အဖွဲ့အစည်းကို ပူးပေါင်းခြင်း
Vol. 7 Ch. 100
ဆိုင်ထဲတွင်။
ဝူတန်ဟီဟာ မေးလိုက်သည်။
"မာစတာ လင်း ကျွန်တော် နေ့တိုင်း ဘာလုပ်ရမှာလဲ"
သူ့သမီးလေးရဲ့ ကံကြမ္မာကို ပြောင်းနိုင်ဖို့ဆိုရင် ဝူတန်ဟီဟာ လိန်ကျုံးမှာ ရှိတဲ့ အရာရာတိုင်းကို ဖြတ်ချထား နိုင်ပါတယ်။သူ့သမီး အတွက်ဘာမဆို လုပ်ရန် ဆုံးဖြတ်ထားခဲ့ပြီးပါပြီ။
လင်းဖန်ဟာ ပြုံးပြီး ပြောလိုက်သည်။
"ဒါက ရိုးရှင်းပါတယ် တစ်ရက်ကို လူဆယ်ယောက်ကို ဗေဒင်ဟောပေးဖို့ပဲ လိုတယ်"
ဝူတန်ဟီ ကလည်း သူ့ဟာနဲ့ သူ အဆင့်တစ်ခုရှိတဲ့ မာစတာ တစ်ယောက်ပါ။ထပ်ပြောရရင် ဝူတန်ဟီဟာ ရုပ်လွန် ဒသနက ဗေဒက ရဲ့ဦးဆောင်သူ တစ်ယောက်လည်းဖြစ်သည်။
ပြသနာတွေဟာ သိပ်ပြီး မကြီးမားသရွှေ့ သူက ရုပ်လွန် ဒသနိကဗေဒမှာ နတ်ဘုရားတစ်ပါးပါပဲ။
"နားလည်ပြီ"
ဝူတန်ဟီဟာ ခေါင်းညိတ်ပြလိုက်သည်။သူ လူတွေ အများကြီးကို ဗေဒင်ဟောရပြီး များပြားလှတဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်မိမှာ စိုးရိမ်နေတာပါ။
အခု မာစတာ လင်းက ဗေဒင်ဟောပေးဖို့ တောင်းဆိုပြီ ဆိုကတည်းက သူ့ကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာ သူသိပါတယ်။
"ဟောပေးဖို့ ပြသနာရှိတဲ့ လူတွေ ဆိုရင် ကျွန်တော်ကို ပြောလေ။ကျွန်တော် သူတို့ ကို ဟောပေးလိုက်မယ်"
လင်းဖန်ဟာ ပြောလိုက်သည်။ဝူတန်ဟီမှာစွမ်စုံကျမ်း မရှိတော့ သူ့လိုမျိုး ပြသနာကြီးတွေကို ဖြေရှငိးနိုင်မှာ မဟုတ်ပါဘူး။သို့ပေမဲ့ သူဟာ သာမန် ပြသနာ တွေကို ဖြေရှင်းနိုင်ပါတယ်။
ဝူယူလန်ဟာလည်း မေးလိုက်သည်။
"ငါကျတော့ရော"
လင်းဖန် ဟာ ဝူယူလန်ကို ကြည့်ပြီး အချိန်အတော်ကြာအောင် စဥ်းစားလိုက်သည်။သူမက အရမ်းလှပပြီးတော့ ဆိုင်ရှေ့မှာ အလှထားရင်တောင် အဆင်ပြေပါတယ် ။
