မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ
Vol. 7 Ch. 105
တိုက်ရိုက်ထုတ်လွင့်သည့် နေရာတွင်။
"ချီးပဲ စောက်ရမ်းမိုက်တယ်။ဒီကောင်လေးက ဘယ်သူလဲ။ငါတော့ သူ့ကို စောက်ရမ်းချစ်နေပြီ"
"ငါရောပဲ ဒီလူက စောက်ရမ်းမိုက်တယ်။သူက ယန်ဂျင်ကို တကယ် စိန်ခေါ်ချင်နေတာပဲ"
"သူက ငါပြောချင်တာတွေကို ပြောပေးနေတဲ့ အိုင်ဒေါပဲ။ဒါပေါ့ သီချင်းကောင်းတယ် မကောင်းဘူးဆိုတာ ငါတို့ကပဲ ဆုံးဖြတ်ရမှာ။ငါတို့ မကြိုက်ဘူးဆိုရင် သူမ ဘယ်လောက်ပဲ ကြိုးစား ကြိုစား ဒါက အသုံးမဝင်ဘူး။အခုငါ့လက်တွေ တောင်ချွေးထွက်လာသလိုပဲ။အရင်တုန်းက ယန်ဂျင် မအောင်မြင်ခင်မှာ အခွေဝယ်ပြီး အားပေးမိတာကိုတောင် နောင်တရမိတယ်"
"666 ဒီအစ်ကို က ကမ္ဘာ့ နံပါတ် ၁ ခွေးမ ယန်ဂျင်ကို ပြသနာ ရှာချင်နေတာပဲ"
"ဒီ အသံသစ် အစီစဥ်က ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီ နော်"
"ကင်မရာ မန်းတွေ ယန်ဂျင်ရဲ့ မျက်နှာကို ရိုက်ပေးစမ်းပါ ကြည့်ရအောင်"
.....
ပွဲကျင်းပတဲ့ နေရာမှာလည်း ဗရမ်းဗတာတွေ ဖြစ်နေခဲ့ပါတယ်။ဒီ ငနဲ ကောင်က ဒီလောက်သတ္တိရှိလိမ့်မယ် လို့ မထင်ထားခဲ့ကြပါဘူး။
သူက ယန်ဂျင် ကိုစိန်ခေါ်ပြီး ပွဲတစ်ခု ကျင်းပဖို့တောင် လုပ်နေခဲ့ပါတယ်။
ထပ်ပြောရရင် ဒီကောင်လေးက ယန်ဂျင် ရဲ့ အတိတ်တုန်းက အနာဟောင်းကိုတောငိ ပြန်ဆွ လိုက်ပါသေးတယ်။သူ တည့်တည့်ကြီး မပြောပေမယ့် လည်း ဒီလောက်နဲ့တင် အကုန်နားလည် ဖို့ လုံလောက်နေပါပြီ။
လူတိုင်ဟာ တစ်ချိန်တုန်းက ယန်ဂျင် အမှိုက်တစ်စကို အောင်မြင်အာင် လုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာ သိထားကြပါတယိ။
ဘယ်သူက လီရှင်းဖေး ရဲ့ သီချင်းတွေကို နားထောင်ကြလို့လဲ.......
