ကျွန်တော်တို့ကို သင်ပေးပါ
Vol. 8 Ch. 110
ဘာသာပြန် = စနိုးဝှုက်
ကားပါကင်ထိုးပြီးသည့် အချိန်တွင်။
ကျောင်းဖေးဟာ မာစတာ လင်းနဲ့အတူရပ်ပြီး ရှန်ဟိုင်း တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ မူရင်းသမိုင်းကြောင်းကို ရှင်းပြနေခဲ့ပါတယ်။
ဒီနေရာကို ၂၀၀၄ လေးခုနှစ်မှာ အမြင်တူတဲ့ လူတစ်စုကနေပြီး တည်ထောင်ခဲ့ခြင်းဖြစ်သည်။သူတို့ဟာ အစိုးရရဲ့ စည်းမျဥ်းတွေနဲ့ အညီ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ယူပြီး တည်ထောင်ခဲ့သည်။
"အကြီးအကဲ ကျောင်း"
သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ လာပြီး နှုတ်ဆက်လိုက်သည်။သူဟာ အဖြူရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခွန်းအားတွေ အပြည့်ရှိနေခဲ့ပါတယ်။
ကျောင်းဖေးဟာ ပြုံးပြီး နှုတ်ဆက်လိုက်သည်။
"သဘာပတိ ဝမ်"
"ကျုပ်ကြားတာတော့ ခင်ဗျားကို ဟန်လု ကို ရိုက်နှက်ခဲ့တဲ့ လူငယ်လေးကို ဖိတ်ခေါ်ဖို့ ညွှန်ကြားထားတယ်ဆို အခြေနေဘယ်လိုရှိလဲ။ပြီးတော့ ကျုပ်ကို သဘာပတိ လို့ မခေါ်ပါနဲ့ ဗျာ နည်းပြ ဝမ်လို့ပဲ ခေါ်ပါ။သဘာပတိက နာမည်သာရှိပြီး ဘာမှ မဟုတ်ပါဘူး"
ဝမ်ယန်ဂျီဟာ ပြုံးပြီး ပြောလိုက်သည်။သူ့ကြည့်ရတာ လွတ်လွတ်လပ်လပ်ရှိပြီး လင်းဖန် ရှိနေတာကို တောင် သိပ်ဂရုမစိုက်ပါဘူး။
အထက်ပိုင်းရဲ့ ညွှန်ကြားချက်ကိုတော့ သူလက်မခံချင်ပေမယ့်လည်း ငြင်းခုန်မနေတော့ပေ။
ကျောင်းဖေးဟာ ရယ်မောလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ အခေါ်အဝေါ်ကိုတော့ ဝမ်ယန်ဂျီပြောသလို ပြောင်းမခေါ်ပါဘူး။
"သဘာပတိ ဝမ်, ဒါက လင်းဖန်လေ။သူ့ကို ကျွန်တော် ဒီနေရာနဲ့ ရင်းနှီးအောင် လိုက်ပြပေးနေတာ"
ယင်းနောက် ကျောင်းဖေးဟာ လင်းဖန်ကို ပြန်မိတ်ဆက်ပေးလိုက်သည်။
"ဒါက ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်း ယန်တိုင်ချီ အဖွဲ့ရဲ့ သဘာပတိ , သဘာပတိ ဝမ်လေ"
