← Chapters

ဒါက အဖိုးကြီးတွေသွားရမယ့် နေရာ မဟုတ်ဘူး

Vol. 8 Ch. 119

ဒါက အဖိုးကြီးတွေသွားရမယ့် နေရာ မဟုတ်ဘူး

Vol. 8 Ch. 119

ဘာသာပြန် = စနိုးဝှိုက်

ညနေခင်း ၅ နာရီ အချိန်တွင်။

လင်းဖန်ဟာ တိမ်ဖြူလမ်းကို ရောက်လာခဲ့ပါတယ်။ဒီကို ရောက်ပြီးတဲ့ အချိန်မှာ သူဆိုင်ထဲက အခြေအနေကို အကဲခတ်လိုက်သည်။

အခုချိန်မှာဝူတန်ဟီ ရှိနေပြီ ဖြစ်ပြီး သူဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး။

"အခြေနေဘယ်လို ရှိလဲ၊ခင်ဗျား ခက်ခဲတဲ့ ပြသနာတွေပါတွေနဲ့ ကြုံရသေးလား"

လင်းဖန်ဟာ ဝူတန်ဟီ ကိုမေးလိုကိသည်။

ရုပ်လွန် ဒသနိက အဖွဲ့အစည်းက တစ်ယောက်ယောက်သာ ဝုတန်ဟီ ဒီလို အမေးခံရတာကို ကြားရင် သူတို့တွေ ရယ်ရလွန်းလို့ ချီးပါ ထွက်ကျနိုင်ပါတယ်။

ဝူတန်ဟီဟာ သူ့နေရာမှာတော့ ဘယ်သူမှ ယှဥ်ပြိုငိလို့ မရတဲ့ ဆရာတစ်ပါးပါ။

"ဟင်အင် မေးတဲ့ လူတွေ အကုန်လုံးက ပြသနာ အသေးလေးတွေပါ"

ဝူတန်ဟီဟာ ပြန်ဖြေလိုက်သည်။သူ ဒီက အလုပ်နဲ့ အသားကျနေခဲ့ပါပြီ။တစ်နေ့ကို လူဆယ်ယောက် ဟောပေးဖို့ ဆိုတာက သူ့အတွက်အတော်လွယ်ကူတဲ့ အရာပါ။

သို့ပေမယ့် တစ်ချို့ အကြောင်းကျိုး မဆီလျော်တဲ့ မေးခွန်းတွေကိုတော့ သူငြင်းဆန်ခဲ့သည်။ဒါက လင်းဖန် ခုနက မေးတဲ့အရာပါ။

ဒီ အသုံးမကျတဲ့ မေးခွန်းတွေ ဖြေလို့ရော ဘာထူးမှာ.....?

ဝူယူလန် ကတော့ လင်းဖန်ရဲ့ ဆိုင်က ဆွဲဆောငိမူတစ်ခုလိူပါပဲ။သူမရောက်လာပြီးနောက်ပိုင်း ယောက်ျားလေး လူငယ် ကာစတန်မာတွေ ပိုပိုပြီး များများလာခဲ့ပါတယ်။

လူလိမ်ထျန်ဟာ သူ့ဖုန်းကို ကြည့်နေရင်းနဲ့ ​လင်းဖန်ကို လှမ်းပြောလိုက်ပါတယ်။

"မင်းအကျင့်က ပိုပိုပြီး ဆိုးလာသလိုပဲနော်။မင်းက တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက လူတွေနဲ့တောင် သွားပြီး ရန်ဖြစ်နေလိုက်သေးတယ်"

လင်းဖန်ဟာ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကျုပ်မှာ သူတို့နဲ့ တိုက်ခိုက်လိုစိတ်မရှိပါဘူး။ဒါပေမဲ့ ဒီလူတွေ က စည်းကျော်လွန်းတယ်"

ဝူယူလန်ဟာ ဝင်ပြောလိုက်သည်။

"မာစတာ လင်း။တကယ်လေးစားဖို့ ကောင်းသွားပြီ။အဲ့ မသာ သဘာပတိက ကလေးတွေကို လေးစားရကောင်းမှန်း မသိဘူး။အဖေ ဒီလို အဟုတ်တာတွေ ပြောရင် ဘာဖြစ်တတ်လဲ"