သူမက ချန်ပီယံ ဆုအထိ ရခဲ့ပေမယ့်လည်း လေထဲမှာ ပဲပျောက်ကွယ် သွားခဲ့ပါတယ်။ဒုတိယနဲ့ တတိယ ရတဲ့လူတွေ အောင်မြင်ပြီး ကိုယ်ပိုင် အယ်လ်ဘမ် တွေ ထုတ်နေတဲ့ အချိန်မှာ သူမက ဘားတွေ မှာသီချင်းလိုက်ရဆိုနေရသည်။
ဝမ်မင်ယန် လည်း ကြောင်အနေပြီး လင်းဖန်ကို လက်မ ထောင်ပြလိုကိပါတယ်။
"ညီအစ်ကို မင်းက တကယ်အကြောက်အလန့်ကင်းတာပဲ"
လင်းဖန်ဟာလည်း မှ မဖြစ်သလိူ မတ်တတ်ရပ်နေခဲ့ပါတယ်။သူ ယန်ဂျင် ပြန်ပြောမယ့် စကားလုံးကို စောင့်နေခဲ့တာပါ။
ယန်ဂျင်ဟာ နောက်ကို အနည်းငယ် ဆုတ်မိလိုက်သည်။သူမ ဒီလောကမှာ ကျင်လည်လာတာ အတော်ကြာပေမယ့် လည်း ဒီလို ဆက်ဆံခံရတာကတော့ ပထမဆုံး အကြိမ်ပါ။
သူမ ဒိုင်အဖြစ် လုပ်ကိုင်နေတာ နှစ်ပေါင်းမနည်းတော့ပဲ ပြိုင်ပွဲဝင်ပဲ ဖြစ်ဖြစ် ပရိတ်သတ်ပဲ ဖြစ်ဖြစ်သူမကို လေးလေးစားစား ဆက်ဆံရပါတယ်။
တစ်ချို့ပြိုင်ပွဲဝင်တွေ သူမရဲ့ ဆုံးဖြတ်ချက်ကို မကြိုက်ကြပေမဲ့လည်း သူမဂရုမစိုက်ခဲ့ပေ။နောက်ဆုံးမှာ သူမရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကသာ အဆုံးအဖြတ်ပါပဲ။သူတို့ ဒီလောက မှာရှင်သန်ချင်ရင် သူမကို လေးစားစွာ ဆက်ဆံပြီး ဂျူနီယာ တစိယောက်လို ပြုမူဖို့ လိုအပ်ပါတယ်။
အစီစဥ် ကြေညာသူ ယီမင်ဟာ လည်း အခြေအနေကို စိတ်ပူစွာ ကြည့်လိုက်မိသည်။ဒီအဖြစ်အပျက်ကို ထပ်ပြီး ဒီတိုင်းလွတ်ထားလို့ မရမှန်း သူသိပါတယ်။သို့ပေမယ့် သူပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ဝူရွှန်းယွဲ့ဟာ စကား ပြောတာ တွေ့လိုက်ရသည်။
"ဒိုင် ယန်ဂျင်"
စိတ်တိုနေတဲ့ ယန်ဂျင်ဟာ ဝုရွှန်းယွဲ့ကို လက်ကာ ပြပြီး ဘာမှ ထပ်မပြော အချက်ပြလိုက်ပါတယ်။ယင်းနောက်သူမ ဟာ လင်းဖန်ကို ညွှန်ပြပြီး ပြောလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ။ကိုယ်ကျင့်တရား ဆိုတာ နားမလည်ဘူးလား။မင်း ခုနက ပြောခဲ့တဲ့ စကားတွေကို တာဝန်ယူနိုင်လား။ငါရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမူနဲ့ မင်းကို တရားစွဲ လိူ့ရတယ်နော်"
လင်းဖန်ဟာ ရယ်မောလိုက်သည်။
"ငါ ဘယ်နားမှား သွားလို့လဲ။အိုး ငါ ဘာမှရည်ရွယ်ချက်မရှိဘူးနော်။ငါ ပြောတာက လီရှင်းဖေး က ပထမဆုရပြီး ၊ ခင်ဗျားမှာ တစ်မူထူးခြားတဲ့ အမြင်ရှိတယ် လိူ့ပဲ ပြောတာ။အဲတာ ပြသနာ တစ်ခုခုရှိနေလို့လား။ဒိုင်ယန်ဂျင် က တကယ်ထူးခြား တဲ့ အမြင်ရှိတာပဲ။အခု လီရှင်းဖေးက ဘားတွေမှာ လိုက်ပြီး သီချင်းဆိုနေတယ် လို့ကြားတယ်နော်။ဒိုင်ယန်ဂျင် ရှာတွေ့ထားတဲ့ လူက အဲလိုမျိုး ဂီတကို လိုက်ဖြန့်ဝေနေတယ်။ဒါပေမဲ့ ဒိုင်ယန်ဂျင်က အသိပညာ ကြွယ်ဝတယ်နော်။ဥပဒေကို ဘယ်လို အကာကွယ် ယူရမလဲ ဆိုတာ သေချာ သိထားတယ်"
ခန်းမတစ်ခုလုံး ရယ်မောသံတွေနဲ့ ဖုံးလွမ်းသွားခဲ့ပါတယ်။
လူအုပ်ကြီးဟာ ရယ်မောနေကြပြီး တိုက်ရိုက်ထုတ်လွင့်တဲ့ နေရာမှာလည်း လူတွေဟာ ကျေနပ်နေကြပါတယ်။
"666 ငါ ဒီကောင်လေးကို တကယ် ဝန်ခံ ပါတယ်ကွာ"
"ယန်ဂျင် ဘယ်လောက် စိတ်ဆိုးနေလဲ မြင်လိုက်ကြလား"
"သူက သူမကို နှစ်ခါတောငိ တိုက်ခိုက်ခဲ့တာ။ဒါက ယန်ဂျင်ကို ထပ်ပြီး မငြင်းခုန်ဖို့ အတွက် လုံလောက်နေပြီ"
"သူက အင်မော်တယ် များ ပြန်ဝင်စားလာတာလား။ဒီလူက တကယ်အကြောက်အလန့်ကင်းတယ်"
.....