"ဒါက ရိုးရှငိးတယ် ဒီတိုင်း ဆိုင်သေသပ်အောင် သန့်ရှင်းရေးလေး ဘာလေးလုပ်ပေါ့။လာတဲ့ ကာစတန်မာ တွေကိုလည်း ကြိုဆိုလေ။ကျန်တာတော့ လုပ်စရာ သိပ်မရှိဘူး"
တတိယမြောက်စာမျက်နှာဟာ ပွင့်သွားခဲ့ပြီး ဗေဒင်ဟောတဲ့ အခန်းကလည်း မစ်ရှငိပြီးသွားပါပြီ။သို့ပေမဲ့ သူချက်ချင်းကြီး ဆိုင်ပိတ်လိုက်ရင် နည်းလမ်းမကျပါဘူး။
ကံကောင်းတဲ့ နေ့တွေ ဆိုရင် သူပန်ကိတ်ရောင်းရင် စွယ်စုံအမှတ်တွေကိုတောငိ ရနိုင်ပါတယိ။ဒါဟာ သိပ်မများပေမယ့်လည်း စွယ်စုံမှတ်တွေကို ဖြည်းဖြည်းချင်း စုထားရင် များများလာမှာပါ။
ထပ်ပြောရရင် လင်းဖန်ဟာ စွယ်စုံမှတ် တွေကို လိုက်ပြီး ပင်ပင်ပန်းပန်း မစုဆောင်းချင်ခဲ့ပေ။သူဟာ ငြိမ်းချမ်းပြီး လွတ်လပ်တဲ့ ဘဝလေးမှာပဲ အမြဲတမ်း နေချင်ခဲ့တာပါ။
စွယ်စုံကျမ်းထဲက ဘယ် စာမျက်နှာမဆို လင်းဖန်ကို လွန်ကဲတဲ့ စွမ်းအားတွေ ပေးနိုင်ပါတယ်။သူသာ တစ်ခုထဲကို စောက်ချလုပ်နေရင် အရမ်းအောင်မြင်လာမှာ သေချာပေသည်။
ရိုးရှင်းပြီး ပျော်စရာဘဝကို ရနေရင် ဘာလို့ ခက်ခက်ခဲခဲ နဲ့ စွယ်စုံအမှတိတွေ စုနေဦးမှာလဲ?
လင်းဖန်ဟာ ပျော်စရာ ကောင်းပြီး လွတ်လပ်တဲ့ ဘဝကိုသာ လိုချင်တာ ဖြစ်သည်။
"ခနစောင့်ဦး"
လင်းဖန်ဟာ ပြောလိုက်ပြီး ဆိုင်ရှေ့ကို သွားကာ ပိုစတာ ကိုသေချာကြည့်လိုက်ပါတယိ။ယင်းနောက် သူ ဆိုင်းဘုတ် အသစ်တစ်ခုကို အလျင်အမြန်ရေးပြီး ကျေနပ်သွားခဲ့သည်။
"ကြည့်လိုက်ဦး ဘယ်လို ထင်လဲ?"
လင်းဖန်ဟာ ပြုံးလိုက်ပြီး သူလုပ်ခဲ့တာကို ဂုဏ်ယူစွာပြောလိုက်ပါတယ်။လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာတော့ ဆိုင်းဘုတ်ကို ကြည့်လိုကိသည်။
"မာစတာ လင်းရဲ့ ပထမဆုံးတပည့် ဝူတန်ဟီ
ရုပ်လွန် ဒသနိက ဗေဒရဲ့ ခေါင်းဆောင်"
