ငါလုပ်ရဲလား မင်းစဥ်းစားကြည့်လေ
Vol. 8 Ch. 111
ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်။
ရှန်ဟိုင်း တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်း။
စွမ်းအားရှစ်မျိုးလက်သီးသိုင်း လေ့ကျင့်ရေးနေရာတွင်။
"မင်းရဲ့ လက်တွေကို နည်းနည်း မြင့်ထားပြီး ခြေထောက်တွေကို ခန္တာကိုယ်နဲ့ ပိုကပ်ထားဖို့ လိုတယ်"
"မင်းက ခန္တာကိုယ်ကို မတ်မတ်ထားပြီး ၊ ချိုးဖြတ်လို့ မရတဲ့ သတ္တုပြားလို မြဲမြံအောင် နေရမယ်"
"မင်းရဲ့ ရှေ့ခြေထောက်ကို အတွင်းဘက်ကို ကွေးထားရမယ်လေ။ဟုတ်တယ် ...ဒီလိုမျိုး ...ဒါကို မှတ်ထားနော်"
လင်းဖန် ဒီနေရာကို ပန်ကိတ် ဆယ်လုံးရောင်းပြီးတဲ့နောက်မှာ ထွက်လာခဲ့တာပါ။သူဟာ လေ့ကျင့်တဲ့ နေရာကို ၉ နာရီအချိန်မှာ ရောက်လာခဲ့ပြီး သင်တန်းသားတွေဟာ တော့ မနက် ၇ နာရီ ကတည်းက လေ့ကျင့်နေကြပါတယ်။
သူတို့ဟာ အလေးအနက်ထားပြီး စိတ်အား ထက်သန်စွာ လေ့ကျင့်နေခဲ့ကြသည်။လင်းဖန် သူတို့ရဲ့ မျက်လုံးထဲကနေတဆင့် ပြပွဲမှာ ဖျော်ဖြေဖို့အတွက် စိတ်အားထက်သန်မူတွေကို မြင်နေရပါတယ်။
သူတို့ဟာ အကောင်းဆုံး ဖျော်ဖြေဖို့ စိတ်အားထက်သန်နေကြပြီး လင်းဖန် ဟာလည်း သူတို့ ဆန္ဒကို ဖြည့်ဆီးပေးချင်မိသည်။
တစ်နာရီလောက် နေ့ကျင့်ပြီး နောက်တွင် လင်းဖန် သူတို့ကို နားချိန်ပေးလိုကိသည်။
ယင်းနောက် လင်းဖန် သူတို့ကို ဝိုင်းထိုင်ခိုင်းပြီး စွမ်းအားရှစ်မျိုး လက်သီးသိုင်း အကြောင်း စတင်ရှင်းပြလိုက်သည်။
ရလာဒ်အနေနဲ့ သူ စွယ်စုံအမှတ် ၆ မှတ် ရရှိလိုက်ပါတယ်။ပန်ကိတ်ရောင်းလို့ ရတဲ့ စွယ်စုံအမှတ်တွေနဲ့ပါ ပေါင်းလိုကိရင် သူ့မှာ လက်ရှိ စွယ်စုံ အမှတ် စုစုပေါင်း ၇၁ မှတ်ရှိနေခဲ့ပါပြီ။
သရုပ်ပြပွဲစတင်ဖို့ ၁၄ ရက်လောက် လိုသေးပြီး သူတို့ကို ရိုးရှင်းတဲ့ သရုပ်ပြကွက်တွေ သင်ပြပေးဖို့ လုံလောက်ပေမယ့် လက်တွေ့လေ့ကျင့်ဖို့ အတွက် အချိန်မလုံလောက်နိုင်တော့ပါဘူး။
လင်းဖန်ဟာ သူတို့ အမှားတွေပဲ ပြင်ဆင်ပေးနေရတုန်းပါ။အချိန်အတိုအတွင်း အရာအားလုံး သင်ပေးဖို့ကတော့ သိပ်မဖြစ်နိုင်ပေ။
