သားရဲ့အချစ်လုဖက်က သန့်စင်ထားတဲ့ဆေး
Vol. 51 Ch. 1003
“အဲလူတွေတော့နော် ဟင်း ပေထင်းဟွမ်က သူတို့ရဲ့အဖွဲ့ခေါင်းဆောင်လို့ တောင်ထင်မိတော့မလို့” ချင်းသွမ့်သည် လှည့်ထွက်ကာ ချင်းယွိ၏ဘေးသို့ လျှောက်သွားကာ စိတ်ဆိုးမာန်ဆိုးနှင့် ရေရွတ်လေသည်။
ချင်းယွိသည် သူ၏ဖခင် မည်သည့်စကားများရေရွတ်နေသည်ကို နားမလည်ပေ။ ထို့ကြောင့် ချင်းသွမ့်၏လက်ထဲသို့ ကျောက်စိမ်းပုလင်းတစ်လုံး ထည့်ပေးလိုက်သည် “ရှောင်ကျို့က အဖေ့ကိုပေးတာ ဝိညာဉ်အဆင့်ခွဲဆေးပဲ၊ တပ်ထဲက ညီအစ်ကိုတွေကိုပေးလို့ရတယ်”
ဝိညာဉ်အဆင့်ခွဲဆေးအကြောင်းကို အရင်ကတည်းက ကြားဖူးပြီးသား ဖြစ်သည်။ သို့သော် ချင်းသွမ့်သည် ထိတ်လန့်သွားကာ လက်များပင်တုန်ယင် လာပြီး ကျောက်စိမ်းပုလင်းသည် မြေပေါ်သို့ကျလုနီးပါးဖြစ်သွားသည်။ မြေကြီး ကို ဝိညာဉ်ကျောက်တုံးများဖြင့် ခင်းထားရာ ကျသွားလျှင် ဝိညာဉ်အဆင့်ခွဲဆေး များ ကွဲသွားမည်လား။ ချင်းသွမ့်သည် ချွေးအေးများပြန်လာသည်။ သို့သော် ကံကောင်းစွာပင် သူ့လက်သည် တည်ငြိမ်နေသည်။
“ဝိညာဉ်အဆင့်ခွဲဆေး... ခေါင်းဆောင် ဝိညာဉ်အဆင့်ခွဲဆေးကိုရောင်း လိုက်ရင် ဘယ်လောက်ရမလဲမသိဘူးနော်” ထောင်နောင့်၏ အသက်ရှူသံမှာ တိုတောင်းသည်။ သူသည် ကြယ် ၉ ပွင့်ဓားသမားသာဖြစ်ရာ ဤကဲ့သို့ ဆေးမျိုး ကိုမလိုအပ်ပေ။ ပြည်မကြီးတွင် ပိုက်ဆံပေါများပြီး ဆေးရှာရန်ခက်ခဲသည်။ “အမြင့်ဆုံးသားရဲထိန်းက ကောင်းပါတယ်၊ ပိုက်ဆံတွေများပြီး သုံးစရာနေရာ မရှိဘူး၊ ညအရှင်သခင်က အဂ္ဂိရတ်ပညာရှင်လို့ကြားတယ်၊ ဒီဆေးတွေက ညအရှင်သခင်ဆီကများ ရထားတာလား”
အဲကလေးက ဘယ်လိုအဓိပ္ပာယ်လဲ။ ချင်းသွမ့်၏မျက်နှာသည် ရုတ်တရက် မည်းနက်လာသည်။ သူသည် ရှုပ်ထွေးနေဆဲပင်။ ညအရှင်သခင် နှင့် သားဖြစ်သူအကြားမှ ဆက်ဆံရေးကို သူမသိသေးပေ။ အချစ်လုဖက်ဖြစ်နေ သည်လား။
“ဟူး သခင်ပေထင်းဟွမ်က တကယ်ကို သခင်လေးအပေါ် ကောင်းလွန်း ပါတယ် ပြီးတော့ ဒီလိုအဖိုးတန်ဆေးကို ညအရှင်သခင်ဆီကတောင်းပြီး သခင်လေးကိုပေးတာ၊ ခေါင်းဆောင် ကျွန်တော့်အမြင်တော့ သခင်လေးက အိုနေပါပြီ၊ တခြားကိစ္စတွေလည်းရှိသေးတယ်၊ အရမ်းကြီးစိတ်မပူပါနဲ့” တပ်မ ကြီးထဲမှ အကြီးအကဲပြောလိုက်ခြင်းပင်။
အဘိုးကြီးသည် မူလက ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်သည်။ ချင်းယွိမှ သူ့အား ထျန်းလင်သစ်သီးပေးပြီးနောက် သူ၏ခွန်အားသည် တစ်ခါတည်းနှင့် ဓား ၂ လက်ကြယ်ဝိညာဉ်သခင်သို့ အဆင့်တက်ခဲ့သည်။ ဝိညာဉ်အဆင့်ခွဲဆေး ကိုတွေ့လိုက်ရချိန်တွင် မည်သူက ဆွဲဆောင်မခံရဘဲနေမည်နည်း။ သူသည် ချင်းသွမ့်၏ မြေးမရတော့မည့်ကိစ္စကိုမတွေးနိုင်တော့ပေ။
