အပိုင်း ( ၉၉ ) သောက်ရမ်းကောင်းတဲ့ ပန်ကိတ်တွေ
Vol. 7 Ch. 99
ကြီးမားလှတဲ့ လူအုပ်ကြီးဟာ ဆိုင်ရှေ့မှာ ပြည့်နေခဲ့ပါတယိ။
"သူက မာစတာ လင်းပဲ။ဟန်လုကို ရိုက်နှက်ပြီး ကောင်လေးကို ကယ်လိုက်တာလေ"
"သူက အတော်ငယ်ရွယ်တာပဲ မင်းသာငါ့ကို မပြောရင် သူ့မှာ ဒီလိုစွမ်းရည်တွေ ရှိမှန်းမသိဘူး၊ ဒီဆိုင်က ဘာလုပ်တာလဲ"
"သူက ဗေဒင်ဟောပြီး ပန်ကိတ်ရောင်းတယ်လို့ ပြောတယ်။သူက ဟန်လုကိုတောငိ ရိုက်ချနိုင်တယ် ဆိုတာ တစ်ခုခုတော့ တစ်ခုခုပဲ"
"ဒါက သောက်ရမ်းမိုက်တယိ နော်။ရုပ်ရှင်ထဲက ဟာတွေတောင် ဒီလောက်မလှဘူး။ငါ ဒီကို မာစတာ ကို ကြည့်ဖို့သက်သက်လာခဲ့တာ"
"ဒီလို စွမ်းဆောင် ရည်မျိုးတွေ ရှိနေရင် ဘယ်သူက ဗေဒင်ဟောစားမှာလဲ။ထပ်ပြောရရင် ဗေဒင်ဟောတာက အလုပ်အကိုင်ကောင်း မဟုတ်ဘူးလေ"
"ဟေး ဒီလူတွေကရော ဘာလာလုပ်ကြတာလဲ"
လင်းဖန်ဟာ ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ လူလိမ် ထျန်ဟာတော့ ကြောင်ပြီး ကြည့်နေခဲ့ပါတယ်။
အချိန်က မနက်အစောကြီး ဖြစ်ပြီး အခုမှ ဆိုင်ဖွင့်ကာစပဲ ရှိပါသေးတယိ။ဒါတောင် လူအုပ်က အတော်များနေခဲ့ပါပြီ။
ဒီထဲက လူတစ်ချို့ဟာ ဗေဒင်ဟောဖို့ လာတာ မဟုတ်သလို ပန်ကိတ်ဝယ်ဖို့ လာကြတာလဲ မဟုတ်ပါဘူး။သူတို့က ဟန်လုကို ရိုက်နှက်ခဲ့တဲ့ မာစတာ လင်း ကို ကြည့်ချင်လို့ လာကြတာပါ။
အတွေ့အကြုံရှိနေပြီ ဖြစ်တဲ့ လူလိမ် ထျန်တောငိ လူအုပ်ကြီးကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
သူသာ ကံကောင်း ချောချောလှလှ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမူကို ခံရနိုင်ပါတယ်။သို့ပေမဲ့ မိန်းမလှလေးတွေ သူ့ကို ကြိုက်နှစ်သက်ဖို့ ဆိုတာ သိပ်တော့ မဖြစ်နိုင်ပေ။
လင်းဖန် လည်း အနည်းငယ် အကူညီမဲ့ သလို ခံစားလိုက်ရသည်။သူက တစ်နေ့နေ့ ပိုပိုပြီး နာမည် ကျော်ကြား လာခဲ့ပါတယိ။
သူဒီလူတွေ ဘယ်က ရောက်လာကြလဲ ဆိုတာ တကယ် မသိပါဘူး။ဒီလူတွေဟာ သူ့ကို ရှားပါး တိရစ္ဆာန် တစ်ကောင်လို လာရောက် ကြည့်ရူနေကြတာပါ။
တကယ်လို့ သူသာ ဒီလူတွေကို မောင်းထုတိလို့ရရင် အစောကြီးကတည်းက မောင်းထုတိပြီးပါပြီ။ဒါပေမဲ့ ဒီလမ်းက သူ့အပိုင် မဟုတ်ပါဘူး။
ဒီလူတွေ သူ့ကို တိရစ္ဆာန် တစိကောင်လို လာကြည့်နေပြပေမဲ့လည်း ဘာမှ မတတ်နိုင်ပေ။
ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ
ဒီလူတွေက အပေါက်လေးတောင် မချန်ပဲ ဆိုင်ကို ဝိုင်းထားပြပါတယိ။
"သူဌေးလေး ဒီတစ်ခါတော့ ထွက်ပြေးလို့ မရတော့ဘူးနော်"
"သူဌေးလေး မင်းထွက်ပြေးချင်ရင် တောင် ပြေးလို့မရစေရဘူး။ကောင်လေးတို့ သေချာစောင့်ကြည့်ကြ။သူဌေးလေးကို မြင်ကွင်းက မပျောက်စေနဲ့"
"သေချာတာပေါ့ ဒီတစ်ခါပါ ထပ်လွတ်သွားရင် ပန်ကိတ်မစားပဲ ချီးပဲ သွားစားတော့မယ်"
"ငါတို့က မင်းရဲ့ သစ္စာရှိ ပရိတ်သတိတွေလေ ၊ နာကျင်အောင် မလုပ်ပါနဲ့"
ဖြတ်သွားတဲ့ လူတွေဟာ လည်း ဒီဆိုင်မှာ ဖြစ်ပျက်နေတာ တွေကို မြင်ပြီး အံ့သြသွားကြပါတယ်။
"ဘာတွေ ဖြစ်နေတာလဲ၊ မာစတာ လင်းကို ဘာလို့ သူဌေးလေူလို့ ခေါ်နေတာလဲ"
ဖြတ်သွားတဲ့ လူတစ်ယောက်ဟာ မေးလိုက်သည်။
"မင်းက ဒီမှာ လူသစ်ထင်တယ်။သူဌေးလေးရဲ့ ပန်ကိတ်တွေက နိဗ္ဗာန် ဘုံလိုပဲ"
ယင်းနောက်တွင် နောက်ထပ် ကာစတန်မာ အဟောင်းက လှမ်းပြောလိုက်ပါတယိ။
"သူ့ကို အရမ်းသွားမပြောနဲ့ ။ပန်ကိတ်တွေက နည်းနည်းလေးပဲရောင်းတာ နောက်ထပ် ပြိုင်ဘက်တစ်ယောက် တိုးလာရင် ငါတို့ အတွက် မကောင်းနိုင်ဘူး"
"ဟုတ်တယ် မှန်တယ်။ အများကြီး မပြောသင့်ဘူး"
အဲ့အချိန်မှာပဲ အသစ်ရောက်လာတဲ့ လူဟာ ပြုံးလိုက်သည်။
"ငါက ပန်ကိတ်အတွက်လာတာ မဟုတ်ဘူး။ငါ ထိုင်ဝမ်ကို သွားပြီးပြီ အဲ့က မူရင်း ပန်ကိတ်က တကယ်ကောင်းတယိ။အခုထိ အရသာ အပျောက်သေးဘူး"
"ဟားဟား"
ကာစတန်မာ အဟောင်းဟာ ဘာမှ မပြောတော့ပဲ စကားလုံးတွေကို ပြန်သိမ်းထားလိုက်ပါတယိ။
ထိုင်ဝမ်က ပန်ကိတ်က သူဌေးလေး ပန်ကိတ်ကို ဘယ်လို ယှဥ်နိုင်မှာလဲ?
ကမ္ဘာတွေ ခြားတယ်
အဲ့အချိန်မှာပဲ လင်းဖန်ဟာ ရွေးချယ်စရာ မရှိပဲ ပြောလိုက်သည်။
"တုန်ကင်ဝေပြီး လူရွေးလိုက်တော့"
လူလိမ် ထျန်ဟာ ခေါင်းညိမ့်ပြီးနံပါတ် တွေကို စတင်ဝေလိုက်ပါတယ်။တစ်ခြားလူတွေဟာ ဒီဖြစ်စဥ်နဲ့ ရင်းနှီးနေပါပြီ။
"နံပါတ် ၆ ၊ ၁၁ ပြီးတော့ ၃၅......"
"ဟားဟား ငါအရွေးခံရပြီ...ငါအရွေးခံရပြီ"
"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်"
"ညီအစ်ကို ဒီနံပါတ် ကို ဒေါ်လာ ၁ ထောင်နဲ့ရောင်းပေးပါလား"
"ဟင်အင် ငါအရင်တစ်ခေါက်ကလည်း ရောင်းလိုက်တယိ။အခုပြသနာက ငါပန်ကိတ်မစား ရတာ အတော်ကြာနေပြီ"
....
