← Chapters

ဒါက အဲလိုလား

Vol. 8 Ch. 120

ဒါက အဲလိုလား

Vol. 8 Ch. 120

ဘာသာပြန် = စနိုးဝှုက်

သူတို့ဟာ ပုံမှန်နေရာမှာပဲ တွေ့ခဲ့ကြပါတယ်။လင်းဖန်နဲ့ဝုရွှန်းယွဲ့တို့ ရောက်တဲ့အချိန်မှာ ဝမ်မင်ယန်နဲ့ သူ့ကောင်မလေးဟာ ရောက်နှင့်နေကြပြီးပါပြီ။

"မြန်လှချည်လား"

လင်းဖန်ပြုံးပြီး ပြောလိုက်သည်။ယင်းနောက် သူ ထိုင်ခုံတစ်ခုကို ဆွဲပြီး ထိုင်လိုက်ပါတယ်။

"အစ်ကို လင်း"

ရူဇီလီဟာ ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။သူမ ဝမ်မင်ယန်ရဲ့ မိန်းကလေး ဖြစ်နေတာ လင်းဖန်ကြောင့် လို့တောင် ပြောလို့ရပါတယ်။

တကယ်လို့ လင်းဖန်က သာ သူမတို့နှစ်ယောက် မသင့်တော်ဘူးလို့ ပြောလိုက်ရင် ဝမ်မင်ယန် သူမကို ထားခဲ့မယ် ဆိုတာ သူမသေချာပေါက်သိပြီးသားပါ။

သူမက ရုပ်ရှင် မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လည်း ရှန်ဟိုင်းမှာ များပြားလှတဲ့ ရုပ်ရှင်မင်းသမီးတွေ အများကြီး ရှိပါတယ်။ဒီလို အထက်တန်းကျတဲ့ စားသောက်ဆိုင်မျိုးမှာ ဆို သူမကို မှတ်မိတဲ့ လူတွေ သတင်းထောက်တွေ တစ်ယောက်မှ မရှိပါဘူး။

အဆုံးမှာတော့ ရုပ်ရည်သွင်ပြင်ဟာ ဇာတ်ကားထဲကနဲ့ အပြင်မှာက ကွဲပြားစမြဲပါ။သူတို့ အနီးကပ် ကြည့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်သူမရဲ့ ပရိတ်သတ် အကြီးစားသာမဟုတ်ရင် လမ်းဘေးတစ်နေရာရာမှာ တွေ့ရင်တောင် မှတ်မိနိင်မှာမဟုတ်ပါဘူး။

ဝမ်မင်ယန်ဟာ ရယ်မောပြီး ပြောလိုက်သည်။

"မင်းကတော့ အမြဲတမ်း တက်ကြွလှုပ်ရှားနေတာပဲ။ငါ ဝိုက်ဘို ကိုဖွင့်ကြည့်လိုက်တဲ့ အချိန်တိုင်း မင်းမျက်နှာကို မြင်နေရတယ်"

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းနဲ့ ဖြစ်တဲ့အကြောင်းအရာရော ၊ ဟန်လုနဲ့ ဖြစ်တဲ့ ကိစ္စကပါ ပြသနာ ကြီးတွေ လို့ပြောလို့ရပါတယ်။ထပ်ပြောရရင် အခုကိစ္စက မသန်စွမ်း အဖွဲ့အစည်းပါ ပါလာခဲ့ပါတယ်။

ဒီလို အရှုပ်အထွေးမျိုး ဆိုရင် တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက လူတွေကို အလုပ်ရှုပ်စေနိုင်တာထက်ကို ပိုနေပါပြီ။

လင်းဖန်ဟာ ခါးသက်စွာပြုံးပြီး ပြောလိုက်သည်။

"ဒါအမှန်ပဲ ကြည့်ရတာ ကျုပ်ဒီနောက်ပိုင်း အတော် ကံမကောင်းဘူးထင်တယ်။ကျုပ်သွားတဲ့ နေရာတိုင်းမှာ ပြသနာတွေနဲ့ တွေ့နေရတယ်။ဒါပေမယ့် ကျုပ့်စိတ်ဓာတ်အရတော့ အကူန်လုံးကို ဖြေရှင်းသွားဦးမှာပဲ"

