို မြင်လိုက်ပြီး လျင်မြန်စွာပဲ အချိန်မှီ ဘေးကို ရှောင်တိမ်းလိုက်ပါတယ်။
သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မူတွေဟာ မြန်ဆန်လှပေသည်။
သတင်းထောက်တွေဟာ ရှုထောင့်ပေါင်းစုံကနေ ဓာတ်ပုံတွေ ရိုက်နေခဲ့သည်။လူအုပ်ထဲက လူများဟာတော့ အော်ဟစ် အားပေးနေကြပါသည်။
စိတ်လှုပ်ရှားစရာပဲ....
လီဒါဖန်းရဲ့ အထူးပြု ပညာရပ်ဟာ သံမဏိ လက်သီးသိုင်းပါ။ဒီသိုင်းပညာဟာ ခွန်းအားမှာပြင်းထန်လွန်းပေမဲ့လည်း လျင့်မြန်မူဟာ လျော့ကျနေခဲ့သည်။
လူလိမ်ထျန်ဟာ ခေါင်းညိမ့်ပြီး အသိအမှတ် ပြုလိုက်သည်။
"မဆိုးဘူး သူ့မှာတကယ် စွမ်းဆောငိနိုင်စွမ်းရှိတယိ"
လင်းဖန်ဟာ လည်း အံ့သြစွာကြည့်နေခဲ့သည်။
"ဟုတ်တယ် တစ်ချက်ထိုးခံရတာနဲ့ ဟန်လုရဲ့ မျက်နှာအမူအရာက ပိုပြီး လေးနက်လာခဲ့တယ်"
လူအုပ်ကြီးဟာလည်း တိုက်ပွဲကို သေချာကြည့်နေကြသည်။ဒီတိုက်ပွဲ ကတကယ်ကို ကျွမ်းကျငိအဆင့်တွေရဲ့ တိုက်ပွဲပါ။
သို့ပေမဲ့ တိုက်ကွက်များဟာ ရုပ်ရှငိထဲကအတိုင်းချောမွေ့ပြီး မညင်သာပေ။နှစ်ဖက်စလုံးဟာ ရှုပ်ရှကိခတ်နေပြီး သိုင်းကွက်များဟာလည်း ရှုပ်ထွေးနေခဲ့သည်။
"ချ မာစတာ ချထား"
"မာစတာ လုပ်နိုင်တယ်"
"ရိုက်လိုက် မာစတာ"
လီဒါဖန်းရဲ့ တပည့်များဟာ အားပေးနေကြပြီး အဆုတ်ထဲက တဲ့ အသံများဖြင့်အော်ဟစ်နေကြသည်။
သတင်းထောက်များဟာလည်း ကင်မရာ များဖြင့် ဓာတ်ပုံများ ၊ ဗီဒီယိုများ ရိုက်နေကြသည်။
"အရမ်းမကပ်နဲ့လေ ၊ ခိုက်မိသွားရင် သက်သာမှာ မဟုတ်ဘူး"
သတင်းထောက်တွေဟာ နေရာပေါင်စုံကနေ မမှတ်တမ်းတင်နေကြပေမဲ့လည်း သူတို့ အနားကို မကပ်ရဲကြပါဘူး။အကယ်၍ တစ်စုံတစ်ယောက်သာ ထိခိုက်မိသွားရင် အတွင်းဒဏ်ရာ ရသွားနိုင်ပါတယ်။
သွေးး
နှစ်ဖက်စလုံးဟာတော့ စတင်ပြီး သွေးထွက်လာခဲ့ပြီ ဖြစ်သည်။
နှစ်ယောက်စလုံး၏ နှာခေါင်းများမှ သွေးများစတင် ထွက်လာခဲ့ကြပြီး တိုက်ခိုက်မူတွေဟာ လည်း ပိုမို ကြမ်းတမ်းလာခဲ့ပါတယိ။
"မာမီ ဒီအန်ကယ် နှစ်ယောက်က ဘာလို့ ရန်ဖြစ်နေကြတာလဲ"
,
အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်ဟာ သူ့အမေ့၏ အက်ျီကို ဆွဲကာ မေးလိုက်သည်။
"ဒီ အန်ကယ် နှစ်ယောက်က ကိူယ်ခံပညာ ယှဥ်ပြိုင်နေကြတာလေ"
ကောင်လေးရဲ့ အမေဟာ တိုက်ခိုက်နေမူကို ဖုနးဖြင့်ရိုက်ကူးနေရင်း ပြန်ဖြေလိုက်သည်။
