← Chapters

မကြာခင် သက်သာသွားလိမ့်မယ်

Vol. 8 Ch. 108

မကြာခင် သက်သာသွားလိမ့်မယ်

Vol. 8 Ch. 108

ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း။

ဆိုင်ထဲတွင်။

လင်းဖန်ဟာ ဇိမ်ကျကျနဲ့ ထိုင်ပြီး ဖုန်းကို ကြည့်နေခဲ့ပါတယ်။ယင်းနောက် သူရယ်မောလိုက်သည်။

ဆောင်းဦးဓား

"မင်းငါ့ကို ထပ်လိမ်ပြန်ပြီ စောင့်နေလိုက်စမ်းပါ" × အစောင် 100

ဒီကိစ္စက ဆောင်းဦးဓားကို အတော် ဒေါသထွက်စေခဲ့ပါတယ်။သူက လည်လည်ဝယ်ဝယ်ရှိတဲ့ လူတစ်ယောက်ပါ။အခုတော့ သူ ဒီလူလိမ်ရဲ့ အကြိမ်များစွာ လိမ်ခြင်းကို ခံနေခဲ့ရသည်။

ဝူယူလန် ဟာ ဖက်ရှင်ကျနစွာ ဝတ်ဆင်ထားပြီး ဆိုင်ထဲမှာ အရမ်းလှပနေခဲ့ပါတယ်။သူမရဲ့ လှဟာ မနာလို ဖြစ်စရာတောင် ကောင်းနေခဲ့ပါသည်။

သူမဟာ လှပတဲ့ မျက်လုံးတွေနဲ့ လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"မာစတာ လင်း မနေ့ညက တကယ်တော်တာပဲ"

လင်းဖန် လက်ဝေ့ယမ်းကာ ပြန်ပြောလိုက်သည်။

"အာ...ဒါက ဘာမှ မဟုတ်ပါဘူး။ဒီလောက်ကြီးလည်း အံ့သြစရာ မဟုတ်ဘူးလေ"

သူဟာ ဘာမှမဟုတ်သလို ဟန်ဆောင်နေခဲ့ပေမယ့် လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အမှန်တကယ် ပျော်ရွှင်နေခဲ့ပါတယ်။သူဟာ သူ့ကိုယ်သူ အဲ့လောက်ထိ အရည်အချင်းရှိလိမ့်မယ် လို့ မထင်ထားမိခဲ့ပေ။

ရုပ်ရှင် ဇာတ်ကား ရိုက်နေတဲ့ ချန်ရှင်းယီ နဲ့ လျိုဒန် တို့ဟာလည်း သူ့ဆီကို စာလှမ်းပို့ထားကြသည်။

"လေးစားပါတယ်"

မနေ့ကလို အခြေအနေမှာ တစ်ခြားလူတွေ ဆိုရင် ကိုယ်တွယ်နိုင်မှာ မဟုတ်ပါဘူး။ဒါ့အပြင် ယန်ဂျင်ဟာ အောင်မြင်ပြီး နောက်ခံတောငိ့တဲ့ လူတစ်ယောက်ပါ။

ပုံမှန်လူတစ်ယောက်ဆိုရင် သူမနဲ့ ရှုပ်ရဲကြမှာ မဟုတ်ပါဘူး။သို့ပေမယ့် လင်းဖန်ကတော့ မကြောက်ပေ။

ဒါ သီချင်းလေး တစ်ပုဒ်ပဲ ဖြစ်ပြီးတော့ လူမိုက်တွေကို လွတ်ပြီးတော့ သူ့ကို မသတ်ခိုင်းလောက်ပါဘူး။လူမိုက်တွေ လွတ်လိုက်ရင်တောင် သူမကြောက်ပေ။

သူ့ရဲ့ စွမ်းဆောငိရည် တွေနဲ့ အကုန်လုံးကို အမှောက်သိပ်ပြီး ရဲစခန်းပို့လို့ ရပါတယ်။ဟုတ်တာပေါ့ ဒါတွေက သူ့စိတ်ထဲမှာ တွေးနေတဲ့အရာတွေပါ။

