← Chapters

ဘယ်လို ခေါင်းမာတဲ့ကောင်လဲ

Vol. 8 Ch. 117

ဘယ်လို ခေါင်းမာတဲ့ကောင်လဲ

Vol. 8 Ch. 117

ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းတွင်။

ရာသီဥတုက ကောင်းပေမယ့်လည်း အပူချိန်ကတော့ မြင့်တက်လျက်ရှိပါတယ်။

လက်ရှိမှာတော့ အင်တာနက်ဟာ လှုပ်ရှားမူများ ဆွေးနွေးမူများနဲ့ ပြည့်နှက်နေခဲ့သည်။

UC သတင်းဌာနကလည်း သတင်းအသစ်တွေ ထုတ်ပြန်နေခဲ့ပါတယ်။

"ကြားဖြတ်သတင်း : တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ဖော်ထုတ်ခံရမူ ဟာ တစ်စုံတစ်ယောက်နဲ့ ပတ်သက်နေတယ်"

ပြည်သူများ ဆွေးနွေးကြသည့် နေရာတွင်တော့။

"သတက်းခေါင်းစဥ်က ဘာဖြစ်နေတာလဲ"

"ငါက သတင်းဖတ်ချင်တာနော် မှတ်ချက်တွေ ဖတ်ချင်တာ မဟုတ်ဘူး"

"စာ တည်းဖြတ်တဲ့ကောင် ငရဲသာသွားလိုက်တော့။ခေါင်းစဥ်ကို အဲလို စကားလုံးထောင်ချီရေးထားလို့ရလား"

.....

လူအများကြီးဟာ ဝိုက်ဘိုပေါ်မှာ ရှာဖွေနေကြပြီး အဖွဲ့အစည်း ကို အပြစ်တင် ဝေဖန်နေကြပါတယ်။

"ငါ တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းကို ဒီလိုဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့မိဘူး။သူတို့က ရန်ပုံငွေတွေကို ဇိမ်ခံဖို့ သုံးစွဲနေတာပဲ"

"ဒီလူက တကယ်မိုက်တယ် နော် သူက အလုပ်ထုတ်ခံရမှာကို ကြောက်ပုံမရဘူး"

"မင်းဘာကို ပြောနေတာလဲ။မာစတာ လင်းက အဖွဲ့အစည်းကို ပိုက်ဆံအတွက် ဝင်ထားတာမဟုတ်ဘူး။အဖွဲ့အစည်းကို အနည်းငယ် မျက်နှာသာ ပေးချင်လို့ သာ ဝင်ထားတာ"

"ဟားဟား စောက်ဆန်းကြီး ၊ ဘားဆွဲတဲ့ တိုင်ကို သတင်းခေါင်းစဥ်လုပ်ပြီးရေးထားတယ်"

"ဒီလို့ ပတ်ဝန်ကျင်းမျိုးမှာ ဘယ်လို ထူးချွန်တဲ့ လူမျိုးတွေ ထွက်လာနိုင်မလဲ ငါတကယ် သိချင်မိတယ်"

"အဖွဲ့အစည်းကို ဟန်လု စိန်ခေါ်တုန်းက သူတို့ဘာလို့ ခေါင်းမထောင်နိုင်လဲ ဆိုတဲ့ အကြောင်းအရာကို ငါတို့ သိလိုက်ရပြီ"

....

လင်းဖန် ဝိုက်ဘိုကိုကြည့်ပြီး တရုတိကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဝင်ပေါက်ကို ကားမောင်းလာခဲ့ပါတဟ်။

သူ့ပရိတ်သတ်တွေ များလာတာကို သူ သတိထားမိခဲ့ပါတယ်။သူတို့ရဲ့ မှတ်ချက်တွေနဲ့ ရီဗျူး တွေဟာ အကောင်းမြင်တဲ့ ဘက်ခြမ်းကနေဖြစ်ပြီး မှတ်ချက်တစ်ခုဟာ သူ့ကို သဘောကျသွား စေခဲ့သည်။

ဆောင်းဦးဓားနဲ့ ငါးသတ်တဲ့ ကောင်လေး

"လူလိမ်...ဒီကိစ္စကိုတော့ မင်းကို အသိအမှတ်ပြုပါတယ်။ဒါပေမဲ့ ဒီတစ်ခါပဲနော်..."

