← Chapters

ဘယ်သူလာလာ ကိစ္စမရှိဘူး

Vol. 8 Ch. 112

ဘယ်သူလာလာ ကိစ္စမရှိဘူး

Vol. 8 Ch. 112

ဘာသာပြန် = စနိုးဝှိုက်

လူအုပ်ကြီးဟာ ကြောင်အနေကြသည်။

ရိုက်ချက်တစ်ချက်ထဲနဲ့ လင်းဖန် အတော်သန်မာတယ် ဆိုတာ ပြောနိုင်ကြပါတယ်။

"သူက ဝမ်ယန်ဂျီ ကို တကယ်ရိုက်နှက်တော့မလို့လား"

"ဒီလူက ဘယ်သူလဲ ရူးသွပ်နေပြီ ထင်တယ်"

"ဝမ်ယန်ဂျီ ဒီလို စကားမျိုးပြောတာကတော့ ရိုက်နှက်ခံရသင့်တယ်။အနည်းဆုံးတော့ ဒီလူက ပြန်တောင်းပန်ဖို့ပြောသေးတယ်လေ။ငါသာဆိုရင် တောင်းပန်လိုက်မှာပဲ"

"ငါသူ့ကို သိတယ်။သူက ဟန်လုကို ရိုက်နှက်ခဲ့တဲ့ တစ်ယောက်လေ။တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက သူ့ကို ဖိတ်ခေါ်ခဲ့တာ"

"သူက အကောင်သေးသေးလေူ မဟုတိဘူးနော် ဝမ်မင်ယန် ဘာပြောမလဲ ကြည့်ကြည့်ရအောင်"

လူအုပ်ကြီးဟာ တိုးတိုးလေးသာ ဆွေးနွေးရဲကြပါတယ်။ဝမ်ယန်ဂျီက အတော်ဆိုးရွားပြီး ရန်ငြိုးကြီးတဲ့ လူတစ်ယောက်ပါ။တစ်ခါတစ်လေ သူဟာ လူတစ်ယောက်ကို သဘောကျချင်ယောင် ဆောင်ပြီး နောက်ကျောကို ဓားနဲ့ထိုးတတ်ပါသည်။

......

ယွန်ဂေါင်ဟာ ကြောင်အသွားခဲ့သည်။

"မာစတာ လင်း၊ သဘာပတိ ဝမ်က သောက်ထားတာလေ ခွင့်လွတ်ပေးလိုက်ပါ"

"ယီးပဲလေ ..မင်းက ဘာကိုပြောချင်နေတာလဲ။တကယ်လို့ သူလူသတ်ထားရင်တောင် မူးနေလိူ့ပါ ဆိုပြီး ခွင့်လွတ်ပေးရဦးမှာလား။တစ်စုံတစ်ယောက်ကို စော်ကားပြီးရင် ဘာမှမဖြစ်သလို ဟန်ဆောင်တဲ့ လူတွေကို ငါအမုန်းဆုံးပဲ"

လင်းဖန် အော်ဟစ်လိုက်သည်။

"မင်းဘာလို့ ခေါင်းမာ နေရတာလဲ"

ယွန်ဂေါင်ဟာ မပျော်မရွှင် ဖြစ်သွားခဲ့သည်။

"သဘာပတိ ဝမ်က ဒီနေ့သောက်တာ နဲနဲများသွားလို့ မစဥ်စားနိုင်ဖြစ်သွားခဲ့တာလေ။မင်းဒီလောက်တောင် နားလည် မပေးနိုင်ဘူးလား"

လင်းဖန် လှောင်ရယ်လိုက်သည်။

"ကျုပ်က ဘာလို့ သူ့ကိုနားလည် ပေးရမှာလည်း။သူ့ဘက်က ဘယ်သူပြောပေးပေး ပြသနာ မရှိဘူး။သူ မတောင်းပန် သ၍ တော့ဒီကနေ ထွက်သွားဖို့ အစီစဥ်ကို မေ့ထားလိုက်တော့"

ဝမ်ယန်ဂျီဟာ ယွန်ဂေါင်ရဲ့ ဆွဲထားတဲ့ လက်မှ ရုန်းထွက်ကာ လွတ်မြောက်သွားခဲ့သည်။လင်းဖန်ရဲ့ ခုနက ရိုက်ချက်က အနည်းတော့ ကျောချမ်းဖို့ ကောင်းပါတယ်။သို့ပေမယ့် ဒီလောက် လူအများကြီး ကြည့်နေတဲ့ နောက်မှာ သူ့ဂုဏ်သိက္ခာကို အကျမခံနိုင်ပေ။