ယန်ဂျင်ဟာ အခြေအနေကို ကြည့်ပြီး အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
"အားလုံးပဲ ညိမ်ညိမ် နေပေးပါ"
အဲ့အချိန်မှာပဲ လုံခြုံရေး အဖွဲ့ဝင်တွေ ဟာ လင်းဖန် ဆီကို ချည်းကပ်လာကြပြီး ခေါ်ထုတ်သွားကဖို့ကြိုးစားလိုက်ကြပါတယ်။သို့ပေမယ့် ယန်ဂျင်ဟာ ဒေါသ ထွက်နေခဲ့ပြီး ဒီကောင်လေးကို ဒီလိုလွတ်မပေးလိုက်ချင်ပါဘူး။
"လုံခြုံရေးတွေ ထွက်သွားပေးနိုင်မလား။ကျွန်မ ဒီကောင်လေးနဲ့ ကိစ္စတွေကို ရှင်းလင်းအောင် လုပ်ရဦးမယ်။ငါ ယန်ဂျင်က ဒီလောကမှာ ရပ်တည်လာတာ ကြာပြီး ဒီလို့မျိုး တစ်စုံတစ်ယောက်က စော်ကား လို့မရဘူး"
လုံခြုံရေးတွေဟာ လည်း ကြောင်အသွားခဲ့သည်။ယင်းနောက်တွင် ဒါရိုက်တာဟာ သူတို့ရဲ့ နားကြပ်မှ တစ်ဆင့် ပြန်လာခိုင်းလိုက်ပါတယ်။
အခြေအနေတွေဟာ ပိုမိုဆိုးလာခဲ့ပြီး လင်းဖန်လည်း ဘာမှ မကြောက်ရွံ့တော့ပေ။
"ဒါက သေချာတာပေါ့ ဆရာမ ယန်က ဒီ ဂီတလောကရဲ့ နတ်သမီး တစ်ပါးပဲလေ။ကျွန်တော် အရှက်ခွဲလိုစိတ်မရှိပါဘူး။ဒီမှာရှိတဲ့ လူတိုင်းနဲ့ တိုက်ရိုက် ကြည့်ရူနေကြတဲ့ လူတိုင်း ဆရာမ ယန်ဂျင် ဘယ်လောက် မျှတလဲ ဆိုတာ သိကြတယ်။မျှတအောင် ဆောင်ရွက်တဲ့ နေရာမှာတော့ ဒီလောကမှာ သူမကို ဘယ်သူမှ မမှီဘူး"
လင်းဖန်ဟာ မျှတမူ ဆိုတဲ့ စကားကို ထပ်တလဲလဲ အသုံးပြုနေခဲ့ပါတယ်။
ယင်းနောက်တွင် လူတိုင်းဟာ စတင်ရယ်မောလိုက်သည်။ဒီလူက အတော်စိတ်ဝင်စားဖို့ ကောင်းပြီး သူ့စကားလုံးတွေမှာ နက်ရှိုင်းတဲ့ အဓိပါယ်တွေ ပါဝင်နေပါတယ်။
ဝမ်မင်ယန် လည်း ကြောင်အနေခဲ့သည်။လင်းဖန် ဒီလိုမျိုး အာသွက် လျာသွက်နဲ့ တိုက်ခိုက်တာကို ပထမဆုံး မြင်ဖူးတာပါ။
