ဝိညာဉ်သားရဲကူဖမ်းပေး
Vol. 51 Ch. 1009
မုချင်းလင်ကဲ့သို့ ညီအစ်မကောင်းမျိုးနှင့် ဆုံတွေ့ရသည်မှာ မည်မျှ ကံကောင်းကြောင်းကို ပေထင်းဟွမ်သိသည်။ နွယ်ပင်ခြောက်တစ်ခုအတွက်နှင့် မုချင်းလင်ကဲ့သို့ နူးညံ့ပြီး ညင်သာသောမိန်းကလေးတစ်ဦးသည် ဤကဲ့သို့ လှည့်ကွက်မျိုးကို ပြုလုပ်ခဲ့သည်။
မိန်းကလေး မာယာစများသည်နှင့် မောက်မာခြင်းအပြည့်ဖြစ်နေရာ အဘိုးကြီးသည် အထိတ်တလန့်နှင့် နောက်ပြန်ဆုတ်မိလေသည်။
အဘိုးကြီးသည် လက်မြှောက်ပြီး ဦးခေါင်းမှ ဆံထိုးကိုထိလိုက်သည်။ ၎င်းသည် ဘိုးဘေးများလက်ထက်မှ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ သည့်အရာဖြစ်သည်။ ၎င်းသာအသုံးဝင်သည်လား။ ၎င်းသည်အသုံးမဝင်ပေ။ သို့သော် သူသည် ဘာမှမဟုတ်သလို ပေးပစ်ရန်တွန့်ဆုတ်နေမိသည်။ အဘိုး ကြီးသည် မတုံးပေ။ အစက ဆံထိုးကိုလိုချင်သူမှာ ပေထင်းဟွမ်သာဖြစ်ပါက သူသည် သေချာစဉ်းစားရမည်ဖြစ်သည်။ ပေထင်းဟွမ်သည် ပစ္စည်းများကို နားလည်သည်။ သူမ နှစ်သက်သည့်ရတနာ၊ သူမရရန်ကြိုးစားသည့်အရာများ သည် သာမန်ပစ္စည်းများဟုတ်ပါမည်လား။
“ဒီနွယ်ပင်ခြောက်က ဘိုးဘေးတွေပြောသလိုမျိုး ကျင့်ကြံခြင်းမှာ အကျိုးအမြတ်ကောင်းကောင်းရတယ်ဆိုတာ အမှန်ပဲလား၊ ဒါပေမဲ့ ငါဘာမှ မခံစားရပါဘူး” အဘိုးကြီးသည် သူ့ဘဝတွင် ဤကဲ့သို့ရွေးချယ်မှုခက်ခဲသည့် အဖြစ်မျိုး မဖြစ်ဖူးပေ။ အတော်အခက်တွေ့နေသည်။ တစ်ဖက်တွင် ဘိုးဘေး များဆီမှ ဆင်းသက်လာသည့်ရတနာဖြစ်ပြီး တစ်ဖက်တွင် တစ်ဘဝလုံး၌ နောက်ထပ်မတွေ့နိုင်သည့် အခွင့်အရေးကောင်းဖြစ်နေသည်။
သူသာ ဤကဏ္ဍကိုလွတ်သွားလျှင် သူ့ဘဝ၌ မီးသားရဲဘယ်တော့မှရ တော့မည်မဟုတ်သည်ကို အဘိုးကြီးကောင်းစွာသိသည်။ ထို့အပြင် အမြင့်ဆုံး သားရဲထိန်းသည် တိုက်ကြီးတွင် တစ်ဦးတည်းသာရှိသည်။
“သခင်အိုက်လန်က တုံးတာလား၊ မီးအမျိုးအစားသားရဲကိုတောင် မလို ချင်တော့ဘူးပေါ့ ပြီးတော့ အဆင့်အကန့်အသတ်မရှိတဲ့ မီးအမျိုးအစားသားရဲ နော်”
“သူသာဖမ်းနိုင်ရင် ကူပြီးထိန်းကျောင်းပေးမယ်လို့ သခင်ပေထင်းဟွမ် ပြောပြီးပြီလေ၊ နတ်သားရဲတစ်ကောင်ရတာက တော်တော်ကံကောင်းနေပြီ၊ အဲဒါက ဘိုးဘေးတွေဂူထဲကလာတဲ့ မီးခိုးသာသာပဲမလား”
“မိုးနတ်မင်းရေ ဒီလိုကောင်းတဲ့အခွင့်အရေးမျိုး ဘာလို့ငါ့်ဆီကို ရောက် မလာတာလဲ”
လူအုပ်ထဲမှ ဆွေးနွေးနေသောအသံများကိုကြားပြီးနောက် အဘိုးကြီး သည် စိတ်ကြီးကြီးနှင့် နွယ်ပင်ခြောက်ကိုဆွဲထုတ်ကာ မုချင်းလင်ဆီသို့ ပစ်ပေး လိုက်သည် “မင်းလိုချင်ရင်ယူလေ၊ ဒါပေမဲ့ တစ်ခုသဘောတူပေး၊ ငါပေးရတာ ကို ဂရုမစိုက်ဘူး၊ နတ်သားရဲဖြစ်ရင်တောင် ငါ့ကို ကူပြီးထိန်းကျောင်းပေးရမယ်”
