ဆေးကြောင့်မဟုတ်ရင် ပြီးတာပဲ
Vol. 51 Ch. 1004
ပေထင်းဟွမ်၏တစ်ကိုယ်လုံးသည် အချိန်မရွေးခုန်အုပ်မည့် သစ်ကျုတ် အလား တောင့်တင်းနေသည်ကိုမြင်သည်နှင့် မုရှီသည် အလျင်အမြန်ပင်ပြော လေသည် “သခင်ဟွမ်ကျို့ သူက အဂ္ဂိရတ်အစည်းအရုံးက သခင်အိုက်လန်ပါ၊ သူက အဂ္ဂိရတ်ပညာကို ရူးသွပ်နေတဲ့သူလေ၊ အစည်းအရုံးကအဖွဲ့ခေါင်းဆောင် ပါပဲ၊ ခင်ဖို့ကောင်းတယ် ဒီလူက ဓားဝိညာဉ်ဂိုဏ်းရောက်နေပြီ ဝိညာဉ်အဆင့်ခွဲ ဆေးကို အငမ်းမရလိုချင်မှာတော့မဟုတ်ပါဘူး”
ဆေးကြောင့်မဟုတ်ရင် ပြီးတာပဲ။
ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလိုက်သည်။ အိုက်လန်သည် ရူးသွပ်နေသည့်အလား အော်ကာ ချင်းသွမ့်၏ ကော်လာကို ဆုပ်ကိုင်လေသည်။ ချင်းသွမ့်အား လည်ပင်းညှစ်နေသလိုဖြစ်နေသည်ကို အားလုံးမြင်နေရသည်။ “ဒီဝိညာဉ်အဆင့်ခွဲဆေးကို ဘယ်ကရတာလဲ ပြောဦး ဘယ်ကရတာလဲ”
မစောင့်နိုင်တော့သည့်အလား ရူးသွပ်သည့်အကြည့်နှင့်ဖြစ်နေရာ အရင် ဘဝနှင့် ယခုဘဝတွင် တိုက်ပွဲပေါင်းများစွာတိုက်လာသော ပေထင်းဟွမ်ပင် လျှင် ထိုအချိန်တွင် မုရှီ၏နောက်တွင် ပုန်းအောင်းမိလေသည်။
ရူးသွပ်နေသောလူနှင့်တွေ့ချိန်တွင် သူမ စိတ်မပြင်ဆင်မိသည်ကို ခွင့်လွှတ်ပေးရမည်။
ချင်းသွမ့်သည် ဒေါသထွက်ကာ သေလျှင်တောင် မလွတ်တော့မည့် အလားဖြစ်နေသည့် အိုက်လန်အား ရိုက်ချလေသည်။ ချင်းသွမ့်သည် အသက် ကို မှန်မှန်ရှူကာ ခါးညွှတ်ပြီး ချောင်းအဆက်မပြတ်ဆိုးလေသည်။ သူသည် အိုက်လန်ကို ကြောက်သည်။ ထို့နောက် ပေထင်းဟွမ်ရှိရာဘက်သို့ ညွှန်ပြလေ သည် “သူ သူ သူ့ကိုသွားရှာလိုက်”
မည်သူ့ကိုသွားရှာရမည်ကိုပင် မပြောပေ။ အိုက်လန်သည် မျက်နှာပေါ် တွင်ကျနေသော ဆံပင်များကိုဆွဲပြီး ချင်းသွမ့်ညွှန်ပြသည့်ဘက်သို့ ကြည့်လေ သည်။ အဘိုးကြီးသည် အမှန်တကယ်ပင် ကံကောင်းသည်။ ပေထင်းဟွမ်၏ လန်းဆန်းနေသောမျက်နှာကို တစ်ချက်တည်းကြည့်ရုံနှင့်မြင်သည်။ သူမ၏ ရှောင်တိမ်းနေသော အသွင်အပြင်ကိုမြင်သောအခါ ပေထင်းဟွမ်ဆီသို့ လေ အလား ဝေ့ခနဲရောက်သွားလေသည်။
“အဲဒါကို ဘယ်သူလုပ်တာလဲ” အိုက်လန်သည် ချင်းယွိအပေါ်တွင် အကောင်းမြင်စိတ်ရှိသည်။ ချင်းယွိသည် သူ့ကိုတစ်ခါမှမလိမ်ဖူးဘဲ ယုံကြည် ချက်ရှိနေခြင်းကြောင့်ဖြစ်မည်။
“ညအရှင်သခင်ပါ၊ ဟုတ်တယ် ညအရှင်သခင်ပါ” ချင်းယွိသည် ဆေးကို ပြန်ပေးရန်အဓိပ္ပာယ်နှင့် အိုက်လန်ဆီသို့ လက်ဆန့်ထုတ်ရင်းပြောလေသည်။