ရူဇီလီဟာ ရယ်မောလိုက်သည်။

"အစ်ကို လင်းရဲ့ စွမ်းဆောင်နိုင်စွမ်းတွေနဲ့ ဘာလို့ ကိုယ်ခံပညာ အဖွဲ့အစည်းကို သွားပူးပေါင်းရတာလဲ"

"ငါလည်း ဒီလောက်ထိပြသနာတွေ ရှုပ်လာလိမ့်မယ် လို့ မထင်ထားခဲ့ဘူး။ဒီပြသနာတွေ ရှင်းပြီးသွားရင်တော့ အဆင်ပြေသွာမှာပါ"

လင်းဖန် အဖွဲ့အစည်းမှာ ဆက်နေနေတာတာက ကလေးတွေရဲ့ ရည်မှန်းချက်ကို ဖြည့်စည်းပေးချင်လို့ပါ။လက်ရှိအခြေအနေအရတော့ သူ့မှာ ရည်မှန်းချက် ကြီးကြီးမားမားတွေ မရှိသေးပါဘူး။ဒါကြောင့် ကလေးတွေရဲ့ ရည်မှန်းချက်ကို ဖြည့် စည်းပေးတာက ကောင်းတဲ့ အလုပ်လို့ တွေးလိုက်မိပါတယ်။

"ကောင်းပြီ ဒါက လုံလောက်ပြီး တစ်ခြားအကြောင်း အရာတစ်ခုခုအကြောင်းကို ပြောကြရအောင်။ကျုပ်ဒီနေ့ သောက်မှာမဟုတ်ဘူးနော် မနက်ဖြန်လုပ်စရာ တစ်ခုရှိသေးလို့"

လင်းဖန် ပြောလိုက်သညါ။

ဝမ်မင်ယန်ဟာ ဒါကိုကြားပြီး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။

"ဒါက နည်းနည်း စိတ်ပျက်ဖို့ကောင်းတယ်။ငါက ငါတို့ဒီနေ့ မူးအောင်သောက်လို့ ရပြီ ထင်နေတာ"

လင်းဖန် ရယ်​မောပြီး ပြန်ပြောလိုက်သည်။

"နောက်တစ်ခါမှပေါ့"

ဝမ်မင်ယန်ဟာ အများကြီး မပြောပေမယ့် လင်းဖန်ကိုတော့ လေးစားမိပါတယ်။

လင်းဖန်ကြည့်ရတာ အရာရာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိနေတဲ့ ပုံပါပဲ။သူက တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက ဒီကိစ္စအပြီးမှာ လင်းဖန်ကို ကန်ထုတ်ပြလိမ့်မယ် လို့ထင်ထားခဲ့တာပါ။

သို့ပေမယ့် လင်းဖန်က အေးအေးဆေးဆေးသာရှိနေပြီး အဖွဲ့ဝင်တွေရဲ့ လေးစားမူကိုတောင် ရနေပါသေးတယ်။ဒီလိုလုပ်နိုင်ဖို့ဆိုတာ မလွယ်ကူပေ။

ရူဇီလီကတော့ ဒီနေ့နည်းနည်း ထူးဆန်းနေခဲ့ပါတယ်။သူမဟာ ဝူရွှန်းယွဲ့နဲ့အတူ တစ်ခွက်ပြီး တစ်ခွက်ဆက်သောက်နေခဲ့သည်။

ဝိုင်မှာ ပါတဲ့ အယ်ကိုဟော က သိပ်မမြင့်ပေမယ့်လည်း မူးဖို့ အတွက်တော့ လုံလောက်ပါတယ်။

သူမက ဘာဖြစ်နေတာလဲ....?

ဘယ်လို ဖြစ်လို့ ဆက်တိုက်သောက်နေတာလဲ.....?

