← Chapters

အကုန်လုံးက မူရင်းပဲ

Vol. 7 Ch. 101

အကုန်လုံးက မူရင်းပဲ

Vol. 7 Ch. 101

ပြိုင်ပွဲ ကျင်းပရာနေရာတွင်။

အသံသစ် အစီအစဥ်အတွင် ၂၄ ယောက်မှာ ၁၂ ယောက်ကို ရွေးချယ်သွားမှာပါ။

သို့ပေမယ့် သရေပွဲတစ်ပွဲဟာ ရှိနေခဲ့သည်။အရင်တစ်ခေါ်ကတုန်းက ဒိုင် ချီမင် ဟာ ယန်ဂျင်ကို စိတ်ဆိုးပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပြီး ပြိုင်ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ပွဲစီစဥ်သူတွေ ဆုံးရှုံးခဲ့ရပါတယ်။တိုက်ရိုက် ထုတ်လွင့်မူကလည်း သူတို့ရဲ့ ကြည့်ရူနှုန်းတွေ မြင့်တက်လာအောင် လုပ်ဆောင်ခဲ့တာပါ။

ထုတ်လုပ်သူတွေဟာ ဒိုင်ချီမင်ရဲ့ ဒေါသကို သိကြပါတယ်။သူတို့ အစီအစဥ်ကို စပြီးလုပ်မယ်လို့ တွေးလိုက်တဲ့ အချိန်မှာ ပထမဆုံးစပြီး တွေးမိတဲ့ လူက ဒိုင်ချီမင်ပါ။

ပြည်သူလူထုတွေက ယုံကြည်မူရှိတဲ့ အစီအစဥ်ကိုမှ ကြည့်ချင်ကြတာ ဖြစ်ပြီး အခု ချီမင်က ဒိုင်အဖြစ်ပါဝင်နေတော့ သူတို့ ယုံကြည်ကြပါတယ်။

သူဟာ အရင်တုန်းက များပြားလှတဲ့ ပြိုင်ပွဲတွေကိုထုတိဖော်ခဲ့ပြီး ပွဲစီစဥ်သူတွေကို နစ်နာစေခဲ့ပါတယိ။အဆုံးအဖြတ်အဖြစ် ပွဲစီစဥ်သူတွေက သူ့ကို ဒိုင်အဖြစ် မခန့်ရဲကြတော့ပေ။သို့ပေမယ့် ဒီအစီအစဥ်က သူ့ကို ဒိုင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

သို့ပေမယ့် သူတို့ ယန်ဂျင်ကို ထည့်မတွက်မိလိုက်ပါဘူး။သူမဟာ ပရိုကျပြီး ဒီလောကမှာ အောင်မြင်နေတဲ့ အတွက် ဒိုင်အဖြစ် ခန့်အပ်ခဲ့ကြတာပါ။သို့ပေမဲ့ သူမဒီလို ထလုပ်လိမ့်မယ် လို့ မထင်ထားမိခဲ့ပေ။

အခုချိန်မှာ ယန်ဂျင်ဟာ ညစ်ပတ်တဲ့ အလုပ်တွေကို စလုပ်နေပြီး အရင်လို ရှင်းလင်းတဲ့ ပြိုင်ပွဲတစ်ခုအဖြစ် ဆက်ရှိမနေတော့ပါဘူး။

သူတို့ ဒီလို မတော်တဆမူကြောင့် ကြည့်ရူသူတွေ လျော့ကျသွားမယ်လို့ မျှော်လင်းထားခဲ့ကြတာပါ။သို့ပေမဲ့ လက်တွေ့မှာ ကွာခြားစွာပဲ ကြည့်ရူသူတွေဟာ တဟုန်ထိုး ထိုးတက်သွားပြီး ထိပ်တန်း ပရိုဂရမ် အစီအစဥ်မှာ ပါဝင်လာခဲ့ပါတယ်။

ပြိုင်ပွဲခန်းမ၏ အပြင်ဘက်တွင်။

"သူဌေးကြီးက ဒီကို ဘာလာလုပ်တာလဲ?"

