← Chapters

သူတို့ ပူပင်သောကရောက်ကြပါစေ

Vol. 8 Ch. 116

သူတို့ ပူပင်သောကရောက်ကြပါစေ

Vol. 8 Ch. 116

ဘာသာပြန် = စနိုးဝှိုက်

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်း၏ ရုံးခန်းတစ်ခုတွင်။

လင်းဖန်ဟာ အဖွဲ့အစည်းကို ရောက်လာတာ နှစ်ရပ်လောက်သာ ရှိသေးပေမယ့်လည်း သူဟာ စွမ်းအားရှစ်မျိုးလက်သီး သိုင်းရဲ့ သဘာပတိ တစ်ယောက်ဖြစ်တာကြောင့် ကိုယ်ပိုင်ရုံးခန်းတစ်ခုရှိပါတယ်။

ရုံးခန်ဟာ အရမ်းမကြီးပဲ မီတာ ၂၀ ပတ်လည်ခန့်သာရှိသည်။သို့ပေမယ့် ဒါက လုံးဝကို ဇိမ်ခံ ရုံးခန်းတစ်ခုပါ။အမိုက်စား အလုပ်စားပွဲနဲ့ သက်သောင့်သက်သာရှိတဲ့ ဆိုဖာ တွေလည်း ရှိပါတယိ။

"မိုက်တယ် တကယ်မိုက်တယ်"

သတင်းထောက်တွေဟာ ရုံးခန်းထဲကို ဝင်လိူက်တာနဲ့ရေရွတ်လိုက်ကြပါတယိ။အချိန်က မနက်ခင်းပိုင်းသာ ရှိသေးပေမယ့်လည်း အပြင်ဘက်မှာ နေက အတော်ကို ပူနေခဲ့တာပါ။

လင်းဖန်ဟာ ထိုင်ခုံထိုင်လိုက်ပြီး မျက်မှောင် ကျုတ်ကာ ပြောလိုက်ကါတယ်။

"ဒီနေရာက တော်တော် ကောင်းတယ်မလား၊ ဘယ်သူမှ မရှိတဲ့ အချိန်မှာတောင် အဲကွန်းကို ဖွင့်ထားတာ။ဒါကြောင့် အမြဲတမ်း အေးနေတာလေ"

သတင်းထောက်တွေဟာ ဘေးဘက်တွေကို ကြည့်လိုက်ပြီး စတင်မှတ်သားနေကြပါတယ်။ဒါက ခေါင်းကြီးပိုင်းမှာ ရေးဖို့ လုံလောက်တဲ့ အရာတွေပါ။

"တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ အဲကွန်းနံပါတတ်က ၂၄/၇ ပဲ"

"ဒီအဖွဲ့အစည်းမှာ ပြသနာတွေ ဒီလောက်တောင် များလိမ့်မယ် လို့ ငါမထင်ထားခဲ့မိဘူး"

"ဟုတ်တယ် မျက်လုံးနဲ့သာ မမြင်ရရင် ဒီလိုတွေ ဖြစ်နေတာတောင် သိမှာ မဟုတ်ဘူး"

"စားပွဲပေါ်က ကွန်ပြူတာကို တွေ့လား အဲတာက အနည်းဆုံး ဒေါ်လာ ၈ ထောင် ၉ ထောင်လောက်ရှိတယ်"

"ဒီဆိုဖာ တွေက ထိုင်ရတာ အတော် သက်သောင့်သက်သာရှိတယ်။လည်သာ အစစ်နဲ့ လုပ်ထားတာ သေချာတယ်။ငါဒါကို ထည့်ရေးရမယ်"

"မာစတာ လင်းက အဖွဲ့အစည်းရဲ့ အကြောင်းအရာတွေ ပေါ်သွားမှာကို မကြောက်တာလား"

"ဟုတ်တယ် တကယ်တော့ သူကြောက်သင့်တာ"

.....

