← Chapters

ငွေရှင်းခြင်း၊ ထျန်းကျို့ဟွမ်ဆေးပင်

Vol. 51 Ch. 1005

ငွေရှင်းခြင်း၊ ထျန်းကျို့ဟွမ်ဆေးပင်

Vol. 51 Ch. 1005

ချင်းယွိစကားမဆုံးခင်မှာပင် စိတ်မနှံ့သည့်အိုက်လန်သည် အဂ္ဂိရတ် အစည်းအရုံးမှပြေးထွက်လာသည်။ ထို့နောက် လက်ကိုလာဆွဲလေသည်။

ပေထင်းဟွမ် သတိပြန်ဝင်လာချိန်တွင် ထိုလူ၏အသံသည် အဂ္ဂိရတ် အစည်းအရုံး၏ တံခါးမှထွက်လာသည်။ “ကောင်လေး ငါ ချင်းယွိကို သုံးဖို့ ခဏ ငှားဦးမယ်၊ ငါလည်း ဝိညာဉ်အဆင့်ခွဲဆေးသန့်စင်ချင်တယ်”

ချင်းယွိတွင် ကောင်းကင်မီးရှိသည်။ ကောင်းကင်မီးမဆိုထားနှင့် မြေကြီး မီးဆိုလျှင်တောင် အဂ္ဂိရတ်ပညာရှင်အတွက် ဆွဲဆောင်မှုရှိနေသည်။ ဤအဘိုး ကြီးသည် ချင်းယွိမရှိလျှင် မနေနိုင်ဟု တစ်ယောက်ယောက်မှပြောလာလျှင် ပေထင်းဟွမ် ယုံမိမည်ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနှင့် ချင်းယွိအပေါ် အိုက်လန်၏မှီခိုမှုကို ပေထင်းဟွမ်နားလည်နိုင်သည်။

“ဒီအဘိုးကြီးကတော့နော်” ချင်းသွမ့်သည် စိတ်ဆိုးမာန်ဆိုးနှင့် ခြေထောက်ဆောင့်လေသည်။ သို့သော် သူဘာမှမတတ်နိုင်ပေ။ သူ၏ခွန်အား သည် အိုက်လန်ထက်မြင့်လျှင်တောင် အရူးနှင့်မည်သို့ရန်ဖြစ်နိုင်မည်နည်း။

“သခင်လေး ၉ ဘယ်လိုလုပ်ကြမလဲ” မုချင်းလင်သည် အနည်းငယ် စိတ်ပူပန်မိသည်။ ထို့အပြင် ချင်းယွိမရှိဘဲနှင့် သူတို့နှစ်ယောက်သည် ဤနေရာ တွင် အလွန်နေရကြပ်လိမ့်မည်။

ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်းကာ မုရှီအား ပြောလိုက်သည် “ငါက အဆင့်မြင့် သားရဲထိန်းပါလို့ သခင်အိုက်လန်ကို သွားပြောလိုက်၊ သူ့ကို အချိန် တစ်ညပေးမယ် မနက်ဖြန်မနက်မတိုင်ခင် သူသာ မီးဒြပ်စင်ကိုရှာတွေ့ရင် အဆင့်ဘယ်လောက်ရှိတဲ့သားရဲဖြစ်ပါစေ ငါ ထိန်းကျောင်းပေးမယ်လို့”

မီးအမျိုးအစားသားရဲများသည် ဝမ်းတွင်းပါသားရဲဖြစ်နိုင်သည်။ ထိုသားရဲ ၏ ဝမ်းတွင်းပါမီးကိုလည်း မျှဝေသုံးစွဲနိုင်သည်။ ယခုကဲ့သို့ပင် အိုက်လန် ချင်းယွိ ၏မီးကိုသုံးသကဲ့သို့ သူသည် ချင်းယွိ၏စာချုပ်သားရဲ ပုံရိပ်ငှက်၏ ဝမ်းတွင်းပါ မီးတောက်ကို သုံးခြင်းဖြစ်သည်။

မုရှီတို့နှစ်ယောက်သည် ထိုစကားကိုကြားသောအခါ ပျော်သွားကြလေ ၏။ ဟုတ်သည်။ သူတို့၏သခင်လေးကို ထိုလူ၏လက်ထဲမှ ကယ်တင်နိုင်တော့ မည်ဖြစ်သည်။ ထို့နောက် အလျင်အမြန်ပင် မျက်နှာချင်းဆိုင်တွင်ရှိနေသော အဂ္ဂိရတ်အစည်းအရုံးကို အမြန်ပြေးသွားလေသည်။

