Chapters

ဒီအဘိုးကြီးက ရူးတဲ့ပုံမပေါက်ဘူး

Vol. 51 Ch. 1007

ဒီအဘိုးကြီးက ရူးတဲ့ပုံမပေါက်ဘူး

Vol. 51 Ch. 1007

ကျွတ်

ပေထင်းဟွမ်သည် ကျွတ်သပ်လိုက်သော်လည်း တည်ငြိမ်နေဆဲပင်။ သူမသည် တစ်လှမ်းချင်းဆင်းသွားလိုက်သည်။ ထို့နောက် အဘိုးကြီးထက်မြင့် သည့် လှေကားအထစ်တွင်ရပ်ကာ နှုတ်ခမ်းထောင့်တွင်တွန့်ပြီး အထင်သေးစွာ ပြောလိုက်သည် “ထျန်းကျို့ဟွမ်လား၊ ကျွန်တော့်ရဲ့ ခမ်းနားတဲ့မဟာမိတ် အင်ပါယာက အဲဒါတွေရှားမယ်လို့ထင်လို့လား”

ပေထင်းဟွမ်ပြောပြီးနောက်တွင် လက်ဖျောက်တီးလိုက်သည်နှင့် လေဟာနယ်ထဲတွင် ကောင်းမွန်စွာစိုက်ပျိုးထားသော ရွှေရောင်အလွှာနှင့် ဆေးပင်သည် ရွှေရောင်စက်ဝန်းများထွက်ကာ သူမလက်ထဲတွင်ပေါ်လာလေ သည်။

သူမ၏ ကျောက်စိမ်းနှင့်တူသော လက်ချောင်းများသည် အစိမ်းရောင် သမ်းနေကာ ဆေးစွဲနေသော အိုက်လန်သည် သွားရည်တများများနှင့် လည်စေ့ ပင် လှိမ့်နေပြီး တံတွေးမျိုချသံသည် လမ်းပေါ်တွင် ပေါ်ထွက်လာသည်။

ဤဆေးသာ တစ်စုံတစ်ယောက်၏ လက်ထဲရောက်နေလျှင် ထိုအရူး သည် လုပြေးလောက်သည်။ သို့သော် ပေထင်းဟွမ်ဖြစ်နေသဖြင့် သသည် ဤလူငယ်ကို မသိစိတ်မှကြောက်နေသည်။ သူသည် ဤထူးဆန်းသည့်ခံစား ချက်ကို ရှင်းမပြနိုင်ပေ။

ဤနေရာသည် တာဝကြေးစားမြို့၏ ပင်မလမ်းဖြစ်နေသည်။ ပြည်မကြီး တွင် နှင်းဝံပုလွေကြေးစားအဖွဲ့အပြင် ထိပ်တန်းကြေးစားအဖွဲ့ ၁၀ ဖွဲ့၏ ဌာန ချုပ်သည် ဤလမ်းပေါ်တွင် စုဝေးကြသည်။ တခြားသော လုပ်ငန်းများသည် လည်း တာဝမြို့အတွက် ကုန်သွယ်ရေးအထောက်အပံ့အမျိုးမျိုးကို ထောက်ပံ့ ပေးထားသည်။ အဂ္ဂိရတ်ပညာရှင်အစည်းအရုံး၊ လက်နက်သန့်စင်ရေး အစည်းအရုံး၊ သားရဲထိန်းအစည်းအရုံးနှင့် ကုန်သွယ်ရေးအစည်းအရုံး အစရှိ သည့် ထိုအဖွဲ့အစည်းများ၏ ဌာနချုပ်များသည် ဘေးချင်းကပ်လျက်ရှိသည်။

ထိုအချိန်တွင် နှင်းဝံပုလွေ၏ဌာနချုပ်၏ လှုပ်ရှားမှုများသည် လူအများ၏ အာရုံစိုက်မှုကိုခံရလေသည်။ လှေကားများအပေါ်တွင်ရပ်ပြီး လက်ထဲတွင် ရွှေရောင်ဆေးပင်ကိုင်ထားသော အနက်ရောင်ဝတ်ထားသည့်လူငယ်သည် ရောင်ဝါပြည့်ဝကာ ထိုရနံ့သည် အဝေးထိ လွင့်ပျံနေသည်။ ရနံ့ရှူမိသူများသည် ထိတ်လန့်မိကြသည်။