အခုခေတ်မှာ ဘယ်သူမှ အဲလိုလုပ်ရဲမှာ မဟုတ်ပါဘူး။

သို့ပေမယ့် အခြေအနေတွေ ဟာ အနည်းငယ် ရှုပ်ထွေးလာပုံပေါ်ပါသည်။သူ လုပ်ခဲ့တာတွေက လူတိုင်းရဲ့ အားရုံစူးစိုက်မူကို ရနေခဲ့ပါတယ်။

သတင်းထောက်တွေတောင် သူ့ဆိုင်ရှေ့ကို နောက်တစ်ခါရောက် လာမဲ့ပုံပါပဲ။ဒါပေမဲ့ သူလုံးဝ ဂရုမစိုက်ပေ။သူမဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး။

"မာစတာ လင်း ခင်ဗျား မနေ့က အရမ်းမိုက်တယ်နော်။ဒီလို အိမ်နီးချင်းမျိုး ငါတို့မှာ ရှိနေတာ ဂုဏ်ယူရတယ်"

ဘေးနားဝန်းကျင်က ဆိုင်ပိုင်ရှငိများဟာ လင်းဖန်ကို ပြောလိုက်ကြပါတယိ။

လင်းဖန် ပြုံးကာ ပြောလိုက်သည်။

"ဒီလောက်လည်း မဟုတ်ပါဘူး။ခင်ဗျားတို့ ကျွန်တော်ကို မြောက်နေကြပြန်ပြီ။ကျုပ်က စိတ်ထဲရှိတာပဲ ပြောလိုက်တာပါ"

"ဟေး မာစတာ လင်းက တိမ်ဖြူလမ်းရဲ့ အကြီးအကဲ ပဲနော်။သူရောက်လာပြီးနောက်ပိုင်း လူတိုင်းရဲ့ ဆိုင်တွေက ကားစတန်မာတွေ ပိုများလာခဲ့တယ်"

ကာစတန်မာ တွေတိုးလာတာကိုတော့ လူတိုင်း လက်ခံရမှာပါ။ဗေဒင်ဟောဖို့ လာကြတဲ့ ကာစတန်မာများနဲ့ ပန်ကိတ်အတွက်လာကြတဲ့ ကာစတန်မာ များဟာလည်း အများကြီး တိုးတိုးလာခဲ့ပါတယ်။

ပန်ကိတ်နဲ့ ဗေဒင်ဟောဖို့ အတွက်လာကြတဲ့ လူတွေဟာ သူတို့ အရွေးမခံရတဲ့ အချိန်မှာ အနီးအနားက ဆိုင်တွေကို သွားကာ စျေးဝယ်ကြကြပါသည်။

ပတ်ဝန်းကျင်က လူတွေဟာ လင်းဖန်နဲ့ မရင်းနှီးကြပေမယ့် လည်း ၊ လင်းဖန်ကို ယဥ်ကျေးစွာ ဆက်ဆံကြပါတယိ။ဘာပဲဖြစ်ဖြစ် ဒီလို တိမ်ဖြူလမ်းကြှီး တိုးတက်လာတာ လင်းဖန်ကြောင့်ပါ။

ခနအကြာမှာပဲ ဗေဒင်ဟောဖို့ လူများဟာ ရောက်လာခဲ့ကြပြီး ဗေဒင်ဟောဖို့ စတင်လိုက်ကြပါတယိ။

"မာစတာ လင်း ကျွန်တောိတို့ ခင်ဗျားကို ထပ်ပြီး မနှောကိယှက်တော့ဘူး"

လင်းဖန်ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"ကောင်းပြီ နောက်နေ့မှ အေးအေးဆေးဆေး စကား ပြောကြတာပေါ့"

ဝူယူလန်ဟာ အပြင်ဘက်ကို ထွက်ပြီး နံပါတ်ပြားတွေ စတင်ဝေလိုက်ပါတယ်။သူမဟာ လူလိမ် ထျန်ရဲ့ နေရာကို ယူကာ လုပ်ဆောငိ နေခဲ့သည်။

