← Chapters

ငါတို့ မင်းအလှည့်ကို စောင့်နေတာ

Vol. 7 Ch. 103

ငါတို့ မင်းအလှည့်ကို စောင့်နေတာ

Vol. 7 Ch. 103

ကျို့ဟိုင်တောင် ဟာ ယန်ဂျင်နဲ့ ရင်းနှီးပြီး ယန်ဂျင် နောက်တစ်ဆင့် တက်စေချင်တဲ့ လူကို သိထားပါတယ်။

သို့ပေမဲ့ အခုအခြေအနေအရ ဝမ်ယုချန်ဟာ ဝုရွှန်းယွဲ့ထက်သာပါတယ် လို့ မျက်လုံးမှိတ်ပြီး ပြောလို့မရပါဘူး။

သူအဲလို ပြောလိုက်ရင် တောင် ပရိတ်သတ်တွေဟာ သူ့ကို ဝိုင်းပြီး ဝေဖန်ကြပါလိမ့်မယ်။

ဒီလို ပြိုင်ပွဲတွေဟာ ပြိုင်ပွဲဝင်တွေကို ဖိအားဖြစ်စေသလို ဒိုင်တွေကို လည်း အတော် ဖိအားဖြစ်စေပါတယ်။စကား အနည်းကတင် ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ အရာပါ။

သူ့အတွက် အခုချိန်မှာ အမှန်တရား ပြောတာကသာ အကောင်းဆုံးပါပဲ။သူ အဓိပါယ် မရှိတာတွေ ထပြောလို့ မရပါဘူး။

ကျို့ဟိုင်တောငိ ဟာ ယန်ဂျင် သူ့ကို ကြည့်နေတာ သတိထားမိပေမယ့် လည်း မသိသလိုသာ ဟန်ဆောငိ ထားခဲ့သည်။သူ မှတ်ချက် အမှားတွေ မပြောချင်ပါဘူး။

သူအချိန်အတော်ကြာ စဥ်းစားပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။

"ဝမ်ယုချန်ကို ပြောရမယ် ဆိုရင် သူမရဲ့ ဖျော်ဖြေမူတွေက သူမရဲ့ ကိုယ်ပိုင်ဟန်နဲ့ လိုက်ဖက်ပြီး တကယ်ကောင်းမွန်ပါတယ်။သူမက အရင်တစ်ခေါက်တွေ တုန်းကထက်တောင် ပိုကောင်း တယ်လို့ ပြောလို့ရပါတယ်။ဒါပေမဲ့ တစ်ချို့နေရာ တွေမှာ လွဲမှားတာ လေးတွေ ရှိတယ်။ငါ သူမရဲ့ တစ်ချို့နေရာတွေမှာ ပြသနာ လေးတွေ တွေ့နေရပြီး သူမ ကီးကို လိုက်မမှီဘူး။သူမ ဒါကို သာ ပြင်ဆင်နိုင်ရင် အတော် ကောင်းမွန်သွားလိမ့်မယ် လို့ ပြောချင်ပါတယ်"

"ကျေးဇူးပါ"

ဝမ်ယုချန်ဟာ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။သူမ ကျို့ဟိုင်တောင် ဒီလို မှတ်ချက်ပေးမယ် ဆိုတာ သိထားပြီးသလိုမျိုး တည်ငြိမ်နေခဲ့သည်။

ပရိတ်သတ်တွေ လည်း ဒီမှတ်ချက်ကို ကြားပြီး အနည်းငယ် အံ့သြသွားသည်။ဝမ်ယုချန်ဟာ အဲလောက်မဆိုးပဲ တစ်ကယ်လို့ တစ်ခြားလူနဲ့ ပြိုင်ရရင် ကျိန်းသေ အနိုင်ရရှိမှာပါ။

သို့ပေမဲ့ ဒီတစ်ကြိမ် ပြိုင်ဘက်ဟာ ဝုရွှန်းယွဲ့ဖြစ်နေပြီး သူမတို့ကြား ကွာဟမူက သိသာလွန်းလှပါတယ်။