အဲ့အချိန်မှာပဲ ဝမ်မင်ယန်ဟည လင်းဖန်ကို ကြည့်ပြီး ပြောလာခဲ့သည်။

"ဒါက ငါလုပ်ပေးနိုင်တာ အကုန်ပဲ ကျန်တာ မင်းအပေါ်မှာပဲ မူတည်တယ်"

လင်းဖန် ကြောင်အသွားခဲ့သည်။

ဝမ်မင်ယန် ရဲ့ အစီစဥ်ကို သူမသိပဲ မနေပါဘူး။

သို့ပေမယ့် သူ ဒီလိူအရာအတွက်အဆင်သင့်မဖြစ်သေးပေ။ထပ်ပြောရရင် ဝုရွှန်းယွဲ့နဲ့ သူက အဲ့အဆင့်အထိ မရောက်သေးပါဘူး။

ဒါဟာ ဝုရွှန်းယွဲ့နဲ့ အတူတူ အိပ်ရုံသာ ရှိမှာဖြစ်ပြီး ဆက်ဆံရေး တိုးတက်လာမှာ မဟုတ်ပေ။

ဒါကြောင့် သူ ဝုရွှန်းယွဲ့ကို ထပ်မသောက်စေဖို့ ကြိုးစားလိုက်ပါတယ်။သူ သူတို့ကို စတင်ပြီး ဆွေးနွေးစရာ အကြောင်းတွေကို ပြောလိာကိပါသည်။

အဲ့နောက်မှာတော့ ဝမ်မင်ယန်ဟာ ဝုယန်ဂန်ရဲ့ နာမည်ကို ပြောလာခဲ့ပါတယ်။သူက လင်းဖန်ဆီက အကြံဥာဏ်ယူသွားတဲ့ ဘီလီယံနာ တစ်ယောက်ပါ။

လင်းဖန်ဟာ သူ့ရည်းစားက လိမ်သွားတာကို အလင်းပြလိုက်အပြီးတွင် ဝုယန်ဂန်ဟာ ငွေဆုံးရှုံးမူကို အနည်းငယ် ပြန်ကာမိခဲ့သည်။သို့ပေမယ့် ဘဏ်တွေရဲ့ အရှုပ်အထွေးတွေကြောင့် သူ့ကုမ္ပဏီဟာ အကောင်းအတိုင်း မရှိသေးပါဘူး။

သူ လင်းဖန် ဆီကိုတောင် နောက်တစ်ခေါက် မလာနိုင်သေးပေ။ဒါကြောင့် သူဟာ ဝမ်မင်ယန်ကိုဖန်းဆက်ပြီး လင်းဖန်ဆီကို အားမှ သီးသန် လာလည်မယ့် အကြောင်း အကျိုးအကြောင်း ပြောခိုင်းခဲ့ပါတယ်။

သူတို့ စားသောက်ပြီး နောက်တွင် လင်းဖန်ဟာ လုံးဝ မသောက်ခဲ့ပဲ ဝူရွှန်းယွဲ့နဲ့ အတူပြန်ဖို့ လုပ်လိုက်ပါတယ်။ဝမ်မင်ယန်ကတော့ စျေးဝယ်ရန် ရူဇီလီနဲ့ အတူထွက်သွားခဲ့သည်။

ဝုရွှန်းယွဲ့ ၏ တိုက်နားတွင်။

ဝုရွှန်းယွဲ့ဟာ မူးနေပေမယ့် လည်း စကားပြေနိုင်ပါသေးတယ်။

"မာစတာ အဆင်ပြေပါတယ်။ညီမ အိမ်ကို သွားနိုင်ပါတယ်"

လင်းဖန် သူမကို တွဲထားပြီး တုန့်ဆိုင်းခြင်းမရှိ ပြောလိုကိပါတယ်။

"ငါ လိုက်ပို့ပေးမယ်"

ဒီအချိန်ဟာ နောက်ကျနေပြီး သူမလည်း သောက်ထားတဲ့ အတွက် သူအနည်းငယ် စိုးရိမ်မိပါတယ်။ဒီနေရာက အနည်းငယ် ဟောင်းနေပေမယ့်လည်း ဓာတ်လှေကား တစ်ခုရှိပါသေးတယ်။