တန်းစီကြတဲ့ လူများဟာလည်း မိန်းမလှလေးကို ကြည့်ပြီး စိတ်ကောင်းတွေ ဝင်လာခဲ့ကြပါတယ်။

"မာစတာ လင်းက တကယ်ဥာဏ်ကောင်းတယ်။မိန်းမလှလေးကို တောင်အလုပ်ခန့်ထားတယ်"

"ဟုတ်တယ် သူက နေ့သစ်တွေနဲ့ စတင်ချင်နေပြီ ထင်တယ်"

"ဟို အဖိုးကြီး နဲ့ကျတော့ ရိုးနေပြီ ၊ အပြောင်းအလဲလေးလည်း လိုအပ်တာပေါ့"

လူလိမ် ထျန်ဟာ ထိုင်နေရင်း သူတို့ပြောတာတွေကို နားစွန့်နေတာပါ။သူဟာ ဒီလူတွေပြောတာကို ကြားပြီး လည်ချောင်းရှင်းကာ အချက်ပြလိုက်သည်။

သူဟာ ရင်ထဲမှာ အနည်းငယ်တော့ နာကျင်နေခဲ့ပါတယ်။သူ့နေရာကို ဒီလောက် မြန်မြန်အစားထိုး ခံရမယ် လို့ မထင်ထားခဲ့ပါဘူး။

ကံထူးတဲ့ လူဆယ်ယောက်ကို အလျင်အမြန်ရွေးချယ်လိုက်သည်။

ပထမဆုံး လူကတော့ သက်လတ်ပိုင်း အရွယ် မိန်းမကြီးပါ။

"အနာဂတ်မှာ ဗေဒင်ဟောတာ ကို ဒီ မာစတာက တာဝန်ယူ ပေးလိမ့်မယ်နော်"

လင်းဖန်ဟာ ပြောလိုက်သည်။

မိန်းမကြီးဟာ ဒါကို ကြားကာ အံ့သြသွားပြီး မေးလိုက်သည်။

"မာစတာ လင်း ၊ မာစတာ က မဟောတော့ဘူးလား"

သက်လတ်ပိုင်း မိန်းမကြီးဟာ သူမတစ်ခါမှ မသိတဲ့ လူတစ်ယောက်ကို ဗေဒင်ဟော ခိုင်းဖို့ကို အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။

သူမ မာစတာ လင်းကို သာယုံကြည်ပြီး ဒါကြောင့်ပဲ အချိန်တွေ အကြာကြီး ဆက်ပြီး တန်းစီနေခဲ့တာပါ။သူမ မာစတာ လင်းကို သာယုံကြည်ပါတယ်။

လင်းဖန်ဟာ ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော် ရပ်မယ်လို့ မပြောပါဘူး။ပုံမှန်အရာတွေကို သူက ဟောပေးမယ် လို့ပဲ ပြောတာပါ။"

မိန်းမကြီးဟာ ဝူတန်ဟီကို သံသယ ဖြစ်စွာကြည့်လိုကိသည်။ဒီလူရဲ့ အသွင်အပြင်အရတော့ စွမ်းဆောင်နိုင်မယ့် ပုံပါပဲ။ဒါပေမဲ့ ရုတ်တရက် ဗေဒင်ဆရာ အပြောင်းအလဲက သူမကို အနည်းငယ် မသက်မသာဖြစ် စေပါတယ်။

အပြင်ဘက်မှာ နံပါတ် ရထားတဲ့ လူများဟာလည်း စတင်ကာ စကားပြောလာခဲ့ကြသည်။

"မာစတာ လင်း ကျုပ်တို့က ခင်ဗျားကိုပဲ ယုံကြည်တာလေ။တစ်ခြားလူကို ဘယ်လိူလုပ် ယုံကြည်နိုင်မှာလဲ"

လင်းဖန် ဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ သိထားပြီးသားပါ။ဒါပေမယ့် ဝူတန်ဟီ ရဲ့ ဂုဏ်သသင်းက ဒီလူတွေကို ပါးစပ်ပိတ်စေဖို့ လုံလောက်ပါတယ်။

