← Chapters

တရားဝင် လက်မှတ်ရောက်ပြီ

Vol. 8 Ch. 109

တရားဝင် လက်မှတ်ရောက်ပြီ

Vol. 8 Ch. 109

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်တွင်။

ပန်ကိတ် ဆယ်လုံး စလုံးရောင်းကုန်သွားခဲ့ပါပြီ။အရွေးခံလိုက်ရတဲ့ ဆယ်ယောက် ဟာ ကျေနပ်နေခဲ့ကြသည်။

သူတို့ဟာ တမူထူးခြားတဲ့ အမူအရာတွေကို ဖော်ထုတ်နေခဲ့ကြပါတယ်။တန်းစီးကြတဲ့ လူအသစ်တွေဟာတော့ ပန်ကိတ်စားနေတဲ့ လူတွေရဲ့အမူအရာကို ကြောက်ရွံ့နေခဲ့ကြသည်။

အခုချိန် တိမ်ဖြူလမ်းမှာတော့ ပန်ကိတ်က နာမည်အကြီးဆုံးလို့ ပြောလို့ရပါတယ်။

စွယ်စုံကျမ်းရဲ့ တတိယမြောက် မစ်ရှင်ကတော့ အခုထိ မပြည့်သေးပေ။လင်းဖန်ဟာ ဒီမစ်ရှင်ကို ဟန်လုနဲ့ မတော်တဆမူအပြီးမှာ ပြည့်နိုင်လောက်တယ်လို့ တွေးခဲ့ပေမယ့် လည်း သူအတွေးလွန်နေခဲ့တာပါ။

သူ ဒီအကြောင်း နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသလို သူကိုယ်တိုင်လည်း စိတ်မဝင်စားတော့ပါဘူး။သူရဲ့ ဒီလို အေးအေးဆေးဆေး ဘဝလေးကိုပဲ သဘောကျပါတယိ။

ထပ်ပြောရရင် ဒီ မစ်ရှင်တွေမှာ နောက်ဆုံးနေ့ရက်တွေ၊ အကန့်အသတ်တွေ မသတ်မှတ်ထားပါဘူး။တစ်ခါတစ်လေ ကျတော့လည်း ပင်ပင်ပန်းပန်းရှင်သန်ရတာက ခက်ခဲလှပါတယိ။

"သူဌေးလေး အနာဂတ်မှာ လူနောက်ထပ် ဆယ်ရောက်လောက် တိုးပေးပါလား။လူတန်းကြီးကိုလည်း ကြည့်ဦးလေ။လူတွေက ပိုပိုတိုးလာတာ။လူတစ်ရာလောက်မှာ ဆယ်ခုထဲဆိုတော့ သိပ်အဆင်မပြေလှဘူး"

မြို့သားတစ်ယောက်ဟာ ပြောလိုက်သည်။

လင်းဖန်ဟာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယိ။ဒါကိုတော့ ကျွန်တော် မကူညီနိုင်ဘူး။ကျွန်တော်မှာ တစ်နေ့တစ်နေ့ လုပ်စရာတွေက အများကြီးရှိတာ၊ ဒါကို အချိန်ထပ်မပေးနိုင်မှာ မဟုတ်ဘူး"

အပြောခံရတဲ့ လူဟာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါတယ်။သူဌေးလေးက သူ့ကို နောက်နေတယ် လို့ပဲ ထင်လိုက်မိတာပါ။ဒါပေမယ့် သူဘာမှ ဆက်မပြောတော့ပေ။ဘာပဲဖြစ်ဖြစ် ပန်ကိတ်တွေက အတော်ကောင်းမွန်လှပါတယ်။

သူဌေးလေးက ကာစတန်မာ တွေကို မောက်မောက်မာမာ ဆက်ဆံရင်တောင် သူတို့ ဘာမှ ပြောနိုင်မှာ မဟုတ်ပါဘူး။