"ဟေ့ ဟေ့ မတိုးကြနဲ့လေ"
လူအုပ်ကြီးဟာ ပိုပိုပြီး များလာခဲ့ပါတယ်။ငယ်ရွယ်တဲ့ ကလေးအမေဟာ ယိုင်သွားခဲ့ပြီး ကလေးကို တိုက်မိကာ ကလေးလက်ထဲက ဘောလုံး လွတ်ကျသွားခဲ့ပါသည်။
"ဘောလုံး"
ကောင်လေးဟာ သူ့လက်ထဲမှ ဘောလုံးလွတ်ကျသွားတဲ့ အတွက် အလျင်အမြန်ပြေးလိုက်သွားခဲ့ပါတယိ။
ဘောလုံးဟာတော့ ဟန်လုနဲ့ လီဒါဖန်း တို့ အနားကို ရောက်ရှိသွားခဲ့ပါသည်။
ကောင်လေးသာ ဒီထဲကို လိုက်သွားပြီး ထိခိုက်မိလျင် တကယ်မလွယ်ကူပေ။
"ဟေး ကောင်လေး မသွားနဲ့လေ"
လူအုပ်ကြီးဟာ ဝိုင်အော်လိုက်ကြသည်။
ကောင်လေးရဲ့ အမေဟာလည်း ကောင်လေး ဘောလုံးပြေးကောက်နေတာကို မြင်ပြီး မျက်နှာ ဖြူဖျော့သွားခဲ့ပါတယ်။
"ပြန်လာခဲ့"
သူမဟာ အော်ဟစ်လိုက်သည်။
အဲ့အချိန်မှာပဲ ဟန်လူရဲ့ လက်သီးထိုးချက်တွေဟာ ပိုမိုကြမ်းတမ်းလာခဲ့ပါတယ်။လီဒါဖန်းဟာ နောက်ကို ပိုမို ဆုတ်နေရပြီး နောက်ဖက်ရှိ ကလေးကို သတိမထားမိခဲ့ပေ။
လင်းဖန် နဲ့ လူလိမ် ထျန်ဟာ ရှေးဆုံးတန်းမှာ ထိုင်အားပေးနေကြတာပါ။သူတို့ရှေ့က မြင်ကွင်းကို မြင်တဲ့ အချိန်မှာ သူတို့မျက်နှာတွေဟာ ဖြူဖျော့သွားခဲ့ကြသည်။
လူလိမ် ထျန် လှုပ်ရှားဖို့ ပြင်ဆင်လိုက်တဲ့ အချိနိမှာပဲ လင်းဖန်ဟာ ရှေ့ကို ပြေးထွက်သွားလိုကိသည်။
"မဟုတ်ဘူး"
ကောင်လေး ရဲ့ မိခင်ဟာ တစ်ခုခုဖြစ်တော့မှာကို မြင်နေခဲ့ပြီး ကြောက်ရွံ့စွာအော်ဟစ် လိုက်သည်။
လီဒါဖန်းဟာ ကလေးကို ထိခိုက်မိဖို့ အတော် နီးစပ်နေခဲ့ပါပြီ။
ရုတ်တရက် လက်တစ်ဖက် ပေါ်လာပြီး ကလေးကို ပွေ့ချီလိုက်ကာ နောက်လက်တစ်ဖက်ဖြင့် လီဒါဖန်း ၏ ပုခုံးကို တားဆီးလိုက်သည်။
လီဒါဖန်းရဲ့ ပုခုံးကို တွန်းကန်အား အဖြစ်အသုံးပြုပြီး နှစ်ယောက်စလုံးကို ကျော်ပြီး တစ်ပတ်ဂျွမ်း ထိုးကာ ဟန်လုရဲ့ နောက်ဘက်ကို ဆင်းသက် လိုက်ပါတယ်။
လင်းဖန်ဟာ ခြေထောက် တစ်ဖက်ကို ထုတ်လိုက်ကာ ဟန်လုရဲ့ နောက်ကျောကို ကန်ပြီးမြေပြင်ပေါ်ကို ဆင်းလိုက်ရာဟန်လု ဟန်ချက်ပျက်သွားပြီး လီဒါဖန်းရဲ့ အပေါ်ကို လဲကျသွားခဲ့သည်။
"ချီးပဲ 6666"
"သူဘယ်လို လုပ်သွားတာလဲ။ တကယ်ကို ရုပ်ရှင်ထဲက အတိုင်းပဲ"
"မာစတာ လင်းက အရမ်းတော်တာပဲ"
လူလိမ် ထျန်ဟာ စိတ်သက်သာရ ရသွားပြီး တစ်ချိန်တည်းမှာပဲ အံ့သြသွားခဲ့သည်။ဒီ လှုပ်ရှားကွက်က အဖြစ်နိုင်ဘူးလို့တောငိ ပြောလို့ရပြီး သူလညိး လိုက်လုပ်နိုင်ဖို့ အသေချာပေ။