သူတိို့ကို လှုပိရှားကွက်တွေနဲ့ ရင်းနှီးအောင် လေ့ကျင့်ပေးဖို့သာ တတ်နိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ လင်းဖန်သူတို့ရဲ့ သရုပ်ပြကွက်များကို လှပအောင် သေချာ လေ့ကျင့်ပေးချင်ခဲ့သည်။ဘာပဲဖြစ်ဖြစ် သူတို့က တိုက်ခိုက်ဖို့အတွက် သွားကြမှာ မဟုတ်ပါဘူး။
သူတို့ သရုပ်ပြတဲ့ အကွက်ကို သူတို့ သိနေဖို့ပဲ လိုအပ်ပါတယ်။
"နည်းပြလင်း ကျွန်တော်တို့ နားပြီးသွားပြီ ဆိုတော့ ဆက်ပြီးလေ့ကျင့် ကြရအောင်လေ"
ကျန်းတောင် ဟာပြုံးပြီး ပြောလိုက်သည်။
လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။
"မင်းဒီလိုမျိုး မမောမပန်းလေ့ကျင့်နိုင်တာကို ငါတကယ် သဘောကျတယ်။ဒါပေမဲ့ တစ်ခြားလူတွေရဲ့ သဘောထားကို မေးကြည့်ဦးလေ"
"နည်းပြလင်း ကျွန်တော်တို့ မမောပန်းပါဘူး"
ကျန်တဲ့ လူများဟာ အလျင်အမြန် ဖြေလိုက်ကြသည်။
"ကောင်းပြီ ဒါဆိုလည်း ဆက်ပြီး လေ့ကျင့်ကြရအောင်လေ"
လင်းဖန်ဟာ သူတို့ရဲ့ ကြိုးစားအားထုတ်ချင်စိတ်နဲ့၊ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာတွေကို ကြည့်ကာ ကျေနပ်နေမိသည်။
သူဟာ ဒီ ကလေးတွေနဲ့ တွေ့ရတာ နာရီပိုင်းလောက်သာရှိသေးပေမယ့်လည်း သူတို့ထဲက တစ်ချို့ဟာ မွေးကတည်းက မသန်စွမ်း ဖြစ်လာကြပြီး တစ်ချို့ဟာ ငယ်ရွယ်စဥ် တုန်းက မသန့်မစွမ်းဖြစ်သွားကြတာကို သိလိုက်ရပါတယ်။
ထပ်ပြောရရင် သူတို့ဟာ ချမ်းသာတဲ့ မိသားစုနောက်ခံတွေ မရှိကြပဲ အသန်စွမ်း အဖွဲ့အစည်း ကို ဝင်ရောက်ကာ ကျွမ်းကျင်မူတစ်ခုခုကို သင်ကြား လိုကြပြီး အနာဂတ်မှာ ဝင်ငွေရှာဖွေလိုခြင်းဖြစိသည်။
၁၁ နာရီ။
"ကောင်းပြီ ..... ကောင်လေးတို့ နားလိုက်ကြရအောင်။မင်းတို့ကို နေ့လည်စာ စားဖို့ ခေါ်သွားပေးမယ်"
လင်းဖန် ပြောလိုက်သည်။
ဒါကို ကြားတဲ့ အချိန်မှာ လီမင်မင်ဟာ ပြန်ပြောလိုကိသည်။
"နည်းပြ လင်း အစားအသောက် ခန်းမကို သွားကြရအောင်လေ။အဲ့က အစားအသောက်တွေက တကယ်ကောင်းတယ်"
"ကောင်းပြီ သွားကြမယ်လေ"
လင်းဖန်ဟာ ပြောလိုက်သည်။
....
