သူမကို လေးစားမနေနဲ့
Vol. 7 Ch. 104
ယန်ဂျင်ဟာ ဂီတလောက မှာအောင်မြင်ကျော်ကြားပြီး များပြားလှတဲ့ ရှိုးပွဲတွေမှာ ဒိုင်လူကြီး အဖြစ်ဆောင်ရွက်ခဲ့တာပါ။
အသံသစ် အစီအစဥ်ဟာ မျှတတဲ့ ပြိုင်ပွဲ ဖြစ်ပေမယ့်လည်း ၊ တကယ်လို့ ယန်ဂျင်သာ ဝမ်ယုချန်ကို အမှတ်တွေ အများကြီး ပေးလိုက်ရင် ဘယ်သူမှ တတ်နိုင်မှာ မဟုတ်ပါဘူး။
သို့ပေမယ့် ဒိုင်တွေ ထဲက တစ်ယောက်က ချီမင်ပါ။ဒါက ယန်ဂျင်ကို ရွေးချယ်စရာ မရှိဖြစ်စေပါတယ်။ချီမင်ဟာ တိုက်ရိုက်လွင့်နေတုန်း မှာတောင် မိုက်ကို ကိုင်ပေါက်ပြီး ထွက်သွားရဲပါတယ်။
သူလုပ်ခဲ့တာကြောင့် အသံအသစ် အစီစဥ်ဟာ ပိုပိုပြီးတောင် ကြည့်ရူနှုန်းတက်ပြီး ကျော်ကြားလာခဲ့သည်။
ယီမင်ဟာ ကြောင်အပြီး ငိုင်နေတဲ့ ယန်ဂျင်ကို ကြည့်ကာ လှမ်းသတိပေးလိုက်ပါတယ်။
"ဆရာမ ယန်ဂျင်"
ယန်ဂျင် အတွေးလွန်နေရာမှ လန့်နိုးလာခဲ့ပါတယ်။
"ဒီပြိုင်ပွဲဝင် နှစ်ယောက်က အရမ်းကောင်းလွန်းတယ် လေ ဒါကြောင့် ငါဘေးကျပ်နံကျပ်ဖြစ်နေတာ။သေချာ ဂရုစိုက်ပြီး စဥ်းစားမှ ဖြစ်မယ်"
ယင်းနောက် လူအုပ်ကြီးဟာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
ချီမင်ဟာ ဝမ်းနည်းသလို ဖြစ်နေတဲ့ ယန်ဂျင်ကို ကြည့်လိုက်ပါတယိ။ကျို့ဟိုင်တောင် ဟာ ရှက်ကိုးရှက်ကန်းဖြစ် နေခဲ့ပြီး ဇိုထန်ဖေးက တော့ အကူညီမဲ့နေခဲ့သည်။
ယန်ဂျင်သာ ဝမ်ယုချန်ကို အနိုင်ပေးလိုက်ရင် အခြေအနေတွေ ကထိန်းချုပ်ရ ခက်ခဲလာတော့မှာပါ။
တိုက်ရိုက်ထုတ်လွင့်သည့် နေရာတွင်။
"သူမ ဘာကို ဆိုလိုချင်တာလဲ? မသာမ နောက်ထပ် ဘာတွေ ကြံစည်နေပြန်ပြီ မသိ"
"ငါ့ဖင်ကို ကြည့်ပြီး သေချာ စဥ်စားပါလား။ဝူရွှန်းယွဲ့ ပိုကောင်းတာ လူတိုင်းသိတယ်။သူမ ဘာမှ စဥ်းစားစရာ မလိုဘူး"
"ဒါအမှန်ပဲ။ နားမလေးတဲ့ လူတိုင်း ဝုရွှန်းယွဲ့ကောင်းမှန်းသိတယ်"
"ဒီ ယန်ဂျင် ဘယ်လို အရှက်မရှိ ဆက်ပြော မလဲ ဆိုတာ ကို ကြည့်ရအောင်။ဘယ်လို မှတ်ချက်ပေးမလဲ မသိဘူး"
.....