ကောင်လေးရဲ့ မိခင်ဟာ လင်းဖန်ဆီကို အမြန်သွားလိုက်ပြီး ကျေးဇူးတင်လိုက်ပါသည်။
အကယ်၍ လင်းဖန်သာ ဝင်အကူရင် အဖြစ်အပျက်တွေဟာ အတော်ဆိုးရွား သွားနိုင်ပါတယ်။ကလေးဟာတော့ လင်ဖန် ချီပြီး ဂျွမ်းထိုးတဲ့ အချိန်မှာ စိတ်လှုပ်ရှားနေခဲ့သညိ။
သူ့ကြည့်ရတာ သဘောကျနေတဲ့ ပုံပါပဲ။
လင်းဖန်ဟာ ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"နောက်တစ်ခါဆို ကလေးကို ပိုပြီး ဂရုစိုက်သင့်တယ်"
"ကျေးဇူး ကျေးဇူးတငိပါတယိ"
ကောင်လေးရဲ့ မိခင်ဟာ ကလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး လင်းဖန်ကို ကျေးဇူးတင်နေခဲ့ပါတယ်။
သတင်းထောက်တွေဟာလည်း တစိယောက်နဲ့တစိယောက် စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
"မင်း ရိုက်မိလိုက်လား"
"အင်း စောက်ရမ်းမိုက်တယ်"
"ချီး မာစတာ လင်းက နောက်ဆုံးတော့ တစ်ကွက်ပြလိုက်ပြီ"
"စတန့်က စောက်ရမ်းမိုက်တယ်နော်"
လူအုပ်ကြီးရော သတင်းထောက်တွေရောဟာ သဘောကျနေခဲ့ကြပါတယ်။
သူတို့ မြင်ခဲ့တယ်ဆိုတာတောင် မယုံကြည်နိုင်ကြပါဘူး။တစ်ုံတစ်ယောက်သာ ဒါကို ပြကွက်ထဲမှာ ထည့်ရင် အတော် ကြည့်ကောင်းနိုင်သည်။
** လက်ခုတ်တီးသည့် အသံများ**
သူတို့ ခုနတုနိးက ကလေးအတွက်ဝိုင်းပြှီး စိတ်ပူခဲ့ကြတာပါ။တကယ်လို့ မာစတာ လင်းသာ ဝင်မပါရင် ကလေးအတွက် ပြသနာ ဖြစ်သွားနိုင်ပါတယ်။
လီဒါဖန်း ရဲ့ လက်သီးတွေက ကြောက်မက်ဖွယ်ကောင်းလှပါတယ်။တကယ်လို့ ကောင်လေးသာ လီဒါဖန်းကြောင့် ထိခိုက်မိသွားရင် အဆုံးသတ်ဟာ မတွေးရဲပေ။
ရုတ်တရက် သတင်းထောက်တစ်ယောက်ဟာ ထအော်လိုက်သည်။
"အမြန် မှတ်တမ်းတင်ထား"
သတင်းထောက်တွေဟာ လှည့်ကြည့်လိုက်တဲ့အချိန်မှာ အကုန်လုံး ဆွံ့အသွားကြပါတယ်။
လင်းဖန်ရဲ့ ကျွမ်းကျငိလှတဲ့ ကန်ချက် ကြောင့် ဟန်လုဟာ လီဒါဖန်း အပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတယ်။သူတို့ ရဲ့ နှုတ်ခမ်းချင်းတွေဟာတော့ ထိနေခဲ့ကြသည်။
* ချလပ် *
ဒီအခိုက်အတန့်က သမိုင်းတွင်မယ့် အခိုက်အတန့်ပါ။
ဟန်လုဟာ သူ လီဒါဖန်းရဲ့ အပေါ်မှာ ရောက်နေတာကို သိလိုက်တဲ့အချိန်မှာ ကြောက်လန့်သွားပြီး သရဲတစ်ကောင်လို မျက်နှာ ဖြူဖျော့သွားခဲ့ပါတယ်။သူဟာ ချက်ချင်းထရပ်လိုက်ပြီး နှုတ်ခမ်းကို သုတ်လိုက်သည်။