ဝူတန်ဟီဟာ ဒါကိုမြင်ပြီး ပြုံးလိုကိသည်။သူက အသက်ကြီးနေပြီ ဖြစ်ပြီး ဒါတွေကို သိပ်စိတ်မဝင်စားတော့ ပါဘူး။
"ဒါကောင်းတယ် လို့ထင်တယ်"
ဝူတန်ဟီဟာ ပြောလိုက်သည်။သို့ပေမဲ့ သူ့တပည့်တွေသာ ဒါကို မြင်ရင် သွေးအန်သွားနိုင်ပါတယ်။သူတို့တောင် မသိလိုက်တဲ့ အချိန်မှာ ဆရာ ဘိုးဘိုး တစ်ယောက်ကို ရသွားကြပါပြီ။
ထပ်ပြောရရင် လင်းဖန်က ငယ်ရွယ်ပါသေးတယ်။ဒါသာ အမှန်ဆိုရင် အနာဂတ်မှာ ဝူတန်ဟီ တပည့်တွေက သူ့ကို ဆရာ ဘိုးဘိုး လို့ခေါ်ကြရမှာပါ။
သူတို့သာ ဝူတန်ဟီ ကိုမလေးစားရင် ဒါက သူတို့အတွက် လက်မခံနိုင်စရာပါပဲ။
လူလိမ် ထျန်လည်း ဒါကိုမြင်ပြီး အံ့သြသွားခဲ့ပါတယ်။ယင်းနောက် တွင် သူဟာ လင်းဖန်ကို ကြည့်ပြီး ပြောလိုကိသည်။
"ငါကြတော့ရော"
"ခင်ဗျား အတွက်လည်းရှိတယ်၊ သိပ်မလောနဲ့ဦး ကြည့်လိုက်"
လင်းဖန်ဟာ နောက်ထပ်ဆိုင်းဘုတ်ကို ထုတိကာ ပြောလိုက်သည်။
မာစတာ လင်းရဲ့ ဒုတိယ တပည့်။
ထျန်ဟန်မင်။
မာစတာ လင်းဆိုင်မှ အဖွဲ့ဝင်။
"မစ္စတာ ဝူ ကျုပ်တို့က အခုကစပြီး ဆရာတူ တပည့်တွေ ဖြစ်သွားပြီလေ။ကျုပ်ကို သင်ကြားပေးပါဦး"
လူလိမ် ထျန်ဟာပြောလိုကိသည်။သူဟာ လိမ်ညာမူတွေနဲ့ လုပ်စားခဲ့ပေမယ့်လညိး အနာဂတ်ဟော ပြောမူကို တကယ်စိတ်ဝင်စားပါတယ်။
လင်းဖန် သူ့ကို ဘာမှမသင်ပေးပေမယ့်လည်း ဝူတန်ဟီ ဆီကနေ ပညာသင်နိုင်ရင်ကို တကယ်မဆိုးဘူးဟု တွေးလိူက်မိသည်။
သူလည်းပဲ အနာဂတိမှာ ကျော်ကြားတဲ့ မာစတာ တစ်ပါးဖြစ်လာနိုင်ပါတယ်။
ဝူယူလန်ဟာလည်း ကြည့်နေခဲ့သည်။ဟို ဥိီးလေးတွေ အန်တီတွေသာ ဒါကို မြင်ရင် အကုန်သွေးအန်ကြမှာပါ။
သူမရဲ့ အဖေဟာ ဒီလိုမျိုး တစ်စုံတစ်ယောက်ရဲ့တပည့်ဖြစ်လာမယ်လို့ မထင်ထားမိခဲ့ပါဘူး။ထပ်ပြောရရင် သူမအဖေက ဒီလိုဖြစ်လာတာတောင် ကျေနပ်နေတဲ့ပုံပေါ်ပါတယ်။
