လသွေးမျောက်ဝံ
Vol. 51 Ch. 1012
ချင်းယွိသည် ဘာမှထပ်ပြောရန်မလိုတော့ပေ။ ပေထင်းဟွမ် ထိုသို့တွေး လိမ့်မည်ဟု သူသိထားပြီးဖြစ်သည်။ သို့သော် ကိုယ်တိုင်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သူ့သွေးများသည် မီးတောင်ပေါက်ကွဲပြီး ပင်လယ်လှိုင်း များရိုက်ခတ်လိုက်သကဲ့သို့ အတန်ကြာသည်အထိ မတည်ငြိမ်နိုင်ပေ။
မြို့အပြင်တွင် အနောက်ဘက်ကိုမျက်နှာမူထားသည့် အဆုံးမရှိ ရှင်းယွဲ့မြေရှိသည်။ သူ နတ်မိစ္ဆာသားရဲတောသို့ ပျံမသွားသည့်အကြောင်းမှာ ပေထင်းဟွမ်ပြောသလိုပင် နတ်မိစ္ဆာသားရဲတောမှ အဆင့်မြင့်သားရဲကို ရှာဖွေ လိုလျှင် ဝိညာဉ်ခွဲတောင်၏အတွင်းနက်ပိုင်း ရွှံ့နွံချောက်သို့သာသွားရမည်။ ထိုသို့ဆိုလျှင် တစ်လတည်းနှင့် အသွားအပြန်ပင်မလုံလောက်ပေ။
ရှင်းယွဲ့နယ်မြေရှိ အဆုံးမရှိသောရှင်းယွဲ့နယ်မြေတွင် ထူထဲသောတော သည် ကန္တာရတွင်ရှိနေသည့် အိုအေစစ်လိုပင်။ မိုးပေါ်တွင်ရပ်ပြီး ရှင်းယွဲ့မြေကို ငုံ့ကြည့်ရာ ကျယ်ပြန့်သောနေရာတွင် နှစ်ပေါင်းထောင်ချီရှိလာသော ထူထဲ သည့်တောအုပ်ကို မြင်နိုင်သည်။ နယ်မြေကြီးတွင် အမည်မသိအစေ့များသည် လူအရပ်ထပ်မြင့်သည်အထိ ပေါက်နိုင်ပြီး ရှင်းယွဲ့တောင်များသည် ကြီးမား သော နဂါတစ်ကောင်ကဲ့သို့တည်ရှိနေကာ အဆင့်မြင့်သားရဲများ ပုန်းအောင်း နိုင်သည့်နေရာဖြစ်သည်။
ရှင်းယွဲ့မြေသည် စီရင်ချက်ဗိမာန်၏အနောက်ဘက်ဥယျာဉ်ဖြစ်ခဲ့ဖူး၏။ စီရင်ချက်ဗိမာန်တွင် အသုံးပြုသည့် သားရဲအများစုသည် ရှင်းယွဲ့နယ်မြေမှဖြစ် သည်။ ထိုနေရာတွင် ကျားများစွာရှိသလို နဂါးသွေးစွက်သည့် အားကောင်း သော သားရဲများလည်းရှိသည်။ ပေထင်းဟွမ်အားရှုံးနိမ့်သွားခဲ့သည့် မြင့်မြတ် သောသားတော်ဟောင်း ဂူဟောက်၏ အလင်းသားရဲကိုလည်း ဤနယ်မြေမှ ဖမ်းခဲ့ခြင်းဖြစ်သည်။
ဤနေရာတွင် ရှေးခေတ်သန်မာသောလူများ၏ ဂူသင်္ချိုင်းကို တူးကြ သည့် စွန့်စားသူတချို့လည်းရှိခဲ့သည်။ ဂူသင်္ချိုင်းများမှ အားကောင်းသော ပစ္စည်းနှင့် အမတဆေးများကိုလည်း ရခဲ့ဖူးသည်။
စစ်ပွဲဘုံတောရှိ အန္တရာယ်ထက်တော့မလျော့ပေ။ အနောက်ဘက်သို့ သွားလေလေ ကောင်းကင်နှင့်နီးလေဖြစ်ပြီး မြူဆိုင်းနေသော နှင်းတောင်များရှိ သည်။ နတ်ဘုရားအဆင့်စွမ်းအားရှင်များပင် အလွယ်တကူခြေမချနိုင်သည့် နေရာပင်။ ရှင်းယွဲ့နယ်မြေတစ်ခုလုံးသည် ကောင်းကင်အဆင့်စွမ်းအားရှင်များ ပင် ဖြတ်သွားရန်ခက်ခဲသောနေရာဖြစ်သည်။ အဆင့် ၃ ဝိညာဉ်သခင်အဆင့်ပင် မရှိသည့် စွန့်စားသူများသည် ဘာမှမရဘဲနှင့် အသက်ဆုံးရှုံးလုနီးပါးဖြစ်သွား နိုင်သည်။
