အစမရှိနွယ်ပင် ရတနာပဲ
Vol. 51 Ch. 1006
ထိုအချိန်ွင် ဤအဘိုးကြီးသည် ဝိညာဉ်အဆင့်ခွဲဆေးကို လိုချင်ရုံသာမက ဘဲ ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်ရန်ကြိုးစားနေသည်။ ထျန်းကျို့ဟွမ်အပင် ဟု ပြောလိုက်လေသလား။ ထျန်းကျို့ဟွမ်အပင် တစ်ရာရှိလျှင်တောင် ဝိညာဉ် အဆင့်ခွဲဆေးတစ်လုံးကို သန့်စင်နိုင်မည်မဟုတ်ပေ။ သို့သော် သူမသည် ထို စကားများကို ဤအရူးအဘိုးကြီးကို မပြောရဲပေ။ မဟုတ်လျှင် သူမ သူနှင့် အကြီးအကျယ်စကားများရလိမ့်မည်။
ထိုအခိုက်အတန့်တွင် နေရာထဲမှ အဂူး၏ဝိညာဉ်သည် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲသို့ အသံနှင့်ကူးပြောင်းပြောလေသည် “သခင် ငါ သူ့ ခေါင်းပေါ်က နွယ်ပင်ဆံထိုးလိုချင်တယ်”
ပေထင်းဟွမ်သည် နားမလည်နိုင်ဖြစ်သွားသည်။ အဘိုးကြီး၏ဦးခေါင်းမှ နွယ်ပင်ကိုကြည့်လိုက်သည်။ ၎င်းသည် မည်းနက်ပြီး ဖောင်းကြွနေသည်။ ထိုဆံထိုးကို ဆီမည်မျှ လိမ်းထားသည်ကိုမသိပေ။ ဟင်းသီးဟင်းရွက် ပွဲပေါင်း များစွာကို ကြော်နိုင်သည့် ဆီပမာဏဖြစ်နိုင်သည်။ မည်သည့်နေရာတွင် အသုံး ဝင်သနည်း။ “အဂူး မင်း ဆံထိုးလိုချင်ရင် တစ်ခုဝယ်လိုက်ရအောင်လေ”
“သခင်” အဂူးသည် မငိုနိုင်၊ မရယ်နိုင်ဖြစ်လေသည်။ တစ်စုံတစ်ရာ လိုအပ်လျှင် သူသည် ပြာများဖြင့် ညစ်နေနေသော အဘိုးကြီးဆီမှ တစ်စုံတစ်ခု ယူရန်မလိုပေ။ “သခင် အဲဒီနွယ်ပင်လေးကို အထင်မသေးနဲ့နော်၊ အဲဒါက နတ် ဘုရားပဲ ဝူရှီလို့ခေါ်တဲ့ နွယ်ပင်ပဲ၊ ပတ္တမြားကမ္ဘာမှာရှိတယ်လို့ပြောကြတယ်၊ ပတ္တမြားကမ္ဘာတစ်ခုလုံးမှာမှ ၃၃ ကောင်းကင်ဘုံရဲ့ အနောက်တောရိုင်းမှာ တစ်ပင်ပဲတွေ့ဖူးတယ်၊ လွန်ခဲ့တဲ့နှစ်တစ်ထောင်က တဖြည်းဖြည်းခြောက်သွေ့ သွားတာ အခုအသက်ရှိသေးရဲ့လားတောင်မသိတော့ဘူး”
“၃၃ ကောင်းကင်ဘုံက အနောက်တောရိုင်းက ဒီလိုအရာမျိုးကို မထောက်ပံ့ဘူးဆိုတာ မင်းလည်းသိတာပဲ၊ ငါက ဘာလို့အဲဒီကိုသွားရမှာလဲ၊ ဒီအဘိုးကြီးက အသက်ရှိသေးတယ်ထင်တာပဲ၊ သူ့ရဲ့ထျန်းကျို့ဟွမ်အပင်ကို ရရင်တောင် နွယ်ပင်ခြောက်ကိုတောင်းတာထက်တော့ တော်သေးတယ်ထင် တယ်နော်၊ ဒီနွယ်ပင်ကခြောက်နေပြီ အသုံးမဝင်တဲ့နွယ်ပင်ပဲ၊ အဲဒါကို စိုက်ချင် သေးတာလား” ပေထင်းဟွမ်သည် မေးစေ့ကိုပွတ်ပြီး မည်းနက်သောမျက်လုံး အစုံသည် တယိုယိုစီးကျနေကာ အိုက်လန်အား အထက်အောက်ကြည့်လေ၏။