လင်းဖန် လက်ကို ထုတ်လိုက်ပြီး ယဥ်ကျေးစွာပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။သဘာပတိ ဝမ်"
သဘာပတိ ဝမ်ဟာ လင်းဖန်ကို ကြည့်လိုက်ပေမယ့်လည်း လက်ဆွဲ မနှုတ်ဆက်ပါဘူး။သူဟာ ပြုံးပြီး ပြောလိုက်သည်။
"ဒီကောင်လေးက မဆိုးဘူး။သူက ငယ်ရွယ်ပြီး သန်မာတယ်။သူဒီမှာ လေ့ကျင့်ပြီး အများကြီး သက်ယူနိုင်မှာပါ။ကျုပ်သွားတော့မယ် သင်တန်းသား တွေကို လေ့ကျင့်ပေးဖို့ ရှိသေးတယ်"
"အကြီးအကဲ ကျောင်း , ကျေးဇူးပြုပြီး သူ့ကို သေချာ သင်ပြပေးလိုက်ပါ။အဖွဲ့အစည်းက ဒီလို လူငယ်လေးတွေ ကို လိုအပ်တယ်"
သဘာပတိ ဝမ်ဟာ မသွားခင် ပြောသွားလိုက်သည်။
လင်းဖန်ဟာ လက်ပြန်ရုတ်လိုက်ပေမယ့် ရှက်ကိုးရှက်ကန်း ဖြစ်မနေခဲ့ပေ။
ကြည့်ရတာ ဒီအဖွဲ့အစည်းက သူ့ကို သိပ်ပြီး ကြိုဆိုကြတဲ့ ပုံမပေါ်ပါဘူး။ဒါဟာ သူ့ဂုဏ်သတင်းကြောင့်လည်း ဖြစ်နိုင်ပါတယိ။
ကျောင်းဖေးဟာ မတ်တတ်ရပ်ရင်း ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"မာစတာ လင်း စိတ်ထဲမထားပါနဲ့။သဘာပတိ ဝမ် က အဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး"
အဲ့ သဘောပြောတာမဟုတ်ဘူးလား....
ဒါဆို ဘယ်သဘော နဲ့ ပြောတာ ဖြစ်နိုင်မလဲ......
ကျောင်းဖေးဟာ ဘာထပ်ပြောရမလဲ မသိတော့ပေ။
"အဆင်ပြေပါတယ်"
လင်းဖန်ဟာ ပြုံးပြီးပြောလိုက်သည်။သူ ဒီအရာတွေကို သိပ်ဂရုမစိုက်ပါဘူး။
ဒုတိယ ဥက္ကဌ ၏ ရုံးခန်းထဲတွင်။
*ဒေါက် ဒေါက်*
"ဝင်ခဲ့"
ကျောင်းဖေးဟာ တံခါးဖွင့်ကာ ဝင်လာပြီး ပြောလိုက်သည်။
"ဒုတိယ ဥက္ကဌ ဂေါင် ၊ ကျွန်တော် မာစတာ လင်းကို ဖိတ်ခေါ်လာတယ် ။အဲတာ လာတင်ပြတာ"
"အိုး"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ' အိုး' လို့ပြောလိုက်ပေမယ့်လည်း သူ့အလုပ်တွေဖြင့်သာ ရှုပ်နေခဲ့ပြီး ခေါင်းတောင် မော့မကြည့်ခဲ့ပါဘူ။အချိန်အတော်ကြာမှ ဖောင်တိန်ကို ချကာ မတ်တတ်ရပ်လာခဲ့သည်။ယင်းနောက် သူဟာပြုံးလိုက်ကာ
"သူက ငယ်ရွယ်ပြီး သန်မာတာပဲ။ငါတို့အဖွဲ့အစည်းအတွက် အတော် တန်ဖိုးရှိလိမ့်မယ်"