လင်းဖန်ဟာ ကားထဲမှ ထွက်ပြီး အဆောက်အဦးတွေ ဆီကို လမ်းလျောက်သးဖို့ လုပ်လိုက်သည်။

"ကောင်လေး မင်းက တကယ်ကို တစ်ခုခုပဲ"

အကြီးအကဲ နီဟာ လင်းဖန်ကို လပ်မထောင်ပြပြီး ပြောလိုက်ပါတယ်။

လင်းဖန်ပြုံးပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော် လုပ်နိုင်တာကို ပဲ လုပ်လိုက်တာပါ"

အကြီးအကဲ နီဟာ ခွန်းအား အပြည့်နဲ့ ပြန်ပြောလိုက်သည်

"ဒါက အဲလောက်မရိုးရှင်းဘူးလေ။ဒီလို လုပ်နိုင်ဖို့ ဆိုရင် လုံလောက်တဲ့ သတ္တိရှိဖို့ လိုအပ်တယ်"

"အကြီးအကဲက ကျွနိတော်ကို မြောက်နေတာပဲ။ကျောင်းသားတွေ စောင့်နေလို့ ကျွန်တော် သွားတော့မယ်"

လင်းဖန်ပြုံးပြီး ပြောလိုကိသည်။

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းမှာ လင်းဖန်ကို မုန်းတဲ့လူတွေလည်း အများကြီးရှိနေပေမယ့်ဘသူတို့ ဘာမှ မလုပ်နိုင်ကြပါဘူး။

ဒီလို့မျိုး သူ့ကို မုန်းတဲ့ လူတွေ သူ့ကိုဘာမှမလုပ်နိုင်တာကို သူသဘောကျပါတယ်။

စားသင်ခန်းကို သွားသည့် လမ်းတစ်လျောက်တွင်။

"မဂ်လာ မနက်ခင်းပါ နည်းပြလင်း"

လင်းဖန် ခေါင်းညိမ့်ပြီး ပြန်ပြောလိုကိသည်။

"မနက်ခင်းပါ"

လင်းဖန် အဖွဲ့အစည်း ထဲမှာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတာ်။အစတုန်းက ဒီလို ရဲရင့်တဲ့ လူမျိုး အဖွဲ့အစည်းထဲမှာ ရှိနေတာ ဘယ်သူမှ မသိကြပါဘူး။

သူဟာ အမှန်တကယ် အဖွဲ့အစည်းကို ဖော်ထုတ်ခဲ့ပြီး ဒုတိယ ဥက္ကဌ ဟာ ဒေါသထွက်ရုံပဲ တတ်နိုင်ပါတယ်။

တစ်ချို့လူတွေဟာ ဒုတိယ ဥက္ကဌ ဂေါင်ဟာ မနေ့ညက ဝမ်ယန်ဂျီကို အကြီးအကျယ် ဆူပူခဲ့တယ် ဆိုတာကို သိထားခဲ့ကြသည်။အဲ့အချိန်မှာ မသန်စွမ်းအဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ပါရှိနေပြီး သူတောင် စိတ်မကောင်း ဖြစ်ရပါတယ်။

တစ်ချို့ လူတွေကတော့ လင်းဖန်ကို မြင်တဲ့ အချိိန်မှာ ခေါင်းသာ ညိမ့်ပြကြပြီး ဝေးဝေးကနေ ရှောင်သွားခဲ့ကြသည်။လင်းဖန် ကတော့ သူတို့ကို ဂရုစိုက်မနေတော့ပါဘူး။သူက လူအများကြီးကို အပြစ်ပြုပြီးထားပါပြီ။

စာသင်ခန်းထဲတွင်။

"နည်းပြလင်း"