သူရဲ့ စကားလုံးတွေဟာ အတော်ထိရောက်လှသည်။သူ့ စကားလုံးတွေကတော့ ယန်ဂျင်ကို ချီးကျူးနေသလို့ပါပဲ ဒါပေမဲ့ သူမကို အရှက်ခွဲနေသလိုမျိုး သက်ရောက်နေခဲ့ပါတယ်။
ဒိုင်ချီမင်ဟာ လည်း မတ်တတ်ရပိကာ ရယ်မောနေခဲ့သည်။ဒါက ယောက်ျားတစ်ယောက်ရဲ့ စကားပြော စွမ်းရည်ပါ။သူ့ ခံစားချက်တွေဟာလည်း အတော်ကောင်းနေခဲ့သည်။
ဇိုထန်ဖေး နဲ့ ကျို့ဟိုင်တောင် တို့ဟာ အကူညီမဲ့ စွာ ခေါင်းခါယမ်းလိုက်ကြသည်။ဒီကောင်လေး ဂီတ လောကက မဟုတ်တာ အတော်ကံကောင်းပါတယ်။မဟုတ်ရင် သူ ရှင်လျက်နဲ့ သေရတဲ့ ဘဝကို ရရှိသွားမှာပါ။
ယန်ဂျင်ဟာလည်း စိတ်တိုလွန်းလို့ လက်တွေတောင် တုန်ရီနေခဲ့ပါတယ။ယင်းနောက် သူမဟာ အသက်ကို ပြင်းပြင်းရူကာ ပြောလိုက်သည်။
"ကောင်းပြီလေ ဒီအကြောင်း မပြောပဲနေရအောင်။မင်းလို အပြင်လူက သီချင်းအကြောင်း ဘယ်လောက်နားလည်မှာ မလို့လဲ၊ ဒါမှမဟုတ် မင်းသီချင်းထဲမှာ ဘယ်လို ခံစားချက်ထည့်ပြီး ဆိုရမယ် ဆိုတာတောင် သိလို့လား။ကောင်းပြီး ဒါတွေ မတိုင်ခင် တစ်ခုလောက် မေးပါရစေ မင်းဘာအလုပ်လုပ်တာလဲ မင်းရဲ့ ပုံစံကို အကဲဖြတ်ကြည့်ရသလောက်တော့ ကျောင်းသားတစ်ယောက် ပဲဖြစ်လိမ့်မယ်"
လင်းဖန်ဟာ ရယ်မောကာ ပြန်ဖြေလိုက်သည်။
"ဆရာမ ယန်ဂျင်က အကဲဖြတ် တဲ့ စွမ်းရည် အရမ်းကောင်းတာပဲ။ခင်ဗျား ဒီလောကမှာ ဒီလောက် အောင်မြင်နေတာ မထူးဆန်းတော့ပါဘူး။ဒါပေမဲ့ ကျွန်တော်က ကျောင်းသားတစ်ယောက် မဟုတ်ဘူး။ကျုပ်က ဘွဲ့ရပြီးပြီ အခု လုပ်နေတဲ့ အလုပ်က ဗေဒင်ဟောတယ် အရံစီးပွားရေးအနေနဲ့ ပန်ကိတ်ရောင်းတယ်။အသက်ရှင်ဖို့ ငွေရှာရမယ်လေ"
ရယ်မောပြီး လက်ခုတ်တီးသည့် အသံများဟာ ထွက်ပေါ်လာခဲ့သည်။ခန်းမထဲရှိ လူတိုင်း ရယ်မောနေကြပါတယ်။
ယန်ဂျင်ကို ဒီလောက် ထိအရှက်ခွဲဖို့ လိုအပ်လို့လား....?
