← Chapters

ဒါက ဟာသတွေ ဖြစ်လာတော့မယ်

Vol. 8 Ch. 113

ဒါက ဟာသတွေ ဖြစ်လာတော့မယ်

Vol. 8 Ch. 113

ဘာသာပြန် = စနိုးဝှိုက်

ဒုတိယ ဥက္ကဌ ဂေါင်ဟာ အတော် စိတ်မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။ပထမ အချက်က ဝမ်ယန်ဂျီဟာ ကလေးတစ်ယောက်မဟုတ်တော့ပဲ အဖွဲ့အစည်းမှာ အရက်သရေစာ သောက်စားထားကို ကန့်သတ်ထားတာတောင် ချိုးဖောက်ပါသေးတယ်။

ပြီးတော့ လူသစ်ကောင် လင်းဖန်ဟာ လည်း အဖွဲ့အစည်းမှာ ကိုယ့်နေရာကို မသိပဲ စောက်ချိုးမပြေပါဘူး။ဘာပဲဖြစ်ဖြစ် ဝမ်ယန်ဂျီဟာ သူ့ရဲ့စီနီယာ တစ်ယောက်ဖြစ်ပြီး ဒီလောက် လူအများကြီး ရှေ့မှာ လင်းဖန်ဟာ သူ့ကို မျက်နှာသာ မပေးပေ။

ထပ်ပြောရရင် ဒီကောင်က သူ့လို ဒုတိယ ဥက္ကဌ ကိုတောင် မျက်နှာသာ မပေးပါဘူး။

"ဒုတိယ ဥက္ကဌ ဂေါင် ဒီကိစ္စက သူ့ကို မေးတာ ပိုကောင်းလိမ့်မယ်"

လင်းဖန်ဟာ ဒေါသထွက်စွာပြောလိုက်သည်။အစတုန်းက သူ ဒီအဖွဲ့အစည်းကို ပူးပေါင်းတာဟာ အဓိပါယ်တွေ အများကြီး နဲ့ ပြည့်ဝနေတယ်လို့ ထင်ထားခဲ့တာပါ။အခုလို အဓိပါယ် မရှိပဲ ကျက်သရေ တုန်းနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

သဘာပတိ ဝမ်က သူရဲ့ ကစားချင်နေတယ် ဆိုမှ တော့ သူက ပျော်ပျော်ကြီး လိုက်ကစားပေးဦးမှာပါ။

ဝမ်ယန်ဂျီဟာ မောက်မာစွာပြောလိုက်သည်။

"ငါဘာပြောလို့လဲ ငါဘာမှမပြောဘူး။မင်းသာ ငါ့ကို အရင်ရိုက်နှက်တာလေ"

လင်းဖန် သူ့ကို စိုက်ကြည့်ကာ ပြောလိုကိသည်။

"ခင်ဗျား အတော်အရှက်မရှိတဲ့ လူပဲ။ကိုယ်စကားကို တောင် မမှတ်မိဘူးလား။တစ်စုံတစ်ယောက်က ငါ့ကျောင်းသားတွေကို မသန်မစွမ်းကောင်တွေ ဘာမှ ကိုယ်ခံပညာ သင်နေစရာ မလိုဘူးလို့ပြောတယ်လေ။အဲတာ ဘယ် မအိမ်လုံး လဲ"

"မင်း မအိမ်လုံး ဆိုတာ ဘယ်သူ့ကို ပြောတာလဲ"

ဝမ်ယန်ဂျီ ဟာအော်လိုက်သည်။

"တော်လိုက်တော့"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ရှက်ရွံ့စွာအော်လိုက်သည်။

"ဝမ်ယန်ဂျီ မင်းဒီစကားတွေ ပြောခဲ့လား မပြောခဲ့ဘူးလား"

သူ ဝမ်ယန်ဂျီ ဒီလိုစကားပြောလိမ့် မယ်လို့ မထင်ထားခဲ့ပေ။တစ်စုံတစ်ယောက်ဟာ ဦးနှောက်ရှိသ၍ ဒီလို စကားပြောလိုက်ခြင်းရဲ့ နှောက်ဆက်တွဲကို သိသင့်ပါတယ်။