လင်းဖန် အခန်းထဲဝင်လိုက်တဲ့ အချိန်မှာ လီမင်မင်နဲ့ ကျန်တဲ့ လူတွေဟာ ဝိုင်းလာကြသည်။သူတို့လည်း မနေ့က လင်းဖန် လုပ်ခဲ့တာတွေကို သိထားကြပြီး အတော်ကျေးဇူးတင်နေကြပါတယ်။

လင်းဖန် လက်ခုတ်တီးကာ ပြောလိုကိသည်။

"ကောင်းပြီ စလိုက်ကြရအောင်။အချိန်က သိပ်ကျန်တော့တာမဟုတ်ဘူး။တကယ်လို့ ငါတို့ ကြိုစား မလေ့ကျင့်ရင် ရှိုးပွဲမှာ ပြသနာ တက်နိုင်တယ်"

ကျန်းတောင်ဟာ လင်းဖန်ကို ပြောလိုက်ငည်။

"နည်းပြလင်း စိတ်မပူပါနဲ့ ကြိုတော်တို့ ကြိုးစားပါ့မယ်။နည်းပြလင်းကို မျက်နှာ မပျက်စေရပါဘူး"

လင်းဖန်ဟာ ကျန်းတောက် ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီး ကြိုးစားကြ ။မပြောကြနဲ့တော့ မင်းတို့ အခြေအနေကို တစ်ချက်ကြည့်ရအောင်။ပြသနာ ရှိနေလားဆိုတာ"

"ဟုတ်"

ကျန်းတောင်နဲ့ တစ်ခြားလူများဟာ ပြောလိုက်ပြီး နှစ်ယောက်စီ သုံးတန်း တန်းလိုက်ပါတယ်။

လင်းဖန် လက်ခုတ်တီးပြီး ပြောလိုကိသည်။

"စလိုက်ရအောင်"

ကျားးးး

ကျန်းတောင်နဲ့ ကျန်တဲ့ လူများဟာ လက်တွေ ခြေထောက်တွေကို မြောက်ကာ စတင်လိုက်ကြသည်။

သူတို့ဟာ လက်တစ်ဖက်စီသာ ရှိကြပေမယ့်လည်း သူတို့ရဲ့လှုပ်ရှားမူတွေဟာ ညီညီညာညာရှိလှသည်။

"ဟုတ်တယ် ကောင်းတယ်။ဒါပေမယ့် တစ်ချို့နေရာတွေမှာ ပြသနာ ရှိသေးတယိ။ကျန်းတောင် မင်းလက်ကို အရမ်းမြောက်မထားနဲ့။လီမင်မင်က လက်ကို အကျဲကြီး မထားနဲ့နော်။ဟောင်ရာယွဲ့က စည်းချက်နဲ့ အချိန်အခါကို အလိုက်သင့် လိုက်လုပ်နိုင်ရမယ်။အရမ်း အလျင်မလိုနဲ့ ညီညာဖို့က အဓိကပဲ"

လင်းဖန်ဟာ ပြောလိုက်သည်။သူက စွမ်းအားရှစ်မျိုးလက်သီးသိုင်းကို တစ်ခြားလူတွေ ထက်ပိုသိပါတယ်။

"ဟုတ် နည်းပြလင်း"

...

သူတို့ဟာ နေ့လည်ဘက်အချိန်အထိ လေ့ကျင့်နေခဲ့ကြပါတယ်။

သူတို့ဟာ အမှန်အကန် ကြိုးစားနေကြပြီး လေထုဟာလည်း အတော်ကောင်းမွန်လှသည်။လင်းဖန် သူတို့ကို နေ့လည်စာကျွေးဖို့ ခေါ်သွားဖို့ လုပ်နေတဲ့ အချိန်မှာပဲ ကျောင်ဖေးဟာရောက်လာခဲ့သည်။

လင်းဖန်ဟာ သူတို့ရဲ့ ကတ်ကို ပေးလိုက်ပြီး ကျောင်းသားတွေကို အရင်သွားခိုင်းလိုက်ပါတယ်။