သူတို့ နှစ်ယောက်ဟာ အဆောက်အဦးထဲ ဝင်သွားလိုက်ပြီး ခလုတ်ကို နိပ်လိုက်သည်။ဒါပေမယ့် တုန့်ပြန်မူ ဘာမှ မရှိပါဘူး။

"အာာ! ပျက်နေတာလား"

လင်းဖန် ကြောင်အသွားခဲ့သည်။ယင်းနောက် သူ နံရံပေါ်က စာရွက်ကို ဖတ်ကြည့်လိုက်ပါတယ်။

ဓာတ်လှေကားဟာ ပြုပြင်နေပါသည်။

အဆက်မပြေမူအတွက် တောင်းပန်အပ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လင်းဖန်ဟာ အပေါ်ဘက်က တစ်စုံတစ်ယောက် ပြုပြင်နေတဲ့ အသံတွေ ကိုကြားခိုက်ရပါတယ်

"မင်းက ဘယ် အထပ်မှာနေတာ?"

လင်းဖန် မေးလိုက်သည်။

ဝုရွှန်းယွဲ့ရဲ့ မျက်နှာဟာ အနည်းငယ် နီရဲနေပြီး ပြောလိုက်ပါတယ်။

"ခြောက်လွှာ"

လင်းဖန် ဒါကို ကြားပြီး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါတယ်။ဒါက အရမ်းအမြင့်ပါဘူး။ဒီနေရာက ဆယ်ထပ်ကျော်ပြီး တကယ်လို့ သူမသာ ထိပ်ဆုံးမှာ နေရင် သူမောပြီး အသက်ထွက်ပါလိမ့်မယ်။

ဓာတ်လှေကား ပြင်တဲ့ လူတွေဟာလည်း ဒီလောက်နောက်ကျမှ တစ်စုံတစ်ယောက် ပြန်လာလိမ့်မည်ဟု မထင်ထားတာ ဖြစ်နိုင်သည်။

"ဓာတ်လှေကားက ပြင်ထားတာ ဆိုတော့ လှေကားကနေပဲ တက်ကြရအောင်"

လင်းဖန် ပြောလိုက်သည်။

သူ ဝူရွှန်းယွဲ့ကို တွဲပြီး လှေကားကနေတက်လိုက်ပါတယ်။

ဝုရွှန်းယွဲ့ဟာ သောက်ထားတဲ့ အရှိန်ကြောင့် ခါတိုင်းထက် ရဲရင့် နေခဲ့သည်။

"မာစတာ မှာ ကောင်မလေး ရှိလား"

ဒီမေးခွန်းကိုကြားပြီး လေးဖန်အနည်းငယ် တွေဝေသွားခဲ့ပါတယ်။

ကောင်မလေးက ဘယ်လို့မျိုးလဲ...?

သူ့တစ်ဘဝလုံး ကောင်မလေး မရှိခဲ့တဲ့ ပုံပါပဲ။

လင်းဖန် အတွေးနက်နေတုန်းမှာပဲ ဝူရွှန်းယွဲ့ဟာ ခလုတ်တိုက်ပြီး ရှေ့ကို လဲကျသွားခဲ့ပါတယ်။လင်းအလျင်အမြန် ပဲ ရှေ့ကို တိုးကာ သူမကို လှမ်းဖမ်းလိုက်သည်။

"အဆင်ပြေရဲ့လား"

ဝုရွှန်းယွဲ့ဟာ ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။

"အခုပြေပါတယ် တော်သေးတယ်"

"အင်း..ဂရုစိုက်ဦး မင်းက ဒေါက် ဖိနပ်စီးထားတာလေ"

လင်းဖန်ဟာ ပြောလိုက်သည်။အဲ့အချိန်မှာပဲ လင်းဖန် သူ့လက်က မထိသင့်တဲ့နေရာကို ထိထားတယ် ဆိုတာ သတိထားမိလိုက်ပါတယ်။