“လူကြီးလူကောင်းက ပေးပြီးသားကတိကို မဖျက်သိမ်းဘူး” ပေထင်းဟွမ် သည် လက်ကိုမြှောက်ကာ အဘိုးကြီးပစ်လိုက်သည့် နွယ်ပင်ခြောက်ကို ဖမ်း လိုက်သည်။ သူမ၏ မည်းနက်သောမျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပကာ အသံသည်ကြည်လင်ကာ ပဲ့တင်ထပ်နေသည်။
အဘိုးကြီးသည် ပေထင်းဟွမ် နောင်တရမည်ကိုမကြောက်ပေ။ ပေထင်းဟွမ်သည် မည်သူနည်း။ တစ်ခါက ဇာမဏီမြို့စားဖြစ်ပြီး ယခုအခါ မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမ၏ ဇနီးလောင်းလိုချင်သည့် နွယ်ပင်ခြောက်ကို ရအောင်ယူပေးခဲ့သည်။ သူ့ကို သားရဲကူမထိန်းကျောင်းလျှင် အသက်ရှင်နိုင်မည်လားကြည့်ရမည်။
ပေထင်းဟွမ်သည် အဘိုးကြီး၏မျက်လုံးထဲမှ တွက်ချက်မှုများကို မြင်နေ ရသည်။ သူ၏မည်းနက်သောမျက်လုံးထဲတွင် မနက်ခင်းကြယ်ရောင်ပြန်ဟပ် သကဲ့သို့ အပြုံးသဲ့သဲ့မြင်နေရသည်။ သူ၏ လှပသောနှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်းမြင့်တက်သွားသည်။ ထိုအဘိုးကြီးသည် စိတ်ဝင်စားစရာကောင်း လှသည်။
သေချာပေါက် အိုက်လန်သည် မတုံးအပေ။ သူ့ဘာသာ နတ်သားရဲဖမ်း ရန်မဖြစ်နိုင်ပေ။ ထိုနေရာတွင် သူသည် ချင်းသွမ့်အား လူသန်ကြီးတစ်ယောက် ကဲ့သို့ ဆုပ်ကိုင်လေသည် “အဘိုးကြီး မင်းပြေးရဲရင် နတ်သားရဲကို လာကူဖမ်း ပေး”
“အဘိုးကြီး မင်းက အိုလွန်းလို့ စိတ်ရှုပ်ထွေးသွားတာဖြစ်မယ် နတ်သားရဲ တွေက တစ်လမ်းလုံးမှာပြေးနေကြတာ၊ ဖမ်းချင်တဲ့အတိုင်း ဖမ်းလို့ရလို့လား” အိုက်လန်၏ မျက်လုံးများ မကောင်းသည်ကို ချင်းသွမ့်မြင်နေရသည်။ သူသည် ပြေးချင်သော်လည်း မပြေးနိုင်ဘဲနေလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
အိုက်လန်သည် ထိုအရာကိုအမိအရဖမ်းဆုပ်ထားသည်။ ချင်းသွမ့်တွင် အားကောင်းသော အဆင့်မြင့်သားရဲတစ်ကောင်ရှိသည်။ နတ်သားရဲကို ဖမ်းခြင်းထက် နတ်သားရဲနင်းခြင်းကိုခံရ၍ သေဆုံးနိုင်ခြေကပိုများသော်လည်း ကိစ္စမရှိပေ။ ကိစ္စမရှိဟုဆိုလျှင်လည်း နတ်သားရဲသိက္ခာကျသည်။
ပေထင်းဟွမ်သည် ရုတ်တရက် ခံစား၍မကောင်းတော့ပေ။ လုံလောက် စွာပင် အိုက်လက်၏ ခြေနှင့်လက်များသည် မြန်ဆန်သည်။ လက်နောက်တစ် ဖက်ဖြင့် ချင်းယွိအား တဒင်္ဂအတွင်း ဖမ်းဆုပ်လိုက်သည် “ပြီးတော့ မင်း ကောင်စုတ်လေး မင်း ငါနဲ့နတ်သားရဲဖမ်းရဲလား”