← Chapters

ကလန်ကဆန် မာစတာ လင်း

Vol. 8 Ch. 115

ကလန်ကဆန် မာစတာ လင်း

Vol. 8 Ch. 115

ဘာသာပြန် = စနိုးဝှိုက်

သတင်းထောက်တွေဟာ ဒီလိုစိတ်ဝင်စားစရာ အကြောင်းအရာ ကို ကြားရတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားနေကြသည်။

"သူ ဘာပြောဖို့ ကြံစည်နေတာလဲ"

ဒုတိယ ဥက္ကဌ ဂေါင်ကတော့ ပဟေဌိ ဖြစ်နေပြီး တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်လို့ ခံစားနေရပါတယ်။

သူဒီကိစ္စကို ပြောင်းလဲ ဖို့အတွက် အလျင်အမြန် ​ဝင်ပြောလိုက်သည်။

"နည်းပြ လင်း ၊ ဒီကို ခနလောက် လာလို့ရမလား"

လင်းဖန်ဟာ ဒုတိယ ဥက္ကဌ ဂေါင်ကို ကြည့်ကာ ပြန်ပြောလိူက်သည်။

"ဒုတိယ ဥက္ကဌ ခနလေး ၊ ကျွန်တော် သတင်းထောက်တွေနဲ့ အရင်ပြောလိုက်ဦးမယ်"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒါကို ကြားပြီးဝမ်းနညိးသွားခဲ့သည်။

သတင်းထောက်တွေနဲ့ အရင်ပြောမှာလား......?

မင်းမှာ ဘာတွေများ ပြောစရာ ရှိနေလို့ လည်းကွာ......

လင်းဖန် တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်း ဝန်းထဲက အဆောက်အဦးတွေကို လက်ညိုး ထိုးပြပြီး မေးလိုက်ပါတယ်။

"ခငိဗျားတို့ ဒီအဆောက်အဦးတွေကို ကြည့်ပြီး ဘယ်လိုထင်လဲ"

သတင်းထောက်တွေ အကုန်လုံး တစ်ဖက်ကို လှည့်ကာ အဆောက်အဦးတွေ ကိုကြည့်လိုက်ကြပါတယ်။အဆောက်အဦးတွေဟာ အိုဟောင်းနေပေမယ့်လည်း ကြီးမားတဲ့ ပြသနာတွေကို မတွေ့ကြရပါဘူး။

လင်းဖန် သူတို့ ပြောလာတာကို မစောင့်ပဲ ပြောလိုက်သည်။

"ဒီအဆောက်အဦးတွေက အိုဟောင်းပြီး၊ ယိုယွင်းပျက်စီးနေတယ်။အထူးသဖြင့် ငါ အပြင်ဘက်က လေ့ကျင့်တဲ့ ပစ္စည်းတွေကို စမြင်တဲ့ အချိန်မှာ ပြန်တောင် လှည့်ပြေးချင်စိတ် ပေါက်မိတယ်။ဒီလေ့ကျင့်တဲ့ ပစ္စည်းတွေက စုတ်ပြတ်နေပြီး တစ်ချို့ဆိုရင် မူလပုံစံတောင် ပျက်နေပြီ"

"အဲ့အချိန်မှာ ငါတွေးမိလိုက်တာက သူတို့ ဒါတွေနဲ့ ဘယ်လို့ လေ့ကျင့်နေကြတာတုန်းဆိုတာပဲ။ပြီးတော့ ငါ သင်တန်းသားတွေ သင်ကြားပေးတဲ့ အခန်းတွေကို သွားလိုက်တဲ့ အချိန်မှာ ပိုပြီးတေတာင် ထွက်ပြေးချငိသေးတယ်။အခန်းတွေက သင်ကြားပေးတဲ့ အခန်းနဲ့တောငိ မတူဘူး။အဲလောက်ကို အခြေနေဆိုးရွားတာ။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီလိုအခြေအနေမှာ သင်ကြားနေတဲ့ မာစတာ တွေကို လေးစားမိလိုက်တယ်"