အခုနောက်ပိုင်းမှာ အဖွဲ့အစည်းရဲ့ နာမည်ဟာ ကျဆင်းလာခဲ့ပြီး ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် အခြေအနေတွေ ဆိုးရွားသွားနိုင်ပါတယ်။

ဝမ်ယန်ဂျီဟာ ဂေါင်းညိမ့်ပြီး တီးတိုးပြောလိုက်သည်။

"ပြောခဲ့တယ်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကို ကြားပြီး ရိုက်နှက်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့သည်။ဒီကောင် မူးနေတယ် ဆိုရင်တောင် ဒီလို စကားမျိူး မပြောမသင့်ဘူးဆိုတာ နားလည်သင့်ပါတယ်။

သူ့လို ရာထူးနဲ့ လူတစ်ယောက်က ဒီလိုမျိုး စကားကို ပေါက်လွတ်ပဲစား လျောက်ပြောနေလို့ မရပါဘူး။ဒါသာ လိုင်းပေါ်ကို ရောက်သွားလို့ရှိရင် လူတွေက ဝမ်ယန်ဂျီသာမက သူ့ကိုပါ အပြစ်တင်ကြမှာပါ။

ဒုတိယ ဥက္ကဌ ဟာ ပြောလိုက်သည်။

"အခုတောင်းပန်လိုက်"

ဝမ်ယန်ဂျီဟာ မျက်မှောင် ကျုတ်ကာ ပြောလိုက်သည်။

"ဒုတိယ ဥက္ကဌ ဂေါင် ကျွန်တော်....."

"တောင်းပန်လိုက်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြတ်သားစွာပြောလိုက်သည်။သူဟာ ဝမ်ယန်ဂျီရဲ့ အပြုမူကို အတော်အံ့သြမိပါတယ်။

ခေါင်းလေးနည်းနည်း သုံးလို့မရဘူးလား....

လူအများကြီးရှေ့မှာ ဒီစကားပြောရအောင် နောက်ဆက်တွဲ ကိစ္စတွေ မတွေးမိဘူးလား.....

အထူးသဖြင့် ဒီကလေးတွေက မသန်စွမ်း အဖွဲ့အစည်းက ကလေးတွေပါ။တကယ်လို့ မသန်စွမ်း အဖွဲ့အစည်းကသာ ဒီကိစ္စကို ရှာတွေခဲ့ရင် သူတို့ရဲ့ ဆက်ဆံရေးကတော့ အဆုံးသတ်ပါပြီ။

သူဟာ ဒုဥက္ကဌ တစ်ယောက်ဖြစ်ပေမယ့်လည်း ဒီအဖြစ်အပျက်ကိူ ခေါင်းမခံနိုင်ပေ။သူ ဝမ်မင်ယန် ကို ပြန်တောင်းပန်ခိုင်းဖို့သာ တတ်နိုင်ပါတယ်။

"ငါတောင်းပန်ပါတယ်"

ဝမ်ယန်ဂျီဟာ စိတ်မပါစွာ ပြောလိုက်သည်။

လင်းဖန်ဟာ ကလေးတွေကို ရှေ့ကို ထုတ်ကာ ပြောလိုက်သည်။

"ကျုပ်ကို တောင်းပန်ရမှာ မဟုတ်ဘူး သူ့တို့ကို တောင်းပန်ရမှာ"

"မအေလိုး မင်းလွန်မလာနဲ့နော်"

ဝမ်ယန်ဂျီဟာ အော်ဟစ်လိုက်သည်။

ဒီလူသစ်က ဒီလောက်အထိ စည်းကျော်လာရအောင် ရူးနေတာ တောင် ဖြစ်နိုင်ပါတယ်။

"တောင်းပန်လိုက်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာဝင်ပြောလိုက်သည်။