လူအုပ်ထဲတွင် သက်လတ်ပိုင်းလူကြီးဟာ ရက်အနည်းငယ်ကြာအောင် တန်းစီပြီး အရွေးမခံရလို့ ဒေါသထွက်နေခဲ့ပါတယ်။ဒီနေ့လည်း မရွေးခံမှန်းသိတော့ သူ့စိတ်အခြေအနေဟာ အတော် ဆိုးရွားနေခဲ့သည်။

"သူဌေးလေး မင်းဟာက စည်းကျော်နေပြီနော်။မင်းက ငါတို့ ပန်ကိတ်ကို ချစ်မှန်းသိလို့ အကန့်အသတ်တွေတောင် လုပ်ထားသေးတယ်။တကယ်လို့ ငါတို့တွေ မစားဖူး ဆိုရင် မင်းတစ်နေ့ ငါးခုရောင်းလည်း ရောင်းရမှာ မဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ် ငါ နောက်တစ်ခါလာပြီး တန်းစီမှာမဟုတ်တော့ဘူး။ လူတိုင်းပဲ မတ်တတ်ရပ်ပေးကြပါ။ဒါတွေ အကုန်လုံးက ငါတို့ကြောင့်ပဲ ဖြစ်နေရတာလေ"

လူကြီးဟာ ပြောလိုက်သည်။သူပြောတာက အနည်းငယ် နည်းလမ်းကျပြီး မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။

သူဒေါသတွေ ဖွင့်ထုတ်လိုက်မှ အနည်းငယ် စိတ်ချမ်းသာ သလို ခံစားလို့ရသည်။

"ကောင်းတယ် ပြောသွားတာကောင်းတယ်။ဒါပေမဲ့ အနာဂတ်မှာ မင်းငါတို့နဲ့ အတူတူလာပြီးမတန်းစီနဲ့နော်။မဟုတ်ရင် ငါတို့ မင်းကိုအထင်မြင်သေးမိလမ့်မယ်"

"ဟုတ်တယ် တစ်ယောက်လျော့သွားလေ ပိုကောင်းလေပဲ။လူတိုင်း ထွက်သွားပြီး ငါဆယ်ခုလုံးရရင်တော့ အကောင်းဆုံးပေါ့"

လူကြီးဟာ ဒီစကားတွေကို ကြားပြီး ဆွံ့အသွားခဲ့သည်။

လင်းဖန်ဟာ လည်း ခေါင်းခါယမ်းပြီး ပြောလိုက်ပါတယ်။

"လူတိုင်းပဲ တစ်နေ့ကို ဆယ်လုံးက ကျွန်တော်ရဲ့ အကန့်အသတ်ပဲ။တကယ့်လို့ ဘယ်သူမှဝယ်မယ့် လူမရှိရင် ကျွန်တော် သက်သာပြီး ဖိအားတောင် ကင်းသေးတယ်။ကျွန်တော် အခုရောင်းပေးနေတယ် ဆိုတာက တစ်ချို့ သစ္စာရှိတဲ့ ကာစတန်မာ အဟောင်းတွေကိူ ဂရုစိုက်လို့ပဲ"

"သူဌေးလေး ကျေးဇူးပြုပြီး မရပ်လိုက်ပါနဲ့။ငါတို့ အရေအတွက်နဲ့ ပတ်သက်ပြီး ဘာမှ အတွန့်မတက်တော့ပါဘူး။အနာဂတ်မှာ သူဌေးလေးကို ထပ်နောက်ယှက် ကြရင် ငါသည်းခံနေမှာ မဟုတ်ဘူးနော်"

"ဟုတ်တယ် မဝယ်ချင်တဲ့ လူတွေ ကျေးဇူးပြုပြီး ထွက်သွားကြ။ငါတို့ ဝယ်ချင်သေးတယ်။မင်းက ဘာထဖြစ်တာလဲ။နောက်တစ်ခါ မင်းကို ဒီမှာ မြင်ရင် ငါတို့ မကြိုဆိုဘူး"