သတင်းထောက်တွေကတော့ လင်းဖန်ရဲ့ဘစကားတွေကို ရေးမှတ်နေကြပါတယ်။သူတို့ဟာ မာစတာ လင်း လျောက်ပြောနေတယ်လို့သာ ထင်လိုက်ကြပါသည်။

ယင်းနောက်သူတို့ဟာ ဒုတိယ ဥက္ကဌ ဂေါင်ကို လှမ်းကြည့်လိုက်ကြသည်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ အခြေအနေကို သတိထားမိပြီး လည်ချောင်းရှင်းကာ ဝင်ပြောလိုက်ပါတယ်။

"မာစတာ လင်း ထောက်ပြသွားတဲ့ အချက်တွေကို ငါတို့လည်း သိထားပြီးပါပြီ။ဒါက အခုမှ ဖြစ်နေတာ မဟုတ်ဘူးလေ။တစ်ချို့ လေ့ကျင့်ရေး ပစ္စည်းတွေက အရမ်းစျေးကြီးပြီး အဖွဲ့အစည်း သင်းတန်ကြေးက အရမ်းနိမ့်လွန်းတယ်။ငါတို့ ဒါတွေကို အစားထိုးချင်ပေမယ့်လည်း ငါတို့ အရမ်းမကြိုးစားနိုင်ခဲ့ကြဘူးလေ။ရလာဒ်အနေနဲ့ ငါတို့ရဲ့ ရန်ပုံငွေက အရမ်းနည်းလွန်းတယ်။မာစတာ လင်း ထောက်ပြတဲ့ အချက်တွေ အတွက်ကတော့ ငါတို့ ငွေကြေးစီမံတဲ့ အပိုင်းက စတင်လုပ်ဆောင်နေပြီး ဒီအတွက် သပ်သပ်ဖယ်ထားပါတယ်"

လင်းဖန်ဟာ ရယ်မောကာ ပြောလိုက်သည်။

"ဒုတိယ ဥက္ကဌ ပြောတာမှန်တယ်။ဒီ အထောက်အပံ့ပစ္စည်းတွေက အရမ်းစျေးကြီးပြီးတော့ ရန်ပုံငွေ မလောက်တာကို နားလည်ပေးနိုင်ပါတယ်"

"မာစတာ လင်း အဲဒါဆို ဘာလို့ ဒီအကြောင်းကို ပြေတာပါလဲ ခင်ဗျ"

သတင်းထောက် တစ်ယောက်ဟာ ပြောလိုက်သည်။

လင်းဖန်ဟာ ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော် အဲဒါကိုပဲ ပြောမလို့ပါ။ကျွန်တော် ဘာလို့ အဖွဲ့အစည်းမှာ နေဖို့ စိတ်ပြောင်းသွားလဲ ဆိုတာကို ပြောပါရစေ။ကျွန်တော် အဖွဲ့အစည်းရဲ့ ရုံးခန်းကို ရောက်တဲ့အချိန်မှာ ကျွန်တော်ရဲ့ စိတိကို ​ ရုံးခန်းထဲက အသုံးအဆောင် အပြင်အဆင်တွေက ဆွဲဆောင်သွားခဲ့တယ်။ဒါတွေက တကယ့် ဇိမ်ခံပစ္စည်းတွေ ဖြစ်ပြီး အရမ်းမိုက်တယ်ဗျာ။အထူးသဖြင့် ဧည်သည်တွေ ထိုင်တဲ့ ထိုင်ခုံတွေပဲ။ကျွန်တော် အဲ့ထိုင်ခုံမှာ ထိုင်နေတုန်းက ခန္တာကိုယ်တစ်ခုလုံး သာယာ ငြိမ့်ညောင်းသွားတာပဲ။ဆိုဖာတွေကလည်း လုံးဝ အကောင်းစားတွေနော် လည်သာ အစစ်တွေနဲ့။ကျုပ်ဒါတွေကို မြင်ပြီး အဖွဲ့အစည်းက ထွက်ချင်ဦးမယ်လို့ ခင်ဗျားတို့ထင်လား။ကျုပ်လည်း ဒီလိုအရာတွေနဲ့ ဇိမ်ခံရဦးမယ်လေ။မဟုတ်ရင် ဒီအဖွဲ့အစည်းက လူတစ်ယောက်ပါလို့ ပြောရဲပါဦးမလား"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ သဘောတူစွာဖြင့် ခေါင်းညိမ့်လိုက်သည်။လင်းဖန်က အဖွဲ့အစည်းကို ဘယ်လိုမြောက်ပင့်ရမလဲ ဆိုတာ သိပုံရပါတယ်။သို့ပေမယ့် သူသေချာ စဥ်စားလို့တဲ့ အချိန်မှာ တစ်ခုခုလွဲနေတာ သတိထားမိလိုက်သည်။

