← Chapters

အပြည့်အဝ အနိုင်ရခြင်း

Vol. 8 Ch. 106

အပြည့်အဝ အနိုင်ရခြင်း

Vol. 8 Ch. 106

ဘာသာပြန် = စနိုးဝှိုက်

"ဒီ ငနဲက အမှန်အကန်ချနေတာနော်။ဒါက ငြင်းခုန်နေတာ မဟုတ်တော့ဘူး။တိုက်ရိုက် စော်ကားနေတာ ဖြစ်နေပြီ"

"ကြည့်ရတာ သူက လျောက်ပြောနေသလိုပဲ နော်"

"ငါတော့ ဒီလူကို တော်တော် ချစ်နေမိပြီ"

"အသံသစ် အစီစဥ်က တကယ်ကို ကောင်းမွန်တာပဲ။တကယ်လို့ ဒါသာ တိုက်ရိုက် ထုတ်လွင့်နေတာ မဟုတ်ဘူးဆိုရင် ပြင်ဆင်ပြီး ဖြတ်ထုတ်ခံရမှာ"

"ဟုတ်တယ် တိုက်ပွဲကြောင့် အသံသစ် အစီစဥ် ကြည့်ရူသူတွေ အတော် တိုးလာလိမ့်မယ်။ထုတ်လုပ်သူတွေတော့ ကျေနပ်နေမှာပဲ"

........

ဝမ်မင်ယန် ဟာ ဖိနပ်ပြန်ဝတ်ထားလိုက်ပါတယ်။ကြည့်ရတာ အခြေအနေက သူဝင်ပါစရာ တောင် မလိုလောက်တော့ပါဘူး။

လင်းဖန် ယန်ဂျင်ကို တိုက်ခိုက်နေတဲ့ နည်းလမ်းက အတော် ပြောင်မြောက်လှပေသည်။

ယန်ဂျင်ရဲ့မျက်နှာဟာ လုံးဝ မဲနက်နေပြီး အသက်ပြင်းပြင်း ရူလိုက်ပါတယ်။ယင်းနောက် သူမဟာ လင်းဖန်ကို လက်ခလယ် ဖြင့် ထိုးကာ ပြောလိုက်သည်။

"နင်သာ ဒါတွေကို အပြင်မှာသာ ပြောလို့ကတော့ ငါနင့်ကို ကိုယ်ကျင့်တရား အကြောင်း သေချာသိသွားအောင် သင်ခန်းစာ ပေးလိုက်မယ်"

လင်းဖန် ပြန်ပြောလိုက်သည်။

"ဒိုင် ယန်ဂျင် အစက ခင်ဗျားကို ဥပဒေ လေးစားပြီး အကာအကွယ်ယူတတ်တဲ့ လူလို့ထင်ထားတာ။အခုတော့ ကျုပ်စကားတွေကို ပြန်ရုတ်သိမ်းမှ ရတော့မယ်။ဒါက ရှိုးပွဲလေ ပြီးတော့ တိုက်ရိုက်ပါ ထုတ်လွင့်နေတာ။ဒါတောင် ခင်ဗျားက ခြိမ်းခြောက်ရဲသေးတယ်။ ကျုပ်က သဘောထား ကြီးတဲ့ လူဆိုတော့ ဘာမှ မဖြစ်ဘူ။ဒါပေမဲ့ ဒီရှိုးကို ကလေးတွေရော ကြည့်နေကြတာလေ။ဒါက သူတို့အတွက် မကောင်းတဲ့ အတုယူစရာ တွေ ဖြစ်လာစေလိမ့်မယ်။ဒါက ကလေးတွေ အတွက်မကောင်းဘူး တကယ်လို့ ခင်ဗျားကို ကျုပ် စော်ကားတယ်လို့ ထင်နေရင် နောက်မှ ရှေ့နေကတဆင့် ဆက်သွယ်လို့ရတယ်။ကျွန်တော် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ် ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ပုံရိပ်ကို ထိမ်းပြီး ကျုပ်ကို သင်ခန်းစာ ပေးမယ့် ကိစ္စကို မတွေးပါနဲ့ဦး"

ဝိုးးး

ပရိတ်သတ်များဟာ လည်း ကြောင်အသွားခဲ့သည်။

ဒီ ငနဲက ရှုးသွပ်ဖို့ ကောင်းလွန်းတယ်.....