"အားလုံးပဲ စိတ်အေးအေးထားပေး လို့ရမလား။သူက ကျွန်တော်ရဲ့တပည့်ပဲလေ။ကျေးဇူးပြုပြီး မယုံတာတွေ သံသယဖြစ်တာတွေ မဖြစ်ကြပါနဲ့။သူက ဝူတန်ဟီပဲ။သူ့နာမည်ကို ဘိုင်တု မှာ ရိုက်ရှာကြည့်ကြပါ။တကယ်လို့ မေးခွန်းတွေ ရှိတယ် ဆိုရင်လည်း တစ်ခါတည်း မေးလို့ရပါတယ်"

လင်းဖန်ဟာ ပြုံးပြီး ပြောလိုက်သည်။သူ ဒီလူတွေကို အချိန်အကြာကြီး မရှင်းပြနေချင်ပေ။ဘာပဲ ဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ရှာရင် သူတို့အကုန်သိကြရမှာပါ။

ဝူတန်ဟီဟာ လျန်ကျုံးမှာ အတော်ကျော်ကြားပြီး ဗေဒင်ပညာမှာလည်း လင်းဖန်ပြီးရင် ဒီနိုင်ငံမှာ အတော်ဆုံးလို့တောင် ပြောလို့ပေသည်။

ဒဏ္ဌာရီလာ ဝူတန်ဟီနဲ့ ပတ်သက်ပြီး ဘိုင်တုပေါ်တွင် မယုံနိုင်စရာ ကောလာဟလ အများကြီး ရှိပါတယ်။

အဲ့အချိန်မှာ အရွေးမခံရတဲ့ လူများဟာလည်း စတင်ပြီး အင်တာနက်ပေါ်မှာ ရှာဖွေလိုကိကြသည်။သူတို့ ချက်ချင်းပဲ ဝူတန်ဟီနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို တွေ့လိုက်ကြပါတယ်။

ဝူတန်ဟီ ,ရုပ်လွန် ဒသနိကဗေဒ အဖွဲ့အစည်း၏ ခေါင်းဆောင်။နိုင်ငံရဲ့ အတော်ဆုံး ဗေဒင်ပညာရှင်။ကမ္ဘာ့ အကောင်းဆုံး ရုပ်လွန် ဒသနိကဗေဒ ပညာရှင် ၈ ယောက်ထဲတွင် ပါဝငိသည်။

ဒီဟာ အပြင် တခြား ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။

"ဘီလီယံနာ ပေါင်းများစွာဟာ ဝူတန်ဟီ ရဲ့ တံခါးဝတွင် ဗေဒင်မေးရန် အတွက် တန်းစီနေကြသည်"

"ဗေဒင် တစ်ခါဟောလိုက်ယုံဖြင့် လူငယ်တစ်ယောက်ကို ချမ်းသာ အောင် လုပ်ဆောင်ပေးခဲ့သည်"

"ဘီလီယံနာများဟာ ဝူတန်ဟီ ဆီမှာ ဗေဒင်မေးရဖို့ အတွက် ပိုက်ဆံ များစွာ ပုံအောပေးရန် ဆန္ဒရှိကြသည်"

........

ဘိုင်တုပေါ်မှာ ရှာဖွေလိုက်တဲ့ အချိန်မှာ ဝူတန်ဟီရဲ့ အကြောင်းအရာ များစွာဟာ ထွက်ပေါ်လာခဲ့ပါတယိ။

မြို့သူ မြို့သားများဟာလည်း ကြောင်အနေခဲ့သညိ။

ဒါက အတော် မယုံကြည်နိုင်စရာ ကောင်လှပါတယိ။

သူတို့ဟာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

"ဒီလူက ရုပ်လွန်ဒသနိက ဗေဒ ရဲ့ခေါင်းဆောင် တစ်ယောက်လား။ဒါအတုအဖြစ်နိုင်ဘူးမလား"

"မဟုတ်ဘူး ငါစစ်ဆေးကြည့်တာ ဒီလူရုပ်နဲ့ တစ်ပုံစံတည်းပဲ"

"ကမ္ဘာအတော်ဆုံး ၈ ယောက်မှာတောင် ပါတယ်ဆိုပဲ ။ကြားရတာ ကောင်းလိုက်တာ"