သို့ပေမယ့် သူလင်းဖန်ကို သိပ်ဂရုမစိုက်ပါဘူး။သူဒါကို အသေးအဖွဲ ကိစ္စအဖြစ်သာ သဘောထားပြီး အထက်ကညွှန်ကြား လို့သာ မဟုတ်ရင် သူ လင်းဖန်ကို အဖွဲ့အစည်းထဲ ခေါ်ဖို့တောငိ စဥ်းစားမှာ မဟုတ်ပေ။
လင်းဖန်ဟာ လက်ဆန့်တန်းကာ ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာ ပါတယ်။ဒုတိယ ဥက္ကဌ ဂေါင်"
"အင်း ကျေးဇူးပြုပြီး ထိုင်ပါဦး"
ဂေါင်ချန်းဟာ ထိုင်ပြီး ပြောလိုက်သည်။ယင်းနောက် သူလင်းဖန်ကို ကြည့်ပြီး မေးလိုက်ပါတယ်။
"မာစတာ လင်း ဘယ်လို ဘယ်လို ကိုယ်ခံပညာ အမျိုးအစား ကို လေ့ကျင့်တာလဲ"
"စွမ်းအား ရှစ်မျိုး လက်သီးသိုင်း"
လင်းဖန် ဟာပြောလိုက်သည်။
ဂေါင်ချန်းဟာ လက်ကို ပုတ်ပြီး ပြောလိုက်သည်။
"ကောင်းတယ် သဘာပတိ ဟောင် စွမ်းအားရှစ်မျိုးလက်သီးသိုင်းရဲ့ သက်တန်းနည်းပြနေရာကနေ ထွက်သွားလို့ စိတ်ညစ်နေတာ။ရှန်ဟိုင်းမှာ စွမ်းအားရှစ်မျိုးလက်သီးသိုင်း ပါတဲ့ ပြပွဲမှာသရုပ်ပြဖို့က နှစ်ပတ်လောက်ပဲ လိုတော့တာ။အခုတော့ မာစတာ လင်းရောက်လာပြီ ဆိုတော့ အတော်ပဲ သူ့ရောကို ယူလိုက်ပါလား"
ကျောင်းဖေးဟာ သံသယဖြစ်စွာပြောလိုကိသည်။
"ဒုတိယ ဥက္ကဌ ဂေါင် ၊ စွမ်အားရှစ်မျိုး လက်သီးသိုင်းရဲ့ သဘာပတိ နေရာက..."
ဂေါင်းချန်ဟာ ကျောင်းဖေးကို ကြည့်လိုက်တဲ့ အချိန်မှာ ရပ်တန့်သွားခဲ့သည်။
လင်းဖန်း ပြုံးကာ ဝင်ပြောလိုက်ပါတယ်။
"ကောင်းပြီလေ ပြသနာ မရှိပါဘူး"
ကျောင်းဖေးဟာတော့ ကူကယ်ရာမဲ့နေခဲ့သည်
"မာစတာ လင်း"
လင်းဖန် လင်ပြပြီး တားဆီလိုက်ပါတယ်။သူဒီအရာနဲ့ ပတ်သပ်ပြီး တကယ်ပြသနာ မရှိပါဘူး။
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြုံးပြီး ပြောလိုက်သည်။
"မာစတာ လင်း ကျွန်တော် တို့ကို စိတ်မပျက်စေဘူး လို့မျှော်လင့်ပါတယ်။သင်တန်းသား တွေက ခင်ဗျားကို စောင့်လိမ့်မယ်။ကျောင်းဖေးကို ပဲ လိုက်ပြခိုင်းလိုက်တော့မယ်။ကျွန်တောိ က အလုပ်လေး ရှိသေးတော့ လိူက်မပြနိုင်တော့ဘူး"
......