ဒီကောင် ဘယ်လို လုပ်ဒီလို ပြောရတာလဲ...

ဒီစကားတွေ ကို သဘောပေါက်သွားတဲ့ အချိန်မှာ နေရထိုင်ရ အဆင်မပြေဖြစ်လာခဲ့ပါတယ်။

သတင်းထောက်တွေဟာလည်း အရူးတွေမဟုတ်ပေ။သူတို့ဟာ အတွေ့အကြံရှိပြီး လင်းဖန်ပြောချင်တဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။

သူတို့ ဒီအဓိပါယ်လောက်သာ နားမလည်နိုင်ရင် အထုတ်ပြင်ပြီး အလုပ်ထွက်သငိ့နေပြီဖြစ်သည်။

ယင်း​ေနာက် သူတို့ဟာ မေးလိုက်သည်။

"မာစတာ လင်း ပြောချင်တာက အဖွဲ့အစည်းက မှားယွင်းတဲ့နေရာ မှာ ရန်ပုံငွေတွေ သုံးစွဲနေတယ်လို့ပြောချင်တာလား ခင်ဗျ"

လင်းဖန် သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်ပါတယ်။

"သတင်းထောက်တွေဟာ ကျွန်တော်ပြောတာကို သဘောပေါက်မှာပါ။ဒါပေမယ့် ကျွန်တော် ဒါကို မဖြေနိုင်ဘူး။ကျွန်တော် ဒီကို ရောက်လာတာ နှစ်ရက်ပဲ ရှိသေးတာလေ။အဖွဲ့အစည်းကလည်း သူ့အမြင်နဲ့သူရှိမှာပေါ့။ခင်ဗျားတို့ ဒီမှာရောက်နေကတည်းက အထဲကို ဝင်ပြီး လိုက်ကြည့်ရင်ရော ဘယ်လိုလဲ"

အဲ့အချိန်မှာတော့ ဒုတိယ ဥက္ကဌ ဂေါင်ဟာ လင်းဖန်လိုကောင်မျိုးကို အဖွဲ့အစည်းထဲ ဖိတ်ခိုင်းတဲ့အတွက် ဒေါသထွက်နေခဲ့ပါတယ်။

လင်းဖန် ဒုတိယ ဥက္ကဌ ဂေါင်ကို ကြည့်ကာ ပြောလိုက်သည်။

"သတင်းထောက်တွေက အထဲရောက်နေပြီ ဝင်ကြည့်လို့လည်း ဘာမှ မဖြစ်ဖူးမလား"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒေါသထွက်နေပေမယ့်လည်း အခြေအနေက သဘောမတူလို့ မရပါဘူး။

ဒီမှာ သတင်းထောက်တွေ အများကြီးရှိနေပြီး စကားတစ်ခွန်းမှားတာနဲ့ သူ့နာမည်က ခေါင်းကြီးပိုင်းမှာ ပါလာမှာပါ။

လင်းဖန်းဟာ သတင်းထောက်တွေကို အထဲခေါ်သွားလိုက်သည်။

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဟာတော့ တီးတိုး ဆွေးနွေးနေကြပါတယ်။

"ချီးပဲ တကယ်ကြီးဟ"

"ပြသနာ တစ်ခုတောင်ရှင်းရသေးဘူး၊ ဒီကောင်က နောက်တစ်ခုကို စတင်နေပြီ"

"ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ။ရုံးခန်းထဲက အရာတွေက ငါတို့နဲ့မှ မဆိုင်တာ။ငါတို့က ဒီလို ပျက်ဆီးနေတဲ့ အသုံးအဆောင်တွေနဲ့ပဲ အသုံးပြုနေရတယ်။အခုတော့ သူတို့ လုပ်နေတာတွေ ဖော်ထုတ်မယ့် အချိန်ရောက်လာပြီ"

"မာစတာ လင်းက ကြမ်းတယ်နော်။သူမလို့ ဒီလိုစကားတွေ ပြောရဲတယ်။ငါဆိုရင်တော့ ပြောရဲမှာမဟုတ်ဘူး"

"ဒုတိယ ဥက္ကဌ ဂေါင်ရဲ့ မျက်နှာကို ကြည့်လိုက်ပါဦး။သတင်းထောက် တွေပြန်သွားတာနဲ့ သူပံဲကြမ်းတော့မယ် ထင်တယ်"

"အဖွဲ့အစည်းက ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ့်ရမလဲ မသိဘူး။အကုန်လုံးက ကျိုးပဲ့နေပေမယ့် သူတို့က အသစ်ပြန်အစားထို့ဖို့ စိတ်ကူမရှိကြဘူး။အခုအားလုံးပေါ်တော့မှာ ဆိုတော့ ငါတိ့အတွက်ကောင်တယ်"

....

လင်းဖန် သတင်းထောက် တွေကို အထဲကို ခေါ်လာခဲ့သည်။

"ဒီရေပြင်ညီ ဘားတန်းကို ကြည့်။ဒါက ငါတို့မှာ ရှိနေတဲ့ ပစ္စည်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်"

"ပြီးတော့ စားပွဲတင် တင်းနစ်ခုံကိုကြည့် ကျိုးပဲ့နေတာ လကမ္ဘာလိုပဲ ။ ဒါကို ကမ္ဘာ့ပြိုင်ပွဲမှာ အသုံးပြုရင် ချန်ပီယံဖြစ်မယ့်လူက ငါတို့ ကိုယ်ခံပညာ အဖွဲ့အစည်းကလူတောင် ဖြစ်နိုင်တယ်။အရှိန်ပြင်းတဲ့ ဘောလုံး ဒီအပေါ်မှာ ရှိနေတာကို မြင်ယောင်ကြည့်လိုက်စမ်းပါ။နိုင်ငံခြားသား ချန်ပီယံတွေတောင် ဒီလို ခုံမှာ ကစားတတ်မှာ မဟုတ်ဘူး"

သတင်းထောက်တွေ ဟာ လင်းဖန်ရဲ့စကားကို ကြားပြီးရယ်မောလိုက်ပါတယ်။

သူတို့နောက် မှာရှိနေတဲ့ ဒုတိယ ဥက္ကဌ ဂေါင်ရဲ့မျက်နှာဟာတော့ မဲနက်နေခဲ့သည်။သူ့ကို ကင်မရာတွေ ချိန်တဲ့ အခါမှာ အနည်းငယ် ရှက်ရွံ့နေခဲ့ပါတယ်။

သူတို့ စာသင်ခန်းတွေကို ရောက်လာသည့် အချိန်တွင်။

ကျန်းတောင်နဲ့ သူ့ငယ်ချင်းငါးယောက်ဟာ ကြိုးစားလေ့ကျင့်နေကြပါတယ်။

"ကြည့် ဒီက ကလေးတွေက တကယ်ကြိုးစားလေ့ကျင့်ကြတယ်။ဒါပေမယ့် အခန်းထဲဝင်ရင် ဂရုစိုက်နော်။ကြမ်းခင်းတွေက သိပ်ခိုင်တာ မဟုတ်ဘူး။ခင်များတို့ အတော်တဆ ကျွံပြီး ပြုတ်ကျသွားရင် ကျုပ်မှာ ဆေးဖို့ပေးဖို့ ပိုက်ဆံ အလုံအလောက်မရှိဘူးနော်"

လင်းဖန် ပြုံးကာ ပြောလိုက်သည်။

ကျန်းတောင်နဲ့သူငယ်ချင်းများဟာ လင်းဖန်ကို မြင်ပြီး ပြေးလာကာ နှုတ်ဆက်လိုက်ကြပါတယ်။

"နည်းပြလင်း"

