← Chapters

သူ့ဘာသာမြေမြှုပ်လိုက်တာပဲ

Vol. 51 Ch. 1010

သူ့ဘာသာမြေမြှုပ်လိုက်တာပဲ

Vol. 51 Ch. 1010

ပေထင်းဟွမ်သည် တွင်းတူးမိသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ နောက်ဆုံးတွင် သူမ၏လူများကို မြေမြှုပ်မိလိုက်သည်။ ဤအဘိုးကြီးသည် အမှန်တကယ်ပင် စိတ်ဝင်စားစရာကောင်းသည်။

သူသည် လူနှစ်ယောက်ကိုဖမ်းကာ ပေထင်းဟွမ်အား ရန်စသလိုကြည့် လေသည်။ ပေထင်းဟွမ်၏ နှာခေါင်းကိုထိကာ မျက်လုံးထဲမှ ဆော့ကစားသော အကြည့်နှင့်ကြည့်ပြီး ပြောလေသည် “သခင်အိုက်လန် ကျွန်တော် သတိမပေး ဘူးလို့ အပြစ်မတင်နဲ့နော်၊ ခင်ဗျား မနက်ဖြန်အရုဏ်မတက်ခင် နတ်သားရဲ မဖမ်းနိုင်ရင် ကျွန်တော်ထပ်မစောင့်နိုင်ဘူး”

သူမသည် တာဝမြို့တွင် တစ်ရက်သာနေမည်။ ဤနေရာသို့ မိတ်ဆွေ၊ ဆွေမျိုးများနှင့် အထူးတလည်တွေ့ဆုံရန်လာခြင်းမဟုတ်ပေ။

“အဘိုးကြီးသိပါတယ်” အိုက်လန်သည် စိတ်ဆိုးမာန်ဆိုးနှင့်ပြောလေ သည် “ခေါင်းဆေင်က နတ်သားရဲဖမ်းဖို့ ဂရုမစိုက်ဘူး၊ ငါ သားရဲဖမ်းမိရင် မင်းသာ ကူပြီးထိန်းကျောင်းပေး”

“ဒါပဲလေ” ပေထင်းဟွမ်သည် လှေကားထစ်များတစ်လျှောက်ဆင်းသွား ပြီး အိုက်လန်ဆီသို့သွားလေသည် “ကျွန်တော်လည်း ရွှံ့နွံချောက်ကနေ နတ်သားရဲတစ်ကောင်ဖမ်းခဲ့တယ်၊ သခင်အိုက်လန်လည်း ရွှံ့နွံချောက်ကို သွား မယ့်ပုံပဲ၊ အဲဒီကို လူကြီးတွေ ဘယ်လိုသွားလဲမသိဘူး၊ ကျွန်တော့်အတွေ့အကြုံ အရတော့ ဒီကနေ ရွှံ့နွံချောက်ကို တစ်ညတည်းနဲ့အပြေးသွားရင်တောင် သားရဲ ပျံစီးရင်တောင် လုပ်နိုင်မှမဟုတ်ဘူးထင်တယ်”

ပေထင်းဟွမ်သည် နတ်သားရဲတစ်ကောင်ဖမ်းခဲ့သည်ဟု ကြားသည်နှင့် အိုက်လန်၏ မျက်လုံးများသည် မယုံနိုင်သည့်အလား ကျယ်လာသည်။ ဤလူငယ်သည် လေလုံးထါားသည့်နေရာတွင် အလွန်တော်လိမ့်မည်ဟု ထင် မထားပေ။ သူ့ကိုကြည့်လျှင် ၁၅ နှစ်သာရှိသေးသည်။ နတ်သားရဲကို ဖမ်းနေပြီ ဖြစ်သည်။ သရဲတွေကိုသာ သွားလိမ်သင့်သည်။

အိုက်လန်သည် ပေထင်းဟွမ်အား အထက်အောက်ကြည့်လေသည်။ သူသည် ပေထင်းဟွမ်၏ ခွန်အားကိုမမြင်နိုင်ပေ။ သို့သော် ထူးဆန်းသည့်အရာ တော့မဟုတ်ပေ။ ပေထင်းဟွမ်၏ နောက်ခံနှင့် ပေထင်းမိသားစု၏ တိုက်ရိုက် ဆက်ခံသူ၊ ညအရှင်သခင်၏ဧည့်သည်၊ ယန်းမြို့တွင် မြို့စားနှင့်ညီမျှသည့် အထူးရာထူးရထားသူ၊ အမှောင်နတ်မိစ္ဆာနန်းတော်၏ နတ်မိစ္ဆာဘုရင်၏ လေးစားမှုရထားပြီး ခန္ဓာကိုယ်တွင် ပုန်းအောင်းနေသောခွန်အားနှင့် ဝိညာဉ် လက်နက်ရှိထားသူတစ်ယောက်အနေနှင့် အံ့ဩစရာတော့မရှိပေ။