အဆင့် ၇ အမတဆေးပင် ထျန်းကျို့ဟွမ်ပင်ဖြစ်သည်။

ပင်မတိုက်ကြီးတွင် တန်ဖိုးမဖြတ်နိုင်သောဆေးပင်ဖြစ်သည်။

သခင်အိုက်လန်၏ လက်ထဲတွင် နှစ်ပင်ရှိကာ ၎င်းတို့သည် အသက်သွေး ခဲများဖြစ်ကာ တိုက်ကြီးတစ်ခုလုံးကို သိအောင်လုပ်ပြရန်မစောင့်နိုင်တော့ပေ။ တခြားအဂ္ဂိရတ်ပညာရှင်များသည် သူ့ထက်အားနည်းပြီး သူ့ကိုမနိုင်ခြင်း ကြောင့်သာမဟုတ်လျှင် ထိုထျန်းကျို့ဟွမ်နှစ်ပင်လည် အလုခံရပြီးလောက်ပြီ ဖြစ်၏။

မည်သည့်အင်အားစုမဆို ထိုအဆင့် ၇ နတ်ဆေးပင်ကိုရသည်နှင့် အဂ္ဂိရတ်သခင်၏လက်ထဲမှ အဆင့် ၄ ဆေးနှင့် အလဲအလှယ်လုပ်မည်မှာ သေချာပေါက်ပင်။

ပေထင်းဟွမ်၏စကားများသည် ကြမ်းတမ်းသော်လည်း ပေထင်းဟွမ်၏ လက်ထဲမှ နတ်ဆေးပင်ကိုမြင်သည်နှင့် အိုက်လန်သည် ဘာမှမပြောတော့ပေ။ ထို့နောက် လက်နှင့် သူ့လက်ချောင်းမှ လက်စွပ်ကို ထိရုံထိလိုက်သည်။ ထို အချိန်တွင် ဆေးပင်သည် သူ၏လက်စွပ်ထဲတွင်ရှိနေတုန်းပင်ဖြစ်သည်။ ထို ဆေးပင်နှစ်ပင်ပေါင်းလိုက်လျှင်တောင် ပေထင်းဟွမ်၏လက်ထဲမှဆေးပင် လောက်ပင် မကောင်းနိုင်သည်ကို သူသိသည်။

“မင်း မင်းရဲ့ထျန်းကျို့ဟွမ်ကို ရောင်းလို့ရလား” အိုက်လန်သည် တံတွေး ကို ခက်ခက်ခဲခဲမျိုချပြန်သည် “ငါ့မှာ ပတ္တမြား ၇၀ ဘီလီယံရှိတယ်၊ အဲဒါ တွေအကုန် မင်းကိုပေးမယ်လေ ငါမင်းရဲ့ ထျန်းကျို့ဟွမ်ကို ဝယ်မယ်”

ထျန်းကျို့ဟွမ်သည် ရရန်မလွယ်ကူပေ။ ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင် ရန်ကြိုးစားရမည်ကို တွေးပြီး ဤကဲ့သို့ဆေးပစ္စည်းမျိုးကို ယူထားသည်က ပို ကောင်းသည်။ အိုက်လန်သည် တွေဝေခြင်းမရှိ အကုန်ပုံအောလေသည်။

ပတ္တမြား သန်းပေါင်း ၇၀ ကိုကြားပြီးနောက် ချင်းသွမ့်သည် ဒေါသထွက် ကာ အမြန်ပြေးလာပြီး ထိုအရူးအား ထိုးလေသည် “ဟေ့လူ မင်းမှာ ၇၀ ဘီလီယံရှိတာကို ဘာလို့ ၁၀ ဘီလီယံပဲရှိတယ်လို့ပြောတာလဲ၊ ကျုပ်တို့ ဝိညာဉ် သစ်သီးကို ဘာလို့ ၁၀ ဘီလီယံနဲ့ပဲဝယ်တာလဲ”

အဘိုးကြီးသည် ရူးနေပုံမပေါက်ပေ။ ပေထင်းဟွမ် လက်ကောက်ဝတ် လှည့်လိုက်သည်နှင့် ထျန်းကျို့ဟွမ်သည် လက်ချောင်းများထိပ်မှပျောက်ကွယ် ပြီး နေရာထဲသို့ ပြန်ရောက်သွားလေသည်။ သူမသည် လက်မြှောက်ကာ မိုးပေါ် မှ ဆည်းဆာကိုထိုးပြလိုက်သည်။ ထို့နောက် ထိုအဘိုးကြီးကို ငုံ့ကြည့်လိုက် သည် “ခင်ဗျားဆီမှာ ကျွန်တော်သုံးလို့ရမယ့်ဟာဘာမှမရှိဘူး၊ ကျွန်တော် သားရဲကူထိန်းကျောင်းပေးမယ်ဆိုတာက အစ်ကိုကြီးချင်းယွိကို ဆက်ပြီး မနှောင့်ယှက်စေချင်လို့ပဲ၊ သူက ကျွန်တော့်ကို ဒီနေ့ည အသားကင်ကျွေးမှာ ခင်ဗျားအတွက် ဆေးသန့်စင်ပေးစရာအချိန်မရှိဘူး”