လင်းဖန် မေးလိုက်သည်။

ဝမ်မင်ယန်ဟာ ရယ်မောကာ ပြောလိုက်သည်။

"ငါက ဘာလို့မလာပဲ ​နေရမှာလဲ?ဒါက ၂၄ ယောက်မှာ ၁၂ ယောက်ရွေးမှာ ဆိုပေမယ့်လည်း ဖိုင်နယ် ပွဲစင်တွေထက်တောင် ပိုပြီး အံ့သြသွားသေးတယ်လေ"

လင်းဖန် ဘာတွေဖြစ်နေလဲ ဆိုတာတောင် သိပ်စိတ်မဝင်စားခဲ့ပေ။

"တကယ်လား ၊ ဘာပြသနာမှ ရှိမှာမဟုတ်ပါဘူး။သူတို့ ရလာဒ်ကို ထပ်မပြောင်းဖို့ပဲ ​​ေမျာ်လင့်ရတယ်"

ဝမ်မင်ယန်ဟာ လင်းဖန်ရဲ့ စကားကို ကြားပြီး ဒေါသထွက်စွာပြောလိုက်သည်။

"သူမသာ နောက်တစ်ခါ ညစ်ပတ်ရဲရင် ငါစင်ပေါ်ကို တက်ပြီး ရိုက်နှက်ပစ်မယ်"

"အိုး ခင်ဗျားက ဘီလီယံနာ လေ။ဒီလို လုပ်ရဲလို့လား ပုံရိပ်ထိခိုက်မှာ ကြောက်သင့်တယ်နော်"

လင်းဖန် ရယ်မောကာ ပြောလိုကိသည်။

"ချီးကို ပုံရိပ်။ဒီမြေခွေးအိုမကြီး နောက်တစ်ခါလှည့်စားရဲလို့ကတော့ မင်းစောင့်ကြည့်နေ ငါသူ့ကို ဘာလုပ်မလဲဆိုတာ"

ဝမ်မင်ယန်ဟာ ဒေါသထွက်လွယ်တဲ့ လူတစ်ယောက်ပါ။တကယ်လို့ ရလာဒ်သာ ဆိုးရွားသွားရင် ရုပ်ဆိုးတာ တွေဖြစ်လာနိုင်ပါတယ်။

လင်းဖန် နာရီကို ကြည့်ကာ ပြောလိုကိသည်။

"အချိန်ရောက်တော့ မယ် ဝင်ကြရအောင်"

.....

ခန်းမထဲတွင်။

လင်းဖန်နဲ့ ဝမ်မင်ယန်တို့ဟာ ရှေ့ဆုံးတန်းရှိ ဒိုင်တွေနားမှာ ကပ်လျက်ထိုက်လိုက်ကြပါတယ်။ယန်ဂျင်ကို ရိုက်နှက်ဖို့ ဆိုရင် ဒီနေရာက အမှန်တကယ် အကောင်းဆုံးပါပဲ။

ထိုင်ခုံများတွင် လူများစွာ ရောက်လာကြပြီး တိုးတိုးတိုးတိုး ဖြင့် ဆွေးနွေးနေကြသည်။သူတို့ အဓီကပြောနေတဲ့ အကြောင်းအရာက ဝမ်ယုချန်နဲ့ဝုရွှန်းယွဲ့ရဲ့ အကြောင်းပါ။

ဒီပြိုင်ပွဲကို ဒီနေရာ အထိလာအားပေးချင်တဲ့ လူတွေ အများပြီး ရှိကြပေမယ့်လည်း မလုပ်နိုင်ကြပါဘူး။သို့ပေမယ့် ချမ်းသာတဲ့ ဝမ်မင်ယန် လိုလူမျိုးအတွက်ကတော့ ရှေးဆုံးတန်းအတွက် လက်မှတ်ကို အေးဆေး ဝယ်ယူနိုင်ပါတယ်။