ကျောင်းဖေးဟာ မသက်မသာ အမူအရာဖြင့် ပြောလိုက်သည်။

"နည်းပြလင်း။ဒုတိယ ဥက္ကဌ ဂေါင်က ခင်ဗျားကို အစည်းအဝေးခန်းထဲ လာခဲ့ဖို့ပြောနေတယ်"

"အိုးကျုပ်ကိုပဲလား တစ်ခြားလူတွေရော ပါလား"

လင်းဖန် မေးလိုက်သည်။

"တစ်ခြား သဘာပတိတွေရော ပါတယ်"

ကျောင်းဖေးဟာ ပြောလိုက်သည်။

"ကျုပ်အမြင်တော့ ဒါက မရိုးရှင်းဘူနော်။စစ်မေးမှာ ကြနေတာပဲ"

"သွားကြမယ်"

လင်းဖန် ပြုံးကာပြောလိုက်သည်။

တရုတ်ကိုဟ်ခံပညာ အဖွဲ့အစည်းရဲ့ အကြောင်းအရာတွေဟာ လိုင်းပေါ်မှာ ပျံ့နှံ့နေပြီးတော့ သူတို့ ဒီအကြောင်းကို ဆွေးနွေးချင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကျောင်းဖေးဟာ တွေဝေကာ ပြောလိုကိသည်။

"မာစတာ လင်းအဲ့ကြရင် နဲနဲ့ အထိုက်အလျောက်နေဖို့ အကြံပေးချင်တယ်။ဒုတိယ ဥက္ကဌ ဂေါင်က ဖိအားတွေ များနေတော့ အခြေအနေကမကောင်းဘူး။သူ စကားတွေတောင် လွန်လာနိုင်တယ်"

လင်းဖန်ဟာ ကျောင်းဖေးကို ပြုံးကာ ပြောလိုက်သည်။

"ကျုပ်က အလိုက်အလျောက်နေတဲ့ လူလို့ ခင်ဗျားထင်လို့လား။ကောင်းပြီး သွားကြည့်ရအောင်"

ကျောင်းဖေးဟာ ဆွံ့အသွားခဲ့သည်။သူလင်းဖန်နဲ့ သိတာ ရက်အနည်းငယ်သာ ရှိသေးပေမယ့် လင်းဖန်က အထိုက်အလျောက်နေတတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ ပြောနိုင်ပါတယ်။

ဒုတိယ ဥက္ကဌ ဂေါင်သာ ဒေါသထွက်လာရင် သူ မျက်နှာသာ ပေးမှာ မဟုတ်ပါဘူး။

အဖွဲ့အစည်းမှ လူများဟာ နေ့လည်စာစားရန် အစားအသောက် ခန်းမကို လမ်းလျောက်နေကြပြီး သဘာပတိ လင်းဟာ အကြီးအကဲ ကျောင်းဖေးနဲ့အတူတူ အစည်းအဝေး ခန်းမဆီလျောက်သွားနေတာ မြင်တဲ့ အချိန်မှာ အံ့သြသွားကြသည်။

"အစောကလည်း ဒုတိယ ဥက္ကဌ ဂေါင်နဲ့ သဘာပတိတွေ အစည်းအဝေ ခန်းထဲ ဝင်သွားတာ တွေ့လိုက်ရတယ်။သူတို့ဝမ်းနည်းနေကြသလိုပဲ"

"ကြည့်ရတာ မာစတာ လင်းနဲ့ ကောင်းကောင်းစကားပြောချင်နေကြတယ် ထင်တယ်"

"မင်းတို့ ဒီနေ့ဝမ်ယန်ဂျီရဲ့ မျက်နှာကို မြင်လျုက်လား။သူ့ကြည့်ရတာ မျက်နှာကြီး မဲနက်နေတာပဲ"

"ဒီနေ့ အထက်ပိုင်းက ဒုတိယ ဥက္ကဌ ဂေါင်ကို ဆူလိုက်တယ် လို့ကြားတယ်"

လူတွေဟာ တိုးတိုးတိုးတိုး ဆွေးနွေးနေကြပေမယ့်လည်း ဒီပြသနာ ကြားထဲမှာ ဝင်မပါရဲကြပါဘူး။