ဝူတန်ဟီဟာ ပြန်ဖြေလိုက်သည်။

"ကောင်းမွန်းစွာ ပြောဆိုခြင်းက ကံကြမ္မာ ကောင်းတွေနဲ့ ဆက်စပ်နေတယ်။အမှန်တကယ်တော့ တစ်စုံတစ်ယောက်ဟာ မိမိရဲ့ နှုတ်ပါးစပ်ကြောင်း မကောင်းတဲ့ ကံကြမ္မာတွေကို ခံစားရနိုင်တယ်။ဘဝတစ်ခုမှာ, တစ်စုံတစ်ယောက်ဟာ ကောင်းမူကုသိုလ်တွေကို နေ့တိုင်းမလုပ်နိုင်ဘူး။ဒါပေမဲ့ ကောင်းတဲ့ စကားတွေကို တော့ နေ့စဥ်ပြောကြားနိုင်တယ်လေ။ဒါကြောင့် နှုတ်ပါးစပ်ဟာ တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ အများကြီး ဆက်စပ်နေတယ်။ဒါကြောင့် နှုတ်ဝဇီ ကြမ်းတမ်းတဲ့ လူတွေဟာ သူ့တို့ဘဝမှာ ဆိုးရွားတာတွေနဲ့ ကျိန်းသေ ကြုံတွေ့ရလိမ့်မယ်"

လူလိမ်ထျန်ဟာလည်း ပြုံးပြီး ဝင်ပြောလိုက်သည်။

"တစ်ချို့ဟာတွေက သေချာရှင်းပြလို့ မရနိုင်တဲ့ အရာတွေရှိတယ်။နှုတ်ချိုသာ စွာပြောဆိုရင် တစ်စုံတစ်ယောက်ရဲ့ ဘဝဟာ အဆင်ပြေ ချောမွေ့လိမ့်မယ် ဒါပဲ"

ဒီရိုးရှင်းတဲ့ နှုတ်ချိုသာစွာပြောဆိုမူ အကြောင်းအရာကို ဆွေးနွေးခြင်းက ဝူတန်ဟီနဲ့လူလိမ် ထျန်ကို ကိုယ်ကျင့်တရားတွေ ၊ တန်ဖိုးတွေကို ပြောကြားစေနိုင်ခဲ့ပါတယ်။

လင်းဖန် ဝူယူလန်ဆီမှ လဘက်ရည်ခွက်ကို ယူကာ တစ်ငုံလောက်သောက်ပြီး ပြောလိုက်သည်။

"ကျယ်ပြန့်တဲ့ အသိပညာတွေ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်"

လူလိမ် ထျန်ဟာ ပြန်ပြောလိုက်သည်။

"ဒါက ဥာဏ်ပညာနဲ့ သက်ဆိုင်တဲ့ စကားလုံးတွေတော့ မဟုတ်ဘူး။ဒါစကားတွေက ရှေးကတည်းက အဆင့်ဆင့် ဆင်းသက်လာတဲ့ စကားလုံးတွေပဲ။ဗုဒ္ဓ တစ်ခါတုန်းက ပြောတာက ကောင်းကင်ဘုံကနေ အမြဲတမ်းစောင့် ကြည့်နေသလိုမျိူး မင်းစကားပြောတဲ့ အခါမှာ သတိထားရမယ်တဲ့။တစ်စုံတစ်ယောက်ဟာ ကောင်းကင်ဘုံရဲ့ သဘောကျမူကို ရရှိဖို့ နှုတ်ချိုသာစွာ ပြောဆိုသင့်တယ်"

လင်းဖန် သံသယ ဖြစ်စွာမေးလိုက်သည်။

"လူလိမ် ထျန် ၊ ခင်ဗျားက ဗုဒ္ဓ ဘာသာ ကိုးကွယ်တာ မဟုတ်ဘူးလေ။ဒါတွေကို ဘယ်လို သိတာလဲ"

လူလိမ် ထျန်ဟာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။

"ဟီးဟီးး ငါအရင်တုန်းက လူတွေ အများကြီးကို တိုက်ခိုက်ပြီး သူတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်လေ။ငါလည်း သူတို့ လက်စား​ချေမှာကြောက်တာနဲ့ တောတောင်ထဲက ဘုရားကျောင်းတစ်ခုမှာ လ အနည်းငယ်ကြာအောင် သွားပုန်းနေခဲ့တာ။ပြီးတော့ အဲ့ကစာအုပ်တွေကို ဖတ်ဖြစ်ခဲ့တယ်လေ"