"သူဌေးလေးရဲ့ ပန်ကိတ်က ကမ္ဘာ့အကောင်းဆုံးအရသာ ပဲ။တကယ်လို့ ငါတို့သာ ရှေးခေတ်တုန်းက အချိန်မှာဆို ဒီလို ပန်ကိတ်တွေကို ဘုရင်တစ်ယောက်ထဲကသာ စားခွင့်ရှိလိမ့်မယ်။ငါတို့လို သာမန်လူတွေ ရနံ့ခံလို့တောငိ ရမှာမဟုတ်ဘူး။မင်းက ဘာတွေ အကျေမနပ်ဖြစ်နေရတာလဲ"

"ငါထောက်ခံတယ်"

"ငါရောပဲ"

"ငါတို့ မစားရရင် တောင် ရနံ့ ခံရယုံနဲ့တင် ကျေနပ်တယ်ကွာ"

......

လင်းဖန်ဟာ ဒါတွေကို ကြားတဲ့ နောက်မှာ အတော်​ကျေနပ်သွားခဲ့ပါတယ်။ယင်းနောက် သူ လူတစ်ချို့ကို နှုတ်ဆက်ပြီး ဆိုင်ထဲပြန်ဝင်သွားခဲ့သည်။

ဆိုင်ထဲမှာ သူ ဖုန်းသုံးနေလိုက်ပါတယ်။

"ယန်ဂျင်ဟာ နေမကောင်းဘူးဟု အကြောင်းပြကာ အသံသစ် အစီစဥ်မှ ထွက်ခွာသွားခဲ့သည်။အသံသစ် အစီစဥ်ဟာ ဒိုင်အသစ်ကို ရှာဖွေနေကြသည်"

ယန်ဂျင်ဟာ အမှနိတကယ် ပဲ ရှိုးကနေ နှုတ်ထွက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ နှစ်ရက်က မတော်တဆမူဟာ သူမကို ဆက်နေချင်စိတ်တွေ ပျောက်ဆုံးစေခဲ့ပုံပေါ်သည်။သူမ ဆက်နေဖို့ ဆုံးဖြတ်ရင် တောင် ရှက်စရာ ကောင်းနေဦးမှာပါ။

ဝုရွှန်းယွဲ့အတွက်ကတော့ သူ့မရဲ့ ကြိုးစားမူအပေါ်ပဲ မူတည်ပါတော့တယိ။နောက်ဆုံးမှာ အသံသစ် အစီစဥ်ဟာ မျှတတဲ့ ပြိုင်ပွဲဖြစ်ပြီး ယန်ဂျင် လည်း မရှိတော့ပေ။

တက္ကစီ တစ်စီဟာ လင်းဖန်ဆိုင်နဲ့ မလှမ်းမကမ်းနားမှာ ရပ်သွားခဲ့သည်။

ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းမှ ကျောင်းဖေးဟာ အလျင်အမြန် ရောက်လာပြီး ပြောလိုက်သည်။

"မာစတာ လင်း"

လင်းဖန် မတ်တတ်ရပ်ကာ ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။

ကျောင်းဖေးဟာ တောင်းပန်စွာဖြင့် ဆက်ပြောလိုက်သည်။

"တောင်းပန်ပါတယ်။လက်မှတ် က နည်းနည်းနောက်ကျသွားတယ်"

လင်းဖန် ပြန်ပြောလိုကိသည်။

"မဟုတ်ပါဘူး။ ဒါနောက်မကျပါဘူး ပြသနာဖြစ်စေလို့ တောင်းပန်ပါတယ်"

ဒီလို အခွင့်ထူးမျိုးကို လင်းဖန်လို လူမျိုးပဲ ရရှိနိုင်ပါလိမ့်မယ်။တစ်ချို့ လူတွေ ဒီလို လက်မှတ်ကို ရဖို့ဆိုရင် လူကိုယ်တိုင် လာကြိုးစားမှ ရတာပါ။

