← Chapters

ငြိမ်းချမ်းရေး အနမ်း

Vol. 7 Ch. 98

ငြိမ်းချမ်းရေး အနမ်း

Vol. 7 Ch. 98

"မာစတာ လင်းကထွက်ပြေးသွားပြန်ပြီ"

လူတွေဟာ ရေရွတ်လိုက်သည်။

ဒီရက်ပိုင်းမှာ လင်းဖန် ထွက်ပြေးသွားတာ နှစ်ခါရှိပါပြီ။ဒုတိယ အကြိမ်ဟာ ပထမအကြိမ်ထက်ပိုပြီး ဝမ်းနည်းစရာ ကောငိးလှသည်။

လူအုပ်ကြီးဟာ ပွဲကြည့်ပြီးသွားရင် ပန်ကိတ်စားပြီး ဗေဒင်ဟောဖို့ စဥ်းစားထားကြတာပါ။

အခုတော့ မာစတာ လင်းဟာ ထွက်ပြေးသွားပြန်ပြီး ဖြစ်သည်။

ချီးပဲ ငါတို့က ပန်ကိတ်ကို ဘယ်လိုစားပြီး ဗေဒင်ကို ဘယ်လို ဟောရတော့မလဲ....

ရဲဌာန တွင်။

ဟန်လုနဲ့ လီဒါဖန်းတို့ နှစ်ယောက်ဟာ ရဲအရာရှိပြောတာကို ကြားပြီး ဆွံ့အသွားခဲ့ကြပါတယ်။

"ဘာ .. ငါတို့က သုံးရက်တောငိ အဖမ်းခံရမှာလား"

ညှိနှိုင်းပေးနေတဲ့ အရာရှိဟာ ခေါင်းကို မော့ကာ ပြောလိုက်သည်။

"မင်းတို့က နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းမူကို နှောက်ယှက်ပြီး ဥပဒေကိုလည်း ချိုးဖောက်ထားတယ်လေ။သတင်းထောက်တွေလည်း အဲ့မှာ ရှိတယ်..မင်းတို့လုပ်ထားတာတွေနဲ့ ယှဥ်ရင် သုံးရက်ဆိုတာ ဘာမှမဟုတ်ဘူး"

နောက်ထပ် ရဲအရာရှိ မိန်းကလေးဟာ ဝင်ပြောလိုက်သည်။

"ရှင်တို့ အဲ့လူကို တကယ်ကျေးဇူးတင်သင့်တယ်။တကယ်လို့ သူသာ ကလေးကို မကူညီပဲ တစ်ခုခုဖြစ်သွားရင် ရှင်တို့ အပြည့်အဝတာဝန်ယူရမှာ"

ညှိနှိုင်းပေးတဲ့ အရာရှိဟာလည်း သူတို့ကို ထပ်ပြောလိုကိသည်။

"အဲလို ဖြစ်သွားရင် သုံးရက်လောက် မရိုးရှင်းတော့ဘူး။အသက်တွေကဖြင့်ကြီးနေကြပြီး ကလေးတွေလို ရန်ဖြစ်နေကြတယ်။ခင်ဗျားတို့ လေ့ကျင့်ဖော်တွေ မရှိလို့လား"

ဒီရဲအရာရှိနှစ်ယောက်က ဒီလို တရားခံတွေ ပါးစပ်မဖွငိ့နိုင်အောင်လုပ်တာ ကျွမ်းကျင်ပုံရပါတယ်။ဟန်လုတို့ဟာ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။

လီဒါဖန်းဟာ ပြောလိုကိသည်။

"ပြသနာတွေ ကြီးသွားတာပဲ။သူ့ကို တကယ်ကျေးဇူးတင်သင့်တယ်။သူ့ကြောင့်သာ မဟုတ်ရင် အတော်ဆိုးသွားနိုင်တယ်"

ဟန်လုဟာ လည်း စိတ်မကောင်းဖြစ်နေခဲ့ပြီး ကလေးကို ထိမိရင် ဖြစ်လာမယ့် အကျိုးဆက်ကို ကြောက်ရွံ့နေခဲ့ပါတယိ။

"ခင်ဗျားတို့ ငြင်းစရာ မရှိရင် ဒီမှာ လက်မှတ်ထိုး"

အရာရှိဟာ ပြောလိုကိသည်။

သူတို့ နှစ်ယောက်စလုံးဟာ စာရွက်တွင် လက်မှတ်ထိုး လိုက်ကြသည်။သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မူဟာ အတော်ကံဆိုးပြီး ရဲစခန်းမှာ အဆုံးသတ်ကြရပါတယ်။