လင်းဖန်ဟာ ဒါကို ကြားပြီးကြောင်အသွားခဲ့သည်။သူ အနည်းငယ်တောင် ကြောက်ရွံ့သွားခဲ့ပါတယ်။လူလိမ် ထျန်ကို သူ့အနားမှာ ဆက်ထားတာ ကောင်းလားဆိုတာ မသိတော့ပါဘူး။

စွယ်စုံကျမ်းဟာ လူလိမ် ထျန်ကို အတော် ချစ်နေပုံပေါ်ပြီး သူ့ဆီမှာ စာမျက်နှာပပသစ်ပွင့်တိုင်း လူလိမ် ထျန်ဆီက ဟာကိုပဲ ရွေးပေးနေခဲ့ပါတယ်။

တကယ်လို့ နောက်စာမျက်နှာ တစ်ခုကသာ လူလိမ် ထျန်နဲ့ ပတ်သက်နေတယ်ဆိုရင် အခြေအနေတွေ ပိုပြီး ဆိူးရွားသွားနိုင်ပါတယ်။

သူ စွမ်းအားရှစ်မျိုးလက်သီးသိုင်းရဲ့ မစ်ရှင်ဟာ အလယ်အဆင့်မှာသာ ရှိနေသေးပေမယ့် စိတ်မပူပါဘူး။ဘာပဲဖြစ်ဖြစ် အခုသူ့ဘဝက အရာရာ အဆင်ပြေနေတာပါ။

ကလင် ကလင်

ရုတ်တရက် သူ့ဖုန်းလေး မြည်လာလို့ ကြည့်လိုက်တဲ့ အချိန်မှာ ဝူရွှန်းယွဲ့ ဖုန်းခေါ်တာကို တွေ့လိုက်ရပါတယ်။

လင်းဖန် ဖုန်းကိုင် လိုက်ကာ သူမပြောတာကို ကြားပြီး ပြန်ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်"

လင်းဖန် တရုတ်ကိုယ်ခံပအဖွဲ့အစည်းမှာ အလုပ်တွေ ရှုပ်နေပြီး "အသံသစ်" အစီစဥ်ရဲ့ သတင်းတွေ မဖတ်ဖြစ်ပေမယ့် သတင်းတွေ ထဲမှာ တစ်ချက်တစ်ချက်တွေ့ပါသေးတယ်။

ယန်ဂျင် အစီစဥ်ကနေ ထွက်သွားတဲ့ အချိန်မှာ "အသံသစ် အစီစဥ်" ဟာ နောက်ထပ် ဒိုင်အသစ်တစ်ယောက်ကို ရှာတွေ့ခဲ့ကြပါတယ်။ဒိုင်အသစ်ဟာ သိပ်​ကျော်ကြားမူ မရှိပေမယ့်လည်း ယန်ဂျင်ရဲ့ အဖြစ်အပျက် အပြီးမှာ မဟုတ်တာ မလုပ်ရဲတော့ပါဘူး။

အထူးသဖြင့် ဒိုင် ချီမင်ဟာ လည်း ဒိုင်တစ်ယောက်အဖြစ် ရှိနေပါသေးတယ်။တကယ်လို့ သူမသာ မဟုတ်တာ လုပ်ရဲ့ရင် ချက်ချင်းတိူက်ခိုက်ခံရမှာပါ။

သို့ပေမယ့် ဒိုင်အသစ်ဟာ ဘာပြသနာမှ မရှာပဲ သူ့ကျော်ကြားမူအတွက်သာ အစီစဥ်ကို ဝင်လာခဲ့ပုံပေါ်ပါတယ်။

ဝုရွှန်းယွဲ့ဟာ ပြောလိုက်သည်။

"မာစတာ နောက် ငါးရက်ကျရင် ညီမ ဖိုင်နယ်ပွဲရှိတယ် အဲတာ လာကြည့်ပေးနိုင်မလား"

လင်းဖန် အနည်းငယ် တွေးလိုက်ပြီး ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိတာနဲ့ သဘောတုလိုက်ပါတယ်။

"သေချာတာပေါ့၊ ပြသနာမရှိဘူး။မင်း ချန်ပီယံ ဖြစ်တာကိုသေချာပေါက် လာကြည့်ရမယ်"

