အခြေအနေတွေက ထိန်းချုပ်ရတာ ခက်ကုန်ပြီ
Vol. 8 Ch. 114
ဘာသာပြန် = စနိုးဝှိုက်
ဒီနေ့ခေတ် မြို့သူမြို့သား များဟာ မတရားတာတိူ့ အနိုင်ကျင့်တာတို့ ၊ အရှက်ခွဲတာတို့ မြင်ရင် မခံချင်ကြပါဘူး။
ဥပမာ သာမန်လူတစ်ယောက် က ဆိုးရွားတဲ့ လူတစ်ယောက်ကို ရိုက်နှကိလိုက်ရင် မြို့သူမြို့သားတွေ ဟာ ဝိုင်းဝန်းပြီး ချီးကျူးကြမှာပါ။
လူတိုင်းရဲ့ နှလုံးသားဟာ နူးညံ့ကြပြီး ဟန်လုနဲ့ ဖြစ်ပွားတဲ့ ပြသနာ အပြီးမှာ လူအားလုံးဟာ အဖွဲ့အစည်းကို အလေးအနက်ထားလာကြသည်။
"လူသား မဆန်တဲ့ ခွေး၊ ငါဒီ ဗီဒီယိုကို ကြည့်ပြီး ဒေါသထွက်လို့ သေတော့မယ်"
"ဘယ်လို အသုံးမကျတဲ့ အဖွဲ့အစည်းလဲ ၊ ဒီလိုကောင်မျိုးကတောင် သဘာပတိ ဖြစ်လာသေးတယ်"
" မသန်စွမ်းဖြစ်တော့ရော ဘာဖြစ်လဲ ၊ မသန်စွမ်းဖြစ်ရင် ကိုယ်ခံပညာ လေ့ကျင့်လို့ မရတော့ဘူးလား။ငါ့အမြင်ကတော့ ဒီအဖွဲ့အစည်းက မတည်ရှိသင့်ဘူး။ဒီလို အကိုင်းအခွဲ တစ်ခုကတောင် ဖြစ်ပျက်နေတာတွေက"
"သူတို့က ကလေးတွေလေကွာ အဲလောက်ထိပြောဖို့ လိူလို့လား။ဒီစကားလုံးတွေက ကလေးတွေရဲ့ စိတ်ကို အတော်ထိခိုက်စေမှာ မသိဘူးလား"
"ငါလည်း မသန်စွမ်းတစ်ယောက်ပဲ ဒီ ဗီဒီယိုကို ကြည့်ပြီး ငါအတော် ဒေါသထွက်မိတယ်"
ဒီ ဗီဒီယိုကို လူအုပ်ကြီးထဲမှ တစ်ယောက်က ရိုက်ကူးထားတာပါ။ဗီဒီယိုထဲတွင် ဝမ်ယန်ဂျီ ဟာ ကလေးတွေကို လက်ညိုးထိုး ပြီး အော်ဟစ်ပြောနေခဲ့သည်။သူဟာ အရက်မူးနေပြီး သူပြောတဲ့ စကားတောင် သူသိပုံမပေါ်ပါဘူး။
ဒီအဖြစ်အပျက်ကို လူအများကြီးက မျှဝေထားကြပြီး အခြေအနေတွေဟာ ထိန်းချုပ်မရ ဖြစ်နေခဲ့သည်။
ဝိုက်ဘို သုံးစွဲတဲ့ ဆယ်လီ တွေ ကျော်ကြားတဲ့ လူတွေတောင်မှပဲ ဒီ ဗီဒီယိုကိ ထောက်ပံ့ပြီး မျှဝေထားကြပါတယ်။
ဗီဒီယို၏ ဒုတိယ တစ်ပိုင်းကို ကြည့်ပြီးးသည့်နောက်တွင် အကုန်လုံးဟာ ကျေနပ်အားရနေကြသည်။
"ဟုတ်တယ် အဲ့ကောင်ကို ရိုက်လိုက်။အဲ့တာ ဘယ်သူလဲ တကယ်မိုက်တယ်"
"ဒီကောင် တကယ်အရိုက်ခံရသင့်တယ်"
"ဒီ ဗီဒီယိုကို ကြည့်ပြီး အဲ့ မအိမ်လုံးကို ငါပါ ဝင်ရိုက်ချင်စိတ်ပေါက်တယ်"
"လူတိုင်းပဲ အဖွဲ့အစည်းကို အပြစ်မတင်ကြပါနဲ့ အနည်းဆုံးတော့ အမှန်တရား မြတ်နိုးတဲ့လူရှိသေတယ်လေ။ဒီလူငယ် လေးက အမှန်တရားကို မြတ်နိုးပြီး သဘာပတိ ဝမ်က အဖွဲ့အစည်းရဲ့ ပန်းသီးပုတ် တစ်လုံးဖြစ်မယ်"
"ဟုတ်တယ် ဒီလူရိုက်တာ ကြည့်ရမှ နည်းနည်း စိတ်သက်သာရာ ရသွားတော့တယ်"
"ချီးဘဲ ဒီကောင်လေးက ဆရာကြီးပဲ ဟ တစ်ချက်ထဲနဲ့ ခုံကို အကျိုးပဲ။ဒါက သံနဲ့ လုပ်ထားတာ မဟုတ်ပေမယ့်လည်း တစ်ချက်ထဲနဲ့ ရိုက်ချိုးဖို့ကတော့ လွယ်တာ မဟုတ်ဘူးလေ"
"ဆရာကြီးပဲ တကယ့်ကွန်ဖူး အစစ်အမှန် ဆိုတာ ဒါကို ပြောတာ"
"ဒုတိယ ဥက္ကဌ ရောက်လာတာတောင် သူလုပ်မယ့်အရာ ကိုရအောင် လုပ်တယ်။စောက်ရမ်းမိုက်တယ်။နောက်ဆုံးမှာ ကျောင်းသားတွေကို တောင်းပန်ခိုင်းသွားတာ"
"ဒီလူက ဘယ်သူလဲ သေချာမမြင်ရပေမယ့် ဘေးကကြည့်တာ ရင်းနှီးနေသလိုပဲနော်"
....