အစားအသောက် ခန်းမတွင်။
ရှင်ဟိုင်း တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းက လူတိုင်းဟာ ဒီမှာပဲ လာစားသောက်ကြပါတယ်။
ကျန်းတောင်ဟာ ပြောလိုက်သည်။
"နည်းပြလင်း ကျွန်တော် တို့ဝယ်ကျွေးပါရစေ"
လင်းဖန် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
"မဟုတ်တာ ငါ့မှာကတ်ပါတယ်"
ကျန်းတောင်ဟာ ခေါင်းညိမ့်ကာ ပြောလိုက်သည်။
"ဟုတ်"
ယင်းနောက် ကျန်းတောင်ဟာ သူ့ရဲ့ ကတ်ကို ထုတ်ကာ ဆက်ပြောလိုက်သည်။
"၆ ဒေါ်လာ အစားအသောက်ပေးပါ"
၆ ဒေါ်လာ အစားအသောက်က ဘာတွေ ပါလို့လဲ....
လင်းဖန်ဟာ တွေးလိုက်မိသည်။ယင်းနောက် သူအလျင်အမြန် ဖြတ်ကနဲ လှမ်းကြည့်လိုက်ရာ ဂေါ်ဖီထုတ်၊ တိုဟူး အစပ် ပန်ကန်အသေး၊ အသား နှစ်တုံး သုံးတုံး လောက်သာ ပါဝင်တာ တွေ့လိုက်ရပါတယ်။
ဒါက သူစားတာ အကုန်ပါပဲ။ယင်းနောက် သူတစ်ခြား ကျောင်းသားတွေရဲ့ ပန်ကန်တွေကို လှမ်းကြည့်လိုက်ရာ သူတို့တွေလည်း ၆ ဒေါ်လာ အစားအသောက် တွေပဲ မှာထားကြပါတယ်။သူတို့မှာ ဘာ အာဟာရရှိတဲ့ အစားအသောက် မှ မပါပါဘူး။
သူတို့ ထိုင်ခုံတွေကို အသီးသီးသွားကာ ထိုင်လိုက်ကြတဲ့ အချိန်မှာ လင်းဖန်ဟာ မှာ လိုက်သည်။
"ကျေးဇူးပြုပြီး ငါး သုံးပန်ကန် ၊ အမဲသား ခြောက်ပန်ကန် ၊ပြီးတော့ ကြက်ဥပေါင်း ခြောက်ပန်ကန် ပေးပါ"
လင်းဖန် သူတို့ မိသားစုတွေ ဘာအလုပ်လုပ်ကြလဲ မသိထားပါဘူး။သို့ပေမယ့် သူတို့စားတာကို ကြည့်ပြီး သူတို့ မိသားစုတွေ အဆင်မပြေဘူးဆိုတာ သိလိုက်ပါတယ်။
ယင်းနောက် သူ ပန်ကန်အချို့ သယ်ကာ သူတို့ ဝိုင်းကို သွားလိုက်သည်။
ကျန်းတောင်ဟာ အံ့သြသွားပြီး ပြောလိုက်ပါတယ်။
"နည်းပြ လင်း ..ဒါက"
"ကြည့်မနေနဲ့ လာကူသယ်ကြဦး။ငါ့ကို မင်းတို့အတွက်ပါ အခေါက်ပေါင်းများစွာ ပြန်သွားသယ်စေချင်နေကြတာလား"
လင်းဖန် ပြုံးပြီး ပြောလိုက်သည်။
"အာ အဲလို မဟုတ်ပါဘူး"
သူတို့ အကုန်လုံး အလျင်အမြန်ပြေးကာ ကူသယ်ပေးလိုက်ကြသည်။
အစားအသောက် အကုန်လုံး စားပွဲပေါ်မှာရောက် သွားတဲ့ အချိန်မှ လင်းဖန် ပြုံးပြီး ပြောလိုက်ပါတယိ။
"မြန်မြန်စားကြ ငါတို့ ဆက်ပြီး လေ့ကျင့်ရဦးမယ်လေ"