လီမင်မင် နဲ့ သူ့သူငယ်ချင်းတွေကတော့ ဝမ်ယန်ဂျီကို ကြောက်ရွံ့စွာ ကြည့်နေကြပါတယ်။

ဒီအဖြစ်အပျက်ဟာ သူတို့အတွက် အတော်ဆိုးရွားလှသည်။သူတို့ဟာ အဖွဲ့အစည်းထဲမှာ သူငယ်ချင်းအများကြီး မရှိပေမယ့်လည်း သူတို့ကိုယ်သူတို့ တစ်ခြားလူတွေနဲ့ တူတူပဲ လို့တွေးထားခဲ့တာပါ။

သို့ပေမယ့် သဘာပတိ ဝမ် ရဲ့စကားတွေကြောင့် သူတို့ သိမ်ငယ်စိတ် ဝင်လာခဲ့ကြပါတယ်။

ဝမ်ယန်ဂျီဟာ အသက်ပြင်းပြင်းရူကာ ပြောလိုက်သည်။

"ငါ တောင်းပန်ပါတယ်"

"မင်းတို နှစ်ယောက်စလုံး ငါနဲ့ရုံးခန်းကို လိုက်ခဲ့ကြ"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ပြောလိုက်သည်။သူဒီနှစ်ယောက်နဲ့စကားကောင်းကောင်း ပြောမှ ဖြစ်မှာပါ။သူတို့နှစ်ဟာ စည်းမျဥ်းတွေကိုပါ ချိုးဖောက်ထားပြီး သူတို့ တိုက်ခိုက်ချင်တဲ့ အချိန်တိုက်ခိုက်လို့ ရတယ်လို့ ထင်နေပုံပေါ်ပါတယ်။

ဝမ်ယန်ဂျီဟာ ဒုတိယ ဥက္ကဌ ဂေါင်နှင့်အတူ လိုက်သွားခဲ့သည်။

"မကြောက်ကြနဲ့ ပြီးသွားပြီ"

လင်းဖန် ကလေးတွေကို ကြည့်ကာ ပြောလိုက်သည်။

"စားပြီးရင် လေ့ကျင့်တဲ့ နေရာကို သွားပြီး ငါပြန်လာတာကို စောင့်နေကြ"

"ဟုတ် ကျေးဇူးပါ နည်းပြလင်း"

လီမင်မင်ဟာ ပြောလိုက်သည်။

ကျန်းတောင်ဟာ မျက်ရည်များ ဝိုင်းကာ ဝင်ပြောလိုက်သည်။

"နည်းပြ လင်း ကျွန်တော်တို့ကြောင့် ပြသနာ တက်ရပြီ"

လင်းဖန်ပြုံးပြီး လက်ကာ ပြလိုက်ပါတယ်။

"ဒါက အသေးအဖွဲလေးပါ။ပြသနာ မဟုတ်ဘူး။ဒီလိုလူမျိုးတွေက ကိုယ်ကျင့်တရားမရှိဘူး။ဒီလူ အနာဂတ်မှာ ပိုပြီး ပြသနာတက်လိမ့်မယ်။သွားကြတော့"

လီမင်မင်နဲ့ သူငယ်ချင်းများဟာ ခေါင်းညိမ့်ပြီး ထွင်သွားခဲ့ကြသည်။

"မာစတာ လင်း ဒါက...ခင်ဗျား လုပ်တာ မှန်ပါတယ် ဒါပေမဲ့ စိတ်မြန် လက်မြန်ဖြစ်လွန်းတယ်"

ကျောင်းဖေး လည်း ဘာပြောရမှန်း မသိတော့ပါဘူး။ဒီ ဝမ်ယန်ဂျီ အရိုက်ခံရသင့်တယ် ဆိုတာ ကိုတော့ သူသိပါတယ်။

လင်းဖန်ပြုံးပြီး ပြန်ပြောလိုက်သည်။

"မှန်နေသ၍ တော့ ကျွန်တော်က အသက် ၂၀ ကျော်ကျော်ပဲ ရှိသေးတာလေ။စိတ်မြန်လက်မြန်ရှိတာက ပုံမှန်ပါပဲ။ဒီလို လူတွေ က အရိုက်ခံသင့်တယ်။ဒါမှ နောက်တစ်ခါ မှတ်သွားမှာ"

အဖွဲ့အစည်းမှ လူများဟာ လည်း သူ့စကားကို ထောက်ခံလိုက်ကြသည်။

"ကျွန်တော် သွားတော့မယ်"

လင်းဖန်ပြောလိုက်သည်။ဒုတိယ ဥက္ကဌ သူ့ကို ဘာတွေ တရားဟော မလည်း သူတကယ် သိချင်မိပါတယ်။

ငါက ဘာကို ကြောက်ရမှာလဲ......