သူဟာ မာစတာ လင်းရဲ့ တပည့်တစ်ယောက်အစစ်အမှန် ဖြစ်လာမယ်ဆိုရင်တောင် ငြင်းမဲ့ပုံမရှိပါဘူး။
လင်းဖန် ဟာ လက်ခုပ်တီးကာ ပြောလိုက်သည်။
"ကောင်းပြီ ငါတို့က အဖွဲ့အစည်းတစ်ခုပဲ။အလုပ်ကောင်းကောင်းကြိုးစားကြရအောင် နှစ်ကုန်ရင် ဘောနပ်ပေးမယ်"
"အိုး ကောင်းပြီ ဒါက မင်းအတွက်ပဲ ကြည့်ကြည့်လိုက်"
လင်းဖန်ဟာ နောက်ထပ် ဆိုင်းဘုတ်တစ်ခုကို ယူကာ ပြောလိုက်သည်။
ဝူယူလန်။
မာစတာ လင်း ဆိုင်မှ ဧည့်ကြို။
ဝူယုလန်ဟာ ဒီဟာ ကိုမြင်ပြီး ဆွံ့အသွားခဲ့သည်။
လင်းဖန်ဟာ စိတ်ကောင်းဝင်နေခဲ့ပါတယ်။
"ကောင်းပြီ ဒီဆိုင်မှာ အလုပ်လုပ်တာ ဘာတွေကောင်းလဲ ဆိုတာ ပြမယ်။ဒီနေ့ ကျော်ကြားနေတဲ့ ပန်ကိတ်ကို မြည်းခိုင်းမယ်"
သူဟာ လှည်းဆီကို သွားပြီး ပန်ကိတ်တွေ အမြန်လုပ်လိုက်ပါတယ်။
ဒီပန်ကိတ်တွေ ဟာ အတော်ကောင်းပေမယ့်လည်း သူ တကယ်မစားချင်ပါဘူး။ဒီပန်ကိတ်ကို စားပြီးရင် သူတောင်မှ ဖြစ်ပေါ်လာတဲ့ အမူအရာကို မထိန်းချုပ်နိုင်ပေ။
လူလိမ် ထျန်ဟာ ပြောလိုက်သည်။
"အချိန်တွေ ကြာသွားတာတောင် ငါ ဒီပန်ကိတ်ကို မစားဖူးသေးဘူး။ငါ တစ်ခြားလူတွေ စားတာကို မြင်နေရတာ အတော် အရသာရှိနေသလိုပဲ"
"လာ စားကြည့်ကြ"
လင်းဖန်ဟာ ယုံကြည်မူရှိစွာပြောလိုက်သည်။
ဝူတန်ဟီ တို့ သားအဖနဲ့ လူလိမ် ထျန်တို့ဟာ ပန်ကိတ်ကို ယူပြီး ကိုက်လိုက်ကြပါတယ်။
ယင်းနောက်တွင် ဆိုင်လေးဟာ တိတ်ဆိတ်သွားခဲ့ပြီး လင်းဖန်ဟာ သူတို့ အမူအရာကို ကြည့်နေခခဲ့သည်။
ဝူတန်ဟီဟာ စတင်ပြီး လှုပ်ရှားလာခဲ့ ပြီး သူ့ရဲ့ ကလေးဘဝ ပုံရိပ်တွေကို ပြန်မြင်လာခဲ့ပါတယ်။
*ပေါက်*
မျက်ရည်နှစ်စက် ဟာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။
လူလိမ် ထျန်ဟာလည်း ရေရွတ်လိုက်ပါတယ်။
"ဒီ ပန်ကိတ်တွေက ငါ...ငါ..."