"ငါ မတောင်းပန်ဘူးကွာ မင်းဘာလုပ်ချင်လဲ"

သူအတော်သွေးဆူလာခဲ့သည်။

ယွန်ဂေါင်ဟာလည်း အကူညီ မဲ့စွာကြည့်လိုက်ပါတယ်။သူ ဒီလိုကိစ္စမျိုးမှာ တကယ် ဝင်မပါချင်ပါဘူး။

သူ ဝမ်ယန်ဂျီရဲ့ ဒေါသကို သိပါတယ်။အထူးသဖြင့် ဒီလို လူတွေရှိနေတဲ့ အချိန်မှာ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး။သူ့ဆီက တောင်းပန်မူကို ရဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပါ။

"ဘာတွေဖြစ်နေတာလဲ"

ကျောင်းဖေး ဟာ အစားအသောက် ခန်းမကို လာပြီး မာစတာ လင်းနဲ့ ဝမ်ယန်ဂျီ တို့ ရန်ဖြစ်နေတဲ့အခြေအနေကို မြင်ကာ အံ့သြသွားခဲ့သည်။သူ လမ်းသွားရင်းနဲ့ ဒီအကြောင်းကိုကြားပြီး ထံက်လာခဲ့တာပါ။

"အကြီးအကဲ ကျောင်း အမြန်လာပါဦး ကျုပ်မကိုင်တွယ်နိုင်တော့ဘူး"

ယွန်ဂေါင်ဟာ အော်ပြောလိုကိသည်။ဒီ အခြေအနေကိုသာ မကိုင်တွယ် နိုင်ရင် ပြသနာတွေ ထပ်ကြီးလာတော့မှာပါ။

"ဓာတ်ပုံ မရိုက်ကြနဲ့ ၊ ကင်မရာနဲ့ မရိုက်နဲ့"

,

ဘေးနားမှ လူတွေဟာ ဖုန်း ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေကြပါတယ်။တကယ်လို့ဒီကိစ္စသာ အပြင်ကို ရောက်သွားရင် အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမှာအသေအချာပါပဲ။

သို့ပေမယ့် သူတို့ လူတိုင်းကို လိုက်မတားဆီးနိုင်ပေ။သူဟာ သဘာပတိ ဝမ်ကိုလည်း ဆွဲထားရပါသေးတယ်။

ကျောင်းဖေးဟာ မေးလိုက်သည်။

"မာစတာ လင်း ဘာဖြစ်တာလဲ။ကျွန်တော် တို့က အဖွဲ့အစည်းတစ်ခုထဲက လူတွေလေ။ပြောစရာ ရှိရင် စကားနဲ့ ပြောလို့ရပါတယ်။ကြမ်းကြမ်းတမ်းတမ်း တွေလုပ်စရာ မလိုဘူးလေ"

ယင်နောက် သူဟာ နောက်ဘက်ရှိ မျက်လုံးတွေ နီရဲနေတဲ့ မသန်မစွမ်း ကျောင်းသားများကို တွေကာ အခြေအနေကို ခန့်မှန်းကြည့်လိုက်ပါတယ်။

လင်းဖန်ဟာ စိတ်ဆိုးစွာ ပြောလိူက်သည်။

"ဝမ်ယန်ဂျီက ကျွန်တော် တပည့်တွေကို စောက်သုံးမကျတဲ့ မသန်မစွမ်း တွေက ကိုယ်ခံပညာ သင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောတယ်လေ။ကျုပ်က သူ ဘယ်က သတ္တိနဲ့ ဒီလိုစကားပြောထွကိလဲ ဆိုတာ သိချင်နေတာ"

ကျောင်းဖေးဟာ ဒါကို ​ကြားတဲ့ အချိန်မှာ အနည်းငယ် မပျော်မရွင် ဖြစ်သွားခဲ့သည်။

ဘယ်လိုဖြစ်ပြီး သဘာပတိ ဝမ်က ဒီစကားပြောရတာလဲ....?