"မာစတာ လင်း အရမ်းယဥ်ကျေးတာပဲ။ပြသနာရှိလား တစ်ချက်ကြည့်ပေးပါဦး"

ကျောင်းဖေးဟာ ပလစ်စတစ်လောင်း ထားတဲ့ စာရွက်တစ်ခုကို ပေးကာပြောလိုက်ပါတယ်။ဒါဟာ အနီရောင် စာရွက်တစ်ခုဖြစ်ပြီး ရွှေရောင်စာလုံးတွေနဲ့ ရေးထားခဲ့တာပါ။

လင်းဖန်ဟာ ကိုင်ပြီးကြည့်လိုက်ပေမယ့် ဘာပြသနာမှ မတွေ့ပေ။ထပ်ပြောရရင် အပြင်အဆင်က အတော်ကို မိုက်ပါတယ်။

ကျောင်းဖေးဟာ အလွန်အမင်း စိတ်လှုပ်ရှားပြီး လက်ဆန့်တန်းကာ ပြောလိုက်ပါတယ်။

"မာစတာ လင်း အနာဂတ်မှာ ကျွနိတော် တို့ ပူးပေါင်းရမှာ ဆိုတော့။လိုအပ်တာတွေ ရှိရင် ကူညီပေးပါဦး"

လင်းဖန်လညိး လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။

"မဟုတ်တာ ကျွန်တော် ကို မြောက်နေပြန်ပြီ"

ကျောင်းဖေးဟာ အသက် လေးဆယ် ဝန်ကျင်လောက်ရှိပြီး ပြည့်ပြည့် ဖြိုးဖြိုး ရှိပါတယ်။သူ့ပုံစံ ကြည့်ရတာ ကိုယ်ခံပညာ လေ့ကျင့်တာ သိပ် မကြာသေးတဲ့ ပုံပါပဲ။

သန်မာပြှီး ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်က သူ့ကို အသာအယာ အနိုင်ယူနိုင်မယ့်ပုံပါ။ဒီလူက အဖွဲ့ဝင်သစ် ဒါမှမဟုတ် လူသား အရင်းမြစ်(HR ) ရာထူးမှ ဖြစ်နိုင်သည်။

"မာစတာ လင်း အားရင် အဖွဲ့အစည်းကို လာခဲ့ဦးလေ။တစ်ခါမှမရောက်သေးဘူးမလား"

လင်းဖန် ခေါင်းညိမ့်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ကျွန်တော် အရင်က မရောက်ဖူးဘူး။ကျွန်တော်တို့ အခုသွားကြမလား"

ကျောင်းဖေး ဟာ ဝမ်းသာစွာ ပြောလိုက်သည်။

"သေချာတာပေါ့ ၊ ဒါဆို ပိုကောင်းတယိ"

မာစတာ လင်းက အဖွဲ့အစည်းကို ပူးပေါင်းပြီးတစ်ခါမှ မလာမှာကို သူစိုးရိမ်နေခဲ့တာပါ။လူများစွာဟာ လင်မှတ်ရပြီးရင် အဖွဲ့အစည်းကို သိပ်ပြီး မလာကြတော့ပါဘူး။

အခု မာစတာ လင်းက တစ်ခါတည်း လိုက်ခဲ့မယ် ဆိုတော့ အတော်အဆင်ပြေသွားပြီ ဖြစ်သည်။

လင်းဖန်ဟာ မေးလိုက်သည်။

"ခင်ဗျား ကားငှားလာတာလား"

"ဟုတ်တယ်"

"ဒါဆို ကျွန်တော့် ကားနဲ့သွားရအောင် ခင်ဗျားက ကျွန်တော်ကို လက်မှတ်ယူလာပေးတာဆိုတော့ ကျွန်တော် ပြန်ပို့ပေးရမယ်"