သူဟာ ဘာမှ ထပ်မပြောနိုင်တော့ပဲ ခေါင်းငိုက်စိုက် ဖြစ်နေခဲ့ပါတယ်။ဒီအရသာ ကြောင့် သူ့အသက်ငယ်ရွယ်စဥ်အချိန် နေပူကြီးထဲမှာ သူ့အဖေနဲ့အတူ ကိုယ်ခံပညာ လေ့ကျင့်ခဲ့တဲ့ အချိန်ကို ပြန်အမှတ်ရနေခဲ့သည်။
သူ ဒီနေ့ သေအောင် ရိုက်ခံရမယ် ဆိုရင် တောင် ကျေနပ်ပါတယ်။
ဝူယူလန်ရဲ့ မျက်နှာဟာလည်း အပူခန်းထဲရောက်သလို နီမြန်းနေခဲ့သည်။
လင်းဖန်ဟာ ဒါကိုကြည့်ပြီး ရယ်မောလိုက်ပါတယ်။သူ့ရဲ့ ပန်ကိတ်တွေ အောက်ကနေ ဘယ်သူမှ မရုန်းထွက်နိုင်ပါဘူး။အခုက စပြီး သူ့ပန်ကိတ်ကို အားပေးတဲ့ ပရိတ်သတ် သုံးယောက်တိုးလာပြီ လို့တောင့်ပြောလို့ရပါတယ်။
ယင်းေနာက် အပြင်ဘက်မှ ဆူညံ့သံများကို ကြားလိုကိရသည်။
"မာစတာ လင်း တစ်ယောက်ယောက် ခင်ဗျားကို ရှာနေလို့ ခေါ်လာခဲ့တယ်"
ဆိုင်ပိုင်ရှငိတစ်ယောကိဟာ ပြောလိုက်သည်။
လင်းဖန် မေးလိုက်သည်။
"သူက"
သူ ဒီလူခေါ်လာတဲ့ လူကို တကယ်မမြင်ဖူးပါဘူး။
ဒီလူဟာ ဝင်လာတာနဲ့ မာစတာ လင်းရဲ့ လက်မောင်းကို ကိုင်လိုက်ပါတယိ။
"တွေ့ရတာ ဝမ်းသာပါတယ် မာစတာ လင်း။ကျွန်တော်က ရှန်ဟိုင်း တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက ကျောင်းဖေးပါ"
"တွေ့ရတာ ဝမ်းသာ ပါတယ်"
လင်းဖန်ဟာ ယဥ်ကျေးစွာပဲ ပြောလိုက်သည်။
"ထိုင်ပါဦး"
သို့ပေမဲ့လည်း လူလိမ် ထျန်နဲ့ တစ်ခြားလူတွေဟာ ထိုင်ခုံတွေမှာ အပြည့်ထိုင်နေခဲ့ပြီး နေရာမရှိတော့ပေ။
ကျောင်းဖေးဟာ သူတို့သုံးယောက်ကို ကြည့်ပြီးပြောလိုကိသည်။
"မာစတာ လင်းရပါတယ်။ကျွန်တော် မတ်တတ်ရပ်ပြီးပဲ ပြောတော့မယ်"
လင်းဖန်ဟာ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ ဘာအတွက်ရောက်လာတာလဲ"
ရှန်ဟိုင်း တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက နိုင်ငံ တရုတ် ကိုယ်ခံပညာအဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစိခုပါ။ဒါက နယ်မြေတစ်ခုရဲ့ အကိုင်းအကွဲတစ်ခုပါ။
ဌာနချုပ်က မြို့တော်မှာ တည်ရှိပြီး လင်းဖန် ဘာတွေ ဖြစ်နေလည်း ခန့်မှန်းလိုက်ပါတယ်။
လင်းဖန်ဟာ ငယ်ရွယ်ပေမယ့်လည်း ကျောင်းဖေးဟာ လုံဝ အထင်မသေးရဲပေ။သူတို့ဟာ ဗီဒီယိုကို အကြိမ်အတော်များများ ကြည့်ထားပြီး လင်းဖန်ရဲ့ ကျွမ်းကျင်မူကို မြင်ပြီးကြပါပြီ။
"မာစတာ လင်း ၊ ခင်ဗျား ရှန်ဟိုင်း တရုတ်ကိုယ်ခံပညာ အဖွဲ့ အစည်းကို ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်"
လင်းဖန်ဟာ အံ့သြသွားခဲ့သည်။သူတွေးနေတဲ့ အတိုင်း တကယ် ဖြစ်လာလိမ့်မွလို့ မထင်ထားခဲ့ပါဘူး။