ကင်မရာ မန်းတွေဟာ ကလေးတွေကို ဓာတ်ပုံူရိုက်နေပေမယ့် အနညး်ငယ် ကြောက်ရွံ့နေကြသည်။

မျက်နှာကျတ်ပေါ်မှာ ရှိနေတဲ့ လျှပ်စစ်ပန်ကာကအတော်လှုပ်ခတ်နေပြီး အချိန်မရွေးပြုတ်ကျတော့မယ့် ပုံပါပဲ။

"အားလုံးပဲ ဂရုစိုက်ကြနော်။အဲ့ပန်ကာကလည်း ဘယ်တော့ ပြုတ်ကျမလဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး။တကယ်လို့ ပန်ကာသာ ခင်ဗျားတို့ အပေါ်ကို ပြုတိကျရင် မတွေးရဲစရာပဲ"

လင်းဖန်ဟာ ပြောလိုက်သည်။

သတင်းထောက်တွေဟာ ပန်ကာကိုပါ ဓာတ်ပုံရိုက်ကြပါတယ်။သူတို့ ဒီကို လာပြီးတွေ့ချင်တာတေကို အကုန်လုံးတွေ့လိုက်ကြရပါတယ်။

လင်းဖန်ဘေးပတ်လည် ကိုကြည့်ကာ ပြောလိုက်သည်။

"ဒီနေရာက ကြည့်စရာ သိပ်မရှိဘူး။ဒီနေ့ရာသီဥတုကလည်း အတော်ကို ပူတယ်။အဲကွန်းလေး ဘာလေးရှိတဲ့ ရုံးခန်းကို သွားကြရင်ကော ဘယ်လိုလဲ။အဲ့မှာက ပိုပြီး သာသာယာယာ ရှိမယ် ထင်တယ်။ပြောစရာရှိလည်း အဲ့ကြမှ ပြောကြပေါ့"

သတင်းထောက်တစိယောက်ဟာ ပြောလိုက်သည်။

"သေချာ တာပေါ့ မာစတာ လင်းက အဲလောက်တောင် ချီးကျူးနေမှတော့ အဲ့ရုံးခန်းက တော်တော် ကောင်းလောက်မယ်"

တစ်ခြား သတင်းထောက်တွေဟာ လည်း ထောက်ခံလိုက်ကြပါတယ်။သူတို့ သတင်းရေးစရာ အကြောင်းအရာတွေကို လိုချင်တာ ဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိကြသည်။

သူတို့ ဒါတွေကို သေချာဖော်ထုတ်ရမှာပါ။သူတို့ ဒါတွေ ဖြစ်နေလိမ့်မယ် လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ချွေးပျံနေခဲ့သည်။ဒီငနဲက အကုန်လုံးကို ဖော်ထုတ်ဖို့ ကြိုစားနေတာပါ။

သူ လင်းဖန်လို ငမွှေကောင် ကို အဖွဲ့အစည်းထဲ ခေါ်မိတာကိုပဲ နောင်တတွေရနေခဲ့သည်။

ဒီလိုကောင်မျိုးကို ဘာတွေ သဘောကျပြီး ဖိတ်ခေါ်ချင် နေတာလဲ....

ကျောင်းဖေးဟာလည်း အကူညီမဲ့စွာ ကြည့်နေခဲ့ပါတယ်။အခြေအနေတွေကတော့ ပိုရှုပ်ထွေးလာခဲ့ပါပြီ။

မာစတာ လင်းက မပြောခင်ဘာလို့ အဖွဲ့အစည်းအတွက် မစဥ်းစား တာလဲ.....

ဒါပေမဲ့ လင်းဖန်က တော့ အဖွဲ့အစည်းအတွက် လုံးဝ ဂရုမစိုက်ပေ။သူတို့ သူ့ကို လာရှုပ်ပြီးဆိုကတည်းက သူကလည်း သူတို့အတွက် ငရဲကို လမ်းပြပေးဖို့ ဝန်မလေး ပါဘူး။

All Chapters