နှုတ်ထွက်ဖို့လား ငါက ဒါကိုမျှော်လင့်နေတာ...

လင်းဖန်ထွက်သွာပြီး နောက်တွင် ကျောင်းဖေး အနားမှာ လူတွေ ဝိုင်းလာကြသည်။

"အကြီးအကဲကျောင်း ၊ သူက ဟန်လုကို ရိုက်နှက်ခဲ့တဲ့ တစ်ယောက်လား"

"ဟုတ်တယ်"

ကျောင်းဖေးဟာ ခေါင်းညိမ့်ပြီး ပြောလိုက်သညါ။

"အရမ်းမိုက်တယ် သူ့လို လူမျိုးကို တစ်ခါမှ မတွေ့ဖူးသေးဘူး"

"ဝမ်ယန်ဂျီက အဖွဲ့အစည်းရဲ့ အမှိုက်ပဲ။သူတကယ် အရိုက်ခံသင့်တယ်။ဒါပေမယ့် သူ ဒီတိုင်းလွတ်ပေးမှာ မဟုတ်ဘူး"

"ဒီကလေးတွေက ချို့တဲ့ ပြီးမွေးဖွားလာတာတင် ဝမ်းနည်းဖို့ကောင်းနေပြီလေ။ဒါကို ဝမ်ယန်ဂျီက ဒီလို ထပ်ပြောတယ်ဆိုတော့ ဘယ်လောက် လူသားမဆန်လိုက်လဲ"

"ဒီလို ရိုက်လိုက်တာပဲကောင်းတယ်။လူငယ်လေးက နှစ်ခါတောင် ပြန်မစဥ်းစားဘူး သင်ခန်းစာ ပေးလိုက်တာ။ငါသာဆို မလုပ်ရဲလောကိဘူး"

.....

လင်းဖန်ကို အထက်အရာရှိပိုင်းတွေက အဖွဲ့အစည်းထဲ ထည့်ဖို့ ညွှန်ကြားထားတာပါ။ဒုတိယ ဥက္ကဌ ဂေါင်ဟာ လင်းဖန်ကို အလုပ်ထုတ်ချင်ပေမယ့် လည်း သူ့မှာ ဒီလိုပါဝါ မရှိပေ။

အထက်က လူတွေက လင်းဖန်ကို တကယ်ပဲ စောင့်ကြည့်နေကြတာပါ။

သူ အထက်လူကြီးတွေကို ဒီမတော်တဆ အကြောင်း တင်ပြလိုက်တဲ့အချိနိမှာ သူတို့ ပြောတာက

"သူက လူငယ်ပဲ ရှိသေးတာလေ။ဒေါသထွက်လွယ်တာကတော့ ပုံမှန်ပါပဲ..."

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်ပေမယ့်လည်း မေ့ထားလိုက်သည်။သူအဲ့က တစ်ယောက်ကိုမှ မပြစ်မပြုချင်ပေ။

သူဒီကိစ္စကို သေချာ မကိုင်တွယ် နိုင်ရင် ဝမ်ယန်ဂျီဟာ ကျေနပ်မှာ မဟုတ်ပါဘူး။သို့ပေမယ့် သူ့မှာလည်း ရွေးချယ်စရာ မရှိပေ။အထက်လူကြီးတွေက လင်းဖန်ကို တော်တော် မျှော်လင့်ထားကြပုံပေါ်သည်။

သူ လင်းဖန်ကို ထုတ်ပစ်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စပါ။

အောက်ထပ်တွင်။

ဝမ်ယန်ဂျီဟာ လင်းဖန်ကို ဒေါသထွက်စွာ ကြည့်နေခဲ့သည်။

လင်းဖန်ဟာ ဒါကို မြင်ပြီး ပြုံးကာ ပြောလိုက်ပါတယိ။

"ကျုပ်ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ခင်ဗျားမကျေနပ်ရင် ဒီညကျုပ်ကို လာတွေ့ ခင်ဗျားကို အမှားအမှန်သိသွားတဲ့ အထိ ကျုပ်ရိုက်ပေးမယ်။ကျုပ်ကို ယုံလား"