စင်အောက်ဘက်တွင်။
"ခင်ဗျား စိတ်ငြိမ်ငြိမ် ထားမှရမယ်နော်၊ တကယ်လို့ သူ့ကို အခုပစ်ပေါက်လိုက်ရင် ထွက်ပြေး ချိန်ရမှာတောငိ မဟုတ်ဘူး"
လင်းဖန်ဟာ သတိပေးလိုကိသည်။
ဝမ်မင်ယန်ဟာ လင်းဖန် ကိုကြည့်ကာ ပြန်ပြောလိုက်သည်။
"အဲ့အစား မင်းဘာလို့ မပစ်တာလဲ"
လင်းဖန် မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။
"ကျုပ်က မပစ်ခင် ပြန်ပြင်ဆင်ဖို့ ပြောနေတာလေ။ပစ်ချင်လည်း ပစ်လိုက်"
"ဒီ နတ်ဆိုးမက တော်တော် ဆိုးဝါးတယ် ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး"
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
အဲ့အချိန်မှာပဲ။
ယန်ဂျင်ဟာ လည်ချောင်း ရှင်းကာ စပြောလိုက်သည်။
"ဝမ်ယုချန်ရဲ့ သီချင်း အသစ်က သူမရဲ့ အသံနဲ့ အတော်လိုက်ဖက်တယ်လေ။ကျို့ဟိုင်တောငိ ရဲ့ သူမအသံမှာ အမှားလေးတွေရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်အပေါ်ကတော့ ကျွန်မက ပြသနာကြီးလို့ မထင်ဘူး။ဒါက သူမအသံကို ပိုပြီး နားထောင် လို့တောင် ကောင်းသွားစေတယ် ဘယ်လို ထင်လဲ ဟိုင်တောင်"
ယန်ဂျင်ဟာ ကျို့ဟိုင်တောင်ကို ရုတ်တရက် ခက်ခဲတဲ့ မေးခွန်းကို မေးလိုက်ပါတယ်။
ကျို့ဟိုင်တောင်ဟာ ကြောင်အသွားပြီး ဘယ်လို ပြန်ဖြေရမလဲ ဆိုတာတောင် မသိတော့ပါဘူး။သူသာ သဘောတူလိုက်ရင် အွန်လိုင်းပေါ်မှာ တိုက်ခိုက်ခံရမှာ ဖြစ်ပြီး သဘော မတူရင်လည်း ယန်ဂျင်ကို အပြစ်ပြုမိစေမှာပါ။
ယန်ဂျင်ဟာ လှပပြီး သရုပ်ဆောင် တတ်တယ် ဆိုတာ ဒီဂီတလောက ကလူတိုင်း သိပါတယ်။
အပြင်ဘက်ကကြည့်ရင်တော့ သူမကို လေပေါ်မှာပျံသန်းနေတဲ့ နတ်သမီးတစ်ပါးလို ထင်ကြရပြီး အတွင်းမှာတော့ သူမကြောင့် ထိခိုက် ပျက်စီးသွားကြတဲ့ ဘဝတွေ အတော်များနေပါပြီ။
ကျို့ဟိုင်တောင်ဟာ ရှက်ကိုးရှက်ကန်းနဲ့ ဘာပြောရမလဲ မသိတော့ပေ။
"အစ်မ ယန် က ဒီဂီတလောက ရဲ့ နတ်သမီးဖြစ်ပြီး ပုံရိပ်လည်းကြီးမားတယ်လေ။အစ်မယန်ရဲ့ အမြင်က နက်ရှိုင်းမှာပါ"
ကျို့ဟိုင်တောင်ဟာ လက်မခံသလို ငြင်းလည်းမငြင်းပါဘူး။
ချီမင်ဟာ ထိုင်နေရင်းမှ လှမ်းပြောလိုက်သည်။