အစီစဥ် ကြေညာသူ ယီမင်ဟာ ပြောလိုကိသည်။

"မစ္စတာ ကျို့ဟိုင်တောင် ဝုရွှန်းယွဲ့ရဲ့ လှပတဲ့ ဖျော်ဖြေမူကို ဘာများ မှတ်ချက်ပေးချင်ပါသလဲ"

ကျို့ဟိုင်တောငိ ဟာ ခေါင်းညိမ့်ပြီး ဆက်ပြောလိုက်သည်။

"ကျုပ် အသံသစ် အစီအစဥ်ကို ဒိုင်အဖြစ် လာကတည်းက ဒီနေ့ဟာ အထူးခြားဆုံးနေ့ပဲ လိူ့ပြောပါရစေ။ဝူရွှန်းယွဲ့ သီဆိုသွားတဲ့ သီချင်းက အရမ်းကောင်းတယ်။တစ်ချိန်တည်းမှာပဲ သီချင်းရေးတဲ့ မာစတာ လင်း ဟာ ဝုရွှန်းယွဲ့ ရဲ့ အသံကို သေချာ နားလည်ထားတယ် လို့ပြောလို့ရပါတယ်"

"ဒီ မိုးကောင်းကင် သီချင်းမှာ လှပတဲ့ စာသားတွေ ပါဝင်နေတယ်။အခု ဝုရွှန်းယွဲ့ရဲ့ ချိုမြိန်တဲ့ အသံနဲ့ ပေါင်းစပ်လိုက်တဲ့ အချိန်မှာ လှပတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ငါတောင်မှ သူမလောက် ကောင်းကောင်း ဆိုနိုင်မယ် လို့ ယုံကြည်ချက် မရှိတာ ဝန်ခံပါရစေ"

"ကျေးဇူးတင်ပါတယ်"

ဝူရွှန်းယွဲ့ဟာ ပြန်ဖြေလိုက်သည်။

လူအုပ်ကြီးဟာ လည်း စိတ်လှုပ်ရှားနေကြပါတယ်။ဝူရွှန်းယွဲ့ရဲ့ သီချင်းဟာ အမှန်တကယ် ကောင်းမွန်ပြီး သူတို့ရဲ့ အသဲနှလုံးထဲကနေ အမှတ်ပြည့် ပေးနေခဲ့သည်။

တိုက်ရိုက် ထုတ်လွင်မူတွင်။

"666 ငါပြောပြီးပြီလေ ဝူရွှန်းယွဲ့ပဲ နိုင်မှာလို့။သောက်ရူး မဟုတ်တဲ့ လူတိုင်း ငါပြောတာ နားလည် လိမ့်မယ်"

"ယန်ဂျင်တော့ မနာလို ဖြစ်နေလိမ့်မယ် သူ့မကြည့်ရတာ ပျော်ဖို့ကောင်းလိုက်တာ"

"ဒီလို ဖြစ်လာမှာ သူမ မျှော်လင့်မထားလောက်ဘူး။ကျို့ဟိုင်တောင် နဲ့ ယန်ဂျင်က အတော်ရင်းနှီးတယ်လေ ဒါပေမဲ့ ကျို့ဟိုင်တောင်က ဝူရွှန်းယွဲ့ဘက်က ရပ်တည်တယ်။သူပျော်နေမယ်လို့ နင်ထင်နေတာလား..."

"သူတို့ မကန်းကြဘူး။ဒီဒိုင်နှစ်ယောက်က အကန်းတွေ မဟုတ်ဘူးလေ။ယန်ဂျင် ဘယ်လို အရှက်မဲ့ မလဲ ကြည့်ရအောင်"

"ဝုရွှန်းယွဲ့ နောက်တစ်ဆင့် တက်ရမယ် မဟုတ်ရင် ငါ မကြည့်တော့ဘူး"

"ငါတို့က စောက်ရူးတွေပဲ အရင်တုန်းက ဒိုင်တွေ ညစ်တာ ကြည့်ခဲ့ရတယ် ၊ အခုလညိး ကြည့်နေတုန်းပဲ။ငါ ဘယ်သူ ချန်ပီယံ ဖြစ်မလဲတောင် ခန့်မှန်းနိုင်တယ်"

"ဒါအမှန်ပဲ အသံသစ် အစီစဥ်က ယန်ဂျင် မရှိရင်အတော်ကောင်းမှာ ယန်ဂျင်ကို ထုတ်လိုက်ဖို့ မျော်လင့်တယ်"

ကြည့်ရူသူတွေရဲ့ မှတ်ချက်တွေဟာ စခရင်မှာ ပြည့်နေခဲ့ပါတယ်။

...