သူ့ စကားပြော စွမ်းရည်က ပြိုင်ပွဲဝင်ရင် နံပါတ် ၁ ရလောက်တယ်နော်.....

ယန်ဂျင်ရဲ့ မျက်နှာမှာ ဖြစ်ပျက်နေတာကို ဂရု မစိုက်ပဲ လင်းဖန်ဟာ ဆက်လက်ပြီး ပြောလိုက်ပါတယ်။

"ပြောနေတာကို ပဲ ဆက်ပြောရအောင်။ဒိုင်ယန်ဂျင်က ကျွန်တော်ကို သီချင်းကောင်းကို ခံစားတတ်လို့လား လို့မေးတယ်နော်။ ကျွန်တော် ဘယ်လို ပြန်ဖြေရမလဲ ဆိုတာ မသိဘူး။ဒါပေမဲ့ ခင်ဗျား မိုးကောင်းကင် လို သီချင်းတစ်ပုဒ်ကို မရေးနိုင်ရင် ကျုပ်ကို ​မေးခွန်းထုတ်စရာ ဘာအကြောင်းမှ မရှိဘူးနော်"

ယန်ဂျင်ဟာ အလွန်အမင်း ဒေါသဖြစ်ပြီး ပြန်ပြောလိုကိသည်။

"ငါ မရေးနိုင်ဘူး မင်း ကျတော့ရော"

လင်းဖန်ဟာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ပြောလိုကိသည်။

"ကျုပ်ရေးနိုင်တယ်လေ"

ယန်ဂျင်ဟာ ဒေါသထွက်ကာ ပြန်ပြောလိုက်သည်။

"နင်ရေးနိုင်တယ် ဟုတ်လား"

လင်းဖန် ပြောလိုက်သည်။

"ဒိုင် ယန်ဂျင် ခင်ဗျားက ကျွန်တော် ထက်အသက်ကြီး ပေမယ့်လည်း ဒါကိုတော့ ပြောမှဖြစ်မယ်။ခင်ဗျားက အောင်မြင်မူတွေ ရထားပေမယ့်လည်း လူတစ်ယောက်ကို အမြင်ကြည့်ပြီး ခန့်မှန်းလို့ မရဘူးလေ။ထပ်ပြောရရင် ခင်ဗျား မျက်နှာပျက်စရာတွေ ဖြစ်လာနိုင်တယ်"

ယန်ဂျင်ဟာတော့ ဒေါသထွက်လွန်းလို့ လင်းဖန်ကို မုန်းနေခဲ့ပါပြီ။တစ်စုံတစ်ယောက်က သူ့ကို အသက်ကြီးတယ်လို့ ပြောရင် သူအရမ်းမုန်းပါတယ်။

ပရိတ်သတ် အကုန်လုံးရော ၊ မှတ်ချက်များမှ လူရော ၊ အစီစဥ်တင်ဆက်သူတွေရော၊ ဒိုင်တွေရော အကုန် ဆွံ့အနေခဲ့ကြသည်။

သူတို့ ဒီလောက်ထိ ဖြစ်သွားကြလိမ့်မယ် လို့ မထင်ထားခဲ့ကြပေ။

ယန်ဂျင်ဟာ လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ စောက်ရူးတစ်ယောက်နဲ့ ငြင်းခုန်နေတာမှန်းအစက မသိခဲ့ဘူး။ဒီနေရာက သီချင်းကောင်းတွေနဲ့ အသံကောင်းတွေ နားထောင်ဖို့နေရာပဲ ဒါပေမယ့် နင့်လို စောက်ရူးကြောင့် အတော် အချိန်ဖြုန်းမိသွားပြီ"