အဘိုးကြီးသည် ရူးသွပ်သော်လည်း မတုံးအပေ။ သူသည် ချင်းယွိ၏ အဓိပ္ပာယ်ကို သိသည်။ ထို့နောက် ပုလင်းကိုနှာခေါင်းတွင် တော့ပြီး အနံ့ရှူ ကြည့်လေသည်။ ၎င်းသည် ဆေးကိုဂရုတစိုက် သန့်စင်ထားသည်။ ထို့နောက် ချင်းယွိ၏လက်ဖဝါးပေါ်သို့ ပုလင်းကိုရိုက်ပြီးထည့်လိုက်သည် “ကပ်စေးကုပ် လိုက်တာ ဟင်း တစ်နေ့ကျရင်လည်း မြို့တော်က ဆေးကိုသန့်စင်နိုင်မှာ မဟုတ်ဘူး”
အဘိုးကြီးသည် ဒေါသထွက်ပြီးနောက် မျက်နှာချင်းဆိုင်တံခါးဆီသို့ လေ အလားရောက်သွားပြန်သည်။ သူ၏အရှိန်သည် လျှပ်စီးကဲ့သို့မြန်ဆန်နေသဖြင့် ပေထင်းဟွမ်သည် မျက်လုံးထောင့်များပင် ကွေးညွှတ်သွားရလေသည်။
“ဟင်”
အားလုံးသည် စိတ်သက်သာရာရသွားသည်ကို ပေထင်းဟွမ်ခံစားမိသည်။ သူမမှာတော့ အိပ်မက်ဆိုးကြီးကို ဖြတ်သန်းလိုက်ရသည့်အလား ခံစားရလေ သည်။
“မိုးနတ်မင်းရေ ဒီလူက တကယ်ကြောက်ဖို့ကောင်းတာပဲ” မုချင်းလင် သည် ကြောက်လန့်ဆဲဖြစ်သည်။ ထို့နောက် ပေထင်းဟွမ်ဆီသို့လျှောက်သွား ကာ ပေထင်းဟွမ်၏လက်ကိုဆွဲပြီး ကြောက်လန့်တကြားပြောလေသည်။
“ဘာမှမဖြစ်ပါဘူး” ပေထင်းဟွမ်၏မျ်လုံးများသည် မျက်နှာချင်းဆိုင် တံခါးကိုကြည့်နေဆဲဖြစ်သည်ကိုကြည့်ပြီး ချင်းယွိသည် သူမကို ရှင်းပြလေ၏ “မျက်နှာချင်းဆိုင်က အဂ္ဂိရတ်ပညာအစည်းအရုံးလေ အစည်းအရုံးခွဲတစ်ခုပါပဲ၊ သခင်အိုက်လန်က အစည်းအရုံးခွဲက ဥက္ကဌ၊ သူက ဆေးကိုရူးသွပ်တာ ဒါပေမဲ့ လူကတော့မဆိုးပါဘူး၊ အရင်တုန်းက တစ်ခါတလေ ငါ့ကို သာမန်ဆေးတွေ တောင်ပေးတယ် ဒါပေမဲ့ သူက အဆင့်မြင့်ဆေးတွေမသန့်စင်နိုင်ဘူး”
“စိတ်ဝင်စားစရာပဲ” ပေထင်းဟွမ်သည် ပြုံးပြီးပြောလိုက်သည်။ သူမသည် ထိုလူကို အနည်းငယ်စိတ်ဝင်စားလာသည်။ တစ်စုံတစ်ခုကို ရူးသွပ် နိုင်သည် အတွေးများရှုပ်ထွေးတတ်သူမဟုတ်ပေ။ ပေထင်းဟွမ်သည် သူ့ကို ဖြေရှင်းရန် ရိုးရှင်းသူဟု ရည်ညွှန်းချင်သည်။
ထိုလူသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ပေထင်းဟွမ်ပြောလိုက် သည်ကိုကြားပြီး ချင်းယွိသည် ခေါင်းခါကာ စိတ်မချမ်းမြေ့စွာပြောလေသည် “အဲလူ ဘယ်လောက်ရူးလဲဆိုတာ ရှောင်ကျို့မသိလို့နော်၊ ငါ့ဝမ်းတွင်းပါ မီးတောက်က ကောင်းကင်မီးတောက်ဆိုတာကို သိပြီးကတည်းက သူ အဆိပ် ခတ်တာ ခံရတာ ဘယ်နခါတောင်ရှိနေပြီလဲမသိတော့ဘူး”