← Chapters

တကယ်ကို ဝမ်းနည်းစရာတာဝန်ပဲ

Vol. 51 Ch. 1013

တကယ်ကို ဝမ်းနည်းစရာတာဝန်ပဲ

Vol. 51 Ch. 1013

“ဒီမှာ မကြာမကြာအမဲလိုက်ဖြစ်လား” ချင်းသွမ့်၏အသံသည် တစ်ခါထက်ပိုပြီး ကြုံတွေ့ဖူးသကဲ့သို့ အရင်ကဖြေရှင်းဖူးသကဲ့သို့ဖြစ်နေရာ ပေထင်းဟွမ် မေးလိုက်သည်။

ချင်းယွိ၏မျက်လုံးထဲတွင် ကြောက်လန့်သော အရိပ်အယောင်စွက်လာ သည်။ သူသည် သွေးလမျောက်ဝံ၏အဖွဲ့ထဲမှ ခေါင်းဆောင်မျောက်ဝံကို စိုက် ကြည့်ပြီးပြောလိုက်သည် “အဲကောင်က အရမ်းသန်မာတာ၊ အရေကြမ်းပြီး အသးထူတယ် အရမ်းစိတ်ကြီးပြီး ဒေါသနဲ့အကြမ်းဖက်တတ်တယ်၊ သူသာ လှုပ်ရှားလိုက်တာနဲ့ ခွန်အားကပုံမှန်ထက် ၃၀ ရာခိုင်နှုန်းမြင့်တယ်၊ တာဝ တစ်မြို့လုံးမှာ ဒီကောင်နဲ့ ဘယ်သူမှမယှဉ်နိုင်ဘူး၊ ငါတောင် အဲဒီကောင်လက် ထဲမှ သေမလိုဖြစ်ခဲ့သေးတယ် သခင်အိုက်လန်က ဖြတ်သွားတဲ့လမ်းမှာ ငါ့ကို ကယ်ခဲ့လို့ ကံကောင်းသွားတာ”

ထို့ကြောင့်ပင် ချင်းယွိသည် အဘိုးကြီးအိုက်လန်၏စကားကို နာခံခြင်း ပင်။ သူသည် အသက်ကယ်ခဲ့ခြင်းအတွက် ပြန်မပေးဆပ်နိုင်ပေ။

“အဲလိုဆိုမှတော့ ဒီနေ့ အဲကောင်ကို ဆွဲချကြတာပေါ့” လေထဲတွင်ရပ်ပြီး ပေထင်းဟွမ်သည် ပြောင်သလင်းခါနေသည့်မေးစေ့ကို ပွတ်ကာ ယန်ယဲ့၏ မျက်လုံးထဲ မည်းနက်သော ကြယ်မျက်လုံးတစ်စုံရှိသည့် သွေးမျောက်ဝံဆီသို့ ကျရောက်သွားလေသည်။ ရှင်းယွဲ့မြေမျသားရဲများသည် သားရဲတောမှ သားရဲ များနှင့် ကွဲပြားသည်။ သူမသည် သားရဲများ၏ခွန်အားကို အတိအကျမသိသဖြင့် အဂူးဆီသို့ အသံကူးပြောင်းပို့လိုက်သည် “အဲဒီကောင်ရဲ့ခွန်အားကိုကြည့်လိုက် ဘယ်အဆင့်လဲ”

အဂူးသည် လေဟာနယ်မှထွက်ကြည့်ပြီး သားရဲသွေးသား၏ဖိနှိပ်မှု မသိမသာထုတ်လွှတ်ကြည့်သည်။ ထိုအရာသည် သွေးလမျောက်ဝံကို ထိတ်လန့်သွားစေသဖြင့် လကိုရှူစားနေရာမှ ထိုလျှို့ဝှက်ဆန်းကျယ်သော ဖိနှိပ်မှုမှာ မည်သည့်နေရာမှလာသည်ကို အတိအကျမသိသောကြောင့် ခက်ထန်စွာလှည့်ကြည့်လေ သည်။

တိုက်ခိုက်ရေးသားရဲများ၏ ထိုးထွင်းဉာဏ်သည် ပို၍စူးရှသည်။ အဂူး သည် ထိုအကောင်၏ခွန်အားကို ခံစားမိသည့်အလား အထင်သေးစွာပြောလေ သည် “ကြယ် ၇ ပွင့်သားရဲ ရှောင်ယွဲ့သွေးမျောက်ဝံပဲ၊ ကင်းကောင်သာ ဒီမှာ ရှိရင် သူ့ကိုအရင်ဖိတ်ပေးတယ်၊ အဲကောင်ကို ငါ့လက်ထဲသာအပ်လိုက် ငါ့ကို ပေးလိုက်တော့”