“ရွှံ့နွံတောကိုသွားဖို့ တကယ်ပဲ လက်တွေ့မကျပါဘူး၊ ငါ့ကို မီးသားရဲ ဖမ်းဖို့ကူညီပေးနိုင်တဲ့ဘယ်သူမဆို အဆင့်မြင့်လေလေ အဆင့်မြင့်တဲ့ဆေးကို ငါ ဆုချမယ်” အိုက်လန်သည် လက်ကိုဝေ့ယမ်းကာ ဆေးကို ဆုအဖြစ်ပေးလေ သည်။ မစ်ရှင်သည် စစ်သည်များအကြား ရောက်သွားသည်။

သဘောကျလျှင် ကြေးစားမစ်ရှင်လျှင် ကြေးစားအစည်းအရုံးတွင်သာ ထုတ်လွှတ်နိုင်သည်မဟုတ်ပေ။ အိုက်လန်၏ ကံသည်ဆိုးလှသည်ဟုမဆိုသာ ပေ။ သူသည် ကြေးစားမြို့သို့ရောက်နေရာ အချိန်၊ နေရာနှင့် လူများအစရှိသည် တို့ကို ယူနိုင်သည်။

“သခင်အိုက်လန်က ဘယ်လိုဆေးမျိုးကို ဆုပေးမှာလဲ ကျွန်တော်တို့က အလှအပဆေးမလိုဘူးနော်” လူအုပ်ထဲမှ တုတ်ခိုင်သောလူတစ်ယောက်သည် ကြေညာချက်တစ်ခုထုတ်လိုက်ရာ လူအုပ်တစ်ခုလုံးသည် ရယ်မောကြလေ သည်။

ပင်မတိုက်ကြီးတွင် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူတို့တန်ဖိုးထား သည်မှာ ခွန်အားပင်ဖြစ်သည်။ မိန်းကလေးဆိုလျှင်တောင် ခွန်အားနှင့် အလှတရားကြားရွေးချယ်ရမည်ဆိုပါက အလှဆုံးမိန်းကလေးပင်လျှင် ခွန်အား ကို ရွေးချယ်ကြမည်။ ခွန်အားရှိခြင်းသည် အရာအားလုံးကို ပိုင်ဆိုင်လိုက်ခြင်း ပင်။

ဥပမာအနေနှင့် ပေထင်းဟွမ်သည် ဆေးကိုမည်သို့သန့်စင်ရမည်ကို မသိ ပါက ပြည်မတိုက်ကြီးတွင် လက်ဝေ့ယမ်းလိုက်သည်နှင့် သန့်စင်သောသားရဲကို ဆုအဖြစ်ပေးပြီး အလှအပဆေးကို ကမ်းလှမ်းနိုင်သည်။ ၎င်းသည် အားကောင်း သော လူများ၏ ခန့်မှန်းခြေပင်ဖြစ်သည်။ ဖိနှိပ်မှုများ၊ သွေးဆောင်မှုများနှင့် ကြုံလာလျှင် အဂ္ဂိရတ်ပညာရှင်များသည် အလှအပဆေးကို ဖော်စပ်ပေးရ၏။

“အဘိုးကြီးက သန့်စင်သောသားရဲထက်မြင့်တဲ့ မီးအမျိုးအစား မှော်သားရဲကိုပဲလိုတာ၊ သန့်စင်သောသားရဲဆိုရင် အဆင့် ၃ ဝိညာဉ်စုဆေးရည် တစ်ပုလင်းနဲ့ နတ်သားရဲဆိုရင် အဆင့် ၄ ဝိညာဉ်စုဆေးပေးမယ်” အိုက်လန် သည် တွေဝေမှုမရှိပြောလေသည်။

၎င်းသည် အဘိုးကြီးပေးနိုင်သည့် အကောင်းဆုံးအရာဖြစ်သည်။ သည်တစ်ကြိမ်တွင် အဘိုးကြီးသည် အသည်းအသန်လုပ်တော့မည့်ပုံပေါ် သည်။ အဘိုးကြီး၏ကတိကိုကြားပြီးနောက် လူအုပ်ထဲတွင် အားပေးသံများ ထွက်ပေါ်လာသည်။ ဝိညာဉ်စုဆေးရည်သည် ဆေးရည်ဖြစ်သော်လည်း တစ်ပုလင်းဆိုသည့်ပမာဏသည် လူတစ်ယောက်အတွက် အသက်နောက် တစ်သက်ရလိုက်သည်နှင့် ညီမျှသည်။

တိုက်ပွဲအတွင်းတွင် လက်ရည်ညီသောပြိုင်ဘက်နှင့်တွေ့လျှင် ကိုယ့်ထက်အနည်းငယ် သန်မာသည့်တိုင်အောင် တိုက်ပွဲအဆုံးတွင် နှစ်ဦး နှစ်ဖက်ပင်ပန်းသွားချိန်တွင် ဝိညာဉ်စုဆေးရည်သောက်လိုက်သည်နှင့် အားပြန် ပြည့်နိုင်သည်။ ထိုအရာသည် အသက်ပိုတစ်ခုရလိုက်ခြင်းပင်။

ပြောရန်ပင်မလိုပေ။ အဆင့် ၄ ဝိညာဉ်စုဆေးသည် ဝိညာဉ်စွမ်းအင်ပြန် ကောင်းလာသည့်နေရာတွင် အားကောင်းသည်။

All Chapters