အစီစဥ်ကြေညာသူ ယီမင်ဟာ ရယ်မောပြီး ပြောလိုက်သည်။

"မစ္စတာ ကျို့ဟိုင်တောငိ က နှစ်ယောက်လုံးကို ချီးကျူးသွားခဲ့ပါတယ်။မစ္စတာ ချီမင် ဘယ်လို မြင်ပါသလဲ သိပါရစေ"

ပရိသတ်တွေ ဟာ အသက်ရူတာတောင် ရပ်တန့်ထားလိုကိကြသည်။သူ တို့ အစီစဥ်ကြေ ညာသူရဲ့ အပြုအမူကို မြင်နေရပါတယ်။သူ ချီမင်ကို အရင်မေးလိုက်တာဟာ ယန်ဂျင်ကို တမင်တကာ နောက်ဆုံးထားမလို့ပါ။

တကယ်လို့ ဒိုင်သုံးယောက်က ဝုရွှန်းယွဲ့ကို ထောက်ခံပြီးတာတောငိ ယန်ဂျင်က မျက်လုံးမှိတ်ပြီး ဝမ်ယုချန်ကို ရွေးရင် ဒါကစိတ်ဝင်စားစရာ ပါပဲ။

ဒိုင်ချီမင်ဟာ စိတ်ကောင်းဝင်နေခဲ့ပြီး ပြုံးလိုက်ပြီး စတင်ပြောလိုက်ပါတယ်။

"ကောင်းပါတယ်။ ဝမ်ယုချန် ဆိုသွားတာက ကောင်းတယ် ဒါပေမဲ့ ဒိုင် ကျို့ဟိုင်တောင် ပြောသလိုပဲ တစ်ချို့နေရာတွေမှာ အမှားလေးတွေ တွေ့နေရတယ်။သူမသာ ကိုယ့်သဘောအတိုင်း လွတ်လွတ်လပ်လပ် ဆိုခွင့်ရရင် ဒီထက်ပိုကောင်းလိမ့်မယ် လို့ မြင်မိတယ်"

ချီမင်ဟာ ဘာမှ ထွေထွေထူးထူး မပြောပဲ ကျို့ဟိုင်တောင်ရဲ့ မှတ်ချက်ကိုသာ အမှီပြုခဲ့ပါတယ်။သူ ဝမ်ယုချန်ကို မှတ်ချက်ပေးရမှာတောငိ စိတ်မဝင်စားတာ ဖြစ်နိုင်သည်။

ယင်းနောက် သူဟာ ပြောစရာတွေ အများကြီးရှိတဲ့ ပုံဖြင့်ဝုရွှန်းယွဲ့ကို ကြည့်လိုကိသည်။

" ဒီ 'မိုးကောင်းကင်' သီချင်း ရဲ့ စာသားတွေက ရိုးရှင်းပြီး ပျင်းစရာ ကောင်းတယ် လို့ ထင်ရတယ်။ဒါပေမယ့် သေချာ နားထောင်ကြည့်ရင် ဒါက အဓိပါယ်တွေ အများကြီး ပါတဲ့ သီချင်းတစ်ပုဒ်ပဲ။စာသား ၊ ကီး ၊ ခံစားချက်တွေကို တစ်ယောက်ထဲက ဖန်တီးထားပြီး အရမ်းလှပတယ်။အခုချိန်မှာ ငါ့ဆန္ဒက ဒိုင် ထန်ဖေး နဲ့တူတူပဲ။မာစတာ လင်းကို တွေ့ချင်မိတယ်"