လင်းဖန်ဟာ ပြုံးပြီး ပြောလိုကိသည်။

ကျောင်းဖေးဟာ ရယ်မောလိုက်သည်။မာစတာ လင်းက ငယ်ရွယ်ပြီး စွမ်းဆောင် နိုင်စွမ်းရှိတယ်လို့ သူတွေးလိုက်ပါတယ်။ထပ်ပြောရရင် မာစတာ လင်းက ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းပါတယိ။

တစ်ချို့ လူတွေဟာ အဖွဲ့အစည်းရဲ့ အသိမှတ်ပြုမူကို ရပြီးတာနဲ့ မောက်မာ တတ်ကြသည်။လင်းဖန်လို လူမျိုးက ရှားပါးလှပါတယ်။

ကားပါကင်တွင်။

ကျောင်းဖေးဟာ လင်းဖန်ရဲ့ ကားကို ကြည့်ပြီး မနာလို ဖြစ်နေခဲ့သည်။

"ဒီကားက စျေးပေါမှာ မဟုတ်ဘူး"

"ကျွန်တော် သူငယ်ချင်းက လက်ဆောင် ပေးထားတာလေ။ကျွန်တော် လည်း စီးစရာ မရှိလို့ ယူထားလိုက်တာ"

လင်းဖန်ဟာ ပြောလိုက်ပြီး တံခါးဖွင့်ကာ ကားထဲ ဝင်လိုက်ပါတယ်။

လမ်းတွင်။

လင်းဖန်နဲ့ ကျောင်းဖေးတို့ဟာ အဖွဲ့အစည်းအကြောင်း ပြောဆိုနေကြသည်။သူတို့ဟာ ရှန်ဟိုင်း ကိူယ်ခံပညာ အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း နဲ့ အောင်မြင်မူတွေ အကြောင်းကို ပြောလိုက်ကြပါတယိ။

နာရီဝတ် အကြာမှာတော့ သူတို့ သွားချင်နေတဲ့ နေရာကို ရောက်လာခဲ့ကြသည်။

ဒီနေရာဟာ တက္ကသိုလ် တစ်ခုနဲ့ တူပြီး အရမ်းကြီးတော့ မကြီးမား ပါဘူး။အဆောက်အဦး ဒီဇိုင်း တွေဟာတော့ ရှေးဆန်း နေခဲ့သည်။ဒါ ဒီဇိုင်းတွေဟာ အရင်ခေတ်က ရှေးခေတိတုန်းက ပုံစံမျိုး ဖြစ်ပြီး အတော်လှပပေသည်။

ဝင်ပေါက်တွင်။

ကျောင်ဖေးဟာ လှမ်းအော်ပြောလိုက်ပါတယ်။

"အကြီးအကဲ နီ"

အသက် ၆၀ ဝန်းကျင် လူအိုကြီး တစ်ယောက်ဟာ တံခါးမှ ထွက်လာခဲ့သည်။သူဟာ အနည်းငယ် ပိန်ပေမယ့်လည်း ခွန်အားတွေ ပြည့်နေတဲ့ ပုံပေါ်ပါတယ်။

သူ၏ အညိုရောင် ဆံပင်တွေဟာ တောက်ပနေခဲ့သညိ။ရှန်ဟိုင်း တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဂိတ်စောင့် အနေနဲ့ သူဟာ အကြာခန လေ့ကျင့်ဖြစ်တဲ့ ပုံပါပဲ။

"အကြီးအကဲ နီ ၊ သူ့ကို မှတ်ထားဦး အဖွဲ့ဝင်သစ်။နောက်ပိုင်းတွေ သူလာရင် စစ်ဆေးစရာ မလိုဘူးနော်"

ကျောင်းဖေးဟာ ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ ငါမှတ်ထား လိုက်မယ်"

အကြီးအကဲ နီဟာ ပြောလိုက်ပြီး ရယ်မောလိုက်သည်။

လင်းဖန်ဟာ လည်း နှုတိဆက်လိုက်ပြီး အထဲကို မောင်းဝင်သွားခဲ့သည်။

All Chapters