ကလင် ကလင်
လင်းဖန် ဖုန်းလေးဟာ ကျောင်းဖေးရဲ့ ခေါ်ဆိုမူကြောင့် မြည်လာခဲ့ပါတယ်။
"မာစတာ လင်း အခြေအနေတွေက ထိန်းမရတော့ဘူး။ခင်ဗျား အဖွဲ့အစည်းကို အခုလာနိုင်မလား။သတင်းထောက်တွေ အများကြီး ဒီမှာရောက် နေကြတယ်။ဒုတိယ ဥက္ကဌ ကလည်း ခင်ဗျားကို အကုန်မဖော်ထုတ်ပဲ လျို့ဝှက်ထားစေချင်နေတယ်"
ကျောင်းဖေးဟာ ပြောလိုက်သည်။
လင်းဖန်ဟာ ရယ်မောလိုက်ပါတယ်။သတင်းထောကိတွေ ဒီလောက်မြန်ကြတာကို သူအနည်းငယ် အံ့သြမိသည်။ဟုတ်တာပေါ့ သူတို့ ဒီလို သတင်းမျိုးကို လိုက်မရှာဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။
"ကျုပ် အခု လမ်းမှာ ရောက်ရင် ပြောမယ်လေ"
တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်း၏ ရုံးခန်းထဲတွင်။
"ဒုတိယ ဥက္ကဌ ကျန်း၊ ဒါက တကယ်ကို အထင်လွဲသွားတာပါ။ဟုတ်တယ် ဟုတ်တယ် ဝမ်ယန်ဂျီက မူးနေတာ။သူ အဲလို ဆိုလိုတာ မဟုတ်ပါဘူး။ကျွန်တော် တို့ကို ခွင့်လွတ်ပေးပါ။ကျွန်တော်တို့ အဖွဲ့အစည်းက အဲလို နိမ့်ချလိုစိတ် လုံးဝ မရှိပါဘူး"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ အလုပ်တွေ ရှုပ်နေခဲ့သည်။အခုလည်း အခြေအနေတွေကို တွေ့ရှိသွားတဲ့ မသန်စွမ်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ နဲ့ စကားပြောနေခဲ့တာပါ။
မသန်စွမ်း အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ က သူတို့ ကိုယ်ခံပညာ အဖွဲ့အစည်းကို တရားစွဲဆို ဖို့တောင် လုပ်နေခဲ့တာဖြစ်သည်။တကယ်လို့ တရားစွဲတာသာ ခံရရင် သူ့ရဲ့ ဒုတိယ ဥက္ကဌ ရာထူးက ပြုတ်ဖို့ သေချာသလောက်ရှိပါတယ်။
ဖုန်းချပြီးနောက်တွင် ဒုတိယ ဥက္ကဌ ဂေါင်ဟာ နဖူးမှ ချွေးတွေကို သုတ်ကာ နောက်တစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။
"သေချာလုပ်။ငါ သတင်းထောက်တွေ အကုန်ဖော်ထုတ်တာကို မလိုချင်ဘူး။ဒါက ငါတို့အဖွဲ့အစည်း အတွက်ကောင်းမှာ မဟုတ်ဘူး"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဝမ်ယန်ဂျီနဲ့ လင်းဖန်ကို အတော် ဒေါသထွက်နေခဲ့ပါတယ်။သူတို့ နှသ်ကောင်ကြောင့် မဟုတ်ရင် ဒီလို အရာတွေက ဖြစ်လာမှာ မဟုတ်ပါဘူး။
"ဝမ်ယန်ဂျီ မင်းအခု ငါ့ရုံးခန်းကို လာခဲ့ မင်းဒီ အရှုပ်ထုတ်ကို မရှင်းနိုင်ရင် အဖွဲ့အစည်းက ကန်ထုတ်ခံရမယ်"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ သူ့ဒေါသတွေကို ဝမ်ယန်ဂျီ ဆီီကို စုပုံချနေခဲ့သည်။