ဝမ်ယုချန်နဲ့ ဝုရွှန်းယွဲ့တို့ရဲ့ ပြိုင်ပွဲက သတင်းတွေထဲမှာ ပါဝင်ပြီး အတော်​ကျော်ကြားပါတယ်။အဆုံးမှာ သတင်းထောက်တွေ ပဲ ခန်းမထဲမှာ လာစောင့်ကြည့်ကြတော့သည်။

တိုက်ရိုက် ထုတ်လွင့်သည့်နေရာတွင်။

"ပြိုင်ပွဲက စတော့မယ် ရလာဒ်တွေက ဘယ်လိုလာဦးမယ် မသိသေးဘူး"

"ဝမ်ယုချန်ရဲ့ အချက်အလက်တွေက ပေါ်လာပြီနော် သူမက ယန်ဂျင်နဲ့ အမျိုးတော်တယ်"

"ဒါက မမျှတဘူး။သူတို့က မျှတအောင် လုပ်တော့မလိုလို နဲ့ ဒီလို ပြိုင်ပွဲမျိုး ဖြစ်လာရတာပဲ"

"ဒီတစ်ခါတော့ ဝုရွှန်းယွဲ့အတွက် ပိုမို ခက်ခဲတော့မှာပဲ။ဝမ်ယုချနိ ရဲ့နောက်ခံက အတော်ကြီးမားနေတော့လေ။သူမက တကယ် နိုင်ချင်နေပြီးတော့ ကိုယ်ပိုင် သီချင်းတောငိ ဆိုလိုက်သေးတယ်။ဝမ်ယုချန်နိုင်ဖို့က ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်"

"ဒိုက်ချီမင်က ယန်ဂျင် ကို မြင်နေရတာ အတော် စိတ်မချမ်းသာ တဲ့ ပုံစံမျိုးပဲနော်"

"ငါတော့ ဝမ်ယုချန် ရှုံးပါစေလို့ မျော်လင့်တယ်။အဲ့အချိန်ဖြစ်သွားမယ့် ယန်ဂျင်ရဲ့ မျက်နှာကို မြင်ချင်လို့"

"ဝုရွှန်းယွဲ့ နိုင်ဖို့က သိပ်မဖြစ်နိုင်ဘူး"

........

စင်နောက်တွင်။

ဝုရွှန်းယွဲ့ဟာ မျက်လုံးကို မှိတ်ထားပြီး သီချင်းဆိုဖို့ အတွက် အနားယူနေခဲ့ပါတယ်။အဲ့အချိန်မှာတော့ ဝမ်ယုချန်ဟာ ဖုန်းသုံးရင် ခေါင်းကိုငုံ့ကာ ဆိုဖာပေါ်မှာ ထိုင်နေခဲ့သည်။သူမ အတော် စိတ်ဆိုးနေခဲ့တာပါ။

သုံးရက်ရှိပြီ။

ဒီခွေးသားတွေ သူမကို ဝိုက်ဘိုပေါ်မှာ ဆက်တိုက် တိုက်ခိုက်နေတာ သုံးရက် ရှိပါပြီ။ယန်ဂျင်က သူမကို ဒီလိုဟာတွေကို ဂရုမစိုက်ဖို့ ပြောပေမယ့်လည်း သူမ အဲလို မလုပ်နိုင်ပါဘူး။

သူမကိုယ်သူမ ထိန်းချုပ်ဖို့ ကြိုးစားလိုက်တိုင်း စိတ်တိုစေတဲ့ မက်ဆေ့ တွေက ပေါ်လာစမြဲပါ။

တစ်ချိန်ထဲမှာပဲ သူ့ကို တိုက်ခိုက်နေတဲ့ လူဟာ အတော်မောက်မာ ပါတယ်။သူက သူမကို သီးသန့် မက်ဆေ့ တွေတောင်မှ ပို့နေခဲ့ပါတယ်။

"ငါ ဆောင်းဦးဓားက မင်းကို အဆုံးအထိလိုက် တိုက်ခိုက်မှာ။မင်း ငါ့ကို ဘန်းလဲ အပိုပဲ။မင်း ငါ့အကောင့် တစ်ခုကို ဘန်းရင် ငါ့ အကောင့် တစ်ထောင် ပေါ်လာလိမ့်မယ်။ငါ့အကောင့် အကုန်လုံးကို ဘန်းလို့ ရမယ်ထင်လို့လား။ဆုတောင်းလေ...."