ထပ်ပြောရရင် သတင်းထောက်တွေ ဘယ်လို သတင်းထုတ်မယ် ဆိုတာတောငိ သူတို့ မသိကြသေးပါဘူး။

အသံသွင်းခန်းတစိခုတွင်။

ဝုရွှန်းယွဲ့ဟာ သီချင်းလေ့ကျင့်လို့ ပြီးဆုံးသွားခဒ့သည်။

"ကောင်းတယ် အပြစ်ကင်းပဲ"

မစ္စတာ ယန်ဟာ ချီးကျူးလိုက်သည်။ဒီသီချင်းက ဝူရွှန်းယွဲ့ရဲ့ အသံနဲ့ အတော်လိုက်ဖက် နေခဲ့ပါတယ်။အခုချိန်မှာ သူဟာ လင်းဖန်ကို ပိုမိုလေးစားနေခဲ့သည်။

သီးချင်းက ဝုရွှန်းယွဲ့အတွက် ကောင်းကင်ဘုံက ဖန်တီးပေးထားသလိုပါပဲ။

ဝုရွှန်းယွဲ့ဟာ ပြုံးနေခဲ့ပြီး ဒီသီချင်းကို အတော်ကြိုက်နှစ်သက်နေခဲ့ပါတယ်။

"အကြီးအကဲဝမ် ဒီသီချင်းက တကယ် မာစတာ လင်းရေးထားတာလား"

ဝမ်မင်ယန်ဟာ ခေါင်းညိမ့်လိုက်သည်။

"ဟုတ်တယ် မင်းသီချင်းလိုနေတယ်လဲ ကြားရော သူစိတ်ပူလွန်းလို့ မျက်နှာတွေတောင် နီရဲ လာခဲ့တယ်။အဆုံးမှာတော့ သူမင်း အတွက် သီးချင်းတစ်ပုဒ်ရေးပေးခဲ့တယ်လေ"

ဝုရွှန်းယွဲ့ဟာ အရမ်းကျေးဇူးတင်နေပြီးတော့ ဖုန်းကို ထုတ်ကာ လင်းဖန်ကို ဖုန်းခေါ်ဖို့ လုပ်လိုက်ပါတယ်။သို့ပေမယ့် လင်းဖန်ရဲ့ ဖုနး်ဟာ စက်ပိတ်ထားခဲ့သည်။

ဝမ်မင်ယနိဟာ ပြုံးလိုက်ပြီး သက်လတ်ပိုင်း လူကြီးတစိယောက်လို ဟန်ဆောင်လိုက်ပါတယ်။သို့ပေမယ့် လင်းဖန် သီချင်းရေးတာနဲ့ ပတ်သက်ပြီး သူလည မယုံကြည်နိုင် ဖြစ်ရပါသည်။

သူက ဗေဒင်ဟောတာလညိး တိကျတယ် ၊ ပန်ကိတ်လည်း ရောင်းတယ် ၊ ကိုယ်ခံပညာ လည်ူ ကျွမ်းကျင် ၊ အခု သီချင်းလည်းရေးနေပြန်ပြီ။

ဒါက အတော် ဆန်းကျယ်တာပါ။

"မနက်ဖြန်အကောင်းဆုံး ကြိုးစားပြီး ဝမ်ယုချန်ကို နိုင်အောင်လုပ်"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

ဝုရွှန်းယွဲ့ဟာ ခေါင်းညိမ့်ပြီး ဆက်လေ့ကျင့် လိုက်ပါတယ်။

သူမဟာ အကုန်လုံးကို စိတ်မပျက်စေဖို့ ဆုံးဖြတ်ထားပါတယ်။အထူးသဖြင့် မာစတာ လင်းက သူမအတွက် သီချင်းရေးပေးထားတဲ့ အချိန်မှာပါ။

......

နောက်တစ်ရက်တွင်။

"ဟန်လု နဲ့ လီဒါဖန်း တိုက်ပွဲကြားမှ အံ့သြစရာ အဖြစ်အပျက်"

"ထူးခြားဆန်းကျယ်တဲ့ လူငယ်လေးက မာစတာ လင်းဆိုတာ ကျိန်းသေပြီ"

"မာစတာ လင်းရဲ့ ပုံစံအမှန်ဟာ ထွက်ပေါ်လာပြီ"

"ဟန်လု ဟာ မာစတာ လင်းကို သွားစိန်ခေါ်ရင်း လီဒါဖန်းဟာ ကြားဝင်လာခြင်း။အဆုံးမှာတော့ သူတို့ နှစ်ယောက်လုံး အဖမ်းခံရခြင်း"

"မာစတာ လင်းဟာ ကျွမ်းကျင်တဲ့ စကေးတွေကိုပြပြီး ကလေးကို ကယ်တင်သွားခြင်း"

"ဟန်လု နှင့် လီဒါဖန်းတို့အား မာစတာ လင်းဟာ ရိုက်နှက်လိုက်သည်"

UC သတင်းဌာန ရဲ့ သတင်းခေါင်းစဥ်ဟာ တစ်ခြား သတင်းဌာနတွေထက်ပိုပြီး အံ့သြသင့် စေခဲ့ပါတယ်။

"ဟန်လု နဲ့ လီဒါဖန်းရဲ့ အရှုပ်အထွေးများဟာ အနမ်းတစ်ပွင့်ဖြင့် ပြီးဆုံးသွားခဲ့သည်"

.....