အခုမှ အိပ်ယာနိုးတဲ့ ဝမ်ယန်ဂျီဟာတော့ အံ့သြသွားခဲ့ပါတယ်။သူ ဘာတွေ ဖြစ်နေလဲ ဆိုတာတောငိ မသိပါဘူး။သူ ဖုန်းအနည်းငယ် ခေါ်ပြီး နောက်တွင် အံ့သြကာ ဒေါသထွက်လာခဲ့သည်။
အရာရာ တိုင်းက လင်းဖန် ဆိုတဲ့ကောင်ကြောင့် ဖြစ်လာရတာပါ။
တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်း၏ ဝင်ပေါက်ဝတွင်။
သတင်းထောက်တွေကို အဆောက်အဦး ထိန်းသိမ်းတဲ့ လုံခြုံရေးတွေဟာ တားဆီးနေခဲ့သည်။
ဒုတိယဥက္ကဌ ဂေါင်ဟာ ကျောင်းဖေးကို အလျင်အမြန်ဘေးဘက်ဆွဲပြီး မေးလိုက်ပါတယ်။
"သူ မရောက်သေးဘူးလား"
ကျောင်းဖေးဟာ ပြန်ပြောလိုက်သည်။
"သူက လမ်းမှာပဲ ရှိသေးတယ်"
"မင်းသူ့ကို သေချာရှင်းအောင်ပြောထားလား အဖွဲ့အစည်းကို ထပ်ပြီး ပြသနာ ဖြစ်စေလို့ မရဘူးဆိုတာ"
ကျောင်းဖေးဟာ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
"ဟုတ် ကျွန်တော် ပြောလိုက်တယ်။သူက ဒီရောက်မှ ဆွေးနွေးကြမယ် လို့ပြောတယ်"
ဂိတ်ပေါက်ဝတွင် အကြီးအကဲ နီဟာ အဖြစ်အပျက်တွေကို မြင်နေပေမယ့် သိပ်စိတ်ဝင်စားတဲ့ ပုံမပေါ်ပါဘူး။
လင်းဖန်းရဲ့ ကားဟာ ဂိတိပေါက်နားကို ရောက်လာပြီး အခြေအနေတွေကို မြင်တဲ့ အချိန်မှာ အံ့သြသွားခဲ့သည်။
ဒီမှာသတင်းထောက်တွေ အများကြီးရှိနေပြီး သူတို့ အကုန်သတင်းရပြီးကြပုံပေါ်ပါတယ်။
ဟန်လုရဲ့ ပြသနာက မပြီးပြတ်သေးပဲ အခုပြသနာက ပိုပြီး ရှုပ်ထွေးစေခဲ့သည်။သတင်းထောက်တွေဟာ ဒီလို သတင်းကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။
လင်းဖန်ဟာ ကားကို ဟွန်းတီးလိုက်သည်။
သတင်းထောက်တွေဟာ ကားကို လှည့်ကြည့်လိုက်ကြပေမယ့်လည်း သိပ်ဂရုမစိုက်ကြပေ။သူတို့ ဒီကို အင်တာဗျုးဖို့ပဲ လာကြတာပါ။သို့ပေမယ့် ကားပေါ်က ဆင်းလာတဲ့ လူကို မြင်တဲ့ အချိန်မှာ အကုန်လုံးအံ့သြသွားကြသည်။
"အဲတာသူပဲ ၊ ဗီဒီယို ထဲကတစ်ယောက်လေ"
ဒုတိယ ဥက္ကဌ ဂေါင်ဟာလည်း လင်းဖန်ကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။မဟုတ်ရင် ကျောင်းဖေက အခြေအနေတွေ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
လင်းဖန်ဟာ အင်တာဗျုးတွေနဲ့ ရင်နှီးနေပြီးသားဖြစ်ပြီး တည်ငြိမ်စွာပြောလိုက်ပါတယ်။
"အားလုံးပဲ မတွန်းကြပါနဲ့ ။ခင်ဗျားတို့ ကြိုက်တဲ့ မေးခွန်းမေးလို့ရပြီး ကျွန်တော် အကောင်းဆုံးဖြေကြားပေးပါမယ်"
"ခင်ဗျားက မာစတာ လင်းမလား"
သတင်းထောက်တစ်ယောက်ဟာ မှတ်မိလိုက်ပြီး မေးလိုက်ပါတယ်။ဒါက ဟန်လု ကိုရိုက်နှက်ခဲ့တဲ့ မာစတာ လင်းပါ။