လီမင်မင် ဟာ စားပွဲပေါ်မှ ရှိနေတဲ့ အစားအေသာက် တွေကို ကြည့်ကာ ပျော်ရွှင်နေခဲ့သည်။သူမ လင်းဖန်ကို အလျင်အမြန်ပဲ ကျေးဇူးတင်လိုက်ပါတယ်။
"ကျေးဇူးပါ နည်းပြလင်း"
အစားအသောက် ခန်းမက အစားအသောက်တွေဟာ အရမ်းကြီး မကောင်းပါဘူး။လင်းဖန်ဟာ အနည်းငယ်သာ စားကာ သန့်စင်ခန်းသွာလိုက်သည်။
သူဟာ မျက်နှာကြီး နီရဲ နေတဲ့ သဘာပတိ ဝမ်ကို တွေ့မိလိုက်ပါသည်။သဘာပတိ ဝမ်ဟာ အယ်ကိုဟော တွေကြောင့် အခန်းထဲမှာလမ်းလျောက်သလိုမျိုး ယိုင်ထိုးနေခဲ့ပါတယ်။
လင်းဖန်ဟာ သူ့ကို တစ်ချက်ကြည့်လိုကိပြီး သန့်စင်ခန်းထဲ ဝင်သွားလိုက်ပါတယ်။ဒီလူက သူ့ကို သိပ်သဘောကျတဲ့ ပုံအပေါ်တာကြောင့် လင်းဖန်ဒီလူကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တာပါ။
ဝမ်ယန်ဂျီဟာ လင်းဖန် သူ့ကို မနှုတ်ဆက်တာကို မြင်တဲ့ အချိန်မှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့ပါတယ်။ယင်းနောက် သူရေရွတ်လိုက်သည်။
"ဒီ လူသစ်လေးက ဒီက စည်းမျဥ်းတွေကို မသိဘူးနဲ့တူတယ်။သူငါ့ကို မြင်တာတောငိ မနှုတ်ဆက်ဘူး"
"အစ်ကို ဝမ် သူကဘယ်သူလဲ"
မွေထိုင်း ရဲ့ သဘာပတိ ယွန်ဂေါင်ဟာ မေးလိုက်သည်။
"အတွေ့အကြုံ မရှိတဲ့ အရူးတစ်ကောင်လေ။အထက်က လူတွေက ဒီကောင်လေးကို အဖွဲ့အစည်းထဲ ဖိတ်ခိုင်းရအောင် ဘာတွေ စဥ်းစားနေကြတာလဲ မသိဘူး။ဒါက ဟန်လုပဲလေ။ဆန္ဒရှိရင် ငါတောင် ဟန်လုလိုကောင် ဆယ်ယောက်ကို ရိုက်နှက်နိုင်တယ်"
ဝမ်ယန်ဂျီဟာ သူသောက်လက်စ ဘီယာကို ဆက်သောက်ပြီး ပြောလိုက်သည်။
"ဒါက ပုံမှန်ပဲလေ။သူ့ကို ဂရုစိုက်မနေပါနဲ့"
"ဟုတ်တယ် ရှေ့ဘက်က ရေချိုးတဲ့ နေရာကို သွားကြရအောင်"
ဝမ်ယန်ဂျီဟာ ပြောလိုက်သည်။
သူဟာ ယိမ်းထိုးကာ လျောက်နေကြပြီး လူတိုင်းဟာ သူ့လမ်းကို ရှောင်ပေးလိုက်ကြပါတယ်။သူတို့အကုန်လုံး ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ကျော်ကြားတဲ့ သဘာပတိကို သိကြပြီးသားပါ။
လူအများစုဟာ သူနဲ့ မရှုပ်ရဲကြပေ။
အဲ့အချိန်မှာ ကျန်းတောင် နဲ့ ကျန်တဲ့ လူတွေဟာ အရသာရှိတဲ့ အစားအသောက်တွေကို စားသောက်ရင်း ကျေနပ်နေခဲ့ကြပါတယ်။