"ဒီအကြောင်းအရာတွေက အစစ်အမှန်တွေလား"

"ငါလည်း မသိဘူးလေကွာ"

လင်းဖန် ဒီလူတွေ သံသယ ဖြစ်နေကြမှန်း သတိထားမိခဲ့ပါတယိ။အနည်းဆုံးတော့ သူဒီလူတွေကို အံ့သြအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။နောက်ဆုံးမှာတော့ ဒီလူတွေ ဝူတန်ဟီရဲ့ လွမ်းမိုးနိုင်စွမ်းကို နားလည် သွားကြမှာပါ။

"ခင်ဗျားတို့မှာ မေးစရာရှိရင် တစ်ခါတည်း မေးလို့ရတယ်"

လင်းဖန်ဟာ ပြောလိုက်သည်။

"မာစတာ ဝူ ခင်ဗျား အိမ်ရှေ့မှာ ချမ်းသာတဲ့ သူဌေးတွေ ဗေဒင်မေးချင်လို့ ရောက်လာကြတယ် ဆိုတာ အမှန်ပဲလား"

လူတစ်ယောက်ဟာ မေးလိုကိသည်။

ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြန်ဖြေလိုကိသည်။

"ဒါအမှန်ပဲ ၊ ခင်ဗျားတို့အကုန်လုံးကတော့ သိမှာမဟုတ်ဘူး။ခင်ဗျားတို့နေတဲ့ တိုက်တွေတောင် သူတို့ ဆောက်ထားတာ ဖြစ်နိုင်တယ်"

ဝိုးးးးးး

မြို့သူမြို့သား များဟာ ဆွံ့အသွားခဲ့ကြသည်။သူတို့ ဒီလို ဖြစ်လိမ့်မယ် လို့ မမျှော်လင့်ထားခဲ့ကြပေ။

"မာစတာ ဝူ ပုံမှန်လူတစိယောက်ကို ချမ်းသာအောင် တစ်ကယ် လုပ်ပေးခဲ့တာလား"

လူငယ် တစ်ယောက်ဟာ မေးလိုက်သည်။

ဝူတန်ဟီဟာ အမှန်တရားကို ဖုန်းကွယ်ထားဖို့ သိတ်ကူးမရှိပါဘူး။ဘာပဲဖြစ်ဖြစ် ဒါက ရှက်စရာ မဟုတ်ပေ။

""ဟုတ်တယ် ဒါပေမဲ့ အကုန်လုံးက ချဲ့ကားပြောထားတာ မဟုတ်ဘူး။ကျုပ်သူ့ကို စိတ်ထဲရှိတဲ့ အတိုင်း လုပ်လို့ပဲ ပြောလိုက်တာ"

.....

လင်းဖန် ဟာ သူ့နှလုံးသားထဲကနေ ရယ်မောလိုက်ပါတယိ။အခြေအနေတွေဟာ ပိုကောင်း​ေနခဲ့ပြီး ဝူတန်ဟီမှာလည်း စွမ်းဆောင်နိုင်စွမ်ူတွေ ရှိပါတယ်။

သူ ဗေဒင်ဟောပေးဖို့ ဆိုတာ ကြီးမားတဲ့ ပြသနာ မဟုတ်ပါဘူး။

"အားလုံးပဲ စိတ်အေးအေးထားကြပါ။သူကလည်း စစ်မှန်တဲ့ မာစတာ တစ်ယောက်ပဲလေ။ခင်ဗျားတို့ သိချင်တာရှိရင် မေးလို့ရတယ် ဒါဆို ခင်ဗျားတို့ သံသယရှိမှာ မဟုတ်တော့ဘူး။ပြီးသွားရင်တော့ စပြီး ဗေဒင်ဟောလိုက်ကြရအောင်"

သိပ်မကြာခင်မှာပဲ လင်းဖန်ဟာ ဝူတန်ဟီကို ပြီးပြည့်စုံစွာ ပွဲထုတ်နိုင်ခဲ့ပါတယ်။သူဟာ တာဝန်တစ်ခု လျော့သွားသလို ခံစားလိုက်ရသည်။

All Chapters