အခန်းအပြင်ဘက်တွင်။
"မာစတာ လင်း ခင်ဗျားလက်မခံသင့်ဘူး။စွမ်းအားရှစ်မျိုး လက်သီးသိုင်းရဲ့ သဘာပတိ နေရာက ခက်ခဲတယ်နော်"
ကျောင်းဖေးဟာ ပြောလိုက်သည်။
လင်းဖန်ဟာ ပြုံးလိုက်သည်။
"ဘာဖြစ်လို့တုန်း အခန်းထဲမှာ လူသားစားတဲ့ ကျားတစ်ကောင်ရှိလို့လား"
ကျောင်းဖေးဟာ ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ဒါက အဲလိုမဟုတ်ဘူး။မေ့လိုက်တော့ ခင်ဗျားရောက်ရင် သိလိမ့်မယ်"
အနည်းငယ် ဟောင်းနွမ်းနေတဲ့ အခန်းတစ်ခုကို ရောက်တဲ့ အချိန်မှာ လးင်ဖန် အပေါက်ဝကနေပြီး အထဲကို လှမ်းကြည့်လိုက်ပါတယိ။
နံရံမှာ ဆေးခြယ်ထားတဲ့ အရာတွေဟာ အနည်းငယ် ဆေးပြယ်နေပြီး ၊ မျက်နှာကျတ်များဟာ ဟောင်းနွမ်းကာ အလင်းရောင် ကျနေခဲ့သည်။
သူ့ရဲ့ ဒီနေရာ အပေါ် ပထမဆုံးထင်မြင်ချက်ကတော့ အတော် ဆိုးရွားပါတယ်။သူ့ကို ပိုပြီး အံ့သြစေတဲ့ အရာကတော့ အခန်းထဲမှာ စွမ်းအားရှစ်မျိုး လက်သီးသိုင်း ကို လေ့ကျင့်နေကြတဲ့ လူငယ် ၆ ယောက်ရှိပြီး အကုန်လုံးက မသန်စွမ်းတဲ့ လူတွေပါ။
ကျောင်းဖေးဟာ ရှက်ရွံ့စွာ ပြောလိုက်သည်။
"မာစတာ လင်း ခင်ဗျားသိပြီးလာ။တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက မသန်စွမ်းကျောင်းနဲ့ နီးကပ်နေတာလေ။ဒါကြောင့် မသန်စွမ်းတဲ့ လူငယ်လေးတွေဟာ ဒီမှာ လာလေ့ကျင့်ကြတာ။သဘာပတိ ဟောင်ကို အဖွဲ့အစည်းက သူတို့ကို သင်ကြားပေးပြီး သရုပ်ပြပွဲမှာ ပါဝငိစေတာ အဲတာနဲ့ သဘာပတိ ဟောင်က ဒေါသထွက်ပြီး နှုတ်ထွကိသွားခဲ့တာ"
"ဒါအဆင်ပြေပါတယ်။သူတို့က မသန်စွမ်း ပေမယ့်လည်း ကြိုးစားချင်တဲ့ စိတ်ခွန်အားတွေ ရှိကြတယ်လေ"
လင်းဖန်ဟာ ပြောလိုက်သည်။
ဘာလို့ နှုတ်ထွက်ရမှာလဲ......?
ဒါကကျောင်းသားတွေကို သင်ပေးတာဖြစ်ပြီးဘာထိခိုက်မူမှ မရှိပေ။
ကျောင်းဖေးလည်း ဘာပြောရမှန်း မသိတော့ပေ။
"မာစတာ လင်း ရှန်ဟိုင်းမှာ ရှိုးပွဲ လုပ်ဖို့က နှစ်ပတ်လိုသေးတယ်။အဲ့အစီစဥ်မှာ စွမ်အားရှစ်မျိုးလက်သီးသိုင်းလည်း ပါဝင်တယ်လေ။အဲ့အချိန်ကြရင် တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လည်း လာလိမ့်မယ်။ ခင်ဗျား သူတို့နဲ့ သွားရှုပ်လို့ မရဘူးနော်။သဘာပတိ ဟောင်ထွက်သွားတာ ဖိအားတွေ မခံနိုင်တော့လို့ ဆိုတာ ကျုပ်ယုံကြည်တယ်"