လင်းဖန် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဒိုင်ယန်ဂျင် မပြောပါနဲ့တော့။ခင်ဗျားလို အမြင်ကို ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူက ဒိုင်တစ်ယောက် အဖြစ်ရှိနေတာ အတော် စိတ်ပျက်ဖို့ကောင်းတယ်"

ယင်းနောက် လင်းဖန်ဟာ စင်ပေါ်မှာ ရှိနေဆဲ ဖြစ်တဲ့ ဝုရွှန်းယွဲ့ကို လှမ်းပြောလိုက်ပါတယိ။

"ဝုရွှန်းယွဲ့ ဒီနေ့ဆိုသွားတာ အရမ်းကောင်းတယ် ဒါပေမဲ့ ဘဝင်မြင့် သွားလို့ မရဘူးနော်"

ဝုရွှန်းယွဲ့ဟာ လင်းဖန် ပြောနေတာတွေ နဲ့ ပတ်သက်ပြီး အံ့သြနေခဲ့တာပါ။ယင်းနောက် သူမဟာ လျင်မြန်စွာပဲ ပြန်ပြောလိုက်သည်။

"ကျေးဇူးပါ မာစတာ လင်း။နားလည်ပါပြီ"

အစကတော့ လူအုပ်ကြီးဟာ အနည်းငယ် ဆူညံ့နေခဲ့တာပါ။သို့ပေမဲ့ ဝုရွှန်းယွဲ့ ပြန်ဖြေ တာကြားသည့် အချိန်တွင် တိတ်ဆိတ်သွားခဲ့ကြသည်။

စခရင်ပေါ်က ပြည့်နှက်နေတဲ့ မှတ်ချက်များဟာ လညိး ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။စက္ကန့် အနည်းငယ် ကြာမှ မှတ်ချက်တွေ ဟာ အမြောက်အများ တက်လာခဲ့ကြသည်။

ဒိုင် ချီမင်ဟာ လည်း အံ့သြလွန်းလို့ ပါးစပ်ကြီးတောင် ပွင့်ဟ သွားခဲ့သညိ။

ဇိုထန်ဖေးဟာ စိတ်လှုပ်ရှားပြီး ထိုင်နေရာမှတောင် ထလိုက်ပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ယန်ဂျင်ဟာ အလွန်အမင်း အံ့သြနေခဲ့သည်။ဒါက တကယ်ကို ရှုပ်ထွေးနေတဲ့ ကိစ္စတစ်ခုပါ။ဒါပေမဲ့ အခုတော့ ပိုပြီးတောငိ ရှုပ်ထွေးသွားခဲ့ပါပြီ။

ဒိုင် ချီမင်ဟာ ချက်ချင်းပဲ ပြောလိုက်သည်။

"ဝုရွှန်းယွဲ့ ဒီလူက မာစတာ လင်းလား။မိုးကောင်းကင် သီချင်းကို ရေးခဲ့တဲ့ တစ်ယောက်လေ"

ဝုရွှန်းယွဲ့ ဟာ ခေါင်းညိမ့်ပြီး ပြောပြလိုက်သည်။

"ဟုတ်ပါတယ်"

ဒိုင် ချီမင် ဟာ အံ့သြလွန်းလို့ ပါးစပ်ကြီးတောင် ပွင့်နေခဲ့ပါတယ်။ဒီကိစ္စက ပိုမို လေးနက်လာခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ သူဟာ ယန်ဂျင်ရဲ့ မဲမှောင်နေတဲ့ မျက်နှာကို ကြည့်လိုက်သည်။

သူမဟာ ခုနက မောက်မာ နေခဲ့ပေမယ့်လည်း အခုတော့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရပါပြီ။ဒါက သူမရဲ့ ဘဝမှာ အမဲစက်ကြီး တစ်ခုတောငိ ဖြစ်သွားနိုင်ပါတယ်။