ဘယ်လောက် ဒေါ်သထွက်ဖို့ကောင်းလဲ...?

ဝမ်ယုချန်ဟာ ဒါတွေ အကုန်လုံးကို ဝုရွှန်းယွဲ့အပေါ်မှာပဲ အပြစ်တင်နေခဲ့ပါတယ်။ဒါတွေကို ဝုရွှန်းယွဲ့ လုပ်တယ်လို့ပဲ ထင်ထားခဲ့တာပါ။

"နင် ဘာပဲ လုပ်လုပ် ငါ့ကို အနိုင်ရမှာ မဟုတ်ဘူး"

ဝုရွှန်းယွဲ့ဟာ ဒါကို ကြားလိုက်တဲ့ အချိနိမှာ ရယ်မောလိုက်သည်။

.......

ပွဲစီစဥ်သူ ယီမင်ဟာ စင်ပေါ်ကို တက်လာခဲ့ပါသည်။

ယီမင်ဟာ ပြောလိုက်သည်။

"ဒီလို ပြိုင်ခဲ့ကြတဲ့ တစ်လျောက်မှာ ကျွန်တော် တို့ လူ ၆ ယောက်က်ို နောက်တစ်ဆင့်အတွက်ရွေးချယ်ပြီးသွားခဲ့ပါပြီ။အခုဝမ်ယုချန်နဲ့ ဝုရွှန်းယွဲ့ကို စင်ပေါ်ကို ဖိတ်လိုက်ကြရအောင်"

*အားပေးသည့် အသံများ*

ပရိတ်သတ်တွေ ဟာ ဒီအချိန်ကို စောင့်နေကြတာပါ။

ထိုင်ခုံမှာ ထိုင်နေရင်း လင်းဖန်ဟာ ရယ်မောလိုက်သည်။

"ဝမ်ယုချန်က ယုံကြည်မူရှိနေသလိုပဲ သူမ သေချာပြင်ဆင် ခဲ့တယ် ထင်တယ်"

ဝမ်မင်ယန်ဟာ ပြောလိုက်သည်။

"မင်းရေးထားတဲ့ သီချင်းက သူမကို ရှုံးမှာ ကြောက်နေတာလို့တော့ မပြောနဲ့နော်"

ဝမ်ယုချန်ဟာ စင်ပေါ်ကို တက်သွားပြီး သူမသီဆိုမယ့် သီချင်းကို မိတ်ဆက်လိုက်ပါတယ်။

သီချင်းနာမည် : မိုးရွာပြီး ငါးရက်အကြာ

အဆိုတော် :: ဝမ်ယုချန်

သီချင်းရေးသူ :: ဝမ်ယုချန်

တီးလုံး :: ဝမ်ယုချန်

လင်းဖန်ဟာ စခရင် ပေါ်မှာ ပေါ်နေတာကို မြင်လိုက်ပြီး သွေးအန်တော့ မလိုတောငိ ဖြစ်သွားခဲ့ပါတယ်။

"တော်တော်မိုက်တယ်။သူမက သီချင်းတောင် ရေးတတ်ပြီး ၊ ကိုယ်ပိုင် သီချင်း ဆိုနိုင်ပါလား"

´ဝမ်မင်ယန်ဟာ မချိုမချဥ် ပြုံးကာ ပြောလိုကိသည်။

"သူမ အကြောင်းအရာတွေပေါ်ပြီး တာတောင် ဒီသီချင်း သူမရေးထားတာ လို့ ပြောရဲသေးတယ်"

ဒိုင်လူကြီးများစားပွဲတွင်။

ဒိုင်ချီမင်ဟာ လည်ချောင်း ရှင်းပြီး တစ် ခွန်းတည်းပြောလိုက်ပါတယ်။

အရှက်မရှိတဲ့ ဟာတွေ...