"ထိုင်ဝမ်မှာ ငါ့အသိ တေးရေး တေးဆို အဆိုတော် လူတစ်ယောက်ရှိတယ်။သူပြောတာက သီချင်းရေးစပ်တော့မယ် ဆိုရင် ကိုယ်ဖော်ပြမယ့် ခံစားချက်တွေကို သီချင်းထဲမှာ အပြည့်အဝထည့်သွင်းနိုင်ရမယ်တဲ့။ ဒါမှ ခံစားချက် သီချင်းတစ်ပုဒ်ဖြစ်လာမှာ။အခုနောက်ပိုင်း ပေါ့ အမျိုးအစား သီချင်းတွေက ဘာ အဓိပါယ်မှ မရှိကြဘူး။တကယ်လို့ ဒီပြိုင်ပွဲက သီချင်းရေး ပြိုင်ပွဲဆိုရင် သူမကို ချန်ပီယံဆုပေးဖို့အတွက် ဒီသီချင်းက လုံလောက်တယ်"

"ဒါပေမဲ့ ဒါက 'အသံသစ်' အစီစဥ် ဖြစ်တာကြောင့် သီချင်း ဘယ်လောက်ကောင်းကောင်း အသံကသာ အဓိကပဲ။ဒီနေ့ ဝုရွှန်းယွဲ့ရဲ့ အသံက ငါ့ကို ကိုင်လှုပ်နိုင်ခဲ့တယ်လို့ ပြောပါရစေ"

*အားပေးသည့် အသံများ*

ဒိုင်ချီမင်ဟာ ဝုရွှန်းယွဲ့ကို အပေါင်းလက္ခာ ပြသခဲ့ပါတယ်။

ပရိတ်သတ်ထိုင်ခုံတွင်တော့။

ဝမ်မင်ယန်ဟာ အားရပါးရ ပြုံးနေခဲ့သည်။

"မင်းကြားလိုက်လား သီချင်းက စောက်ရမ်းကောင်းလွန်းတယ်။မင်းက ဆရာဘိုးဘိုးပဲ အနာဂတ်မှာ ငါမင်းကို မာစတာ လင်း အစား ဆရာဘိုးဘိုး လို့ပဲ ခေါ်တော့မယ်"

လင်းဖန် အကူညီမဲ့စွာ ပြုံးလိုက်သည်။

"လုံလောက်ပြီး ခင်ဗျားဆက်ပြောနေရင် ကျုပ်ရိုက်နှက်မိလိမ့်မယ်"

"အာ မင်းငါ့ကို သတ်ချင်နေတာလား"

ဝမ်မင်ယန်ဟာ အရင်ကလို လင်းဖန်နဲ့ တစ်ယောက်ချင်းမချရဲတော့ပါဘူး။အစက သူ လင်းဖန်နဲ့ ချတာက သူ လင်းဖန်အကြောင်း မသိလို့ပါ။အဲ့တုန်းက လင်းဖန် သူ့ကို ညှာတာခဲ့တာလို့ပဲ ထင်ထားခဲ့သည်။

သူ လင်းဖန် ဟန်လုကို ရိုက်နှက်တာ မြင်ပြီးနောက်မှာ လင်ဖန်းနဲ့ တိုက်ခိုက်ဖို့ လုံးဝ ထပ်မတွေးတော့ပေ။

လင်းဖန်လည်း ချီမင် သူ့ သီချင်းကို ဒီလောက်ထိ ချီးကျူးလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး။

သူဒီသီချင်းကို စွယ်စုံအမှတ် ၅ မှတ် နဲ့ လဲပြီးရလာခဲ့တာပါ။သူ့တို့ဒီလောက်ထိ ချီးကျူးနေတာက သူ့ကို ရှက်ရွံ့စေပါတယ်။

"ဒီ မိန်းမ ဘယ်လောက် အရှက်မဲ့ လဲ စောင့်ကြည့်ရအောင်"

လင်းဖန် ပြောလိုက်သည်။

"ကောင်းပြီ ငါ ဖိနပ် ချွတ်ထားလိုက်မယ်။ဒီ မြေခွေးအိုမကြီး မဟုတ်တာ ပြောလို့ကတော့ ငါ သူမကို ဖိနပ်နဲ့ ပစ်ပေါက်လိုက်မယ်"