မှတ်ချက်များပေးသည့် နေရာတွင်။

"666 "

"ဒါက စောက်ရမ်းမိုက်သွားပြီ နတိဘုရားရဲ့ ပြန်လည် မွေးဖွားလာတဲ့သူပဲ။ဒါက ဒီလောက်နာကျင်စေလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး"

"သူက အရမ်းတော်တာပဲ"

"ယန်ဂျင်ရဲ့ မျက်နှာက ဒီရိုက်ချက်အပြီးမှာ ထားစရာ နေရာတောင် ရှိမှာမဟုတ်တော့ဘူး"

"ကြောက်ဖို့ကောင်းတယ် တကယ်ကြောက်ဖို့ကောင်းတယ်။သူက မိုးကောင်းကင် သီချင်းကို ရေးထားတဲ့ တစ်ယောက်လို့ ဘယ်သူက ထင်ထားမှာလဲ"

"ဒါက အကြမ်းစားကြီးနော် သူ့ရဲ့ ပုံစံအမှန်ဖြစ်တဲ့ နောက်ဆုံးလက်နှက်ကို ဖုံးကွယ်ထားတာ"

စခရင် ပေါ်မှာ ရူးသွပ်ဖို့ကောင်းတဲ့ မှတ်ချက်တွေဟာ ပြည့်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ အသံသစ် အစီစဥ် ကိုကြည့်ရူတဲ့ လူအရေအတွက်ဟာ တဖြည်းဖြည်း မြင့်တက်လာနေခဲ့သညိ။

အစီစဥ် တင်ဆက်သူ ယီမင်ဟာ စင်ပေါ်မှာ ရှက်ကိုးရှက်ကန်း ဖြင့် ရပ်နေခဲ့သည်။ဒါက သူထိန်းချုပ်နိုင်တာထက် ကျော်လွန်နေပါပြီ။

သူ့မှာ များပြားလှတဲ့ အတွေ့အကြုံတွေနဲ့ အရင်တုန်းက အရပေါ်အခြေအနေတွေ များစွာကို တားဆီး နိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်က မတူပါဘူး။သူတောင် ဘယ်ကစပြီး ဖြေရှင်းရမလဲ မသိတော့ပေ။

ဇိုထန်ဖေးဟာ မာစတာ လင်းဆီကို သွားပြီး နှုတ်ဆက်ချင်နေခဲ့ပါတယ်။သို့ပေမယ့် လက်ရှိအခြေအနေအရ သူ သွားပြီး နှုတ်ဆက်လို့ အဖြစ်နိုင်ပါဘူး။

တကယ်လို့ မာစတာ လင်းသာ ယန်ဂျင်နဲ့ မရှုပ်ထားဘူး ဆိုရင် သူကျိန်းသေသွားမှာပါ။သို့ပေမယ့် မာစတာ လင်းဟာ ယန်ဂျင်နဲ့ ရှုပ်ထားသည့်အတွက် သူမသွားရဲပေ။ဒါက ယန်ဂျင်ကို ရှုပ်တာနဲ့ အတူတူပါပဲ။

တစ်ခြားတစ်ဖက်မှာ တော့ ဒိုင် ချီမင်ဟာ ဒါတွေကို ဂရုမစိုက်ပါဘူး။တစ်ခြားလူတွေ ယန်ဂျင်ကို ကြောက်ပေမယ့်လည်း သူမကြောက်ပေ။သူ ချက်ချင်းသွားပြီး လင်းဖန်ကို ချီးကျူးလိုက်ပါတယ်။

"အရည်အချင်းရှိတဲ့ လူငယ်လေးပဲ။စာအုပ်တစ်အုပ်ကို အဖုံးကိုပဲ ကြည့်ပြီး မဆုံးဖြတ်နဲ့ ဆိုတာ တကယ်မှန်တယ်"