သို့ပေမယ့် သူဟာ ဘေးကျပ်နံကျပ်ဖြစ်နေခဲ့ပြီး တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းဟာ လုံလောက်တဲ့ ဂုဏ်သတင်း ကျော်ကြားမူ မရှိပေ။
"ဒါက ရုတ်တရက် ဆန်မှန်းသိပါတယ် ။ကျွန်တော်တို့ရဲ့ မိသားစုဝင် အသစ်အဖြစ် ရိုးသားစွာ ဖိတ်ခေါ်ပါရစေ"
လင်းဖန်ဟာ တွေဝေစွာ ပြောလိုက်ပါတယ်။
"ကျွန်တော်က အဲလောက် မကျွမ်းကျင်ဘူး ပြီးတော့ အလုပ်တစ်ဖက်လည်း ရှိသေးတယ်"
"ခင်ဗျားက အရမ်း နိမ့်ချနေတာပဲ။တကယ်လို့ ခင်ဗျားသာ မကျွမ်းကျင်ရင် ကျွမ်းကျင်တဲ့လူဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ကိုယ်ခံပညာ အဖွဲ့အစည်းကို ကြိုက်တဲ့ အချိန်လာနိုင်ပါတယ်။ဒါက ရှန်ဟိုင်း မှာပဲရှိတာလေ နီးနီးလေးရယ်"
ကျောင်းဖေးဟာ ရိုးသားစွာပြောလိုက်သည်။သူတကယ်ကို လင်းဖန်ရဲ့ ကျွမ်းကျင်မူတွေကို အသိအမှတ်ပြုပါတယ်။တစ်ချိန်တည်းမှာပဲ လင်းဖန်ရဲ့ နိမ့်ကျတတ်မူကို လည်း အထင်ကြီးသွားခဲ့သည်။
လင်းဖန်အတွက်ကတော့ သူ ဒီလမ်းကြောင်းကို လျောက်ဖို့ လိုအပ်တဲ့ အတွက် ဒီ ဆက်လျောက်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းကို ပူးပေါင်းလို့လည်း နစ်နာစရာ မရှိပေ။လူတိုင်းမှာ ရိုးရာ ယဥိကျေးမူကို ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။သူဒီကနေ စွယ်စုံအမှတ်တွေတောင် ရနိုင်သည်။
"ကောင်းပြီလေ ဒါပေမယ့် ကျွန်တော် မအားတဲ့အချိန်မှာ အဖွဲ့အစည်းအတွက် လုပ်စရာ အလုပ်ပေါ်လာရင် ကျွန်တော် လုပ်မှာ မဟုတ်ဘူးနော်"
ကျောင်းဖေးဟာ အလျင်အမြန်ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ အဖွဲ့အစည်းက တွန်းအား မပေးပါဘူး"
ယင်းနောက်တွင် လင်းဖန်ဟာ ကိုယ်ရေးအကျဥ်းကို ဖြည့်လိုက်သည်။
ကျောင်းဖေးကတော့ လင်းဖန်ကို အဖွဲ့အစည်းထဲ ဖိတ်ခေါ်နိုင်လို့ ဝမ်းသာနေခဲ့ပါတယ်။
"မာစတာ လင်း လုပ်စရာရှိတာတွေ လုပ်ပြီးသွားရင် ကျွန်တော် လက်မှတ်ပြန်လာပေးမယ်နော်"
အပြင်ကို ထွက်သွားတဲ့ ကျောင်းဖေးကို ကြည့်ပြီး လင်းဖန်ဟာ ပြုံးလိုက်ပါတယ်။သူ တရုတ်ကိုယ်ခံပညာအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဒီလောက်မြန်မြန် ဖြစ်လာမယ် လို့ မထင်ထားမိခဲ့ပေ။
ယင်းနောက် သူ လူလိမ် ထျန်နဲ့ ဝူတန်ဟီ တို့သားအဖတို့ နှစ်ယောင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်။
မင်းတို့ကို ငါကျွေးလိုက်တာ ပန်ကိတ်နော် အိပ်ဆေး ကျွေးလိုက်တာမဟုတ်ဘူးလေ...
တကယ်မယုံနိုင်စရာပဲ.....