လူအုပ်ကြီးဟာ အခြေအနေတွေ ကိုကြည့်ပြီး ကြောင်အနေကြပါတယ်။သူတို့ဟာ ပန်ကိတ်အတွက် တန်းစီ ကြပြီး ၊ တစ်စုံတစ်ယောက်ဟာ ဒေါ်လာ တစ်ထောင် နဲ့တောင် ကမ်းလှမ်းခဲ့ပါတယ်။
"ဟေး ကြိုရောင်းတဲ့ ပွဲစားတွေ ဘယ်သွားလဲ"
"ညီအစ်ကို မင်းကပွဲစားမလား၊ နံပါတ် တစ်ခုလောက်ရောင်းပေးပါ"
မာစတာ လင်းရဲ့ ဆိုင်ဟာ တိမ်ဖြူလမ်းမှာတော့ အတော်ဆန်းးကျယ်ပါတယ်။ဒီလို ဆိုင်သေးသေးလေးမှာ ပွဲစားတွေ ရှိမယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။
ဒီမှာရပ်နေတဲ့ လူကြီးဟာ အမှန်တကယ် နံပါတ်တွေ ရောင်းပေးတဲ့ ပွဲစားတစ်ယောက်ပါ။လူတွေဟာ သူ့အနားရောက်လာကြပြီး နံပါတ်ရောင်းပေးဖို့ ပြောလိုက်ကြသည်။
"ဒီနေ့ မရောင်းဘူး ငါလည်း စားချင်လို့"
,
လူကြီးဟာ ခေါင်းယမ်းပြီး ပြောလိုက်သည်။
ဒီပွဲစားလူကြီးဟာ ဒီမှာ စီးပွားရေးလုပ်နေတာ အချိန်အတော်ကြာခဲ့ပါပြီ။သို့ပေမဲ့ သူပန်ကိတ်ကို တစ်ခါစားပြီးနောက်ပိုင်းမှာ အရသာဟာ ိနေ့အထိ မေ့မရသေးပေ။
သူ့ကိုယ်သူ ပန်ကိတ်နဲ့ ခွဲထားလို့ မရဘူးလို့တောငိ တွေးထားမိပါတယ်။
ဖက်ရှင်ကျကျ ဝတ်ဆငိထားသည့် ကောင်လေးဟာ သူ့အိပ်မက်ထဲက ပန်ကိတ်ကို လက်ထဲမှာ ကိုင်ထားခဲ့ပါသည်။သူဟာ ပန်ကိတ်ကို နှာခေါင်းနားကပ်ပြီး ရနံ့ကို ရူလိုက်သည်။သူ့ကြည့်ရတာ တကယ်ကျေနပ်နေတဲ့ ပုံပါ။
"အရသာရှိလွန်းတယ် တကယ် အရသာရှိလွန်းတယ်"
တစ်ကိုက်ကိုက်ပြီးသည့် အချိန်တွင် မျက်လုံးကို ပိတ်ပြီး ရေရွတ်လိုက်သည်။သူဟာ ကောင်းကင်ပေါ်မှာ ပျံသန်းနေသလို ခံစားရပြီး အရသာရှိတဲ့ ပန်ကိတ်ဟာ သူ့ပါးစပ်ထဲမှာ အရည်ပျော်နေခဲ့ပါတယ်။
တစ်စုံတစ်ယောက်ဟာ ဒီပန်ကိတ်ကို ဘယ်လောက်အကြိမ်များများ စားပါစေ ရိုးသွားမှာ မဟုတ်ပါဘူး။
"အရသာရှိလွန်းတယ်"
ကောင်လေးဟာ မျက်လုံးပြန်ဖွင့်လိုက်ကာ ခံစားချက်အပြည့်နဲ့ ရေရွတ်လိုက်ပါတယ်။
"အာ သူဌေးလေးရဲ့ ပန်ကိတ်က လူတစ်ရောက်ရဲ့ စစ်မှန်တဲ့ တုံ့ပြန်ချက်ကို ဖော်ထုတ်ပေးတယိ"
"ဒါက ချဲ့ကားနေတယိလို့ ထင်ရပေမယ့် စားဖူးတဲ့ လူတိုင်းက ဒါ တစ်ရာရာခိုင်နှုန်း အစစ်အမှန်ဆိုတာကို သိကြတယ်"
"သူဌေးလေးသာ တစ်သက်လုံးပန်ကိတ်ရောင်းစားရင် ဘယ်လောက်တောငိ ကောင်းလိုက်မလဲ"
"ဒီပန်ကိတ်တွေက စျေးဖြတ်လို့ မရဘူး။ငါကတော့ ဒါတွေကို စျေးဘယ်လောက်နဲ့ရောင်းရောင်း စိတ်မရှိဘူး"