"သီဆိုမူအပိုင်းမှာ ပြသနာရှိနေရင် ဒါက ပြသနာ ကြီးပဲလေ။ယန်ဂျင် မင်းက ဒီလောကမှာ ပုံရိပ်ကောင်း ရှိနေတယ်လေ သူမရဲ့ ပြသနာကို မမြင်နိုင်ဘူး ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ဒါကို ပရိသတ်တွေ တောင် ပြောနိုင်မယ်လို့ ငါထင်တယ်"
ယင်းနောက် သူ ပရိတ်သတ်ဘက်လှည့်ကာ မေးလိုက်သည်။
"ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ"
"ဟုတ်တယ် ဒိုင် ချီမင် ပြောတာ လုံးဝကို အဓိပါယ်ရှိတယ်"
လင်းဖန်ဟာ ခေါင်းကိုငုံ့ကာ ကုန်းအော်လိုက်သည်။
အမှန်တော့ လင်းဖန်ဟာ သူအရင်စအော်ပြီး လူအုပ်ကြီးက နောက်ကနေ အကုန် လိုက်အော်မယ်လို့ ထင်ထားခဲ့တာပါ။သို့ပေမဲ့ သူအော်ပြီးသွားတဲ့ အချိန်မှာ ဘယ်သူမှ လိုက်မအော်ကြပေ။
ဝမ်မင်ယန်ဟာ လင်းဖန်ကို ဆွံ့အစွာကြည့်လိုက်သည်။
ကင်မရာ မီးတွေဟာ လင်းဖန်ဆီကို ဝိုင်းထိုးနေကြပြီး ဗီဒီယို ရိုက်နေကြပါတယိ။
တိုက်ရိုက်လွင့်သည့် နေရာတွင်။
"666 ဒီကောင်လေးက စောက်ဆန်းကြီး ပါလားဟ"
"ဒီကောင်တော့ ငိုချင်ပြီ ထင်တယ်"
"ကင်မရာက သူ့ကိုပဲ ရိုက်ပြနေတာ ဟ"
"ဒီလူတော့ သေပြီ။ယန်ဂျင် ဘယ်လောက်ဒေါသကြီးတယ် ဆိုတာ လူတိုင်းသိတယ်။နောက်ထပ် တစ်ပွဲတော့ ထပ်ဖြစ်တော့မယ်ဟေ့"
"အရင်ရှိုးပွဲတုန်းက ယန်ဂျင် သူ့ကို အပြစ်တင်တဲ့ လူကို လုပ်ထည့်လိုက်တာ ဘယ်သူ့မျက်နှာမှ မထောက်ဘူး"
"ငါမှတ်မိပြီး အဲ့တုန်းက ပြိုင်ပွဲဝင်တစ်ယောက်က ယန်ဂျင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ပဲ မလေးမစား ပြန်ပြောတာလေ။ယန်ဂျင်က ဒေါသထွက်ပြီး မိုက်နဲ့ လှမ်းပေါက်လိုက်တာ ခေါင်းကွဲသွားတယ်။သူမက သူမ ဒီလောကမှာရှိနေသ၍
အဲ့တစ်ယောက်ကို မအောင်မြင်စေရဘူးလို့တောင် ပြောလိုက်သေးတယ်"
"ယန်ဂျင်က စောက်ကျိုးနဲ့ အကြောက်အလန့်ကင်းတယိ"
.....
လူအုပ်ကြီးဟာ လင်းဖန်ကို အံ့သြစွာကြည့်လိုက်ကြသည်။သတင်းသမားများဟာ လည်း လင်းဖန်ကို ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။
ဘယ်သူမှ ယန်ဂျင်ကို ဒီလို ပေါ်တင်ကြီး ရန်မစရဲပါဘူး။
ဒိုင် ချီမင်နဲ့ ဆရာမ ယန်ဂျင်တို့ရဲ့ တိုက်ပွဲဟာ တစ်ခြား လူတွေ ဝင်ရှုပ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။
စင်နောက်ဘက်တွင်။
"စောက်ကျိုးနဲ ဒီကောင်လေးက ဘယ်ကလဲ? သူ့ကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ?"