ဒါသာ တစ်ခြားလူတွေ သိသွားရင် အတော်ဆိုးရွားတဲ့ မကောင်းမြင်မူတွေကို ကြုံတွေ့ရမှာပါ။

"ဘယ်လိုကိစ္စပဲရှိရှိ သူဒီနေ့ တောင်းပန်မှရမယ်"

ဝမ်ယန်ဂျီဟာ ဒါကိုကြားပြီး အော်ဟစ်လိုက်သည်။

"မင်းက ငါ့ကို တောင်းပန်စေချင်တာလား၊ အိပ်မက်သာ ဆက်မက်နေလိုက်"

ကျောငိးဖေးဟာ လည်းဘေးကျပ်နံကျပ် ဖြစ်နေခဲ့သည်။သို့ပေမယ့် သူ အမှန်တရား အတိုင်းပြောလိုက်ပါတဟ်။

"သဘာပတိ ဝမ် ခင်ဗျားရဲ့ ပုံရိပ်ကို ထိန်းဖို့လိုးသေးတယ်လေ။ဒီကိစ္စတွေက ခင်ဗျားကြောင့်ဖြစ်လာတာ ဆိုတော့ ခင်ဗျား ကလေးတွေကို တောင်းပန်သင့်တယ်"

"မင်းအမေ ကို တောင်းပန်ရမှာလား......"

သူစကား မဆုံးခင်တွင် ဝမ်ယန်ဂျီဟာ အော်ဟစ်လိုက်သည်။

"ငါ ဒီနေ့ မင်းကို သင်ခန်းစာ ပေးမှရမယ်"

လင်းဖန်ဟာ ပြောပြီး ဝမ်ယန်ဂျီကို စောင့်ကန်လိုကိသည်။ဝမ်ယန်ဂျီကို ဘေးနားက ကိုင်ထားတဲ့ ယွန်ဂေါင်ပါ အရှိန်ကြောင့် လဲကျသွားခဲ့ပါတယ်။

"မင်းငါ့ကို တိုက်ခိုက်ရဲတယ်လား"

ဝမ်ယန်ဂျီဟာ မြေကြီးပေါ်ကနေ ဒေါသထွက်စွာအော်ဟစ်လိုက်သည်။

လင်းဖန်ဟာ ဘာမှထပ်မပြောတော့ပဲ သူ့မျက်နှာကို ​ထပ်ကာ ဖြတ်ကန်လိုက်ပါတယ်။သူဟာ ရူးဖိနပ် တစ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပြီး ဒါနဲ့ ကန်မိလို့ ရှိရင် အတော် နာကျင် ရမှာပါ။

အသံကျယ်ကြီး ထွက်ပေါ်လာပြီး လူအုပ်ကြီးဟာ ဆွံ့အသွားခဲ့သည်။

"ကောင်းတယ် သူနဲ့ထိုက်တန်တယ်"

လူတစ်ယောက်ဟာ အော်ပြောလိုကိသည်။

သို့သော်လည်း လူအများကြီးဟာ ရှေ့ကို သွားပြီး တိုက်ခိုက်မူကို တားဆီဖို့ လုပ်လိုက်ကြပါတာ်။

ဘာတွေ ဖြစ်ကုန်တာတုန်း.....

ဘာလို့ ရုတ်တရက် ကြီး ထတိုက်ခိုက်တာလဲ....

"ငါ့ကို မဆွဲကြနဲ့၊ ငါ့ကို ဆက်ဆွဲနေရင် သူ့ကို သေအောင် ရိုက်လို့ အပြစ်မတင်ကြနဲ့နော်"

လင်းဖန် သူ့ကို ဆွဲနေတဲ့ လူတွေဘက်ကို ကြည့်ပြီး ပြောလိုက်ရာ အကုန်ရပ်တန့်သွားခဲ့ကြပါတယ်။

လူအုပ်ကြီးဟာ သူ့ကို ကြောက်လန့်သွားခဲ့ကြသည်။ဒီလူဟာ ဟန်လုကို တောင် ရိုက်နှက်ခဲ့တာ ဖြစ်ပြီး ဘယ်သူမှ သူ့ရဲ့ ကျွမ်းကျင်မူကို မယှဥ်နိုင်ပါဘူး။

"ဒီနေ့ ကိုယ့်စကားကိုယ် တာဝန်ယူတတ်ဖို့ ခင်ဗျားကို သင်ပေးမယ်"

လင်းဖန် ဝမ်ယန်ဂျီ ရဲ့ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ပါဘူး။ဒီလူ သူ့ကျောင်းသားတွေကိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး သူ ပြန်တောင်းပန်ဖို့ အခွင့်အရေးပေးပြီး ပါပြီ။အခု သူပြန်ခံရမယ့် အချိန်ရောက်ပြီ ဖြစ်ပြီး နောက်ပြန်ဆုတ်လို့မရတော့ပေ။

အဖွဲ့အစည်းက ထုတ်ခံရတော့ကော ဘာဖြစ်လဲ....

