ဒီလိုသူငယ်ချင်းကောင်း
Vol. 51 Ch. 1001
“ကောင်းတယ်” ပေထင်းဟွမ်နှင့် ချင်းယွိတို့သည် ညီအစ်ကိုများအလား လွတ်လပ်ပေါ့ပါးစွာ စကားပြေလာကြသည် “နှင်းဝံပုလွေမှာ သိတဲ့ညီအစ်ကို တွေရှိသေးတယ် နေရာတစ်ခုရှာကြတာပေါ့ ငါတို့တွေ လော့ပေမြို့မှာ အတူနေ ခဲ့ကြသလိုမျိုး ပန်းကန်အကြီးကြီးနဲ့သောက်မယ် အဝစားမယ် မင်းစားချင် သလောက်စားပဲ”
ဤကြေးစားမြို့သို့လာရသည်မှာ ပေထင်းဟွမ်အတွက် အရင်ဘဝကို ပြန်လည်လွမ်းဆွေးစေသည်။ သူမသည် ထိုဘဝကို ပြန်ရချင်မိသည်။ ဤနေရာ တွင် ရင်းနှီးမှုမချို့တဲ့သလို စိတ်အားထက်သန်မှုမချို့တဲ့ပေ။ စိတ်အား ထက်သန်မှုလည်း မှေးမှိန်သွားမည်မဟုတ်ပေ။ ထိုဘဝသည် သူမ အနှစ်သက် ဆုံးဘဝပင်။
ချင်းယွိသည်လည်း ပေထင်းဟွမ်နှင့် ပထမဆုံးတွေ့သည့်အချိန်ကို သွား သတိရမိသည်။ သူတို့သည် လော့ပေမြို့၏နံဘေး နေမဝင်တောတွင် မီးပုံပွဲလုပ် ကာ အသားကင်စား၊ သေရည်များသောက်ကာ ကြယ်အပြည့်နှင့် ငွေရောင် လမင်းရှိသည့်ကောင်းကင်ကို မော့ကြည့်ခဲ့ကြသည်။ “ဟုတ်ပြီ ဒီနေ့ ငါတို့တွေ သိုးဝါနဲ့ ရေခဲယုန်ကင်စားမယ် ရှောင်ကျို့ စားချင်တာဆိုရင် အကုန်ကင်စားလို့ရ တယ်”
ယောက်ျားကြီးနှစ်ယောက်သည် လက်ကိုင်ပြီး တစ်ခါတစ်ခါ ရှေ့နောက် ယမ်းနေကာ သူတို့ဘေးတွင် မိန်းမလှလေးပါလာသည့်မြင်ကွင်းသည် မည်မျှ ပင် ကြည့်စေကာမူ ထူးဆန်းနေလေသည်။ သူတို့သုံးယောက်သည် လမ်းပေါ် လျှောက်ပြီး မျက်စိစူးလောက်အောင် တောက်ပသောကိုယ်ထည်ကဲ့သို့ လမ်း နှစ်ဖက်မှလူများအားလုံးကို ဆွဲဆောင်ပြီး သူတို့ကိုဝိုင်းကြည့်ကြလေသည်။
ချင်းသွမ့်နှင့် နောက်မှလိုက်လာကြသော တခြားနှစ်ယောက်တို့သည် ဘောင်းဘီချွတ်ကာ မျက်နှာများကို အုပ်ထားချင်မိတော့သည်။ ရှက်စရာပင်။ အမှန်တကယ်ပင် ရှက်လောက်စရာပင်။ သူတို့ လမ်းလျှောက်ရုံတင်ကို ကောင်းကောင်းလျှောက်နိုင်မည်လား။ ပခုံးပေါ်တွင် မည်သို့သောအရာမျိုး ချိတ်နေသနည်း။
အနီးအနားရှိစခန်းမှ ချင်းသွမ့်နှင့် သက်တူရွယ်တူဖြစ်ပုံရသော မုတ်ဆိတ် နှင့်လူ လျှောက်လာပြီး ချင်းသွမ့်အားတံတောင်နှင့်တွတ်ကာ ရှေ့မှနှစ်ယောက် ကိုကြည့်ရင်း မေးလေသည် “ဟေး ငါ မင်းကိုပြောဦးမယ် မင်းတို့မိသားစုက ကောင်လေးလေ၊ မင်းလည်း အသက်ကြီးပြီ ချွေးမတစ်ယောက်တောင်မရှိဘူး၊ ဘယ်လိုလုပ် ဒီလိုအချိန်မှာမှ အသိပေးလိုက်တာလဲ၊ အဲဒီလူငယ်လေးက ဘယ်သူလဲ”
