တူးဆွခြင်းစီးပွားဖက်
Vol. 51 Ch. 1008
အဲဒါအကြောင်းအရင်းလား။ သခင်ချင်းယွိကို လွတ်လွတ်လပ်လပ်နဲ့ သူမနဲ့အတူ အသားကင်စားခိုင်းဖို့ သားရဲတွေကို ကူပြီးထိန်းကျောင်းပေးချင် တာလား။ လွှမ်းမိုးနိုင်လိုက်တာ။
ပင်မလမ်းပေါ်တွင် နှင်းဝံပုလွေကြေးစားအဖွဲ့၏ တခြားအဖွဲ့ဝင်များမှလွဲ ပြီး အားလုံးငိုချင်လာသည်။ သူတို့သည် တစ်ပုံစံတည်းလုပ်ပြီး သခင်ချင်းယွိကို ပြန်ပေးဆွဲလိုက်လျှင် သခင်ပေထင်းဟွမ်က သူတို့ကို သားရဲထိန်းကျောင်းဖို့ ကူညီပေးမှလား။
ထိုစကားကိုကြားပြီးနောက် အရူးအဘိုးကြီးသည် ပျော်ရွှင်မှုကြောင့် ရူးသွပ်မတတ်ပင်။ သူသည် ထခုန်ပြီးနောက် ထွက်သွားတော့မည်ပြုသည်။
“ခဏနေပါဦး” မုချင်းလင် ရောက်လာပြီး ရှေ့တိုးကာ ပေထင်းဟွမ်၏ လက်ကိုကိုင်ပြီး ဆွဲဆောင်မှုရှိသောအသံနှင့်ပြောလေသည် “သခင်လေး ၉ သခင်အိုက်လန်ရဲ့ခေါင်းက နွယ်ပင်ခြောက်ကို ယူပေးလို့ရမလား၊ အဲဒါက ကောင်းတယ်လို့ထင်တယ်”
ဟင်
ပွဲကြည့်သူများသည် စားပြီးသား အန်ထွက်ကျတော့မလို ခံစားရလေ၏။
ပုံမှန်အားဖြင့် သူတို့သည် ဤအဘိုးကြီးကိုမြင်လျှင် ပြေးနိုင်သလောက် မြန်မြန်ပြေးကြသည်။ ဤအဘိုးကြီးသည် ညစ်ပတ်သည်ထက်ပိုသာသည်။ သူ ရပ်ခဲ့သည့်နေရာတွင် သူတို့မရပ်ချင်ကြပေ။ ဤမိန်းမငယ်လေးသည် တင့်တယ် ပြီး ဆွဲဆောင်မှုရှိပုံပေါ်သည်။ သခင်ပေထင်းဟွမ်၏ သတို့သမီးလောင်းအနေ နှင့် သူမ၏သရုပ်မှန်ကိုသာ သိမထားလျှင် သူတို့သည် နောက်တစ်ကြိမ်ပြန် ကြည့်မိမည်ဖြစ်သည်။
မည်သူသိမည်နည်း။ ဤမိန်းကလေးတွင် ထူးခြားသည့်လိုလားမှုမျိုးရှိနေ သည်။
အားလုံးဆီမှ ထူးဆန်းသောအကြည့်များကို ခံစားရပြီးနောက် မုချင်းလင် သည်လည်း ခေတ္တမျှ စိတ်ညစ်သွားသည်။ ရှောင်ကျို့ တကယ်ပါပဲ။ ဘာလို့များ ဒီအဘိုးကြီးရဲ့ ခေါင်းက နွယ်ပင်ခြောက်ကိုလိုချင်ရတာလဲ။ ဒီအဘိုးကြီး ခေါင်း မလျှော်တာတောင် နှစ်တွေအများကြီးကြာနေပြီ နွယ်ပင်ခြောက်တွေက ဆီ တွေအစ်နေရုံတင်သာမကဘူး ညစ်ပေနေတာပဲ။
လူအုပ်ထဲတွင် တီးတိုးပြောသံများထွက်ပေါ်လာသည်။ ပေထင်းဟွမ် သည် အားကောင်းသည်ကို သိကြသော်လည်း သူမ၏သတို့သမီးလောင်း၏ အကြိုက်သည် တစ်မူထူးသည်။ အကြောင်းအရင်းများရှိသေးသည်လား။
“သခင်အိုက်လန်ရဲ့ ပစ္စည်းကို စိတ်ဝင်စားတဲ့သူရှိသေးတာလား၊ ဆေးပင် တွေကိုနားလည်တယ်ဆိုရင် အဲဒီနွယ်ပင်ခြောက်ကို မြေပေါ်ပစ်လိုက်ရင် တောင် ဘယ်သူမှလိုချင်မှမဟုတ်ဘူး”