* အနမ်း အနမ်း *
လူအုပ်ကြီးဟာ အော်လိုကိကြပါတယ်။
လီဒါဖန်းနဲ့ ဟန်လု တို့နှစ်ယောက်ဟာ ကြောင်အသွားခဲ့ကြသည်။
ဒါကတွေးတောင် မထားနိုင်တဲ့အရာပါ။ကျွမ်းကျင်တဲ့ ကိုယ်ခံပညာရှင် နှစ်ယောက်က ဒီလို ရှက်စရာ အမူအရာ တွေ ဖြစ်လာလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။
"မင်း"
ဟန်လုဟာ လင်းဖန်ကို စိတ်ဆိုးရွာ ပြောလိုကိသည်။
လင်းဖန်ဟာ ဟန်လုကို ဖြတ်ပြောလိုကိသည်။
"မင်းတို့ ဒီလိုနေရာမှာ တိုက်ခိုက်နေတာ အန္တရာယ် များတယ် ဆိုတာမသိဘူးလား။မင်းတို့ သာ ကလေးကို ခိုက်မိသွားရင် ပြသနာတွေ ပိုဆိုး သွားနိုင်တယ်"
ဟန်လုရဲ့ မျက်နှာဟာ ဒေါသကြောင့်နီရဲနေခဲ့ပါတယ်။ကောင်လေးကိုကြည့်ရင်း သူဒီမှာ တိုက်ခိုက် တာကို အနည်းငယ်နောင်တရမိသွားခဲ့သည်။တကယ်လို့ လင်းဖန်သာ ကြားဝင်မလာခဲ့ရင် သူနိုင်ခါနီးနေပါပြီ။
"လမ်းဖယ် လမ်းဖယ်"
ရဲအရာရှိတွေဟာ ရောက်လာခဲ့သည်။
လီရှောင်ရှမ်းဟာ သူ့ဘော်ဒါဆီက ဖုန်းရပြီးပြီးချင်း ထွက်လာခဲ့တာပါ။
လူမြင်ကွင်းမှာ သတင်းထောက်တွေနဲ့ တိုက်ခိုက်တာ ဟာ မထင်မှတိထားတဲ့ အရာဖြစ်ပြီး ကျိန်းသေ တားဆီးရမည် ဖြစ်သည။
"ဘယ်သူ တိုက်ခိုက်နေတာလဲ"
လီရှောငိရှမ်းဟာ မေးလိုက်သည်။
လူအုပ်ကြီးဟာ ဟန်လုနဲ့ လီဒါဖန်းကို လက်ညိုးထိုးပြလိုက်ကြသည်။
"ဒီနှစ်ယောက်"
"ကျွန်တော်တို့က စိတ်ခေါ်ပြီးထိုးတာပါ။အသက်လုပြီး တိုက်ခိုက်နေတာ မဟုတ်ပါဘူး"
လီရှောင်ရှမ်း ဟာ လူတွေ လက်ညိုးထိုးပြတဲ့ လူကို ကြည့်ပြီး အနည်းငယ် ရင်းနှီးတယ်လို့ တွေးမိလိုက်ပါတယ်။
ဟန်လု မဟုတ်ဘူးလား...?
သူဟာ ခေါင်းကို လှည့်ပြီး လီဒါဖန်းကို ကြည့်လိုက်သည်။သူတို့နှစ်ယောက် စလုံးဟာ နှာခေါင်းသွေးထွက်နေကြပြီး သွေးထွက်နေတာ အတော်ထင်ရှားပါတယ်။
"သူတို့ကို ဖမ်းလိုက်"
ဘာစကားမှ မပြောနိုင်ပဲ ဟန်လု နဲ့ လီဒါဖန်းဟာ ကားပေါ်ကို ပါသွားခဲ့ကြသည်။သတင်းထောက်တွေဟာတော့ ဆက်တိုက် မှတ်တမ်းတင်နေကြပါတယ်။
ဒါကလည်း သူတို့အတွက်တော့ သတင်းတစ်ပုဒ်ပါပဲ။
လီဒါဖန်းရဲ့ တပည့်တွေဟာ သူတို့ ဆရာကို ရဲဖမ်းသွားတာ မြင်ပေမဲ့ မတားဆီးရဲကြပါဘူး။ဒါကြောင့် ရဲများနှင့်အတူရဲ စခန်းကို လိုက်သွားကြပါသည်။
လင်းဖန်ဟာ ခနကြာရင် သူ့ဆီကို သတင်းထောက်တွေ ဝိုင်းလာတော့မှာကို သိပါတယ်။
ပြေးရမယ့် အချိန်ပဲ.....