အဲ့အချိန်မှာတော့ ဒုတိယ ဥက္ကဌ ဂေါင်ဟာ အခြေအနေ အတော် ဆိုးရွားနေခဲ့ပါတယ်။လက်ရှိသူ့ပုံစံက သတင်းထောက်တွေ ရှေ့မှာ ကိုယ်တုံးလုံးနဲ့ ရပ်နေတဲ့ လူတစ်ယောက်လို ဖြစ်နေပြီး ဘယ်နားကို ပြေးပုန်းရမယ် မှန်းလဲ မသိပါဘူး။

တစ်ခြားတစ်ဘက်မှာတော့ ကျောင်းဖေးဟာ ဆွံ့အနေခဲ့သညိ။မာစတာ လင်း အကုန်လုံးကို ဖော်ထုတ်ချင်နေတာ ထင်ရှားပါတယ်။အခုက ဝမ်ယန်ဂျီ ကိစ္စနဲ့တောင် မဆိုင်တော့ပါဘူး။အဖွဲ့အစည်းရဲ့ ကိစ္စဖြစ်လာပါပြီ။

တကယ်လို့ ဒီကိစ္စတွေ အပြင်ကို ရောက်သွားရင် ကျိန်းသေ ဝေဖန်ခံရမှာပါ။ဝေဖန်ရုံတင်ဆိုရင် တောင် ပြသနာ မဟုတ်သေးပါဘူး အခြေအနေက အဲ့ထက်ဆိုးသွားမှာကို ကြောက်ရွံ့ရတာပါ။

မာစတာ လင်းကို တော့ အလယ်မှာထိုင် ကာ မေးခွန်းတွေကို ဒိုင်ခံဖြေကြားပေးနေခဲ့ပါတယ်။သူ့ ကြည့်ရတာတော့ အတော်ပျော်နေတဲ့ ပုံပေါ်ပြီး နောက်ဆက်တွဲကိစ္စတွေ ကို လုံးဝ စိတ်မပူတဲ့ အနေအထားပါ။

မာစတာ လင်းက နည်းနည်း စည်းကျော်သွားပြီ.....

သူက ဒုတိယ ဥက္ကဌ ဂေါင်ကိုတောင် ကန်ထုတ်ချင်နေတဲ့ ပုံပါ။တစ်ခြား သဘာပတိတွေတောင် သူ့လုပ်ရပ် ကို စိတ်ဆိုးနေကြပုံပေါ်ပါသည်။

ဒါက လုံးဝကို ဇိမ်ခံလို့ကောင်းတဲ့ ရုံးခန်းတွေဖြစ်ပြီး မာစတာ လင်းရဲ့ လုပ်ရပ်ကြောင့် တစ်ခြား သဘာပတိ တွေတောင် သူတို့ ရှုပ်ခန်းမှာထိုင်ရမှာကို သက်တောင့်သက်သာ မရှိတော့သလို ခံစားလိုက်ကြရပါတယ်။

ကျောင်းဖေးဟာ မာစတာ လင်းဘာလို့ ဒီလိုလုပ်လဲ ဆိုတာကို သိပါတယ်။သူ့ရဲ့ ရင်ထဲမှာတော့ မာစတာ လင်းကို လက်မပေးချင်နေခဲ့တာပါ။သို့ပေမယ့် ဒီလုပ်ရပ်က အဖွဲ့အစည်းကို အတော်လေးထိခိုပ်စေနိုင်ပါတယ်။

သူ အစကတည်းက အဖွဲ့အစည်းမှာ ဒီပြသနာရှိမှန်းသိပေမယ့်လည်း သူ့ရဲ့ အဆင့်အတန်းအ မမြင့်တော့ ဘာမှ ဝင်မပြောရဲပါဘူး။ပြီးတော့ သူ ဒီရာထူးကို လိုအပ်ပါသေးတယ်။ဘာပဲဖြစ်ဖြစ် သူ့မိသားစုက ဒီကရတဲ့ ဝင်ငွေလေးနဲ့ မှီခို စားသောက်နေရတာ ဖြစ်ပြီး ဒီကိစ္စအတွက်သူ မရင်းရဲပေ။

"ဒုတိယ ဥက္ကဌ ဂေါင် မာစတာ လင်းရဲ့ အမြင်ကို ဘယ်လို ထင်ပါသလဲရှင့်"