ဝမ်မင်ယန်ဟာ ဖိနပ်ကို ချွတ်ကာ စစ်ပွဲအတွက် ပြင်ဆင်ထားလိုက်သည်။

ဝုရွှန်းယွဲ့ဟာ ပြုံးကာ ပြောလိုက်ပါတယ်။

"ကျေးဇူးပါ ဒိုင် ချီမင်"

ချီမင်ဟာ ခေါင်းညိတ်ပြလိုက်ပြီး ဝူရွှန်းယွဲ့ကို စနောက်ကာ ပြောလိုက်ပါတယ်။

"အနာဂတ်မှာ သီချင်း အသစ်တွေ မဆိုဖို့ ပြောပါရစေ။သီချင်းရိုးရိုးတွေ ဆိုပြီး အသံကို အကဲဖြတ်ဖို့ လွယ်အောင်လုပ်ပေးပါ။သီချင်းဟောင်းတွေလည်း ကောင်းပါတယ်။"

"ကောင်းပါပြီရှင့်"

ဝုရွှန်းယွဲ့ဟာ ဘာမှမသိသလို ပြန်ဖြေလိုက်သည်။

ယန်ဂျင်ဟာ ဒေါသထွက်သွားခဲ့ပါတယ်။

အနာဂတ်မှာ ဆိုတာက ဘာပြောချင်တာလဲ..?

ဒါက သူမနောက်တစ်ဆင့်ကို ကျိန်းသေတက်တော့မှာ လို့ပြောလိုက်တာနဲ့ အတူတူပါပဲ။

ဝမ်ယုချန်ဟာလည်း စင်ပေါ်မှာ အမူအရာ အနည်းငယ် ပြောင်းသွားခဲ့သည်။သို့ပေမယ့် သူမ ဟာအားတင်းပြီး ပြုံးထားဆဲပါ။

ဝုရွှန်းယွဲ့ဟာ ဘာမှ မဖြစ်သလို ဟန်ဆောင်နေခဲ့ပါတယ်။သို့ပေမဲ့ တစ်ချို့ ဦးနှောက်ကောင်းတဲ့ လူတွေကတော့ ဒီစကားနောက်က အဓိပါယ်ကို နားလည်လိုက်ကြသည်။

စင်နောက်မှာရှိနေတဲ့ ပြိုင်ပွဲဝင်တွေကတော့ ဒိုင် ချီမင်ကို ကြိတ်ပြီး ကျေးဇူးတင်နေကြပါတယ်။တကယ်လို့ ဝူရွှန်းယွဲ့သာ ကိုယ်တိုင်ရေး သီချင်းတွေကို ဆိုနေပြီး အမှတ်ပိုတွေ ရနေရင် သူတို့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပေ။

ယီမင်ဟာ ပြုံးပြီး ပြောလိုက်သည်။

"ဒိုင် ယန်ဂျင် ဘယ်လို မြင်ပါသလဲ ခင်ဗျ"

ယန်ဂျင်ဟာ လည်းချောင်းကို ရှင်းအောင် လုပ်လိုက်ပါတယ်။ယင်းနောက် ပုခုံးကို မြင့်ကာ ခေါင်းကို ပင့်လိုက်သည်။

သူမကြည့်ရတာ ဘေးကျပ် နံကျပ်ဖြစ်နေတဲ့ ပုံပါပဲ။

ပရိတ်သတ်တွေ နဲ့ လင်းဖန် ဟာလည်း သူမဘာပြော မလဲ ဆိုတာ အာရုံစိုက်နားထောင်နေကြပါတယ်။

ဝမ်မင်ယန်ဟာ သူ့ရှုးဖိနပ်တစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး နားထောင်နေခဲ့သည်။

ငါတို့ နင့်ရဲ့ ကျတ်သရေမရှိတဲ့ ပါးစပ် ဖွင့်မဲ့အချိန်ကို စောင့်နေကြတာ.....

All Chapters