သူတို့ဟာ လင်ဗန်း တွေကို လင်ဗန်းထားတဲ့ နေရာကို သယ်သွားလိုကိကြသည်။လီမင်မင်ဟာလည်း အတော်ပျော်ရွင်နေခဲ့ပါတယ်။
ယင်းနောက်တွင် ဝမ်ယန်ဂျီဟာ လီမင်မင်ရဲ့ လင်ဗန်းနဲ့ ဝင်တိုက်မိပြီး ဟင်းအနည်းငယ် ဟာ ဝမ်ယန်ဂျီရဲ့ အက်ျီမှာ စွန်းထင်းမိသွားခဲ့သည်။
ဝမ်ယန်ဂျီဟာ သူ့အက်ျီမှာ စွန်းထင်းသွားတာ မြင်တဲ့ အခါဒေါသထွက်သွားခဲ့ပါတယ်။ယင်းနောက် သူဟာ ပြောလိုက်သည်။
"မင်း ကန်းနေတာလား"
လီမင်မင်ဟာလည်း ဝမ်ယန်ဂျီရဲ့ အက်ျီ စွန်းထင်းသွားတာ မြင်တဲ့ အခါမှာ ကြောက်လန့်သွားခဲ့ပါတယ်။သူမဟာ အလျင်အမြန် ဂါရဝပြုကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် သဘာပတိ ဝမ်။တမင်တကာ လုပ်တာမဟုတ်ပါဘူး"
ဝမ်ယန်ဂျီရဲ့ မျက်နှာဟာ နီရဲနေခဲ့ပြီး သူအသက်ရူလိုက်တိုင်း အရက်နံ့ဟာ ထွက်နေခဲ့ပါတယ်။
"မင်းတို့ လက်တွေ မကောင်းသလိုမျိုး မျက်လုံးပါ ကန်းနေတာလား"
ဘေးနားမှာ စားနေကြတဲ့ လူတွေဟာ ဝမ်ယန်ဂျီရဲ့ စကားကို ကြားပြီး ဒေါသထွက်သွားကြပါတယ်။သူတို့ဟာ သဘာပတိ ဝမ်ရဲ့ စကားတွေဟာ စည်းကျော်နေပြီ ဟု တွေးမိလိုက်ကြပါသည်။
သို့ပေမယ့်လည်း သူတို့ သဘာပတိ ဝမ် နဲ့ မရှုပ်ရဲကြပါဘူ။သူတို့ဟာ ခေါင်းတွေကိုသာ မမြင်သလို ငုံ့ထားခဲ့ကြသည်။
ယွန်ဂေါင်ဟာ အများကြီး မသောက်ထားပဲ သဘာပတိ ဝမ်ရဲ့ ရိုင်းစိုင်းမူကို သတိထားမိလိုက်သည်။
"အစ်ကို ဝမ် , သူတို့က ကလေးတွေပဲလေ ခွင့်လွတ်လိုက်ပါ။သူတို့ လုပ်နေတာ သူတို့ မသိကြဘူးလေ"
တကယ်တော့ ဝမ်ယန်ဂျီဟာ အနည်းငယ် သောက်ထားပေမယ့်လည်း ဒီလို အသေးအဖွဲ အရာလောက်နဲ့ သူစိတ်မဆိုးတတ်ပါဘူး။သူတကယ် စိတ်ဒေါသထွက်နေတာက လင်းဖန်ကြောင့်ပါ။လင်းဖန်ဟာ စည်းမျဥ်းတွေနဲ့ တကယ်မကိုက်ညီလှပေ။
သူ ဟန်လုကို ရိုက်နိုင်တော့ ဘာဖြစ်လဲ..?
သူ ကောင်းကင်ဘုံကို ရိုက်နှက်နိုင်နေလို့လား...?
သူဆိုရင် ဒီအဖွဲ့အစည်းကို လွန်ခဲ့တဲ့ နှစ်များစွာက ကိုယ်ပိုင်အရည်အချင်းနဲ့ ဝင်ရောက်ခဲ့တာပါ။အခုတော့ အတွေ့အကြုံမရှိတဲ့ ကောင်လေးဟာ ဘာအောင်မြင်မူမှ မရှိဘဲ အဖွဲ့အစည်းထဲ ဝင်လာပြီး သဘာပတိတောင် ဖြစ်လာခဲ့ပါတယ်။
ဒီကောင်က ဘာတွေတော်နေလို့ ဒီနေရာကို ရသွားရတာလဲ.. .?