"ဒါရိုက်တာ ကျွန်တော်တို့လည်း မသိဘူး"
"ဒါက ဒိုင် ချီမင် နဲ့ ယန်ဂျင်တို့ရဲ့ တိုက်ပွဲလေ။သူ့စောက်လုပ် ဘာပါလို့လဲ။သူက ဘာဝင်လုပ်တာလဲ"
"တစ်ယောက်ယောက်ကို လွတ်ထားလိုက် ။ဒါက တိုက်ရိုက်လွင့်နေတာ ပြသနာ တစ်ခုခုဖြစ်ရင် ဘယ်သူဖြေရှင်းမှာလဲ?"
"ကျွန်တောိ သွားကြည့်လိုက်မယ်"
.......
"ဘာလို့ နောက်က လိုက်မအော်တာလဲ?"
လင်းဖန်ဟာ ဝမ်မင်ယန်ကို စိတ်ဆိုးစွာ ကြည့်လိုက်သည်။
"ငါ အော်ဖို့ ပြင်နေတာပဲလေ ဒါပေမဲ့ မင်းက အရင်အော်လိုက်တာလေ"
ဝမ်မင်ယန်ဟာ ပြန်ဖြေလိုကိသည်။
လင်းဖန် သူ့ကိုလူတွေ ဝိုင်းကြည့်နေတာ မြင်တဲ့ အချိန်မှာ လင်းဖန် ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ပါတယ်။သူ ပုန်းနေလို့ မရသလို ဘယ်မှထွက်သွားလို့လည်း မရတော့ပါဘူး။
ယန်ဂျင်ဟာ အလွန်အမင်း စိတ်ဆိုးနေခဲ့ပြီး မတ်တတ်ထရပ်ကာ ပြောလိုက်ပါတယိ။
"အဲ့ အကောင် မတ်တတ်ရပ် စမ်းပါ"
ဝမ်မင်ယန်ဟာ လင်းဖန်ကို ပြောလိုက်သည်။
"ဒီမြေခွေးမက မင်းကို မတ်တတ်ရပ်ခိုင်းနေတယ်"
လင်းဖန် မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး သူမပြောတဲ့ အတိုင်း မတ်တတ်မရပ်ပါဘူး။
ဒိုင်ချီမင်ဟာ တော့ သူ့ကို ကူညီတဲ့ လူကို ကာကွယ်ပေးဖို့လုပ်လိုက်ပါတယ်။
"ယန်ဂျင်ဒါက ငါတို့ ဆွေးနွေးနေတာလေ။အရိတ်သတ်တွေလည်း သူတို့ ပြောချင်တာ ပြောမှာပေါ့"
သို့ပေမယ့် ယန်ဂျင်ဟာ ဒီလူကို လွှတ်ပေးမည့်ပုံမပေါ်ပေ။
"ခုနက အကောင် မတ်တတ်ရပ်စမ်း။နင့်မှာ မှတ်ချက်ပေးနိုင်တဲ့ အရည်အချင်းရှိလား ဒါမှမဟုတ် စောက်ရေးမပါတာတွေ ပြောနေလား ဆိုတာ ကြည့်ရအောင်"
လင်းဖန်ဟာ အေးအေးဆေးဆေး နိမ့်ချပြီး နေချင်ခဲ့တာပါ။အခုတော့ ဘာမှ မတတ်နိုင်ပဲ မတ်တတ် ထရပ်လိုက်ပါတယ်။
"ဝမ်ယုချန်က ကောင်းပါတယ် ဒါပေမယ့် သူမမှာ ပြသနာ ရှိတယ်လို ကျို့ဟိုင်တောင်က ပြောတယ်လေ"
ယန်ဂျင်ဟာ လင်းဖန်ကို ကြည့်ပြီး ပြုံးလိုကိသည်။
"ဝိုး နင်က နောင်တရတဲ့ စိတ်တောင် မရှိဘူးပဲ။အပြင်လူက အကုန်သိသလို ဟန်ဆောငိ နေတယ်ပေါ့...."