လင်းဖန် ဒီကိစ္စကို လုံးဝ ဂရုမစိုက်ပေ။

ဝမ်ယန်ဂျီဟာ ဖိုက်တာကောင်းတစ်ယောက်ပါ။သို့ပေမယ် သူဟာ နဂိုကတည်းက အနည်းငယ် မူးနေပြီး လင်းဖန်ရဲ့ ကန်ချက်များအောက်တွင် နလန်မထူနိုင်ခဲ့ပေ။

လင်းဖန်ဟာတော့ သူ့မျက်နှာကို ဆက်တိုက် ကနိကြောက်နေခဲ့သည်။

"သွေးထွက်နေပြီ"

လင်းဖန် ဒီလူကို ဆက်တိုက် ကန်ကြောက်နေခဲ့ပါတယ်။သူဟာ အချိန်တိုလေး အတွင်းမှာပဲ အကြိမ်အနည်းငယ် ကန်ကြောက်ပြီး နေခဲ့ပါပြီ။

"မင်းတောင်းပန်မှာလား ပြော"

လင်းဖန်မေးလိုက်သည်။

"မအိမ်လုံး"

ဝမ်ယန်ဂျီဟာ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

*ဘန်း *

ကျောင်းဖေးဟာ ရှေ့ကို အမြန်ထွက်လာပြီး ပြောလိုက်ပါတယ်။

"မာစတာလင်း ဆက်မရိုက်နဲ့တော့။ကျေးဇူးပြုပြီး ဆက်မရိုက်ပါနဲ့တော့"

ယွန်ဂေါင်ဟာတော့ ဒုတိယ ဥက္ကဌ ကို ဖုနး်ခေါ်နေခဲ့သည်။သူတို့ ဒီအခြေအနေကို ကိုင်တွယ်လို့ မရတော့ပဲ ဒုတိယ ဥက္ကဌ ကို အသိပေးမှ ရပါတော့မယ်။

"ဒါက အခြေအနေတွေ ပြင်းထန်သွားနိုင်တယ်နော်"

ကျောင်းဖေဟာ ပြောလိုကိသည်။

သတင်းတွေဟာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး လူတွေဟာ ပိုပိုပြီး အစားအသောက်ခန်းမကို ရောက်လာခဲ့ကြပါတယ်။

သူတို့ ကြမ်းပြင်ပေါ်က ဝမ်ယန်ဂျီကို မြင်တဲ့ အချိန်မှာ အတော် အံ့သြသွားခဲ့ကြသည်။

ဒီလူက အတော်ရဲရင့် ပြီး ဝမ်ယန်ဂျီကိုတောငိ ရိုက်နှက်ရဲတာပါ။

အဖွဲ့အစည်းမှာ ဘယ်တုန်းက ဒီလို လူတစ်ယောက်ရှိသွားခဲ့တာလဲ.....?

"သူ့ကို ထပ်မရိုက်နဲ့တော့"

ဒုတိယ ဥက္ကဌ ဟာ ဖုန်းဆက်ပြီးတာနဲ့ သူ့ရုံးခန်းထဲက ထွက်လာခဲ့ခြင်းဖြစ်သည်။သူဟာ အတော်ဒေါသထွက်နေခဲ့ပါတယ်။

သူတို့က အဖွဲ့အစည်းထဲမှာတောင် တိုက်ခိုက်နေကြတယ်လား.....?

"ဒုတိယ ဥက္ကဌ ဂေါင်ကဒီမှာရောက်နေပြီ"

လူတွေဟာ ဖုန်းတွေကို ပြန်သိမ်းလိုက်ကြသည်။

ဒုတိယ ဥက္ကဌ ဟာ အဖြစ်အပျက်ကို မြင်တဲ့ အချိန်မှာ ပိုပိုပြီး ဒေါသထွက်လာခဲ့ပါတယ်။

ဘာတွေဖြစ်နေတာလဲ...