"သိပ်မမောက်မာနဲ့ အထက်က မင်းကို သဘောကျတာနဲ့ လူပ်ချင်တာ လုပ်လို့ရပြီ ထင်နေတာလား"

ဝမ်ယန်ဂျီဟာ ဒေါသထွက်စွာပြောလိုက်သည်။

"ဟားဟား"

လင်းဖန်ဟာ ရယ်မောပြီး ပြောလိုက်ပ့တယ်။

"အနာဂတ်မှာ သေချာဂရုစိုက်ပြီး ဒါမျိုးထပ်မဖြစ်စေနဲ့။အဲ့ခါကြရင် တောင်းပန်ယုံနဲ့ ရမှာမဟူတ်ဘူး"

ဝမ်ယန်ဂျီဟာ ဒေါသထွက်နေခဲ့ပေမယ့်ဟလည်း သူလင်းဖန်ကို မယှဥ်နိုင်ဘူးဆိုတာ သိပါတယ်။ဒါကြောင့် သူတိတ်ဆိတ်ပြီးသာ နေလိုက်သည်။

လင်းဖန်လည်း ထပ်ဂရုမစိုက်နေတော့ပေ။ဝမ်ယန်ဂျီ လက်စားချေချင်ရင် သူ့ဆီကို လာယုံပါပဲ။

လင်းဖန်ဟာ သူ့အခန်းကို ပြန်ပြီး ကျောင်းသားတွေကို သင်ကြားပေးလိုက်သည်။နောက်ဆုံးမှာ တော့ ပြပွဲက နီးနေပြီး သူတို့ သေချာကြိုးစားဖို့လိုပါတယ်။

အစကတော့ သူ ဒီအဖွဲ့အစည်း နှုတ်ထွက်ဖို့ စဥ်းစားထားတာပါ။သို့ပေမယ့် ကလေးတွေ အကြောင်းတွေးမိကာ ဒီမှာ နှစ်ပတ်လောက် ဆက်နေပြီး သူတို့ အိပ်မက်တွေကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညအချိန်တွင်။

ဗီဒီယို တစ်ပုဒ်ဟာ QQ ပေါ်တွင်ပေါ်ထွက်လာခဲ့သည်။ယင်းမှ တဆင့် ဝိုက်ဘို၊ ဝီချပ် တို့တွင် ပျံ့နှံ့လာခဲ့ပါတယ်။

ဒီ ဗီဒီယိုရဲ့ ကြည့်ရူနှုန်းဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

မြို့သူ မြို့သား များဟာ ဒီ ဗီဒီယိုကို ကြည့်ကာ အလွန်အမင်း ဒေါသထွက်နေကြပါတယ်။

ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ....

ခေါင်းစဥ်ကတော့

"တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းမှ သဘာပတိတစ်ယောက်မှာ မသန်စွမ်း ကလေးငယ်တစ်ချို့ကို စော်ကားပြီးနောက် အရိုက်ခံလိုက်ရသည်"

အစတုန်းကသာ ဒီလို ဗီဒီယို ထွက်လာရင် လူစိတ်ဝင်စားမူ သိပ်ရမှာ မဟုတ်ပါဘူး။

အခုတော့ MMA ဖိုက်တာ ဟန်လု ကိစ္စဟာ ပူပူနွေးနွေး ရှိနေဆဲဖြစ်ပြီး ဒီကိစ္စဟာ မီးပေါ် ဆီလောင်းချသလို ဖြစ်နေခဲ့သည်။

မနက်ခင်းတွင်။

လင်းဖန် ဖုန်းကို ဖွင့်လိုက်တဲ့ အချိန်မှာ ဗီဒိီယိုကို တွေ့လိုက်ရပါတယ်။

ကြည့်ရတာ ပျော်စရာ ကောင်းတော့မယ် ထင်တယ်...

All Chapters