ကောင်းကင်အထက်တွင် ဝိညာဉ်ဂိုဏ်းအဆင့် လေးယောက်သည်ပျံသန်း လာကြသည်။ မြေပေါ်တွင် သူတို့နှင့်အတူ ကံစမ်းချင်သော စွန့်စားသူများ ပါလာကြသည်။
သိပ်မကြာခင်တွင် လပြည့်သည် မိုးပေါ်တွင် ကျောက်စိမ်းပန်းကန်ပြား ကဲ့သို့ တောက်ပစွာပေါ်လာခဲ့သည်။
ထိုအခိုက်တွင် မျောက်ဝံ၏ အူသံသည် နယ်မြေတစ်ခုလုံးတွင် ပျံ့လွင့် လာသည်။ အသံထဲတွင် အားကောင်းသောစွမ်းအားရှိကာ အသံသည် မိုးပေါ်ရှိ တောက်ပသောလဆီသို့ တိုးဝင်သွားသည်။ ညကောင်းကင်သည် ကွဲသွားတော့ မည့်အလားပင်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် စွမ်းအင်အတက်အကျ အလွှာများရှိသည်။ အားနည်းသောဝိညာဉ်သခင်များသည် ထိုအသံကိုကြားချိန် တွင် စွမ်းအားနှင့်သွေးများပြောင်းပြန်စီးသွားကြသည်။ ထို့နောက် ခေတ္တမျှ မူးဝေလာသည်။
“ဒါကလသွေးမျောက်ဝံရဲ့ အူသံပဲ” တစ်နှစ်ပတ်လုံး အန္တရာယ်ရှိသော နေရာများတွင် သွားလေ့ရှိသော နှင်းဝံပုလွေကြေးစားအဖွဲ့၏ခေါင်းဆောင် ချင်းသွမ့်သည် ချက်ချင်းပင်ရပ်ကာ လေထဲတွင်တန့်လိုက်ပြီး ရှေ့သို့မျှော်ကြည့် ကာပြောလေသည် “မထင်မှတ်ထားဘူး အဲဒီနတ်ဘုရားတွေက ဒီကိုတကယ် ရောက်လာကြတာပဲ”
ညဆိုလျှင်တောင် အမြင်အာရုံကောင်းပြီး စိတ်စွမ်းအင်သန်မာသော ပေထင်းဟွမ်သည် တာဝမြို့နှင့် မိုင် ၂၀ အကွာ တောင်ဘေးတွင် သွေးမျောက်ဝံ ၁၀ ကောင်အုပ်ကို တွေ့လိုက်ရလေသည်။ မြေပေါ်တွင် သူတို့သည် ရိုးရှင်းသော ဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မျောက်ဝံ၏ ဦးဆောင်မှုအောက်တွင် ဒူးထောက်ပြီး လကိုမျှော်မှန်း မာန်ဟိန်းနေကြသည်။ လရောင်သည် မိုးပေါ်မှသူတို့အပေါ်သို့ ကျရောက်နေကာ ခန္ဓာကိုယ်ကို တောက်ပစေသည်။ သူတို့သည် လရောင်ကို စုပ်ယူကာ စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလေသည်။
အရာအားလုံးတွင် စိတ်ဝိညာဉ်ရှိနေကြသည်။ ပေထင်းဟွမ်၏ အရင်ဘဝ ၌သာ တိရစ္ဆာန်များသည် လူသားများကဲ့သို့ စိတ်ဝိညာဉ်ရှိပြီး ဉာဏ်ထက်သည် ဟုပြောလာလျှင် ပေထင်းဟွမ်ယုံမည်မဟုတ်ပေ။ သို့သော် ဤကမ္ဘာသို့ ရောက် လာပြီးနောက် မြင်မြင်သမျှအရာအားလုံးသည် ထူးဆန်းသည့်အရာများပင်ဖြစ် လေသည်။ ထိုအချိန်တွင် ဤတိုက်ပွဲကိုကြည့်ပြီး ပေထင်းဟွမ်သည် မအံ့ဩ တော့ပေ။