ဝုရွှန်းယွဲ့ဟာ ဖုန်းထဲ မှာ ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ချန်ပီယံ ဖြစ်ဖို့ အထိတော့ မမျော်လင့်ထားပါဘူး။ထိပ်ဆုံးသုံးယောက်ထဲ ဝငိရင်တောင် တော်ပါပြီ"

လင်းဖန် ဒါကိုကြားပြီးရယ်လိုက်သည်။

"ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ အဆိုတော်ကောင်းဖြစ်ဖို့ အကောင်းဆုံးမျှော်လင့်ထားရမှာပေါ့။ငါလည်း ဝမ်မင်ယန်နဲ့ မင်းကို မတွေ့တာကြာပြီ။ငါတို့တူတူတွေ့လို့ရအောင် သူ့ကို ဖုန်းဆက်လိုက်ဦးမယ်"

ဝုရွှန်းယွဲ့ဟာ ပြန်ပြောလိုက်သည်။

"ဒါဆို မာစတာ ကိုပဲ ဒုက္ခပေးရတော့မယ်"

ယင်းနောက် နှစ်ယောက်လုံး ဖုန်းချသွားခဲ့သည်။

လူလိမ် ထျန်ကတော့ လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ပါတယ်။

လင်းဖန်ဟာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

လူလိမ် ထျန်ဟာ စတိတ်စဥ်ပေါ်က မိန်းမလှလေးကို ကြည့်ချင်နေခဲ့ပါတယ်။

"ငါလည်းသွားချင်တယ်လေ"

လင်းဖန်ဟာ သူ့ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ဒါက ခင်ဗျားလို လူအိုတွေ သွားဖို့ သင့်တော်တဲ့ နေရာမဟုတ်ဘူး။ခင်ဗျား ဒီမှာပဲ နေခဲ့ဖို့အကြံပေးချင်တယ်။ထပ်ပြောရရင် မစ္စတာ ဝူက အခုမှ ရှန်ဟိုင်းကို ရောက်လာတာလေ။ခင်ဗျား ညဘက် သူ့ဆီအလည်လေး ဘာလေး သွားလိုက်ဦး"

အငြင်းခံရပြီးနောက်တွင် လူလိမ် ထျန်ဟာ ဝမ်းနည်း နေခဲ့ပါတယ်။သူ့ပုံစံက နည်းငယ် အိုနေပေမယ့်လည်း သူ့နှလုံးသားထဲမှာတော့ ငယ်ရွယ် နုပျိုနေဆဲပါ။

"ကဲ အားလုံးပဲ ကျွန်တော် အရင်သွားတော့မယ်။ဆိုင်ကို စောစောပိတ်လိုက်တော့လေ"

လင်းဖန်ဟာ ပြောပြီး ဆိုင်ထဲမှ ထွက်လာခဲ့ပါတယ်။

ကားထဲကို ရောက်တဲ့ အချိန်မှာ လင်းဖန်ဟာ ဖုန်းခေါ်လိုက်သည်။

"အခုဘယ်မှာလဲ? ခင်ဗျားအားရင် ဒီနေ့ ညစာ အတူစားရအောင်"

ဝမ်မင်ယန်ဟာ ဝမ်းသာစွာ ပြန်ဖြေလိုက်သည်။

"ငါက အခု ဇီလီနဲ့ အတူတူ ညစာသွားစားဖို့လုပ်နေတာ။အခု မင်းဖုန်းခေါ်မှတော့ တူတူသွာစားရအောင်"

လင်းဖန်ဟာ ပြောလိုက်သည်။

"ဒါဆို တွေ့နေကြ နေရာမှာတွေ့ရအောင်၊ကျွန်တော် ဝုရွှန်းယွဲ့ကို အရင်ခေါ်ခဲ့လိုက်မယ်"

ဝမ်မင်ယန်ဟာ ဒါကိုကြားကာ ရယ်မောပြီး ပြောလိုက်ပါတယ်။

"အခြေနေဘယ်လိုလဲ? မင်းတို့ ဘယ်အဆင့်ကို ရောက်နေပြီလဲ"

"ဘာတွေ ပြောနေတာလဲ ၊ ကျုပ်ခင်ဗျားပြောတာကို နားမလည်ဘူး။အခု ဖုန်းချလိုက်တော့မယ်"