"ဟုတ်ပါတယ် ကျွန်တာ်ပါ"
"မာစတာ လင်း အဖွဲ့အစည်းကို ဘာလို့ ပူးပေါင်းတာလဲ သိပါရစေ"
သတင်းထောက်တစ်ယောက်ဟာမေးလိုက်သည်။
လင်းဖန်အချိန်အနည်းငယ် တွေးပြီး ပြန်ဖြေလိုက်ပါတယ်။
"ကျွန်တော် ဒီက ဖိတ်ခေါ်မူကို ရခဲ့ပြီး တရုတ်ကိုယ်ခံပညာ ယဥ်ကျေးမူကို မြင့်တင်ပေးချင်လို့ ပူးပေါင်းခဲ့တာပါ"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒီအဖြေကို ကျေနပ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို တွေးနေခဲ့သည်။
"မာစတာ လင်း အင်တာနက်ပေါ်မှာ ပြန့်နှံ့နေတဲ့ဗီဒီယိုက အမှန်ပဲလား"
နောက်ထပ် သတင်းထောက်ဟာ မေးလိုက်သည်။
ယင်းနောက် လင်းဖန်ဟာ ဒုတိယ ဥက္ကဌ ဂေါင်ဟာ သူ့ကို မျက်လုံးချင်း ဆက်သွယ်ပြီး ထိန်းပြောရန် အချက်ပြနေတာကို တွေလိူက်ရပါတယ်။သို့ပေမယ့် သူ မမြင်ချင်ယောင်သာ ဆောင်နေခဲ့သည်။
"ဒါ အမှန်ပဲလေ"
လင်းဖန် ရိူးသားစွာ ဖြေလိုကိသည်။
"မာစတာ လင်း သူတို့ဘက်က ဘာလို့ရပ်တည်ခဲ့တာလဲ။တစ်ချို့လူတွေက မာစတာလင်း လူကို ရိုက်နှက်တာဟာ မှားတယ်လို့ ပြောနေကြတယ်။နောက်တ ရမိတာများရှိလားခင်ဗျ"
လင်းဖန် ရယ်မောပြီး ပြန်ဖြေလိုက်သည်။
"
"နောင်တလား။ကျုပ်က ဘာလို့ နောင်တရရမှာလဲ ကျုပ်သူ့ကို ရိုက်နှက်တယ်လို့တောင် ခေါ်လို့မရသေးဘူး။ဒီလိုလူတွေက သင်ခန်းစာ ပေးဖို့ လိုအပ်တယ်။ဒီလိုလူတွေကြောင့်ပဲ အဖွဲ့အစည်းက နာမည်ပျက်နေခဲ့တာ"
ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကို ကြားပြီး ကြောင်အသွားခဲ့သည်။သူ ဒါတွေကို ရပ်တန့်မှ ရပါမယ်။
သို့ပေမယ့် သတင်ထောက်တွေဟာ စိတ်အားထပ်သန်ပါတယ်။ သူလင်းဖန် အနားကိုတောင် သွားလို့ မရပါဘူး။လင်းဖန်ကို မေးခွန်းတွေ မေးနေတာကို ကြည့်နေယုံသာ တတ်နိင်တော့သည်။
"မာစတာ လင်း အဖွဲ့အစည်းကို ပူးပေါင်းပြီးနောက်မှာ ဘယ်လို မြင်မိလဲရှငိ့"
သတင်းထောက်တစ်ယောက်ဟာ မေးလိုက်သည်။
ဒီမေးခွန်းက အတော်အရေးကြီးပါတယ်။
အစိုးရိမ်ဆုံးကတော့ ဒုတိယဥက္ကဌ ဂေါင်ဖြစ်သည်။ ဒီကောင်လေး ဘယ်လို စကားလုံးတွေ ပြောလာဦးမလည်း သူတကယ် မခန့်မှန်းနိုင်ပါဘူး။
လင်းဖန် ပြုံးပြီးဖြေလိုက်သည်။
"ဒီမေးခွန်း အတွက်ကတော့ ကျွန်တော် ဖြေလို့ မကောင်းဘူးလို့ထင်တယိ။ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီကို ရောက်တာက နှစ်ရက်လောက်ပဲ ရှိသေးတာလေ။ဒါပေမဲ့ ဒီနှစ်ရက် အတွင်းမှာတင်ပဲ ကျွန်တော် မှာပြောစရာ တွေ အများကြီး ရှိနေတယ် လို့ပြောရမယ်..."