သူတို့နှစ်ယောက်ဟာ အချိန်အကြာကြီး စကားပြောနေကြပြီး အခန်းထဲမှာ လူငယ်လေးတွေဟာ လေ့ကျင့်မူရပ်ကာ သူတို့ကို ကြည့်နေကြပါတယ်။
ယင်းနောက် ကျောင်းဖေးနဲ့ လင်းဖန်ဟာ အခန်းထဲကို ဝင်သွားလိုက်ကြသည်။
ကျောင်းဖေးဟာ သူ့တို့ကို လက်ဝေ့ယမ်းကာ ပြောလိုက်သည်
"ဒီကို လာကြ သဘာပတိဟောင် က ထွက်သွားကြပြီ။အနာဂတ်မှာ မာစတာ လင်းက မင်းတို့ကို လေ့ကျင့်ပေးလိမ့်မယ်။သူက စွမ်အားရှစ်မျိုးလက်သီးသိုင်းမှာ ဆရာတစ်ဆူပဲ။မင်းတို့ အနာဂတ်မှာ သေချာလေ့ကျင့် သင်ယူကြနော်"
"မဂ်လာပါ အားလုံးပဲ"
လင်းဖန် ပြုံးပြီး နှုတ်ဆက်လိုက်သည်
"မဂ်လာပါ မာစတာ လင်း"
သင်တန်းသားတွေဟာ တစ်ချိန်တည်း ဖြေလိုက်ကြသည်။
တစ်ခါတစ်လေ ကောင်းကင်ကြီးက လူတစ်ယောက်ကို မျှမျှတတ ဆက်ဆံပေမယ့်လည်း တစ်ခြား လူတစ်ယောက်ကို မျှမျှတတ မဆက်ဆံပါဘူး။
"နာမည်ဘယ်လို ခေါ်လဲ"
လင်းဖန် ကျစ်ဆန်မြီးကျစ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မေးလိုကိသည်။
"မာစတာ လင်း ၊ ကျွန်မနာမည်က ဟောင်ရာယွဲ့ပါ။"
ဒုတိယတစ်ယောက်က အသက် ၁၅ ၊ ၁၆ အရွယ်ကောင်လေးတစ်ယောက်ပါ။သူဟာ အနည်းငယ် အသားညိုပြီး ရဲရင့်ပုံပေါ်သည်။
"ကျွန်တော်က ကျန်းတောင်ပါ"
,
တတိယ တစ်ယောက်ဟာလညိး အသက်ရွယ်တူဖြစ်ပြီး ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ဖြစ်သည်။
"မာစတာ လင်း ကျွန်မက လီမင်မင်ပါ"
...
လင်းဖန်က သူတို့ထက် ခြောက်နှစ် ခုနှစ်နှစ်လောက်ကြီးပါတယိ။
ကျောင်းဖေးဟာ လင်းဖန် သင်တန်းသားတွေနဲ့ စတင်မိတ်ဆက်ကာ ရင်းနှီးမူ ယူနေတာတွေ့တဲ့ အချိန်မှာ အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်သွားခဲ့သညိ။
လင်းဖန် ကို အံ့သြစေတာက သူတို့ထဲက တစ်ယောက်ဟာ စွမ်းအားရှစ်မျိုးလက်သီးသိုင်းကို လေ့ကျင့်နေတာဟာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။သူတို့ထဲက အဖွဲ့ဝငိ အသစ်တောငိမှ အတွေ့အကြုံ သုံးလလောက် ရှိနေပါပြီ။
"မာစတာ လင်း ကျွန်တော်တို့ကို လေ့ကျင့်ပေးပါ။နောက်နှစ်ပတ် နေရင် ကျင်းပမယ့် ပြပွဲမှာ အကောင်းဆုံး ဖျော်ဖြေချင်လို့"
အသား ညိိုညို ကျန်းတောင်ဟာ ပြောလိုကိသည်။
"မာစတာ လင်း ကျွန်တော်တို့ကို သင်ကြားပေးပါ"