ကြယ် ၇ ပွင့်သားရဲ၊ ပေထင်းဟွမ်သည် လှုပ်ရှားရန် ဆန္ဒပင်ပျောက်သွား လုနီးပါးပင်။

“မီးအမျိုးအစားသားရဲမဟုတ်တာ နှမြောစရာပဲ” ပေထင်းဟွမ်သည် အနည်းငယ်နှမြောတသဖြစ်စွာနှင့် ပြောလေသည်။ ဤသားရဲကိုဖြေရှင်းနိုင် လျှင် အရူးအဘိုးကြီးအတွက် မီးအမျိုးအစားသားရဲရှာပေးပြီးသားဖြစ်သွားမည်။ အစက ပေထင်းဟွမ်သည် အဘိုးကြိး၏ ဟာသကိုစောင့်ကြည့်ရန်လိုက်လာ ခြင်းဖြစ်သည်။ သို့သော် သူသာ မနက်ဖြန်မနက်ထိမရှာနိုင်လျှင် သားရဲကူထိန်း ပေးရန်မလိုပေ။ သို့သော် အဘိုးကြီးသည် အစ်ကိုချင်းယွိအား ကယ်ခဲ့သည် ဆိုသည့်စကားကိုကြားပြီးနောက် ပေထင်းဟွမ်သည် သူ့အား သားရဲရှာပေးရန် အကေင်းဆုံးကြိုးစားရမည်။

အမှန်တကယ်ပင် ဝမ်းနည်းစရာကောင်းသော တာဝန်ပင်။

သူမ၏ မှော်လက်စွပ်ထဲတွင် သားရဲပေါင်းများစွာကို ထည့်ထားလေ့ရှိခဲ့ သည်။ သို့သော် သည်တစ်ခေါက်တွင် ဇာမဏီမြို့တွင် အားလုံးထားခဲ့သည်။ မဟုတ်လျှင် သူမသည် အစ်ကိုချင်းယွိအတွက်နှင့် တစ်ကောင်ပေးနိုင်သည်။

ပေထင်းဟွမ် စွမ်းအားထုတ်ပြီး သားရဲအနားသို့ချဉ်းကပ်တော့မည်အပြု တွင် ပုံရိပ်နှစ်ခုသည် သူတို့ရှေ့မှနေပြီး မျောက်ဝံဆီသို့ ပြေးသွားလေသည်။

ထိုပုံရိပ်နှစ်ခုသည် ငွေရောင်ချပ်ဝတ်တန်ဆာကိုဝတ်ကာ ညအမှောင် ကောင်းကင်၏ နောက်ခံကို ဆန့်ကျင်ကာ ငွေရောင်ချပ်ဝတ်တန်ဆာာဝတ် စစ်သည်များကဲ့သို့ လက်ထဲရှိဓားအလင်းနှင့်အတူ အမြင့်သို့ခုန်တက်သွားပြီး မျောက်ဝံအား ကာလေသည်။ ဓားစွမ်းအင်သည် ခက်ထန်ကာ အဟုန်သည် အားကောင်းသည်။ တိုက်ခိုက်မှုသည် ကြမ်းတမ်းလွန်းရာ တခြားသွေးမျောက်ဝံ တစ်ဒါဇင်ခန့်မှာ ထိတ်လန့်အော်ဟစ်ပြီး ဦးတည်ချက်အဘက်ဘက်သို့ ပြန့်ကျဲ ကုန်လေသည်။

ဝူး...

ပထမအနေနှင့် ဖိနှိပ်မှုကြောင့် သတိပြန်ဝင်လာပြီး ယခုအခါ ကပ်ဘေး နှင့်ရင်ဆိုင်ရသဖြင့် ဒေါသကြီးသောမျောက်ဝံသည် ချက်ချင်းပင် ဒေါသထွက် လေသည်။ သူမသည် ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ထုပြီး စုပ်ယူထားသည့် အေးစက်သော လရောင်များအားလုံးကို ထုတ်လွှတ်လေသည်။ ချက်ချင်းဆို သလိုပင် သူမ၏ မောက်မာမှုများ လျှံထွက်လာသည်။ သွေးနီရောင်မျက်လုံး တစ်စုံသည် ထူးဆန်းသည့်အလင်းနှင့်အတူ ညတွင်လင်းလက်လာကာ ငွေရောင်ချပ်ဝတ်တန်ဆာစစ်သည်နှစ်ဦး ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေ ခဲ့သည်။

ထိုသွေးမျောက်ဝံသည် ၂ မီတာခန့်မြင့်ကာ ပုံတူအသေးကပင် အလွန် အးကောင်းသည်။ ၎င်းသည် ကြယ် ၇ ပွင့်သားရဲသာဆိုသော်လည်း ချင်းလင် တောင်တန်းအတွင်းပိုင်းရှိ ကြယ် ၉ ပွင့်သားရဲထက် ပိုသန်မာသည်။ သူမ၏ လက်မြှောက်လိုက်သည်နှင့် စွမ်းအင်စက်ဝန်းသည် ငွေလရောင်အလင်းကဲ့သို့ ထွန်းလင်းလေသည်။ သူမသည် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်စစ်သည်နှစ်ဦး ၏ လက်ထဲမှ ဓားရှည်နှစ်ခုကို ခပ်ကြမ်းကြမ်းရိုက်ချလေသည်။

All Chapters