သူဟာ လင်းဖန် သူ့ကို နှုတ်မဆက်တာကို ပြန်တွေးမိကာ ပိုပိုပြီး ဒေါသထွက်လာခဲ့သည်။
ကျန်းတောင်ဟာ လီမင်မင်ရဲ့ရှေ့ကို အလျင်အမြန်လာ ပြီး ပြောလိုက်ပါတယ်။
"တောင်းပန်ပါတယ် သဘာပတိ ဝမ် ၊သူမကို ခွင့်လွှတ်ပေးပါ"
လူအများကြီး သူ့တို့ကို ဝန်းရံလာတာမြင်တဲ့ အချိန်မှာ ဝမ်ယန်ဂျီဟာ အော်ဟစ်လိုက်သည်။
"နောက်တစ်ခါ မျက်လုံးတွေကို သေချာကြည့်ပြီးမှသွား။မင်းတို့လို မသန်မစွမ်းကောင်တွေကများ ကိုယ်ခံပညာသင်ချင်သေးတယ်။ဒါလုံးဝ မဖြစ်သင့်ဘူး"
ယင်းနောက် ယွန်ဂေါင်နှင့်အတူ သူဟာ တံခါးပေါက်ဝသို့ လျောက်သွားခဲ့သည်။
လီမင်မင်နဲ့ သူ့သူငယ်ချင်းတွေဟာတော့ ငိုထားသလို မျက်လုံးတွေ နီရဲနေခဲ့ပါတယ်။
"ဝမ်ယန်ဂျီ , ခွေးမသား မင်းအဲ့မှာ ရပ်နေလိုက်"
လင်းဖန်ဟာ သန့်စင်ခန်းထဲကနေ ထွက်လာကာ အော်လိုက်သည်။သူ ဒီလူပြောတဲ့ နောက်ဆုံးစကားတစ်ခွန်းကို ပဲကြားလိုက်ရပါတယ်။
မင်းတို့လို မသန်မစွမ်း တွေက ကိုယ်ခံပညာ မသင်ကြားသင့်ဘူး ဆိုတာ ဘာကိုပြောချင်တာလဲ...
လူတစ်ဖက်သားကို ဒီလိုမျိုး အရှက်မခွဲသင့်ပါဘူး။
ဘေးနားမှာ ရှိနေကြတဲ့ လူများဟာ လည်း ဒီအသံကို ကြားကာ အံ့သြသွားခဲ့ကြသည်။
"နည်းပြ လင်း"
ကျန်းတောင် နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန်ကို ကြည့်လိုက်ကြသည်။
လင်းဖန်ဟာ သူတို့ကို ကြည့်ကာ ခေါင်းညိမ့်ပြလိုက်ပါတယ်။
"မကြောက်နဲ့ ငါရှိတယ်"
ဝမ်ယန်ဂျီဟာ တံခါးနား ရောက်နေခဲ့ပါပြီ သို့ပေမယ့် ဒီအသံကို ကြားတဲ့ အချိန်မှာ ပြန်လှည့်လာကာ ပြောလိုက်သည်။
"မင်း ဘာပြောတာလဲ"
ယွန်ဂေါင်ဟာ သူ့ကို ပြန်ဆွဲကာ လင်းဖန်ကို လာပြောလိုက်သည်။
"အကြီးအကဲ ဝမ်ကို မင်းဘယ်လို ပြောလိုက်တာလဲ ။ မြန်မြန် ပြန်တောင်းပန်လိုက်"
လင်းဖန်ဟာ အတော်ဒေါသထွက်သွားခဲ့ပါတယ်။ဒီလို အသက်ကြီးနေတဲ့ သဘာပတိက လူငယ်တွေကို စော်ကားခဲ့တာပါ။သူဟာ အရက်မူးနေရင်တောင် ခွင့်မလွတ်နိုင်ပေ။
"ခုနက စကားတွေအတွက် ငါ့တပည့်တွေကို ပြန်တောင်းပန်လိုက်"
လင်းဖန် ပြောလိုက်သည်။