များပြားလှတဲ့ သတင်းတွေဟာ အင်တာနက်ပေါ်မှာ တက်လာခဲ့ပြီး ဝိုက်ဘိုသုံးစွဲသူများဟာလည်း မှတ်ချက်တွေ ရေးသားလာကြပါတယ်။

"ဗီဒီယိုထဲက လူက တကယ်ကြမ်းတမ်းလွန်းတယ်နော်"

"ဒီလောက်ကျွမ်းကျင်မူ ၊ သူ့ကြောင့် သာမဟုတ်ရင် ကလေးတော့ မတွေးရဲ စရာပဲ"

"ဒီလောကိ ဝိတ်ကြီးသာ ကလေးအပေါ် လဲကျသွားရင် ကလေးတော့ ကပ်ဘေး ကျရောက်သလိုပဲ"

"ဟန်လုက ဘာဖြစ်ချင်နေတာလဲ ။သူနိုင်လို့ရော ဘာရမှာကြောင့်လဲ"

"အဆုံးမှာတော့ သူတို့နှစ်ကောင်လုံး လူမြင်ကွင်းမှာ တိုက်ခိုက်လို့ ဖမ်းခံလိုက်ကြရတာပဲလေ"

"နောက်ဆုံးတော့ အမှနိတရား ထွက်လာပြီပေါ့"

"ငါ မာစတာ လင်းအကြောင်း ဖတ်ပြီးသွားပြီ အစက မသိခဲ့ဘူး။သူက ဗေဒင်လည်း ဟောတယ် ၊ ပန်ကိတ်လည်းရောင်းတယိ။သူဟောလိုက်လို့ မိသားစု တစ်ခုဆို ကပ်ဘေးကနေ လွတ်သွားခဲ့တယ်လေ။သူ့ပန်ကိတ်တွေကလည်း အရမ်းအရသာရှိပေမယ့် တစ်နေ့ ဆယ်ခုပဲ ရောင်းတယ်။တန်းစီတဲ့ လူတွေမှ အများကြီးပဲ"

"ချီးပဲ တကယ်ကြီးလား ။မိုက်တယ် ငါလည်း သွားကြည့်ရမယ်"

ရုတ်တရက် ထွက်လာတဲ့ သတင်းတွေ အကုန်လုံးမှာ ဟန်လုနဲ့ လီဒါဖန်းတို့ ပါကြပါတယ်။

ဟန်လုကို ထောက်ခံတဲ့ လူနဲ့ မုန်းတီးသူများလည်း ရှိကြသည်။တိုက်ခိုက်တာကိုတော့ လူတိုင်း ကြည့်ချင်ကြပါတယ်။နောက်ဆုံးမှာတော့ ဒီလိုနေရာမျိုးမှာ စကားနဲ့သာပြောလို့ရပြီး တိုက်ခိုက်လို့ မရပါဘူး။

အဓိက ပြသနာက ဟန်လု ဟာ မောက်မာတဲ့ စကားတွေ အများကြီးကို ပြောကြားခဲ့ပြီး မုနိးတီးတဲ့ လူတွေ ပိုများလာစေခဲ့ပါတယ်။

လင်းဖန် ဟာတော့ ဖုန်းဖြေရင်း အလုပ်ရှုပိနေခဲ့ပါတယ်။

ယန်ရှုရန် ဟာပြောလိုက်သည်။

"ကောင်လေးဖန် မင်းက စောက်ရမ်းမိုက်တယ်နော်"

လင်းဖန် ပြန်ဖြေလိုက်သည်။

"နိမ့်ချနေရတာပေါ့ကွာ ၊ ဒီကိစ္စက ခေါင်းကိုက်ဖို့ကောင်းတယ် မြန်မြန်အဆင်ပြေမယ်လို့ မျှော်လင့်ရတာပဲ"

"ဒါပေမဲ့ ငါအတည်ပြောတာ မင်းက စောက်ရမ်းကောင်းတယ်နော်"

"မပြောနဲ့တော့ ငါပိုပြီး ဂရုစိုက်ရဦးမယ်။မင်း ဒီသတင်းထောက်တွေ အကြောင်း မသိသေးလို့။သူတို့က လိုချင်တာ မရမချင်း အတင်းလိုက်နေကြတာ"

.....