"ခင်ဗျားက ဒုတိယ ဥက္ကဌ ဆိုတော့ ဒီကိစ္စတွေကို သိတယ်မလား။ရန်ပုံငွေ သုံးစွဲမူတွေက ဥက္ကဌ ရဲ့လက်မှတ်လိုတယ်လေ"

"ပြီးတော့ ဘာလို့ ဒီလိုနေရာတွေမှာ မသုံးပဲ အရေးကြီးတဲ့ သင်​ေထာက်ကူ ပစ္စည်းနေရာတွေမှာ မသုံးလဲ ဆိုတာ ရှင်းပြပေးပါ"

သတင်းထောက်တွေဟာ ဒုတိယ ဥက္ကဌ ဂေါင်ကို ကျဥ်းထဲ ကျပ်ထဲရောက်စေတဲ့ မေးခွန်းတွေကို မေးနေခဲ့ပါတယ်။

ဒုတိယ ဥက္ကဌ ဂေါင်ဟာ ဒေါသထွက်နေပေမယ့် လည်း အခုက အချိန်ကောင်း မဟုတ်ဘူး ဆိုတာ သူသိပါတယ်။

သူ ဒီမေးခွန်းတွေကို ပြန်ဖြေဖို့ သာတတ်နိုင်ပြီး ဘယ်လို စဖြေရမလဲ တောင်မသိတော့ပါဘူး။

ဒါက နဂိုကတည်းက ရှုပ်ထွေးနေတဲ့ အရာဖြစ်ပြီး သူတို့ကို အကုန်ထပ်ရှင်းပြလို့ မလွယ်ပေ

.......

ဝမ်ယန်ဂျီဟာ သူ့အိမ်မှ ထွက်လာခဲ့သည်။သူဟာ မနေ့က ကိစ္စကို ဒေါသထွက်နေပါသေးတယ်။အထူးသဖြင့် ဗီဒီယို နဲ့ မှတ်ချက်တွေကို ကြည့်ပြီးတဲ့ အချိန်မှာပါ။

ဒါက အကုန်လင်းဖန်ကြောင့်ပါ။သူ့ကြောင့်သာ မဟုတ်ရင် အခြေအနေတွေက ဒီလောက်အထိဖြစ်လာမှာ မဟုတ်ပါဘူး။

အဆောက်အဦးတွေ ဆီကို ရောက်တဲ့ အချိန်မှာ အဖွဲ့အစည်းထံမှ လူတစ်ချို့ဟာ ဝမ်ယန်ဂျီ ကိုဘကြည့်ပြီး တီးတိုးပြောဆိုနေကြပါတယ်။

"ဒီတစ်ခါတော့ ဝမ်ယန်ဂျီ ပိုပြီး နာမည်ကြီးတော့မယ် ထင်တယ်"

"ဟားဟား ကျော်ကြားတာလား။သတင်းထောက်တွေက အထဲမှာ အပြုံလိုက်ကြီး သူဘယ်လို ဖြေရှင်းမလဲ စောင့်ကြည့်ကြရအောင်"

"မာစတာ လင်းက ဒီတစ်ကြိမ်တော့ အကြီးကြီး မွှေလိုက်ပြီ။သူက ဝမ်ယန်ဂျီနဲ့ ပြသနာကို တောင် ဘာမှမပြောဘူး သူက အဖွဲ့အစည်းကို ဖော်ထုတ်ချင်နေတာ"

"မာစတာ လင်းက ရူးသွားတာပဲ ဖြစ်မယ်။ဒါပေမယ့် ငါသူ့ကို လေးစားတယ် သူပြောတာတွေက အကုန်အမှန်တွေ ချည်းပဲလေ။ဒီ ကိုယ်ခံပညာ အဖွဲ့အစည်းက အတော်ရှက်ဖို့ကောငိးတယ်။ဒါက ငါတို့အတွကိလေ့ကျင့်ဖို့ နေရာကောင်းတစ်ခုတောင်မဟုတ်ဘူး။နိုင်ငံရဲ့ ယဥ်ကျေးမူကို မြင့်တင်ပေးဖို့ ဆိုတာကတော့ ပြောမနေနဲ့တော့။ဒါက အကြီးအကဲ တွေရဲ့ အိမ် နဲ့ပဲ တူနေတယ်"

"အသံကို တိုးတိုးပြော တစ်ခြားလူတွေ ကြားသွားမယ်"

......

