Chapters

တောက်ပမှု၊ သခင်ဟွမ်ကျို့ကို ဘယ်လိုမြင်နိုင်မှာလဲ

Vol. 51 Ch. 1002

တောက်ပမှု၊ သခင်ဟွမ်ကျို့ကို ဘယ်လိုမြင်နိုင်မှာလဲ

Vol. 51 Ch. 1002

လေကဲ့စကားမဆုံးခင်မှာပင် ချင်းသွမ့်သည် အမှန်တကယ်ပင် ကန်ချ လိုက်သည် “မကောင်းတဲ့ကောင် မင်းမပြောနိုင်ရင်လည်း မပြောနဲ့လေ၊ မင်းကို အ,နေပါတယ်လို့ ဘယ်သူကမှမပြောဘူး”

ပို၍စိတ်ဓာတ်ကျစရာကောင်းသည်။ သို့သော် ချင်းသွမ့်သည် ရှေ့သို့ ကြည့်လိုက်သည်။ ဖခင်ရှေ့၌ သို့မဟုတ် နှင်းဝံပုလွေအဖွဲ့ရှေ့၌ အမြဲတမ်း ခမ်းနားအေးစက်နေတတ်သော၊ စကားတစ်လုံးကို ရွှေအလားတန်ဖိုးထားသော သားဖြစ်သူသည် ပေထင်းဟွမ်နှင့်ရှိနေလျှင် ပြုံးရွှင်နေသည်။ သူသည် ပါးစပ် ပင်မပိတ်နိုင်သလို ပေထင်းဟွမ်အပေါ်ရောက်နေသော မျက်လုံးများမှာလည်း သူ တစ်ခါမှမမြင်ဖူးသလို အလွန်နူးညံ့နေသည်။

နှစ်ပေါင်းများစွာအတွင်းတွင် ချင်းယွိသည် နှင်းဝံပုလွေအတွက် လုပ်ပေး ခဲ့သည်မှာ လုံလောက်သည်။ ချင်းသွမ့်ကိုယ်တိုင်ပင် အနည်းငယ်ပို၍လုပ်ပေး ချင်သော်လည်း ချင်းယွိသည် သူဖြစ်စေချင်သည်နှင့် ထပ်တူကျခဲ့သည်။ ချင်းသွမ့်ကို စိုးရိမ်စရာမပေးခဲ့ပေ။ ချင်းယွိသည် တစ်စုံတစ်ယောက်အပေါ်တွင် ယခုလိုကောင်းပေးချင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုလူသည် ကံမကောင်းစွာပင် ယောက်ျားကြီးဖြစ်နေသည်။

သို့သော် သူ ပျော်လျှင်အဆင်ပြေသည်မဟုတ်ပါလား။

ထိုသို့တွေးပြီးနောက် ချင်းသွမ့် သက်ပြင်းချလိုက်သည် “သူကြိုက်တယ် ဆိုရင် ကြိုက်ပေါ့၊ ယောက်ျားက ယောက်ျားပီသရမယ် နောက်ဆိုရင် ဖက်စရာ မြေးမရှိတော့ဘူး ပွေ့စရာမြေးမရှိတော့ဘူး” သို့သော် သူခေါင်းလှည့်လိုက်ချိန် တွင် ရင်ထဲမှ အော်မိသည် “မိုးနတ်မင်းရေ ဘာလို့ ဒီလောက်ရက်စက်ရတာလဲ၊ ဘာလို့ သခင်ပေထင်းဟွမ်ကို ယောက်ျားလေးအဖြစ် ဖန်ဆင်းလိုက်တာလဲ၊ ဘာလို့ မိန်းကလေးမဖြစ်ရတာလဲ”

အမြဲတမ်းအကန်ခံရသော မုရှီသည် ခေတ္တမျှ မှင်တေမိသည်။ ယခုမှပင် သူ သိသွားသည်။ ဘာကြောင့် သူ့ကို ကန်သနည်း။ သို့သော် သူ၏သခင်လေး သည် နောက်ဆုံး မိဘခွင့်ပြုချက်ရသွားသည်ကို စဉ်းစားမိရာ ထိုကန်ချက်ကို ပေးဆပ်ရသည်ဟု မတွေးတော့ပေ။