အနည်းငယ်အကြာမှာပင် စိတ်မနှံ့သူအဘိုးကြီးသည် အဂ္ဂိရတ်ပညာရှင် အစည်းအရုံးမှပြေးထွက်လာပြီး နှင်းဝံပုလွေကြေးစားဌာနချုပ်၏ ခြေရင်းတွင် ရပ်လေသည်။ လိပ်လက်သည်းကဲ့သို့ညစ်ပတ်နေသော လက်များနှင့် မျက်နှာ ကို ဖုံးနေသော ဆံပင်များကို သပ်ချလိုက်ပြီး တောက်ပသောမျက်လုံးများဖြင့် ပေထင်းဟွမ်အား စိုက်ကြည့်လေသည် “မင်းက အဆင့်မြင့်သားရဲထိန်းလား၊ တကယ်ကြီးလား ဘယ်လိုသားရဲပဲဖြစ်ဖြစ် ငါ့ကိုထိန်းကျောင်းပေးမှာလား၊ မင်းက ဘာဆုလိုချင်တာလဲ”

“ဘာဆုတွေရှိလဲ” ပေထင်းဟွမ်သည် ထိုလူအား အပေါ်အောက်ကြည့် လေသည်။ မီးတောက်ပင်မရှိသည့် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ သူ့တွင် ဆုအဖြစ်ပေးနိုင်မည့် အဖိုးတန်ဆေးများရှိလျှင်တောင် ပေထင်းဟွမ်တွင် မရှားပါးပေ။ ခေါင်းအထက်မှစကြည့်ရာ အဘိုးကြီးသည် ကျောက်စိမ်းဆံထိုးကို ပင်အသုံးမပြုနိုင်ဘဲ သစ်နွယ်ခြောက်ရိုးကို ဆံထိုးအဖြစ်ထိုးထားသည်ကိုကြည့် ခြင်းဖြင့် သူ့တွင် ရတနာတစ်မျိုးမျိုးရှိလိမ့်မည်ဟု ပေထင်းဟွမ်မယုံကြည်ပေ။

အဘိုးကြီးသည် ဆေးသန့်စင်သည့်အပေါ်တွင် အချိန်ကြာမြင့်စွာ မြှုပ်နှံခဲ့ သည်ကို ပြောနိုင်သည်။ တန်ဖိုးရှိသည့်အရာ တစ်စုံတစ်ရာရှိလျှင် စုဆောင်း ထားသည့် ဆေးပစ္စည်းများသာဖြစ်လိမ့်မည်။ သို့သော် ညအရှင်သခင်တွင် သိုလှောင်ထားသည်များရှိပြီး လက်ပတ်နေရာထဲတွင်လည်းအပြည့်ပင်။ ပေထင်းဟွမ်တွင် ကောင်းကင်နှင့်မြေကြီးရတနာများမရှားပါးပေ။

“ထျန်းကျို့ဟွမ်အပင်” အဘိုးကြီးသည် ယုံကြည်ချက်ရှိရှိနှင့် လက်ညှိုးကို ကောင်းကင်ပေါ်သို့ ထိုးလေသည် “တစ်ပင် အစက ငါ့မှာနှစ်ပင်ရှိတာ ဒါပေမဲ့ မင်းကို ဆုအဖြစ် တစ်ပင်ပေးလို့ရတယ်၊ နောက်တစ်ပင်ကိုတော့ ငါ ဝိညာဉ် အဆင့်ခွဲဆေးသန့်စင်တဲ့နေရာမှာ သုံးမယ်”

မြေကြီးဝိညာဉ်ဆေး၊ ကောင်းကင်ဝိညာဉ်ဆေး၊ ဝိညာဉ်အဆင့်ခွဲဆေးနှင့် နတ်ဘုရားအဆင့်ခွဲဆေးအစရှိသည့် အဆင့်တက်ရန်ထောက်ပံ့ပေးနိုင်သည့် ဆေးများ ဟွမ်ချန်းတွင်ပေါ်လာကတည်းကပင် အဂ္ဂိရတ်ပညာရှင်များအားလုံး သည် ရူးသွပ်သွားကြသည်။ သူတို့သည် ဂူအောင်းကာ ဆေးများသန့်စင်ရန် ကြိုးစားကြသည်။ ပေထင်းဟွမ်ကဲ့သို့ပင် သူလည်း အဆင့်တက်ရန် ဆေး သန့်စင်ရမည်။

ပင်မတိုက်ကြီးရှိ နှစ်ပေါင်းတစ်သောင်းအတွင်းတွင် ဤကဲ့သို့ ဆေးမျိုး သန့်စင်နိုင်သည့်အဂ္ဂိရတ်ပညာရှင်မရှိခဲ့ပေ။ သူတို့သည် ဆေးနည်းမှားနေသည် ဟု ထင်ကြသည်။ သို့သော် ယခုအခါ ထိုအဂ္ဂိရတ်ပညာရှင်များသည် ဆေးနည်း တွင် အမှားမရှိဟု ယုံကြည်ပြီး ထပ်ခါထပ်ခါ စမ်းသပ်ခဲ့ကြသည်။ ဆေးဖို ပေါက်ကွဲခြင်းကြောင့် သေခဲ့ရသည့် အဂ္ဂိရတ်ပညာရှင်မှာ မနည်းလှဟုဆိုကြ သည်။

All Chapters