"ငါ ယန်ဂျင်က က ဒီလောက မှာရပ်တည်လာတာ ဆယ်နှစ်ကျော်နေပြီ။ငါ ဆိုခဲ့တဲ့ သီးချင်းတွေရဲ့ စကားလုံးအရည်အတွက်က နင့်တစ်ဘဝလုံး ပြောခဲ့တဲ့ စကားလုံးထက်ပိုများတယ်။နင်က ငါနင့်လောက် အသိဥာဏ်မရှိဘူးလို့ ပြောချင်တာလား"
လင်းဖန် သူမကို ရှုပ်ပြီးမှ တော့ ဘာမှထပ်ပြီး ဂရုစိုက်မနေနိုင်တော့ပါဘူး။
ဝမ်မင်ယန်ဟာ ဘေးနားကနေပြီး ပြောလိုကိသည်။
"ညီအစ်ကို ယဥ်ကျေးမနေနဲ့တော့"
"အရာရာတိုင်းက နင့်ရဲ့ အတွေ့အကြုံပေါ်မူတည်နေတာ မဟုတ်ဘူး။နင်က အတွေ့အကြုံရှိတာနဲ့ လုပ်ချင်တာ လုပ်လို့ရမယ်လို့ ပြောချင်တာလား။ထပ်ပြောရရင် ငါက ပရိတ်သတ်တွေထဲက တစ်ယောက်ဖြစ်ပြီး ပြောချင်တာကို ပြောပိုင်ခွင့်ရှိတယ်။နင်တို့လို အဆိုတော်တွေက ငါတို့လို ပရိတ်သတ် ပေါ်မူတည်တာပဲလေ။ပရိသတ်တွေက ကောင်းတယ်ဆို ဒါကောင်းတယ်ပဲ မကောင်းဘူးဆိုင် နင်က အမှိုက်ပဲ"
"ဒီနှစ်တွေမှာ ဒိုင်ယန်ဂျင်က ဘာသီချင်း အသစ်မှ မထွက်ခဲ့ဘူး။သူမဟာ ရှိုးပွဲတွေမှာပဲ ဒိုင်အဖြစ်လုပ်ခဲ့တယ်။သေချာတာပေါ့ ဒိုင်ယန်ဂျင်က ပရိုကျပြီးတော့ ဒိုင်တစ်ယောက်အနေနဲ့ အဆိုတော် အသစ်တစ်ယောက် မွေးထုတ်ဖို့ ကြိုးစားနေတာလေ။ပြီးရင် သူမက သူမမွေးထုတ်ထားတဲ့ လူကို ပြိုင်ပွဲချန်ပီယံ ဖြစ်အောင် လုပ်ပေးဦးမှာ။ကြည့်ရတာ ဝါရင့် အဆိုတော်က တော့ ဝါရင့် အဆိုတော်ပဲ။ဒီလို ဘယ်သူမှယှဥ်မရတဲ့ မျက်လုံးမျိုးနဲ့တော့ သူမကို ဘယ်သူမှ ယှဥ်နိင်မှာ မဟုတ်ဘူး"
လင်းဖန်ဟာ ပြောလိုက်သည်။
ယင်းနောက်တွင် ပရိတ်သတ်တွေရော ၊ တိုက်ရိုက်ကြည့်နေတဲ့ လူတွေရော ဒါကိုကြားပြီးအုတ်အုတ်ကျတ်ကျတ် ဖြစ်သွားခဲ့ပါတယ်။
ဒီ ငနဲ က အကုန်ပတ်ရှုပ်ချင် နေတာ သေချာသွားပါပြီ....