ဝမ်မင်ယန်

"ညီအစ်ကို တစ်ကယ် မိုက်တယ်နော်။အနာဂတ်မှာ အက်ရှငိကားရိုက်ရင် မင်းခေါင်းဆောင် မင်းသား လုပ်လို့ရပြီ"

"ဘယ်လို ရုပ်ရှင်တုန်း။ တကယ် ရုပ်ရှင်ရိုက်ချင်တယ် ဆိုရင်လည်း ငါကတော့ စိတ်မဝင်စားဘူးနော်"

"ဟေး မင်းသာ အက်ရှင်ကား ရိုက်ချင်ရင် ငါစကားတစ်ခွန်းထဲနဲ့ ခေါင်းဆောင်မင်းသား လုပ်ခိုင်းလို့ရတယ်နော်။အရည်အချင်းကို ဖြုန်းတီးစရာ မလိုဘူး။တကယ်လို့ မင်းသာ ဝင်မကယ်ရင် ကလေးကတော့ မတွေးရဲစရာပဲ"

"အကောင်းဆုံးလုပ်ခဲ့တာပါပဲ ။ဒီထက်ကြီးတဲ့ ကိစ္စ ပေါ်လာရင် ဒီကိစ္စက ပျောက်သွားမှာပါ"

"ဘာကိစ်စလဲ"

"ဟိုနှစ်ယောက် အဖမ်းခံရတဲ့ ကိစ္စလေ"

"ဟားဟား အမှန်ပဲ"

......

ဟန်လုနဲ့ လီဒါဖန်း တို့ အထိန်းသိမ်းခံရတဲ့ သတင်းဟာ ဟော့ဖြစ်နေပေမယ့် လူတွေက လင်းဖန်ကို စိတ်ဝင်စားနေကြဆဲပါ။

လင်းဖန် ကလေးကို ကယ်ခဲ့တဲ့ ဗီဒီယို ဖိုင်ဟာ အတော်လေးကို ကြည့်ရူသူများပြားနေခဲ့သည်။

ဝိုကိဘိုတွင်။

"မာစတာ လင်းက မိုက်တယ်နော် ၊ သူလုပ်ခဲ့တာ အတွက်တော့ ငါအမှတိပြည့်ပေးမယ်"

"ဟန်လုကို မာစတာ လင်းက နှစ်ခါတောင် ရိုက်နှက်ခဲ့တာပဲ"

"မင်းတို့အကုန်လုံးက မာစတာ လင်းအကြောင်းပဲပြောနေ ၊ ငါကတော့ ဟန်လုနဲ့ လီဒါဖန်း နမ်းနေတာကို မျက်လုံးထဲက မထွက်ဘူး"

"ငါကတော့ မာစတာ လင်းက နတ်ဘုရားတစ်ပါးလို့တောငိ သံသယရှိတယ်နော်။ငါတို့ သူ့ကို ကိုးကွယ်ကြမလား"

အဲ့အချိန်မှာပဲ ဆောင်းဦးဓားဟာ လုပ်စရာ ရှိတဲ့ အတွက် စောစောထလာအပြီးမှာ ဗီဒီယိုကို မြင်သွားခဲ့ပါတယ်။သူဟာ စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ကြည့်ရတာ"

ဆောင်းဦးဓားဟာ သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးနဲ့ ထိုင်ခံပေါ်မှာ ထိုင်နေခဲ့သည်။သူဟာ ယောက်ျားလေးတသ်ယောက်ဖြစ်ပေမဲ့လည်း သူ့ရဲ့ ရင်ဘတ်တွေဟာတော့ မိနိးမလေးတွေ မနာလိုလောက်အောင်တောငိ ကြီးလှပါတယိ။

"နတ်ဘုရားတွေက မမျှတဘူး။ဒီလို လူလိမ်ကျတော့ ရုပ်ချောတယ်။ထပ်ပြောရရင် ကွန်ဖူးလည်းတတ်သေူတယ်။ငါကျတော့ ဘာလို့ ဒီလို ပုံစံဖြစ်နေတာလဲ။ငါ့ကိုငါ အရမ်းမုန်းတာပဲ"

ဆောင်းဦးဓားဟာ အချိနိကြာအောင် တိတ်ဆိတ်နေပြီးမှ သူခေါင်းကို မော့ကာ ကီးဘုတ်မှ တဆင့် စာရိုက်လိုက်သည်။

တကယ်လို့ တစ်ယောက်ယောက်သာ ဆောင်းဦးဓားရဲ့ လျင်မြန်တဲ့ စာရိုက်နှုန်းကို မြင်ရင် အံ့သြသွားကြမှာပါ။

သူ့ရဲ့လက်ချောင်းတွေဟာ ကီးဘုတ် စစ်သည်တော် တစ်ယောက်ရဲ့ တစ္ဆေလိပ်ပြာ လက်ချောင်း တွေလိုပါပဲ။

All Chapters