ဒါဟာ ကြီးမားပေမယ့်လည်း ဘယ်လောက်ကြီးမားတယ် ဆိုတာ ဖော်ပြဖို့ မလွယ်ကူပါဘူး။သို့ပေမယ့် သူမ မလဲကျဖို့ အတွက် သူထိန်းထားဖို့လိုပါတယ်။

လင်းဖန် လက်တွေကို ပြန်ရုတ်ကာ လည်ချောင်းရှင်းလိုက်ပြီး ဘာမှမဖြစ်သလိုပြောလိုက်သည်။

"ဖြည်းဖြည်းသွား အလျင်မလိုနဲ့"

ဝုရွှန်းယွဲ့ဟာ ပြုံးပြီး ညှင်သာစွာ ပြန်ပြောလိုက်ပါတယ်။

"အိုကေ"

ခြောက်လွှာက သိပ်မမြင့်ပေမယ့် လည်း သူတို့ ဆယ်မိနစ်လောက် အချိန်ယူပြီး တက်ခဲ့ရပါတယ်။ဒါက သူတို့ သွားနေတဲ့ အချိန်နှေးကွေး လွန်းလို့ပါ။

အခန်းတံခါးဝကို ရောက်တဲ့ အချိန်မှာ လင်းဖန် အထဲဝင်ဖို့ ဆန္ဒ မရှိဘဲ ပြောလိုကိသည်။

"စောစောနားဦး"

ဒါပြောပြီးနောက် လင်းဖန်ဟာ လှည့်ထွက်သွားခဲ့ပါသည်။

ဝုရွှန်းယွဲ့ရဲ့ မျက်နှာကတော့ လင်းဖန်ရဲ့ နောက်ကျောကို ကြည့်နေပြီး ပိုမိုနီရဲ နေခဲ့ပါတယ်။

ကားထဲတွင်။

လင်းဖန်ဟာ ဖုန်းကို ထုတ်လိုက်ပါတယ်။သူဒါမျိုးကို ပထမဆုံးကြုံတွေရတာ ဖြစ်ပေမယ့်လည်း သူအမှားလုပ်ထားတယ်လို့ မခံစားရပါဘူး။

ဒါကြောင့် ဘိုင်တု ပေါ်တွင် ရှာလိုက်သည်။

"တစ်ကယ်လို့ ငါ မိန်းကလေးတစ်ယောက်ရဲ့ ရင်သားကို မတော်တဆ ကူညီရင်း ထိမိခဲ့ရင် ဘာဖြစ်မှာလဲ"

ဒီမှာ အဖြေတွေ အများကြီးထွက်လာပြီး သူ့ကို ဘေးကြပ်နံကြပ် ဖြစ်စေပါတယ်။ဒါကြောင့် သူ စကားလုံး အနည်းငယ် ထပ်ပေါင်းထည့်လိုက်သည်။

"ဒါပေမယ့် သူမက ငါ့ကို ပြန်ပြုံးပြတယ်။အဲတာ ဘာကို ဆိုလို့တာလဲ"

သူ ရှာလိုက်ပြီး နောက်တွင် အဖြေတစ်ခုဟာ ထွက်လာခဲ့သည်။

"ကောင်လေး မင်းဘာတွေ အတွေးလွန်နေတာလဲ။သူမက ယဥ်ကျေးမူရှိလို့ ပြုံးပြတာ"

လင်းဖန်ဟာ ဒါကိုကြည့်လိုက်ပါတယ်။ဝုရွှန်းယွဲ့က အမှန်တကယ် အရည်အချင်းရှိပြီး ယဥ်ကျေးမူ နဲ့ အရည်အချင်း ပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ပါ။

တစ်ချိန်တည်းမှာပဲ သူ့ကို အဖြေပေးတဲ့ လူကို လေးစားတဲ့ အနေနဲ့ လက်မ ထောင်ပေးလိုက်ပါတယ်။

သူ စိတ်ထဲရှိနေတဲ့ သံသယ ကို ရှာနေတာဖြစ်ပြီး ဒီလူ့အဖြေက အမှန်တကယ် အကူညီဖြစ်ခဲ့တာပါ။

ဘယ်လောက် အဆင်ပြေလိုက်လဲ......

All Chapters