နဂိုက တွင်းတူးပြီးအောင်းချင်နေသော ချင်းသွမ့်သည် ထိုအခိုက်အတန့် တွင် မျက်ရည်များကျလုနီးပါးဖြစ်သွားသည်။ ပူဆွေးသောအကြည့်နှင့် သူသည် တစ်ဖက်လူကို မပြစ်မှားချင်ပေ “ဟေး သူက ယွိအာရဲ့သူငယ်ချင်းပါ သူငယ်ချင်းကောင်းပေါ့”
မုတ်ဆိတ်ကြီး ဆိုလိုသည့်အဓိပ္ပာယ်ကို မည်သို့နားမလည်ဘဲနေမည် နည်း။ သူ မည်သူနည်း။ သခင်ပေထင်းဟွမ်သည် သူ၏ချွေးမဟု သူကြားချင် နေသေးသည်လား။ ထိုလူသည် ကြီးမားသောကြေးစားအဖွဲ့၏ ခေါင်းဆောင် မဟုတ်လျှင်၊ ကြေးစားအဖွဲ့နှစ်ခုကြား ရန်ပွားမှုကို ကာကွယ်မနေရလျှင် သူ့ကို ထိုးပစ်မည်ဖြစ်သည်။
“အိုး” အသံသည် ရှည်လျားပြီး အဓိပ္ပာယ်လေးနက်မှုမရှိပေ။ မုတ်ဆိတ် ကြီးသည် လွှတ်ပြီး ရှေ့မှနှစ်ယောက်ကို စိုက်ကြည့်လေသည် “အဲတော့ သူငယ်ချင်းကောင်းပေါ့၊ ဒီကောင်လေးက တယ်ချောတာပဲ”
ချောတယ်လို့ ဘယ်မျက်လုံးနဲ့သွားကြည့်လိုက်တာလဲ။ သူက မျက်နှာဖုံး ဝတ်ထားတာ ဒီလောက်ထင်ရှားနေတာလေ။ ချင်းသွမ့်သည် မုတ်ဆိတ်ကြီး အား ကန်ချင်စိတ်ကို အောင့်ထားပြီး ဤဘဝတွင် မျှော်လင့်ချက်မရှိတော့သည့် အလား ခက်ခက်ခဲခဲနှင့် ရှေ့တိုးလေသည်။ နှစ်တစ်ဝက်အတွင်းတွင် နှင်းဝံပုလွေ၏ခွန်အားသည် ပေထင်းဟွမ်နှင့် ဆက်ဆံရေးကြောင့် တိုးတက်ခဲ့ သည်။ သားရဲများ၊ ဆေးပင်များနှင့် ဝိညာဉ်သစ်သီးများသည် တခြားကြေးစား အဖွဲ့များကို အားကျပြီး မုန်းတီးစိတ်ကိုဖြစ်စေသည်။ မုတ်ဆိတ်ကြီးသည် စိတ်ဓာတ်မာသလိုနှင့် စိတ်ထဲတွင် သွေးထွက်နေမည်ကိုလည်း ချင်းသွမ့် နားလည်သည်။
အောင်မြင်မှုသည် ပေထင်းဟွမ်ဖြစ်သလို ရှုံးနိမ့်မှုသည်လည်း ပေထင်းဟွမ်ဖြစ်သည်။ အနာဂတ်တွင် ချင်းမိသားစုသည် ပေထင်းဟွမ်ကြောင့် သူတို့၏သားနှင့်မြေးများကို ဆုံးရှုံးရတော့မည်ဟု ချင်းသွမ့်ခံစားနေရသည်။
“ခေါင်းဆောင် သဘောထားကြီးရမယ်လေ၊ ဒီလိုခံစားချက်ကို ဘယ်သူမှ အတင်းဖိနှိပ်ထားလို့မရဘူး၊ မိုးရွာတာနဲ့ အမေကလည်း အိမ်ထောင်ပြုတာကို ထိန်းချုပ်လို့ရလို့လား၊ သခင်လေးက ပျော်နေတာပဲလေ၊ ပြီးတော့ သခင်လေး ကို ကြည့်လိုက် သူက အေးစက်တယ်လို့ အပြင်လူတွေပြောကြပေမဲ့ ဒီနေ့ သူ့ကို ကြည့်ပါဦး မနှစ်ကထက်တောင် စကားပိုများနေသေးတယ်..”