နှင်းဝံပုလွေဌာနချုပ်တွင် နှင်းဝံပုလွေကြေးစားအဖွဲ့မှလူများသည် ဝင်ထွက်သွားလာနေကြသည်။ အဝေးမှနေ၍ သခင်လေးနှင့် ချောမောသော ကောင်လေးတစ်ယောက်တို့ လျှောက်လာသည်ကို ထိုလူများမြင်သောအခါ ခေတ္တမျှမှင်တက်မိလေသည်။ ပေထင်းဟွမ်ဖြစ်သည်ကိုမြင်သည်နှင့် ချက်ချင်း ပင် ပြေးလာကြသည်။

“အာ ငါ မှန်းတာမှန်ရင် သခင်ပေယဲ့ ဒီကိုရောက်နေတယ်”

“မိုးနတမင်းရေ ငါ့မျက်လုံးတွေမှောက်နေတာလား ဘာလို့ သခင်ဟွမ်ကျို့ကို မြင်နေရတာလဲ”

“ဟုတ်တယ် ဟုတ်တယ် သခင်ဟွမ်ကျို့ပဲ၊ အမေရေ သခင်ဟွမ်ကျို့က သားတို့ကို လာကြည့်ပြီ”

“သခင်ပေယဲ့”

သွေးပူနေသောယောက်ျားသားတစ်စုနှင့် ပေထင်းဟွမ်ရောက်လာသည် ကို မြင်လိုက်ကြသော မိန်းကလေးများသည် တွေဝေခြင်းမရှိ ပြေးလာကြသည်။ သခင်ပေထင်းဟွမ်သည် ဟွမ်ချန်းမြို့စား၊ မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင် ဖြစ်နေပြီဟု မည်သူမှ မတွေးမိကြပေ။ သို့သော် အဝေးမှလေးစားမိကြသည်။ ထိုအဖွဲ့သည် စိတ်ဓာတ်တက်ကြွသော ယောက်ျားသားများဖြစ်ကြသည်။ သူတို့ သည် ပေထင်းဟွမ်နှင့် အတူတိုက်ခိုက်ခဲ့ရာ ပေထင်းဟွမ်၏ ခွန်အားကိုမြင်ခဲ့ပြီး သားဖြစ်သည်။ အဓိကအချက်မှာ မည်သူမှ ပေထင်းဟွမ်၏ မျက်နှာလိုက်ခြင်း ကို မခံခဲ့ရပေ။

သူတို့တွင်ရှိသည့် သာရဲလက်တွဲဖော်များကို ပေထင်းဟွမ် ပေးခဲ့ခြင်းဖြစ် သည်။ ထိုလူများ၏ရင်ထဲတွင် ပေထင်းဟွမ်သည် သူတို့၏ သူရဲကောင်း၊ သန်မာအောင် လမ်းပြပေးသည့် လူတစ်ယောက်ပင်။

ချင်းယွိသည် ဘေးသို့တွန်းပို့ခံလိုက်ရကာ မုချင်းလင်သည် လူအုပ်ဆီမှ ခြေတစ်လှမ်းအကွာတွင်ရပ်နေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး နှင်းဝံပုလွေကြေးစားအဖွဲ့မှလူများ၏ စိတ်အား ထက်သန်မှုကို လန့်နေမိသည်။ ထိုအချိန်တွင် ပေထင်းဟွမ်ကို လူများဝိုင်းနေပြီး အားလုံးသည် သူမဘေးသို့တိုးချင်ကြသည်။ လူအုပ်သည် အဆပေါင်းများစွာ ကြီးလာသည်။

ကံကောင်းစွာပင် မုရှီသည် ထိန်းသိမ်းရန်ရောက်လာပြီး သွေးပူနေသော လူများကို ကြိမ်းမောင်းလိုက်မှပင် အနည်းငယ်ငြိမ်ကျသွားသည်။ သို့သော် ပေထင်းဟွမ်ကို ဝိုင်းကာ စကားပြောနေကြသည်မှာ မည်သည့်အရာများကို ပြောနေကြသည်ကိုပင်မသိကြတော့ပေ။