ယန်ဂျင်ကတော့ ဒိုင်တွေ နေရာမှာ အတော်ပျော်ရွှင်နေသည့် ပုံပေါ်သည်။အရာရာတိုင်းက သူ့ရဲ့ ထိန်းချုပ်မူအောက်မှာ ရှိနေခဲ့တာပါ။

ကျန်တဲ့ ဒိုင်နှစ်ယောက် ဖြစ်တဲ့ ကျို့ဟိုင်တောင် နဲ့ ဇိုထန်ဖေး တို့ကတော့ ဘာမှ မပြောကြပါဘူး။သို့ပေမယ့် ဘာတွေ ဖြစ်နေလည်း သူတို့သိပါတယ်။

ဒါက ယန်ဂျင် ပေးထားတဲ့ နောက်ထပ် အဆင့်မြင့် သီချင်းတစ်ပုဒ်ပဲ ဖြစ်မှာပါ။ယန်ဂျင်ဟာ ဝမ်ယုချန်ကို တော်တော် အဆင်ဆင်ပြေပြေ ဖျော်ဖြေနိုင်အောင် စီစဥ်ပေးထားတာပါ။

တကယ်လို့ ဝမ်ယုချန်သာ အမှားမလုပ်ဘူးဆိုရင် သူမ အနိုင်ရဖို့က ကျိန်းသေသလောက်ရှိပါတယ်။

အကယ်၍ ဝူရွှန်းယွဲ့သာ သီချင်းဟောင်း တစ်ပုဒ်ကို ဆိုခဲ့ရင် ကျိန်းသေ ရှုံးမှာပါ။

တိုက်ရိုက် ထုတ်လွင့်မူတွင်။

"ချီးပဲ ငါဒီလောက် သောက်ရှက်မဲ့တဲ့ ဟာတွေကို မတွေ့ဖူးဘူး။သူမရေးတဲ့ သီချင်းလို့တောင် ပြောရဲသေးတယ် ခွေးမ"

"ယန်ဂျင်လုပ်လိုက်ရင် ကိစ္စသေးသေးလေး မလုပ်ဘူး။ကြောက်နေကြတာလား?"

"အသံသစ် ဟုတ်လား။ညစ်ပတ်သူများရဲ့ အသံလို့သာ ခေါ်လိုက်တော့"

.....

သီချင်းဟာ စတင်လာခဲ့ပြီး အဝင်တီးလုံးဟာ ပေါ်ထွက် လာခဲ့ပါတယ်။ဒိုင်တွေဟာ အတွေ့အကြုံရှိပြီး သီချင်းရဲ့ အဝင်တီးလုံးကို နားထောင်လိုက်တာနဲ့ သီချင်းကောင်းလား သီချင်းဆိုးလား ဆိုတာ ပြောနိုင်ပါတယ်။

ကျို့ဟိုင်တောငိ ဟာ ပြောလိုက်သည်။

"နောက်ထပ် သီချင်းကောင်း တစ်ပုဒ်"

ဇိုထန်ဖေး ဟာပြောလိုက်သည်။

"ဒီသီချင်းကို သာ ပရို သီးချင်းဆိုသူကို ပေးလိုက်ရင် အယ်လ်ဘမ် ရဲ့ တိုင်တည် သီချင်းတစ်ပုဒ်တောင် ဖြစ်လာနိုင်တယ်"

ဒိုင်ချီမင်ကတော့ မပျော်မရွင် ဖြစ်နေခဲ့ပါတယ်။သူ ဒီမျက်နှာနှစ်ခု မိန်းမတွေဖြစ်တဲ့ ယန်ဂျငိ နဲ့ ဝမ်ယုချန်ကို ကို မုန်းပါတယ်။