ဝမ်ယန်ဂျီဟာ ဒေါသထွက်စွာအောိဟစ်လိုက်သည်။
"မအိမ်လုံး မင်းကိုမင်း ဘာထင်နေတာလဲ"
လင်းဖန်ဟာ ဒေါသထွက်သွားကာ ပြောလိုက်သည်။
"ငါ နောက်ဆုံးတော့ အကုန်လုံး နားလည်သွားပြီ။ဟန်လုလို ကောင်က မင်းတို့ကို နွားတွေ အဖြစ်တွေးနေတာက အဖွဲ့အစည်းထဲမှာ ဒီလိုလူတွေ ရှိနေလို့ပဲ"
"မင်းဘာပြောတယ်"
ဝမ်ယန်ဂျီဟာ ဒါကိုကြားပြီး အတော်ဒေါသထွက်လာခဲ့သည်။
ယွန်ဂေါင်ဟာ သူ့ကို ထပ်ပြီး ထိန်းမထားနိုင်တော့ပါဘူး။အမူးသမား တစ်ယောက်ကို ထိန်းထားရတာဟာ လွယ်တဲ့အရာတစ်ခုမဟုတ်ပေ။
"ကျုပ်ပြောတာကို ထပ်မမေးနဲ့ ။တစ်ခုပဲ ပြောလိုက်မယ် ကျုပ်တပည့်တွေကို ပြန်တောင်းပန်လိုက်"
"အိမ်မက် ဆက်မက်နေလိုက်..မတောင်းပန်ဘူးကွာ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ"
ဝမ်ယန်ဂျီဟာ အော်ဟစ်လိုက်သည်။
လင်းဖန်ဟာ ရက်စက်တဲ့ အပြုံးကို ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျား မတောင်းပန်ဘူးဆို ခင်ဗျားကို ကျုပ်ရိုက်နှက်ပြီး အပြင်ဘက်ကို ကန်ထုတ်လိုက်မယ်"
ဝမ်ယန်ဂျီဟာ ဒေါသထွက်စွာ ပြန်ပြောလိုက်သည်။
"မင်း လုပ်ရဲလား"
လင်းဖန်ဟာ လက်တစ်ဖက်ကို လျင်မြန်စွာမြောက်လိုက်ပြီး ဘေးနားက စတီးစားပွဲကို ရိုက်ချလိုက်ပါတယ်။
အသံအကျယ်ကြီး ထွက်ပေါ်လာကာ စတီးစားပွဲဟာ အပိုင်းပိုင်း အစစ ကျိုးကြေသွားခဲ့သည်။
"ကျုပ်လုပ်ရဲလား မလုပ်ရဲလား ခင်ဗျား စဥ်းစားကြည့်လေ.."
လင်းဖန်ဟာ အခုချိန်မှာ ဒေါသ အထိပ်အထိပ်ကိုရောက်နေခဲ့ပါပြီ။သူ ယန်ဂျင်နဲ့ ငြင်းခုန်တုန်းကတောင် အပျော်သဘောပဲ လုပ်ဆောင်ခဲ့တာပါ။သို့ပေမဲ့ ဒီတစ်ခေါက်ကတော့ မတူတော့ပေ။
သူ့ရိုက်ချက်ဟာ ဒီမှာရှိနေတဲ့ လူတိုင်းကို ဆွံ့အစေခဲ့ပါတယ်။
ဒါက စစ်မှန်တဲ့ ကွန်ဖူး ပညာရပ်ပဲ.....
ဒါဟာ ခိုင်ခံတဲ့ စတီး စားပွဲတစ်လုံးဖြစ်ပြီး ရိုက်ချက်တစ်ချက်ထဲနဲ့တင် အပိုင်းပိုင်း ကျိုးကြေသွားခဲ့တာပါ။
ဘယ်သူကများ ဒီလို လုပ်နိုင်ဦးမှာလဲ.....?
ဝမ်ယန်ဂျီ တောင် ဒါကို မြင်ပြီး အမူးပြေသလို ဖြစ်သွားခဲ့သည်။