အရင်စားဖူးတဲ့ လူတွေကတော့ ပန်ကိတ်စားနေတဲ့ အမူအရာကို ပုံမှန်လို့ပဲ ခံစားကြရပါတယိ။ဒါပေမဲ့ အခုမှ ရောက်လာတဲ့ လူတွေ အတွက်ကတော့ ဒါက ချဲ့ကားနေသလိုပါပဲ။
လင်းဖန်လည်း ဒီလို ချဲကားသလိုဖြစ်နေတဲ့ အမူအရာတွေကို ကြည့်ပြီး ခေါင်းယမ်းလိုက်ပါတယ်။ဒီလူတွေ ပန်ကိတ်ရဲ့ ဆွဲဆောင် မူကို ခံနေကြပါပြီ။
သူတို့က အရူးတွေလိုပါပဲ။အချိန်ခနလေးမှာပဲ ပန်ကိတ်ဟာ ရောင်းကုန်သွားခဲ့သည်။
သူ့စိတ်ထဲမှာတော့ ဒီလူတွေ ပိုစတာမှာ ရေးထားတဲ့ အကြောင်းအရာကို နားလည်ဖို့ တိတ်တဆိတ်မျှော်လင့်နေခဲ့တာပါ။
သို့ပေမဲ့ ဘယ်သူမှ ပိုစတာကို စိတ်မဝင်စားကြပဲ နားလည်းပြီးသားလူတွေဟာလည်း လင်းဖန်အတွက် အသုံးမဝင်ပါဘူး။
သူဟာ ဘာစွယ်စုံအမှတ်မှ ထပ်မရခဲ့ပေ။
"အရသာ ရှိလိုက်တာ"
"ဒီနေ့ကတော့ တကယ်နေ့ရက်ကောင်းလေးပဲ"
"သူဌေးလေးရဲ့ စကေးတွေကလည်း ကြမ်းတယ်နော် အရသာကလည်း ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံလိုပဲ"
အတော်လှမ်းလှမ်းနေရာ တစ်ခုတွင်။
"အဖေ အဲ့မှာ အလုပ်ကတော်တော် ကောင်းတယ် ထင်တယ်နော်"
ဝူယူလန် ဟာပြောလိုက်သည်။
ဝူတန်ဟီဟာ သဘောတူစွာ ခေါင်းညိမ့်လိုက်ပါတယ်။
"အနာဂတ်မှာ ပြသနာ မရှာနဲ့နော်။အဖေတို့ နာခံပြီးနေမှရမယ်။တို့ရဲ့ကံကြမ္မာ က မာစတာလင်းဆီမှာ မူတည်နေတာ"
ဝူယူလန်ဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
"အဖေ သမီးသိပါတယ်"
သူမဟာ သူမကံတရားကို သိပါတယ်။သူမတို့ အိမ်ပြန်တုန်းကတောငိ ပြသနာ အနည်းငယ်ကြုံတွေ့ခဲ့ရသည်။
သူမအိမ်ပြန်ရောက်တဲ့ အထိ သိပ်အဆင် မပြေခဲ့ပေမယ့်လည်း ကံကောင်းစွာပဲ ကြီးကြီးမားမားတွေ မဖြစ်ခဲ့ပါဘူး။
အိမ်ပြန်ရောက်တဲ့အချိန်မှာ ဝုတန်ဟီဟာ သူ
မကောင်းတဲ့ နည်းတွေနဲ့ ရထားတဲ့ ပစ္စည်းတွေ ၊ အကုန်လုံးကို လှူဒါန်း ပစ်ခဲ့ပါတယ်။
ပိုက်ဆံအတွက်ကတော့ သူ့မှာ အများကြီး မကျန်တော့ပါဘူး။သူ့သမီး လက်ထပ်ဖို့နဲ့ နေ့စဥ်အသုံးစရိတ်အတွက် ငွေကြေး အနည်းငယ်သာ ချန်ထားခဲ့သည်။
သူ အနာဂတ်က မှားခဲ့တာတွေကို သိပြီး အခုချိန်ပြန်ပြင်လို့လည်း နောက်မကျသေးပေ။
"မာစတာ လင်း"
ဝူတန်ဟီဟာ သု့သမီးကို ခေါ်ကာ လင်းဖန်ဆီကို လျောက်သွားလိုက်သည်။
လင်းဖန်ဟာ ပန်ကိတ်တွေ ပြင်ဆင်လို့အပြီး မှာဝူတန်ဟီကို ကြည့်လိုက်ပါတယ်။သူ ဟာ အနည်းငယ် စိတ်ချမ်းသာ သွားခဲ့သည်။
သူ့ဘဝက အခုက စပြီး နည်းနည်း အဆင်ပြေသွားပြီ လို့ ပြောလို့ရပါတယိ....