သူသည် သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံလိုက်ရသလို အိုက်လန် ခံစားရလေသည်။ နှစ်ပေါင်းများစွာအတွင်းတွင် မည်သူကမှ သူ့ကို ဤကဲ့သို့ ခံစားချက်မျိုးမပေးပေ။ တစ်ဖက်လူသည် ကလေးငယ်သာဖြစ်သည်။ ၁၅ နှစ် ပင်မပြည့်သေးသည့်ကလေးသာဖြစ်သော်လည်း သူ့အား ကြောက်စရာကောင်း သည့်မျက်လုံးများဖြင့်ကြည့်နေသည်။ သူ့အသက်ပင် စတေးပြီးလိုချင်နေသော မီးသားရဲ၏ဆွဲဆောင်မှုကြောင့်သာမဟုတ်လျှင် သူသည် သေချာပေါက် လှည့်ပြေးမည်ဖြစ်သည်။
“ဘယ်လိုထင်လဲ နှစ်ခုလုံးပေးရင်ရော ထျန်းကျို့ဟွမ်လေ” အိုက်လန် သည် စဉ်းစားနေသည်။ ထျန်းကျို့ဟွမ်သည် နတ်အဆင့်ဆေးကို သန့်စင်ရာ တွင်သုံးသည့် အဆင့် ၇ ဆေးပင်ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များ အဆင့် ၆ ဝိညာဉ်အဆင့်ခွဲဆေးကိုသန့်စင်ရန် အဆင့် ၇ ဆေးပင်ကိုသုံးရသည်မှာ ထျန်းကျို့ဟွမ်ထဲမှ ကြီးမားသောစွမ်းအားသည် ဆေးသန့်စင်မှုအောင်မြင်ရန် အခွင့်အရေးပိုများနိုင်ခြင်းကြောင့်ဖြစ်သည်။
ပေထင်းဟွမ် နှုတ်ဆိတ်နေသည်ကိုကြည့်ပြီး အဂူးသည် အနည်းငယ် စိတ်မအေးဖြစ်လာသည်။ နေရာထဲတွင် သူသည် စကားပြောမြန်လာပြီး ပေထင်းဟွမ်အား ဖြောင်းဖြလေသည် “သခင် နတ်မိစ္ဆာဝိညာဉ်နဲ့ ဝိညာဉ် နှစ်ခု လုံးတွဲလက်ရှိတဲ့နေရာမှာ ရှင်သန်နိုင်တဲ့ နွယ်ပင်ခြောက်က သန်မာတယ်၊ ဒီ နွယ်ပင်ခြောက်က တခြားသူတွေအတွက် အသုံးမဝင်ရင်တောင် မင်းအတွက် အသုံးဝင်မှာ၊ မင်းမှာ လက်ပတ်နေရာရှိတယ်လေ၊ လက်ပတ်နေရာထဲကို ပစ် ထည့်လိုက်ရင် အသက်ရှင်နိုင်တယ်”
အဂူးသည် ၃၃ ကောင်းကင်ဘုံမှလာသည်ကို ပေထင်းဟွမ်သိသည်။ လက်ရှိ သူမနှင့်ယှဉ်လျှင် သူသည် ဗဟုသုတပိုစုံသည်။ အဂူးလိုချင်သဖြင့် သူမ မေးလိုက်သည် “အဲဒါက အသုံးဝင်လား ဘာအသုံးဝင်တာလဲ”
ပေထင်းဟွမ်၏ အသံပျော့သွားသည်ကိုကြည့်ပြီး အဂူးသည် သက်ပြင်း ချလိုက်သည် “သခင် အဲဒီအဘိုးကြီကိုကြည့်လိုက် သူက နေ့တိုင်း ဆေးသန့်စင် ဖို့အလုပ်များနေတာ၊ လေ့ကျင့်ဖို့ အချိန်မရတဲ့ပုံပဲ ဒါပေမဲ့ သူက ဓား ၁ လက် ဝိညာဉ်ဂိုဏ်းပဲရှိသေးတယ် ဘာလို့လဲ”
“အစမရှိနွယ်ပင်နဲ့များ ဆက်စပ်နေတာလား” ပေထင်းဟွမ်သည် ပျော်သွားမိ၏။ သို့သော် သူမ၏မျက်နှာသည် တည်ငြိမ်ပြီး ထူးဆန်းနေသလို ဟန်ဆောင်နေသည်။ သေချာပေါက်ပင် သူမ မြင်သာအောင်မပြဘဲ အဘိုးကြီး ကို အခွင့်အရေးယူခွင့်မပေးပေ။
“ဟုတ်တယ် သခင် နွယ်ပင်ခြောက်တစ်ခုကတောင် ဝိညာဉ်စွမ်းအင်ကို စုစည်းနိုင်တယ်၊ ဒီအဘိုးကြီးမှာ နွယ်ပင်ခြောက်မရှိရင် သူ့ဘိုးဘေးတွေကြောင့် ဝိညာဉ်သခင်ကြီးသာဖြစ်နေလိမ့်မယ်” အဂူးသည် အဘိုးကြီး၏ အသွင်အပြင် ကို အထင်သေးလေသည်။