ထပ်ပြောရရင် ဒုတိယ ဥက္ကဌ ဂေါင်က ဒေါသကြီးပါတယ်။သူတို့ပြောတာသာ ကြားသွားရင် ကျိန်းသေ အပြစ်ပေးခံရမှာပါ။

အစည်းအဝေးခန်းမထဲတွင်။

"ဒီလူငယ်လေးက များသွားပြီ ။နောက်ဆက်တွဲတွေကို မသိဘူးလား"

"ဒါက ဖြစ်ပြီးသွားပြီလေ။ဖြေရှင်းဖို့ပဲ စဥ်းစားကြရအောင်။မီဒီယာ ကို ဒီတိုင်း လွတ်ထားလို့မ ရဘူး"

"အထက်ကရော ဘာပြောသေးလဲ။သူတို့က ဘာလို့ ဒီလို ငမွှေကောင်ကို ဖိတ်ချင်နေရတာလဲ"

ဒုတိယ ဥက္ကဌ ဂေါင်ကတော့ ကြောင်တောင်တောင်ကြီး ထိုင်နေခဲ့သည်။သူတကယ်ကို ဝမ်းနည်းနေခဲ့တာပါ။

ဘာလို့ အထက်က ငါ့ကိုပဲ အပြစ်တင်ရတာလဲ.....

အထက်လူကြီးတွေက ပြသနာကို စတင်ခဲ့တဲ့ လူကို မေးပါတယ်။ဝမ်ယန်ဂျီကြောင့်သာ မဟုတ်ရင် ဒါတွေ စဖြစ်လာမှာ မဟုတ်ဘူး လို့တောင်ပြောကြပါသေးတယ်။

အထက်လူကြီးတွေဟာ ဒုတိယဥက္ကဌ ဂေါင်ကို သာ ဆူပူကျိမ်းမောင်း ကြပြီး တကယ်လို့ ဒီပြသနာ ကို မဖြေရှင်းနိုင်ဘူးဆိုရင် တာဝန်ကနေ ရပ်ဆိုင်း ခံရမယ် လို့ သတိပေးခဲ့ကြသည်။

ပြီးတော့ အထက်က ဘာအကြောင်းကြားစာမှ မပို့ပေးခဲ့ပါဘူး။သူတို့ ဒီပြသနာ ဖြေရှင်းတာကို စောင့်ကြည့်နေကြတာ ဖြစ်နိုင်ပါတယ်။

ဒင်ဒေါင်

ဒေါက် ဒေါက်

အခန်းထဲက လူများဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

"ဝငိခဲ့"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ မပျော်မရွှင် ပြောလိုက်ပါတယ်။

လင်းဖန်ဟာ ဝင်လာခဲ့လိုကိသည်။ကျောင်းဖေးကတော့ သိပ်ပြီး စီနီယာ မကျသေးလို့ ဝင်မလာခဲ့ပါဘူး။

အထဲမှာ လူခြောက်ယောက် ထိုင်နေကြပြီး ဝမ်ယန်ဂျီဟာလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။လင်းဖန် အထဲရောက်လာတဲ့ အချိန်မှာ ဝမ်ယန်ဂျီဟာ သူ့ကို စိုက်ကြည့်လိုက်သည်။

"ထိုင်ပါဦး"

ဒုတိယ ဥက္ကဌ ဂေါင်ဟာ လင်းဖန်ကို မသာမယာ ကြည့်ကာ ပြောလိုက်သည်။

လင်းဖန် ပြုံပြီး ပြန်ပြောလိုက်ပါတယ်။

"ဒုတိယ ဥက္ကဌ ဂေါင် ဘာကိစ္စလဲ ဆိုတာ ပြောပါလား။ကျွန်တော့် ကျောင်းသားတွေက နေ့လည်စာစား ဖို့အတွက် စောင့်နေကြသေးလို့"

ယင်းနောက် အခန်းထဲမှ တစ်ခုလုံးဟာ တိတ်ဆိတ်သွားခဲ့သည်။

ဘယ်လို ခေါင်းမာတဲ့ ကောင်လဲ.....

All Chapters