လင်းဖန်ဟာ ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဒိုင် ချီမင် က ကျွန်တော် ကို မြောက်ပင့်နေတာပဲ။ဒါက လူတိုင်း ပြိုင်ပွဲဝင်တွေရဲ့ သီချင်းကောင်းကို နားထောင်ရမယ့် အချိန်ကောင်းပဲလေ။ဒါပေမဲ့ ဆရာမ ယန်ဂျင်နဲ့ ကျွန်တော် ကြောင့် အချိန်တွေ ကုန်ခဲ့ရပြီ။ဒီ အတွက် ကျွန်တော်တောင်းပန်ပါရစေ"

ဒါကို ပြောပြီး နောက်မှာ လင်းဖန်ဟာ အပြင်ကို လှည့်ထွက်သွားခဲ့ပါတယ်။ဝမ်မင်ယန်ဟာ သူ့နောက်ကနေ ကပ်လိုက်သွားခဲ့သည်။

လူတိုင်းဟာ ဘာဆက်ဖြစ်တော့မလဲ သိကြပါတယ်။ဝူရွှန်းယွဲ့ဟာ ကျိန်းသေ နောက်တစ်ဆင့်ကို တက်တော့မှာပါ။

လင်းဖန် ဟာ တံခါးနားရောက်တဲ့ အချိန်မှ နောက်ပြန်လှည့်ကာ ပြောလိုက်သည်။

"ယန်ဂျင် ၊ ခင်ဗျားက ဒိုင်တစ်ယောက်ပဲလေ။ကျွန်တော်တို့ ခုနက စကားနည်းနည်း များထားပေမယ့် ခင်ဗျား မျှမျှတတပဲ ဆုံးဖြတ်မယ်လို့ မျှော်လင့်ပါတယ်"

သူဒါကို ပြောပြီးတဲ့ နောက်မှာ ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးကို ထားခဲ့လိုက်သည်။

အနာဂတ် မရှိဘူးလား ?

မျက်နှာ ပျက်ရလိမ့်မယ် ?

သီချင်း အကြောင်းဘာမှ နားမလည်ဘူးလား ?

ရှေ့နေ ရဲ့ စာ လား ?

အခု ဒါတွေ အကုန်လုံးကို ကိုယ့်ဟာကို ပြန်ဖြေရှင်းလိုက်တော့။ကျုပ်ဒီလို ခက်ခဲတဲ့ အခြေအနေမှာ မထားခဲ့ခင် ခင်ဗျားကို အခွင့်အရေး ပေးသေးတာပဲ။

ဘာပဲဖြစ်ဖြစ် ကျုပ်က ဂီတလောကထဲက မဟုတ်တော့ ခင်ဗျား ဘယ်လို လက်တုန့်ပြန်မလဲ စောင့်ကြည့်ရအောင်။

အဲ့အချိန်မှာတော့ ယန်ဂျင်ဟာ မတ်တတ်ရပ်မြဲ အတိုင်း ရှိနေခဲ့သည်။သူမ အတော် ဒေါသထွက်နေခဲ့ပါတယ်။

သူမအရာရာကို ထိန်းချုပ်ပြီး လွတ်မြောက်အောင် လုပ်ဖို့ စီစဥ်ထားခဲ့တာပါ။သို့ပေမဲ့ ဒီ ငနဲဟာ သူမကို ခက်ခဲအောင် လုပ်ထားခဲ့သည်။

သူမဟာ ဘေးကျပ်နံကျပိ ဖြစ်နေပြီး တစ်ချိန်တည်းမှာပဲ လူသတ် ချင်နေခဲ့ပါတယ်။

လူအုပ်ကြီးဟာတော့ ယန်ဂျင်ကို စိုက်ကြည့်နေကြသည်။ကင်မရာ မန်းတွေဟာ ယန်ဂျင်ရဲ့ မျက်နှာ ကို သေချာ ချိန်ပြီး ရိုက်နေကြပါတယ်။

ဒါက ဖေ့ဘုတ်မှာ သတင်းကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်.......

All Chapters