တစ်ခြားသင်တန်းသားတွေဟာလည်း ပြောလိုက်ကြသည်။သူတို့ဟာ သင်ယူလိုစိတိတွေ ပြည့်နေခဲ့ကြပါတယ်။
အရင်တုန်းက သူတို့ကို သက်ကြားပေးမယ့် ဆရာမရှိပဲ အချိန်အကြာကြီး တစ်ယောက်ကို တစ်ယောက် သင်ပေးကာ လေ့ကျင့်နေခဲ့ကြရပါတယ်။
လင်းဖန် သူ အခုရောက်နေတဲ့ အခြေအနေက အနာဂတ် ဟောပြောခြင်းနဲ့ ပန်ကိတ်ရောင်းတာထက်ပိုပြီး အဓိပါတယိရှိတယ်လို့ ခံစားလိုက်ကြရပါတယ်။
ဒါဟာ သူ့စိတ်ကို လှုပ်ရှားစေခဲ့သည်။
"ကောင်းပြီလေ"
Snowwhite
Admin
· 14 December 2021 ·
A Valiant Life 108
အပိုင်း ( ၁၀၈ ) မကြာခင် သက်သာသွားလိမ့်
မယ်
ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း။
ဆိုင်ထဲတွင်။
လင်းဖန်ဟာ ဇိမ်ကျကျနဲ့ ထိုင်ပြီး ဖုန်းကို ကြည့်နေခဲ့ပါတယ်။ယင်းနောက် သူရယ်မောလိုက်သည်။
ဆောင်းဦးဓား
"မင်းငါ့ကို ထပ်လိမ်ပြန်ပြီ စောင့်နေလိုက်စမ်းပါ" × အစောင် 100
ဒီကိစ္စက ဆောင်းဦးဓားကို အတော် ဒေါသထွက်စေခဲ့ပါတယ်။သူက လည်လည်ဝယ်ဝယ်ရှိတဲ့ လူတစ်ယောက်ပါ။အခုတော့ သူ ဒီလူလိမ်ရဲ့ အကြိမ်များစွာ လိမ်ခြင်းကို ခံနေခဲ့ရသည်။
ဝူယူလန် ဟာ ဖက်ရှင်ကျနစွာ ဝတ်ဆင်ထားပြီး ဆိုင်ထဲမှာ အရမ်းလှပနေခဲ့ပါတယ်။သူမရဲ့ လှဟာ မနာလို ဖြစ်စရာတောင် ကောင်းနေခဲ့ပါသည်။
သူမဟာ လှပတဲ့ မျက်လုံးတွေနဲ့ လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
"မာစတာ လင်း မနေ့ညက တကယ်တော်တာပဲ"
လင်းဖန် လက်ဝေ့ယမ်းကာ ပြန်ပြောလိုက်သည်။
"အာ...ဒါက ဘာမှ မဟုတ်ပါဘူး။ဒီလောက်ကြီးလည်း အံ့သြစရာ မဟုတ်ဘူးလေ"
သူဟာ ဘာမှမဟုတ်သလို ဟန်ဆောင်နေခဲ့ပေမယ့် လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အမှန်တကယ် ပျော်ရွှင်နေခဲ့ပါတယ်။သူဟာ သူ့ကိုယ်သူ အဲ့လောက်ထိ အရည်အချင်းရှိလိမ့်မယ် လို့ မထင်ထားမိခဲ့ပေ။
ရုပ်ရှင် ဇာတ်ကား ရိုက်နေတဲ့ ချန်ရှင်းယီ နဲ့ လျိုဒန် တို့ဟာလည်း သူ့ဆီကို စာလှမ်းပို့ထားကြသည်။
"လေးစားပါတယ်"
မနေ့ကလို အခြေအနေမှာ တစ်ခြားလူတွေ ဆိုရင် ကိုယ်တွယ်နိုင်မှာ မဟုတ်ပါဘူး။ဒါ့အပြင် ယန်ဂျင်ဟာ အောင်မြင်ပြီး နောက်ခံတောငိ့တဲ့ လူတစ်ယောက်ပါ။
ပုံမှန်လူတစ်ယောက်ဆိုရင် သူမနဲ့ ရှုပ်ရဲကြမှာ မဟုတ်ပါဘူး။သို့ပေမယ့် လင်းဖန်ကတော့ မကြောက်ပေ။