အဲ့အချိန်မှာပဲ တိုက်ရိုက် ထုတ်လွင့်သည့်နေရာမှာ ဆူညံ့နေခဲ့သည်။လူတိုင်းရဲ့ မှတ်ချက်များဟာ 666 တွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။
ယန်ဂျင်ဟာ စိတ်တိုလွန်းလို့ အဆုတ်တောင် ကွဲထွက်တော့မလို ခံစားလိုက်ရသည်။ယင်းနောက် သူမ ပုံမှန်အသံနဲ့ ပြောလိုက်ပါတယ်။
"မင်းမသင်ကြားဖူးရင် ကျွမ်းကျင်မူဆိုတာကို သိမှာမဟုတ်ဘူး။ငယ်ငယ်ရွယ်ရွယ်နဲ့ ဗေဒင်ဟောစားနေတယ်။ပန်ကိတ်ရောင်းတယ် ဆိုတာ ကောင်းပါတယ်။ဒါပေမဲ့ မင်းက ငယ်ရွယ်တဲ့ အချိန်တွေကို ဖြုန်းတီးနေတာပဲ။မင်းမှာ ဘာအနာဂတ်မှ မရှိတာ ကြည့်လိုက်တာနဲ့ သိတယ်။မင်းလို လူမျိုးက ပတ်ဝန်းကျငိးကို ဘာအကျိုးမှ မဖြစ်စေဘူး"
လင်းဖန် ရယ်မောကာ ပြောလိုကိသည်။
"ဒိုင်ယန်ဂျင်က အနာဂတ်ကို ကြည့်တာလည်း တော်တာပဲ။တစ်ချက်ကြည့်လိုက်တာနဲ့ အနာဂတ်မရှိတာတောင် ပြောနိုင်တယ် ပြီးတော့ ကျုပ်က ပတ်ဝန်းကျင်ကို အကျိုးမပြုနိုင်ဘူး ဆိုတာရော"
"ဒါပေမဲ့ ဒိုင်ယန်ဂျင်က ကျွန်တော်ကို အပြင်လူလို့ပြောတာ အတော်တိကျပါတယ်။ကျွန်တော်က အပြင်လူဆိုပေမယ့်လည်း ဂီတအကြောင်း အနည်းငယ်တော့ သိပါသေးတယ်။ဒါပေါ့ ဆရာမ ယန်ဂျင်လောက်တော့ ဘယ်သိပါ့မလဲ။ဘာပဲ ဖြစ်ဖြစ် ဆရာမက ဒီလောကက နတ်သမီးပဲလေ။ဒါပေမဲ့ ကျွန်တော်ထင်တာက ဝုရွှန်းယွဲ့ရဲ့ မိုးကောင်းကင် သီချင်းမှာ အမှားနည်းနည်း ရှိနေပြီး သူမရဲ့ အသံကို အပြည့်အဝ မချပြနိုင်ဘူးလို့ ထင်တယ်"
လင်းဖန်ဟာ ပြောလိုကိသည်။
လူအုပ်ကြီးဟာ ဒါကို ကြားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါတယ်။
ဒီ ငနဲက ယန်ဂျင်ကို ဂီတလောက ရဲ့ နတ်သမီးလို့ ပြောတာကို ပါးစပ်က မချတော့ဘူး....
သူ အရာရာတိုင်း သိတဲ့ ပုံလုပ်နေတာတော့ မဟုတ်သေးဘူးနော် ယန်ဂျင်ကို တိုက်ခိုက်တာကတော့ ဟုတ်ပါတယ် ဒါပေမဲ့ မိုးကောင်းကင် သီချင်းက ကောင်းလွန်းတယ်။သူ ပရိတ်သတ်ကို ပါ ဒေါသထွက်အောင် လုပ်ဖို့ မလိုဘူးလေ...
ယန်ဂျင်ဟာ မဲနက်နေတဲ့ မျက်နှာဖြင့် ရယ်မောလိုက်သည်။
"မင်းက သီချင်းကောင်းကိုတောင် သိလို့လားဝုရွှန်းယွဲ့ရဲ့ သီချင်းက မကောင်းဘူးဟုတ်လား။ငါ ဒီသီချင်းကို ငါ့အယ်ဘမ်ထဲမှာ တိုင်တည် သီးချင်းအဖြစ် ထည့်ရင် ကောင်းမလား စဥ်းစားနေတာ သိရဲ့လား"
လင်းဖန် ခေါင်းယမ်းပြီး ပြောလိုကိသည်။
"ခင်ဗျား ဒါကိုတော့ မေ့ထားသင့်တယ်။ဒိုင် ယန်ဂျင်က ဒီလောကရဲ့ နတ်သမီးတစ်ပါးလေး။ခင်ဗျားရဲ့ အသံက ဒီအံ့သြဖွယ်ရာ သီချင်းနဲ့ မထိုက်တန်ဘူး။မဟုတ်ဘူး ကျွန်တော်ပြောတာ ခင်ဗျားက ဒီသီချငိးနဲ့ မထိုက်တန်ဘူး လိူ့ ပြောချင်တာ....အာ... မဟုတ်ပါဘူး.."
ရယ်မောတဲ့အသံများဟာ ခနိးမ တစ်ခုလုံးမှာ ပြည့် နှက်သွားခဲ့သည်။
လူအုပ်ကြီးရော တိုက်ရိုက် ကြည့်ရူတဲ့ လူတွေရော ကျေနပ်နေကြပါတယ်။
ဒီ ငနဲက ယန်ဂျင် အတွက်တော့ ကပ်ဘေး တစ်ခုပါပဲ.....