“မိုးနတ်မင်းရေ နွယ်ပင်ခြောက်ပေါ်မှာ ဂျွတ်တက်နေတဲ့ဆီတွေကို ဓားနဲ့ တောင်ခွာလို့ရမှာမဟုတ်ဘူး”
“မဟုတ်ဘူး ငါတော့ ရွံတယ်”
“သခင်ပေထင်းဟွမ်ရဲ့ သတို့သမီးလောင်းက ဒီလိုပစ္စည်းမျိုးကို တစ်ခါမှ မမြင်ဖူးလို့ ကြိုက်တာနေမှာ ချစ်စရာကောင်းတယ်”
မုချင်းလင်သည် အက်ကွဲနေသည့်မြေကြီးရှိလျှင် ဝင်ပုန်းအောင်းချင်သည့် စိတ်များဖြစ်လောက်အောင် ရှက်လာသည်။ ထိုအချိနတ်ွင် သူမသည် ပေထင်းဟွမ်အား ကူပြီးသရုပ်ဆောင်ပေးရမည်ဖြစ်သဖြင့် လက်မောင်းကို လှုပ်ယမ်းလိုက်သည် “ရှောင်ကျို့ ဟုတ်ပြီလား”
ပေထင်းဟွမ်သည် အနည်းငယ်အားနာသွားသည့်အလား အဘိုးကြီးကို ကြောက်စရာကောင်းသည့်အကြည့်၊ အနည်းငယ်ထူးဆန်းသည့်အကြည့်နှင့် ကြည့်ကာ သူ့လက်တွင်ချိတ်ထားသော မုချင်းလင်၏လက်ကို ပုတ်လိုက်သည် “လိမ္မာတယ်လင်အာ အဲဒီပစ္စည်းက အရမ်းညစ်ပတ်တယ် မင်းကြိုက်ရင် ခဏ နေကျရင်ရှင်းယွဲ့နယ်ကိုသွားမယ် မင်းအတွက် ကောင်းတာလေးခုတ်ပေးမယ်”
“ညစ်ပတ်တယ်ဟုတ်လား ဘယ်မှာညစ်ပတ်လို့လဲ” အဘိုးကြီးသည် စိတ်ဆိုးဆိုးနှင့် အမြီးတက်နင်းခံရသည့်ကြောင်အလား ထခုန်လေသည် “ငါ လွန်ခဲ့တဲ့ ၁၀ လကရေချိုးထားတာ ဘယ်မှာညစ်ပတ်လို့လဲ၊ ဟင်း ငါ့ ဆံထိုးက ဘိုးဘေးတွေလက်ထက်ကတည်းက တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းလာ တာ မင်းလိုချင်ရင်တောင် မပေးနိုင်ဘူး”
“မပေးဘူးလား၊ မပေးရင်လည်းရပါတယ်၊ အဲဒါကိုရှောင်ကျို့ကိုမပေးရင် သားရဲကူထိန်းကျောင်းမပေးနိုင်ဘူး” မုချင်းလင်သည် ခါးပေါ်လက်ထောက် ထားပြီး မာန်ဖီသည့်ကျားကလေးကဲ့သို့ ရင်ဘတ်ကိုကော့ထားလေသည်။
ပေထင်းဟွမ်၏ပြုံးနေသော မျက်လုံးများသည် မုချင်းလင်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏မျက်လုံးထဲမှ မြတ်နိုးမှုနှင့် သည်းခံနိုင်မှုများသည် ထင်ရှားသည်။ ပွဲကြည့်လာလူအုပ်ထဲတွင် ပွင့်လန်းနေကြသည့် မိန်းမငယ်လေး များသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး အားကျသောအကြည့်များမှာ မုချင်းလင်အပေါ်ကျရောက်သွားကြသည်။ သူတို့သည် ခန္ဓာကိုယ်ချင်းပင် လဲလိုက်ချင်တော့သည်။ သခင်ပေထင်းဟွမ်သည် ဤကဲ့သို့ခင်ပွန်းလောင်း ကောင်းတစ်ယောက်ဖြစ်သည်။ အားကောင်းသည်၊ ခွဲခြားသိမြင်နိုင်သည်၊ အလွန်ပင် ချစ်တတ်သည်။ အရင်ဘဝက တိုက်ကြီးကို ကယ်တင်ခဲ့၍ ဤကဲ့သို့ကောင်းသော ခင်ပွန်းလောင်းရနေသည်မဟုတ်ပါလား။