လင်းဖန်ဟာ ပြောပြီးဒါနဲ့ ဖုန်းချလိုက်ပါတယ်။ဝမ်မင်ယန်က တကယ် ကြည်စားတတ်တဲ့ လူမျိုးပါ။သူ့မှာ ရည်းစားမရှိတာ သိတာနဲ့ အလျင်အမြန် ကောင်မလေး တစ်ယောက်နဲ့ အောင်သွယ်ဖို့ ကြိုးစားပါတော့တယ်။

ယင်းနောက် လင်းဖန်ဟာ ဝုရွှန်းယွဲ့ကို ဖုန်းခေါ်ပြီး သူမတိုက်ခန်းကို မောင်းထွက်သွားခဲ့ပါသည်။

တိုက်ခန်းနေရာတွင်။

လင်းဖန်ဟာ ကားထဲမှာ ထိုင် စောင့်နေခဲ့ပြီး အနည်းငယ် တွေးနေခဲ့သည်။

လတ်တလော သူ့ဆီမှာ ဖြစ်ပျက်နေတဲ့ အရာတွေက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။သူ တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းမှာ ပြသနာတွေ အများကြီး ဖန်တီးမိလိမ့်မယ် ခို့ မတွေးမိခဲ့ပါဘူး။

သို့ပေမယ့် ဒါကလည်း သူ့ကို အပြစ်တင်လို့မရပေ။ဘာပဲ ဖြစ်ဖြစ် အဖွဲ့အစည်းကို ပူးပေါင်းဖို့ မေးတာ သူမဟုတ်ပဲ သူတို့ကသာ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ကြတာပါ။

လင်းဖန် အတွေးနက်နေတုန်းမှာပဲ ကားထဲကို အရိပ်တစ်ခုဟာ ရောက်လာခဲ့ပါတယ်။

ဝုရွန်းယွဲ့ ကားထဲကို ဝင်လိုက်တဲ့ အချိန်မှာပဲ လတ်ဆတ်တဲ့ ရေမွှေးနံ့ဟာ ကားထဲမှာ ဖုံးလွမ်းသွားခဲ့ပါတယ်။သူမရဲ့ အဝတ်အစားတွေဟာ ရိုးရှင်းပြီး ဖက်ရှင်းကျနေခဲ့သည်။

"မာစတာ လင်း စောင့်နေရလို့ တောင်းပန်ပါတယ်"

လင်းဖန်သူမကို ကြည့်လိုက်ကာ ဘာမှ မပြောခင် ကားစက်နိုးလိုက်ပါတယ်။

"ပြသနာမရှိဘူး သွားကြရအောင်"

ဝုရွှန်းယွဲ့ရဲ့ အိမ်နေရင်းပုံစံဟာ အရုပ်မလေးနဲ့တူပြီး လင်းဖန်တောင် ဆွဲဆောင်ခံလိုက်ရသလိုပါပဲ။လင်းဖန်ရဲ့ ရင်ထဲမှာ ဖော်မပြတတ်တဲ့ အမူအရာတွေ နဲ့ ပြည့်နှက်လာခဲ့ပါတယ်။

ကားထဲမှာ သူတို့နှစ်ယောက်ထဲသာ ရှိပေမယ့်လည်း ဝူရွှန်းယွဲ့မှာ ပြောစရာတွေ အများကြီး ရှိနေတော့ နေရထိုင်ရတာ မကျဥ်းကြပ် ပါဘူး။

"မာစတာ လင်း ၊ ကလေးတွေက သနားဖို့ကောင်းနေတာတောင်။ဒီ သဘာပတိ ဆိုတဲ့ လူက ဒီလို စကားပြောထွက်သေးတယ်နော်"

လင်းဖန်ပြုံးပြီး ပြန်ဖြေလိုက်သည်။

"သူတို့က သနားစရာ မကောင်းပါဘူး။သူတို့က ငါတို့နဲ့ တူတူပဲလေ ဘာမှ မတူတာမရှိဘူး။သူတို့က ငါတို့ထက်တောင် ပိုသန်မာပြီး ပိုရဲရင့်ကြသေးတယ်။ဟို ငနဲကောင် အကြောင်းကတော့ ပြန်တောင် မပြောချင်တော့ဘူး"

ဝုရွှန်းယွဲ့ဟာ ခေါင်းညိမ့်လိုက်ပြီး ပိုစိတ်ဝင်စားစ ရာ ကောင်းတဲ့ အကြောင်းအရာတွေကို ဆက်မေးပြောခဲ့ပါတယ်။

All Chapters