ဝမ်ယန်ဂျီဟာ လူသွားလမ်းတွေ ဆီကို လျောကိသွားနေခဲ့သည်။သူ တစ်ခုခုမှားနေတာ ခံစားမိပေမယ့်လည်း အများကြီးတွေးမနေတော့ပါဘူး။

အပြင်ဘက်မှာ သတင်းထောက်တစ်ယောက်မှ မရှိတော့ သူ အကုန်လုံးပြန်သွားပြီလို့ ထင်ထားခဲ့တာပါ။

သို့ပေမယ့် သူ လူသွားလမ်ကို ရောက်တဲ့ အချိန်မှာ သတင်းထောက်တွေ အများကြီးကို မြင်ပြီး ဆွံ့အသွားခဲ့သည်။သတင်းထောက် အများကြီးကို လင်းဖန်က နိုင်ငံခြားသားတွေကို ရှင်းပြတဲ့ လမ်းပြတစ်ယောက်လို သေချာရှင်းပြနေခဲ့ပါတယ်။

လင်းဖန်ဟာ ဝမ်ယန်ဂျီကို တွေ့လိုက်ပြီး လက်ညိုးထိုးပြလိုက်သည်။

"ဒါက ဝမ်ယန်ဂျီပဲလေ တကယ်လို့ ခင်ဗျားတို့မှာ မေးစရာရှိရင် သူ့ကို မေးလို့ရတယ်"

ဝမ်ယန်ဂျီ ပြန်လှည့်ပြေးမလို့ ပြင်နေတုန်းမှာပဲ သတင်းထောက်တွေ ဟာ သူ့ဆီကို ဝန်းရံ လာခဲ့ပါတယ်။

လင်းဖန် ဒီကိစ္စကို ထပ်ပြီးတော့ စိတ်မဝင်စားတော့ပါဘူး။ယင်းနောက် သူအောက်ဘက်ကို ဆင်းသွားခဲ့သည်။ဒီပြသနာကို သူတို့ ဖြေရှင်းရမှာ ဖြစ်ပြီး သူနဲ့ မဆိုင်တော့ပေ။

ဒါပေမယ့် ဝမ်ယန်ဂျီ လူမှားပြီး ရှုပ်မိသွားပြီ ဆိုကတော့ သိသင့်ပါတယ်။ထပ်ပြောရရင် ဒီလူက သု့ကျောင်းသားတွေဟာ တောင်းပန်မူနဲ့ မတန်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ပါ။

ကောင်းပြီလေ ငါနဲ့ လာရှုပ်လို့ နောက်ဆက်တွဲ ဘာဖြစ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့.....

အောက်ဘက်တွင်။

အဖွဲ့အစည်းက အဖွဲ့ဝင်များဟာ လင်းဖန်နဲ့ သိပ်မရင်းနှီးပေမယ့်လည်း လင်းဖန်ရဲ့ ရဲရင့်မူတွေကို အားကျနေခဲ့ကြပါတယ်။လင်းဖန် လုပ်သလိုမျိုးက သူတို့ ဘယ်တော့မှ လုပ်ရဲမှာမဟုတ်ပါဘူး။

"မာစတာ လင်း"

လင်းဖန် လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခြားလူမျာဟာ ဂုဏ်ယူတယ်ဆိုတဲ့ အမူအရာဖြင့် လက်မတွေ ထောင်ပြနေကြပါတယ်။

လင်းဖန် သူတို့ကို ပြန်ပြုံးပြလိုကိသည်။လင်းဖန်အတွက်ကတော့ ဒီကိစ္စက သိပ်အားထုတ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။သူ မဖော်ထုတ်ရင်တောင် အကုန်လုံးက တစ်ချက်ကြည့်လိုက်တာနဲ့ မြင်နိုင်ပါတယ်။