ဝမ်ယုချန်ဟာ ပြန်ဆင်လိုက်ပြီး စတင်သီဆိုလိုကိသည်။ဒီသီချင်းက သူမ အချိန်အကြာကြီး လေ့ကျင့်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။

သူမဟာ ယန်ဂျင်ရဲ့ သင်ပြမူအောက်မှာ ဒီသီချင်းကို အတော် ကျွမ်းကျင်းနေခဲ့ပါပြီ။

ပရိသတ်များဟာလည်း သီချင်းကို သဘောကျစွာ နားထောင်နေကြသည်။သူတို့ရဲ့ ခေါင်းတွေဟာ စီးချက်အတိုင်း လှုပ်ရှားနေကြပါတယ်။

အရမ်းကောင်းတယ်....

သီချင်းပြီးဆုံးတဲ့ အချိန်မှာ အားလုံး လက်ခုပ်တီးလိုက် ကြပါတယ်။

ဝမ်ယုချန်ဟာ ရယ်မောလိုက်သည်။သူမ အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့ပါတယ်။သူမ အမှားနည်းနည်း လုပ်ခဲ့ပေမဲ့လည်း သိပ်မကြိီးမားပါဘူး။

ဝမ်မင်ယန်ဟာ ရယ်မောပြီး ​မှတ်ချက်ချလိုကိသည်။

"ဒါက ပုံမှန်ပါပဲ"

လင်းဖန်လည်း ရယ်မောလိုက်သည်။

"ငါကတော့ သူမတကယ် ကောင်းတယ်လို့ထင်တယ်"

"ညီအစ်ကို မင်းက ဘယ်ဘက်ကလဲ"

ဝမ်မင်ယန်ဟာ ဆွံ့အစွာ မေးလိုက်သည်။

လင်းဖန် လက်ကို ဝှေ့ယမ်းကာ ပြန် ပြောလိုက်သည်။

"ဒါပြသနာ မရှိဘူး ။ဒီသီချင်းက အတော်ကောင်းတယိ။ဒါပေမဲ့ ကျုပ်ရေးထားတဲ့ သီချင်းကိုတော့ ယှဥ်လို့ ရမှာမဟုတ်ဘူး"

ဝမ်မင်ယန် ဟာ မျက်ခုံးပင့်ပြီး ပြောလိုက်သည်။

"မင်းက အတ္တ သမားပဲ"

ဝုရွှန်းယွဲ့ဟာ အသက်ကို ပြင်းပြင်းရူလိုက်ပြီး စင်ပေါ်ကို တက်လာခဲ့ပါတယ်။

စခရင် ပေါ်တွင်။

သီချငိးနာမည် :: မိုးကောင်းကင်။

သီဆိုသူ :: ဝုရွှန်းယွဲ့။

သီချင်းရေးသူ :: မာစတာ လင်း။

သီချင်း တီးလုံး :: မာစတာ လင်း။

သူမ သီချင်း အသစ်တစ်ပုဒ်ကို သီဆိုတော့မှာ တွေ့တဲ့ အချိန်မှာ ဒိုင်တွေဟာ အံ့သြသွားခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွင့်မူကြည့်နေတဲ့ လူများဟာလည်း ဒါကို မြင်ပြီး အံ့သြသွားခဲ့ကြသည်။

သူတို့ ဘိုက်တု မှာ ရှာကြည့်လိုက်ကြပေမယ့် လည်း ဒီသီချင်းကို ရှာမတွေ့ကြပါဘူး။

"ချီးပဲ ဝုရွှန်းယွဲ့ကလည်း ကိုယ်ပိုင် သီချင်း ဆိုတော့မှာပဲ"

"တော်တော် မိုက်တယ်။ဒါက ဖျော်ဖြေမူကောင်း ဖြစ်မှာပဲ"

All Chapters