ချင်းသွမ့်၏လက်သည် ထပ်မံတုန်ယင်သွားသည်။ သူမှော်လက်စွပ်ထဲသို့ ပစ်ထည့်ချင်သော ကျောက်စိမ်းပုလင်းကို ထိုလူသည် လက်ထဲ၌ကိုင်ထားဆဲ ပင်။ မပစ်လိုက်လေနှင့်။ သူသည် စိတ်လှုပ်ရှားမှုကို မခံနိုင်ပေ။ သူသည် ပေထင်းဟွမ်နှင့် သားဖြစ်သူတို့အကြားမှ တားမြစ်ထားသောဆက်ဆံရေးကို လက်ခံလျှင်တောင် သား၏အချစ်လုဖက်သန့်စင်ထားသည့်ဆေးကို လက်မခံ နိုင်ပေ။
ချင်းသွမ့် ရုန်းကန်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် နှင်းဝံပုလွေဌာနချုပ်နှင့် မျက်နှာချင်းဆိုင်တံခါးမှ ထွက်လာလေသည်။ ထိုလူသည် ခွေးနှာခေါင်းကဲ့သို့ ပင် ချင်းသွမ့်ဆီသို့ရောက်လာကာ နှာရှုတ်ရင်း ချဉ်းကပ်လာသည် “ဆေးလား၊ ဒါ ဘယ်လိုဆေးလဲ၊ အာ.. မင်းလက်ထဲက ပစ္စည်းဟောင်းလေ ဟေ့လူ မင်းက ဆေးကောင်းကောင်းရထားတာပဲ၊ ဆေးရထားတာကို ငါ့ကိုတောင်မပြောဘူး”
ချင်းသွမ့်၏တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ထိုလူသည် ချင်းသွမ့်၏လက်ထဲမှ ဆေးပုလင်းကို လုယူကာ ဖော့အဆို့ကိုဖြုတ်ကာ နှာခေါင်းတွင်တေ့ပြီး နှစ်ပေါင်းတစ်ထောင်ကြာ သိုလှောင်ထားသော သေရည်ကောင်းတစ်ပုလင်း ကဲ့သို့ ရှူရှိုက်လိုက်သည်။ ၎င်းသည် ထူထဲပြီးရှည်လျားသည်။ ပျော်ရွှင်သော အကြည့်သည် လအများကို ဆေးစားပြီး သွားရည်တများများကျစေသည်။
“တိယဲ့ဟွာ တိကျို့ဟွမ် မိုးနတ်မင်းရေ တိကျို့ဟွမ်၊ သစ်ရွက်ကိုးမြက်၊ လင်ကောအနက်... ဟုတ်တယ် အဲဒီဆေးတွေ ဟုတ်တယ် ဒါ ဝိညာဉ်အဆင့်ခွဲ ဆေး တကယ်ကြီး ဝိညာဉ်အဆင့်ခွဲဆေးပဲ...” ထိုလူသည် လက်နှစ်ဖက်ဖြင့် ဂရုတစိုက်ကိုင်တွယ်သည်။ ဆေးကို ကိုင်ရင်းနှင့် ပုလင်းနှုတ်ခမ်းနှင့် သူ၏ နှာခေါင်းတို့ကို မခွာ မနားတမ်းကပ်ထားချင်ပုံပေါက်လေသည်။
သူသည် မည်သည့်အရောင်မှန်းမသိလောက်သည့် ဝတ်ရုံရှည်ကိုဝတ်ဆင် ထားသည်။ နဂိုက ချည်နှောင်ထားသည့် ဆံထုံးသည် ရှုပ်ပွကာ ပြေကျနေ၏။ ဆံပင်ကိုချည်ထားသည့် မြက်ပင်လျှင်ပင် လျှောကျပြီး အရာအားလုံးကို ကွယ် နေသည်။ မျက်နှာပေါ်တွင် အရေတွန့်နေသည်များကိုမြင်နေရသည်။ သို့သော် တောက်ပသော မျက်လုံးများကို ဖုံးကွယ်၍မရပေ။
အဘိုးကြီးထွက်လာချိန်တွင် နှင်းဝံပုလွေအဖွဲ့တစ်ခုလုံးသည် ချင်းသွမ့်၏ လက်ထဲမှ ဆေးပုလင်းကို ယူသွားမည်ကိုစိုးသဖြင့် ဌာနချုပ်တံခါးပေါက်တွင် စုဝေးလာကြသည်။ စိတ်မတည်ငြိမ်သောမျက်လုံးများသည် အဘိုးကြီးကို စိုက် ကြည့်နေကြသည်။ ပေထင်းဟွမ်ပင်လျှင် သွားရန်အသင့်ဖြစ်နေသည်။