ကျောငိးဖေးဟာ လင်းဖန်နောက် ကို အမြန်လိုက်လာပြီးနောက် ပြောလိုကိသည်။

"မာစတာ လင်း ကျုပ်ခင်ဗျား လုပ်တာတွေ ပြောတာတွေကို သလောကျပါတယ်။ဒါပေမယ့် ဒီတစ်ခါက နည်းနည်းများသွားတယ်နော်"

လင်းဖန်ဟာ ပြုံးပြီး ပြောလိုက်သည်။

"သိပ်မများပါဘူး။ကျုပ်က တစ်ခြားလူတွေ မပြောရဲတာကို ပြောပြရုံပဲ ရှိတာ။ကြည့်ရတာ ကျုပ်ဒီအဖွဲ့အစညိးမှာ ဆက်နေလို့ မရတော့ဘူးထင်တယ်"

"အဲတာတော့ မပြောနဲ့တော့။ခင်ဗျားကိုက အထက်ပိုင်း လူကြီးတွေက သီးသန့်အနေနဲ့ ဖိတိခေါ်ခိုင်းထားတာ။ဒုတိယ ဥက္ကဌ ဂေါင် မပျော်မရွင်ဖြစ်ရင်တောင်မှ သူ ခင်ဗျားကို အလုပ်ဖြုတ်ရဲမှာ မဟုတ်ဘူး"

ကျောင်းဖေးဟာ ပြောလိုကိသည်။သူကိုယ်တိုင်လည်း လင်းဖန် လို စွမ်းဆောင်ရည် ရှိတဲ့ လူတစ်ယောက်ကို ထွက်မသွားစေချင်ပါဘူး။

တကယ်လို့ ဒါသာ ပုံမှန်လူတစ်ယောက်ဆို ရင် ဒီလို မတော်တဆ မူအပြီးမှာ ထုတ်ခံရမှာ သေချာပါတယ်။သို့ပေမယ့် မာစတာ လင်းက အထက်ပိုင်း ဌာနက သေချာညွှန်းကြားပြီး ဖိတ်ခေါ်ခိုင်းထားတဲ့ လူတစ်ယောက်ပါ။

အထက်က ညွှန်ကြားချက်မရှိပဲ ဒုတိယ ဥက္ကဌ ဂေါင်မှာ သူ့ကို ဖြုတ်ဖို့ ပါဝါ မရှိပါဘူး။

"ကောင်းပြီလေ သူ့တို့ဘာသာ ပူပန်နေကြပါစေ။ကျွနိတော် ကလေးတွေ ကို သွားလေကြကျင့်ပေးလိုက်ဦးမယ်"

လင်းဖန်ဟာ ပြောလိုက်သည်။

သူအလုပ်မပြုတ်ဘူး ဆိုတော့ ကျန်တာတွေ ဂရုမစိုက်တော့ပါဘူး။အခြေအနေတွေ စမ်းသပ်ကြည်ရုံပဲရှိပါတယ်။

ကျောင်းဖေးဟာတော့ လမ်းလျောက်ထွက်သွားတဲ့ လင်းဖန်ကို ကြည့်နေခဲ့သည်။သူ့ရင်ထဲမှာတော့ လင်းဖန်ကို လေးစားနေခဲ့ပါတယ်။

လူတိုင်းဟာ လင်းဖန်လို့ လူမျိုးဖြစ်ချင်ကြပေမယ့် လည်း သူ့လို သတ္တိမျိးမရှိကြပါဘူး။

အခြေအနေတွေ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ ပြောဖို့ ခဲယမ်းလှပါသည်။သို့ပေမယ့် ကျိန်းသေတာတစ်ခုကတော့ အဖွဲ့အစည်းက အရာရာဖော် ထုတ်ခံလိုက်ရတော့မှာပါ။

ဒါဟာ အဖွဲ့အစည်းမှာရှိတဲ့ အောက်ခြေအဖွဲဝင်တွေ အတွက်ကောင်းမွန်တဲ့ အရာဖြစ်ပြီး အဖွဲ့အစည်းကတော့ သူ့တို့ရဲ့နည်းစနစ်တွေကို ပြောင်းလဲချိန်တန်ပြီလို့ ပြောလို့ရပါတယ်။

All Chapters