ယင်းနောက် သူအော်ဟစ်လိုကိသည်။

"ရပ်လိုက်တော့"

ကျောင်းဖေဟာ လင်းဖန်ကို အမြန်ဆွဲပြီး ပြောလိုက်သည်။

"ထပ်မရိုက်နဲ့တော့ ဒုတိယ ဥက္ကဌ ဂေါင်က ဒီမှာရောက်နေပြီ"

ယွမ်ဂေါင်ဟာ ဝမ်ယန်ဂျီ ဆီကို အမြန်သွားလိုက်ပြီး ဒဏ်ရာတွေကို စစ်ဆေးလိုက်ပါတယ်။သူ့မျက်နှာ ဟာ နီရဲနေပေမယ့် လည်း သိပ်ပြီး ဒဏ်ရာမလေးနက်ပေ။နှာခေါင်းမှာတော့ သွေးထွက်နေခဲ့ပါတယ်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။မင်းတို့မှာ အဖွဲ့အစည်း စိတ်ဓာတ်မရှိဘူးလား။ကျောင်းဖေး ၊ ယွန်ဂေါင် ပြီးတော့ မင်းတို့ ရန်ဖြစ်နေတာကို ဝင်မဆွဲပဲ ကြည့်ကောင်းနေကြတယ် ဟုတ်လား"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ အော်ဟစ်လိုက်သည်။

ဝမ်ယန်ဂျီဟာ မတ်တတ်ရပ်ပြီး မျက်နှာက သွေးတွေကို သုတိလိုက်ပါတယ်။ယင်းနောက် သူ လင်းဖန်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"မအိမ်လုံး မင်းကို ငါသတ်မယ်"

"စောက်ပါးစပ် ပိတ်ထား"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ အော်လိုက်သည်။

"မင်းတို့ အကုန် ငါနဲ့ လိုက်ခဲ့"

ဒုတိယ ဥက္ကဌ ဟာ အတော်ဒေါသထွက်နေခဲ့သည်။ဒီလို အခြေအနေမျိုး အရင်တုန်းက ကြုံဖူးပေမယ့်လည်း ဒါက အတော်ကြာခဲ့ပါပြီ။ဒီနေ့ နောက်တစ်ခါ ထပ်ဖြစ်လာမယ်လို့ မထင်ထားခဲ့ပေ။

ထပ်ပြောရရင် အခုရန်ဖြစ်နေတဲ့ လူက အခုမှ အဖွဲ့အစည်းကို ရောက်လာတဲ့ လူသစ်ပါ။ဒီကောင်လေးက အဖွဲ့အစည်းမှာ လေးစားရကောင်းမှန်း သိပုံမပေါ်ပါဘူး။

"ခနလေး ကျွန်တော် ရှင်းစရာရှိသေးတယ်။တကယ်လို့ ခင်ဗျားမတောင်းပန်ဘူး ဆိုရင် ခင်ဗျားကို ကန်ထုတ်လိုက်မယ်"

လင်းဖန်ဟာပြောလိုက်သည်။

"ချီးပဲ သူတကယ် ရူးသွားတာလား"

"ဒုတိယ ဥက္ကဌ ဂေါင်ရှိနေတာတောင် သူက လွတ်မပေးသေးဘူး"

"ငါတကယ် သဘောကျသွားပြီ။ဒါက စစ်မှန်တဲ့ ယောက်ျားတစ်ယောက်ပဲ။အနာဂတ်မှာ လူတိုင်းသူ့ကို လေးစားလိမ့်မယ်"

ဒုတိယ ဥက္ကဌ ဟာ ထွက်သွားဖို့ လုပ်နေခဲ့တာပါ။သို့ပေမယ့် လင်းဖန်ရဲ့ စကားကို ကြားကာ ဒေါသထွက်သွားခဲ့သည်။

သူဟာ အနည်းငယ် မပျော်ရွှင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

"မင်းသူ့ဆီက ဘာလိုချင်တာလဲ၊ အခြေအနေတွေ ပိုဆိုးချင်နေတာလား"

လင်းဖန် ကြောက်ရွံ့မနေပဲ ပြန်ပြောလိုက်ပါတယ်။

"ဒါပေါ့ ကျွန်တော် ဒါမျိုးတွေ ဖြစ်စေချင်တာမဟုတ်ဘူး ဒါပေမဲ့ သူတောင်းပန်ဖို့ လိုတယ်"

"မင်း"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဆွံ့အသွားခဲ့သည်။

"ဘာတွေ ဖြစ်နေလည်း ဆိုတာ တစ်ယောက်ယောက် ငါ့ကို သေချာ ပြောကြစမ်း"

All Chapters